top of page

ေက်ာက္ေတာ္အေျခစိုက္ခမရ(၅၃၉)တပ္ရင္းမွ အေပါက္ဝေက်း႐ြာအားလက္နက္ႀကီး၊လက္နက္ငယ္မ်ားျဖင့္ေသာင္းက်န္းပစ္ခတ္





ျမန္မာ့တပ္မေတာ္၏ စကခ (၉) လက္ေအာက္ခံ၊ ေက်ာက္ေတာ္အေျခစိုက္၊ ခမရ (၅၃၉) တပ္ရင္းမွ အေပါက္ဝေက်း႐ြာအား မည္သည့္တိုက္ပြဲမွ်ျဖစ္ပြားခဲ့ျခင္းမရွိဘဲ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ေသာင္းက်န္းပစ္ခတ္၊ အရပ္သား(၁) ဦး ဒဏ္ရာရ


၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ (၁၀) ရက္


ျမန္မာ့တပ္မေတာ္သည္ ရခိုင္ေဒသအတြင္း စစ္ဆင္ေရးမ်ားကို Covid-19 ထိန္းခ်ဳပ္ေရး၊ ႀကိဳတင္ကာကြယ္ေရး၊ တိုက္ဖ်က္ေရးကာလအတြင္း၌ ဆက္လက္ျပဳလုပ္ေနဆဲျဖစ္သည္။


ထို႔အတူ စစ္ရာဇဝတ္တပ္ဖြဲ႕ ျမန္မာ့တပ္မေတာ္သည္ ရခိုင္ျပည္သူလူထုမ်ားအား က်ဴးေက်ာ္သူနယ္ခ်ဲ႕တပ္တို႔၏ စိတ္ေနစိတ္ထားတို႔ႏွင့္အတူ လူမ်ိဳးေရးအမုန္းတရားမ်ားကိုအေျခခံ၍ ေန႔၊ညအခ်ိန္မေ႐ြး လက္နက္ႀကီး၊လက္နက္ငယ္မ်ားျဖင့္ ရခိုင္ေက်း႐ြာမ်ား၊ ရခိုင္ျပည္သူလူထုမ်ားကို ဦးတည္ပစ္ခတ္တိုက္ခိုက္ေနခဲ့သည္မွာ ႀကိမ္ဖန္မ်ားစြာရွိခဲ့ၿပီျဖစ္သည္။


၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ(၁၀) ရက္ေန႔၊ နံနက္(၀၀) နာရီ(၂၆) မိနစ္(ည သန္းေခါင္)၌ မည္သည့္တိုက္ပြဲျဖစ္ပြားခဲ့ျခင္းမရွိဘဲ ျမန္မာ့တပ္မေတာ္၏ စစ္သေဘၤာေပၚမွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ အျပစ္မဲ့ သက္ႀကီးပိုင္းအရပ္သား (၁) ဦးေသဆုံး၊ (၄) ဦးဒဏ္ရာရရွိခဲ့သည္သာမက အျမင့္ကြၽန္း၊ ရဲစခန္းမွ စခန္းမႉးအပါအဝင္ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕ ဒဏ္ရာရရွိခဲ့သည္။ ရခိုင္ျပည္သူလူထုအား ပစ္မွတ္ထားတိုက္ခိုက္ေနေသာ အဆင့္ထက္ပိုေသာ အေနအထားသို႔ေရာက္ရွိလ်က္ရွိသည္။


၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ (၁၀) ရက္ေန႔၊ ေန႔လယ္ (၁) နာရီ (၁၂) မိနစ္တြင္လည္း ေက်ာက္ေတာ္ၿမိဳ႕နယ္၊ အေပါက္ဝေက်း႐ြာအား ျမန္မာ့တပ္မေတာ္၏ စကခ (၉) လက္ေအာက္ခံ၊ ေက်ာက္ေတာ္အေျခစိုက္၊ ခမရ (၅၃၉) တပ္ရင္းမွ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ မိနစ္ (၂၀) ခန႔္ မည္သည့္တိုက္ပြဲမွ် ျဖစ္ပြားခဲ့ျခင္းမရွိဘဲ သာင္းက်န္းပစ္ခတ္တိုက္ခိုက္ခဲ့သည္။


ထို႔ေၾကာင့္ အရပ္သားတစ္ဦးျဖစ္ေသာ အဖ-ဦးစံထြန္းလွ၊ အမိေဒၚျမႏွင္းေဝ တို႔၏ သားျဖစ္သူ အသက္ (၁၉) ႏွစ္အ႐ြယ္ ေမာင္ေအာင္ေအာင္ မွာ ညာဖက္လက္၊ ဘယ္ဖက္လက္၊ တံေတာင္ဆစ္ တို႔၌ လက္နက္ငယ္က်ည္ထိမွန္၍ ဒဏ္ရာရရွိခဲ့သည္။


ရခိုင္ျပည္သူလူထုအား ပစ္မွတ္ထားတိုက္ခိုက္ေနေသာ ျမန္မာ့တပ္မေတာ္အား ရခိုင္ျပည္သူလူထုမ်ားမွ ရခိုင္ျပည္အတြင္းရွိေနသည္ကို မလိုလားၾကေခ်။ ထို႔ေၾကာင့္ ULA/AA မွ ျမန္မာ့တပ္မေတာ္ အပါအဝင္ ျမန္မာအစိုးရ၏ လက္နက္ကိုင္တပ္ဖြဲ႕မ်ားအားလုံး၊ ျမန္မာအစိုးရ၏ အုပ္ခ်ဳပ္ေရးယႏၲရားမ်ားအားလုံး ရခိုင္ျပည္အတြင္းမွ အျမန္ဆုံးထြက္ခြာရန္ ၂၀၂၀ ျပည့္ႏွစ္၊ ေမလ(၂၉) ရက္ေန႔ရက္စြဲျဖင့္ သတိေပးခဲ့ၿပီးျဖစ္သည္။ ရခိုင္ျပည္သူလူထုအား သတ္ျဖတ္ေနေသာ ျမန္မာ့တပ္မေတာ္၏ တပ္ရင္း၊ စစ္ေၾကာင္းမ်ားကို လက္စားေခ်တုံ႔ျပန္သြားမည္ျဖစ္သည္။


သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္


မြန်မာ့တပ်မတော်၏ စကခ (၉) လက်အောက်ခံ၊ ကျောက်တော်အခြေစိုက်၊ ခမရ (၅၃၉) တပ်ရင်းမှ အပေါက်ဝကျေးရွာအား မည်သည့်တိုက်ပွဲမျှဖြစ်ပွားခဲ့ခြင်းမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သောင်းကျန်းပစ်ခတ်၊ အရပ်သား(၁) ဦး ဒဏ်ရာရ


၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၀) ရက်


မြန်မာ့တပ်မတော်သည် ရခိုင်ဒေသအတွင်း စစ်ဆင်ရေးများကို Covid-19 ထိန်းချုပ်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တိုက်ဖျက်ရေးကာလအတွင်း၌ ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။


ထို့အတူ စစ်ရာဇဝတ်တပ်ဖွဲ့ မြန်မာ့တပ်မတော်သည် ရခိုင်ပြည်သူလူထုများအား ကျူးကျော်သူနယ်ချဲ့တပ်တို့၏ စိတ်နေစိတ်ထားတို့နှင့်အတူ လူမျိုးရေးအမုန်းတရားများကိုအခြေခံ၍ နေ့၊ညအချိန်မရွေး လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရခိုင်ကျေးရွာများ၊ ရခိုင်ပြည်သူလူထုများကို ဦးတည်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်မှာ ကြိမ်ဖန်များစွာရှိခဲ့ပြီဖြစ်သည်။


၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁၀) ရက်နေ့၊ နံနက်(၀၀) နာရီ(၂၆) မိနစ်(ည သန်းခေါင်)၌ မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ မြန်မာ့တပ်မတော်၏ စစ်သင်္ဘောပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ သက်ကြီးပိုင်းအရပ်သား (၁) ဦးသေဆုံး၊ (၄) ဦးဒဏ်ရာရရှိခဲ့သည်သာမက အမြင့်ကျွန်း၊ ရဲစခန်းမှ စခန်းမှူးအပါအဝင်ရဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့သည်။ ရခိုင်ပြည်သူလူထုအား ပစ်မှတ်ထားတိုက်ခိုက်နေသော အဆင့်ထက်ပိုသော အနေအထားသို့ရောက်ရှိလျက်ရှိသည်။


၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၀) ရက်နေ့၊ နေ့လယ် (၁) နာရီ (၁၂) မိနစ်တွင်လည်း ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအား မြန်မာ့တပ်မတော်၏ စကခ (၉) လက်အောက်ခံ၊ ကျောက်တော်အခြေစိုက်၊ ခမရ (၅၃၉) တပ်ရင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် (၂၀) ခန့် မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ သာင်းကျန်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။


ထို့ကြောင့် အရပ်သားတစ်ဦးဖြစ်သော အဖ-ဦးစံထွန်းလှ၊ အမိ-ဒေါ်မြနှင်းဝေ တို့၏ သားဖြစ်သူ အသက် (၁၉) နှစ်အရွယ် မောင်အောင်အောင် မှာ ညာဖက်လက်၊ ဘယ်ဖက်လက်၊ တံတောင်ဆစ် တို့၌ လက်နက်ငယ်ကျည်ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။


ရခိုင်ပြည်သူလူထုအား ပစ်မှတ်ထားတိုက်ခိုက်နေသော မြန်မာ့တပ်မတော်အား ရခိုင်ပြည်သူလူထုများမှ ရခိုင်ပြည်အတွင်းရှိနေသည်ကို မလိုလားကြချေ။ ထို့ကြောင့် ULA/AA မှ မြန်မာ့တပ်မတော် အပါအဝင် မြန်မာအစိုးရ၏ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး၊ မြန်မာအစိုးရ၏ အုပ်ချုပ်ရေးယန္တရားများအားလုံး ရခိုင်ပြည်အတွင်းမှ အမြန်ဆုံးထွက်ခွာရန် ၂၀၂၀ ပြည့်နှစ်၊ မေလ(၂၉) ရက်နေ့ရက်စွဲဖြင့် သတိပေးခဲ့ပြီးဖြစ်သည်။ ရခိုင်ပြည်သူလူထုအား သတ်ဖြတ်နေသော မြန်မာ့တပ်မတော်၏ တပ်ရင်း၊ စစ်ကြောင်းများကို လက်စားချေတုံ့ပြန်သွားမည်ဖြစ်သည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

664 views
bottom of page