top of page

WFP ႏွင့္ပတ္သက္၍ ႏိုင္ငံေရးအရ လီဆယ္ထုတ္ျပန္ထားေသာ သတင္းမ်ားအေပၚ ULA/AA မွ ရွင္းလင္းခ်က္ - အပိုင္း(၂)

ဗမာလူမ်ိဳးေရးအစြန္းေရာက္ စစ္ရာဇဝတ္ေကာင္ ျမန္မာ့တပ္မေတာ္၊ ျမန္မာအစိုးရ၏ ႏိုင္ငံေတာ္သမၼတ႐ုံး ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန မွ WFP ႏွင့္ပတ္သက္၍ ႏိုင္ငံေရးအရ လီဆယ္ထုတ္ျပန္ထားေသာ သတင္းမ်ားအေပၚ ULA/AA မွ ရွင္းလင္းခ်က္ - အပိုင္း(၂)



(၁၂) ျမန္မာအစိုးရ ႏွင့္ ျမန္မာ့တပ္မေတာ္တို႔သည္ WFP ၏ စားနပ္ရိကၡာမ်ားကို သယ္ေဆာင္လာသည့္ ကုန္တင္ယာဥ္ကားမ်ားကို အသုံးခ်၍ မိမိတို႔ ULA/AA အား ႏိုင္ငံေရးအရလုပ္ႀကံရန္အတြက္ ႀကိဳတင္ျပင္ဆင္ထားသည္ကို ေအာက္ပါအခ်က္မ်ားကိုၾကည့္၍သိျမင္ႏိုင္ပါသည္။ (က) WFP ကားအပစ္ခံရသည့္ေန႔ (၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ (၂၉) ရက္၊ ညေန (၆) နာရီ (၂၀) မိနစ္၌ စစ္ရာဇဝတ္ေကာင္ ျမန္မာ့တပ္မေတာ္အေနျဖင့္ ၎တို႔အေကာက္ႀကံ ႀကိဳတင္ျပင္ဆင္ထားသည့္ စီမံခ်က္အတိုင္း အဆိုပါ WFP ကားမ်ားကို (ညမထြက္ရအမိန႔္ ထုတ္ျပန္ထားေသာေဒသမ်ားအတြင္း) ညအခ်ိန္၌ ခရီးသြားလာခြင့္ျပဳျခင္း။ (ခ) တိုက္ပြဲမ်ားျဖစ္ပြားေနေသာေနရာ၌ ညမထြက္ရအမိန႔္ထုတ္ျပန္ထားေသာေနရာမ်ားသို႔ WFP ၏ ကုန္တင္ယာဥ္မ်ားအား ညအခ်ိန္၌သြားလာခိုင္းၿပီး ထိုသို႔သြားလာေနသည့္ကားအစီးေပါင္း ေျမာက္ျမားစြာထဲမွ WFP ကား (၅) စီးထဲမွ (၃) စီးကိုသာ တသီးတသန႔္အပစ္ခံရျခင္းဆိုသည္မွာ လုပ္ႀကံဇာတ္လမ္းဆင္ထားပုံ သိသာလြန္းေနျခင္း၊ ယုတၱိမဲ့လြန္းေသာလုပ္ဇာတ္ျဖစ္ေနျခင္း။ (ဂ) WFP ကဲ့သို႔ေသာ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား ႏွင့္ လက္နက္ကိုင္အဖြဲ႕အစည္း (ျမန္မာ့တပ္မေတာ္) တို႔အၾကား လိုက္နာရမည့္စည္းကမ္းမ်ားကို ျမန္မာ့တပ္မေတာ္မွ ေလးစားလိုက္နာမႈမရွိသည့္အျပင္ ေဖာက္ဖ်က္ထားျခင္း။ ( UNDSS- United Nations Department for Safety and Security ကိုဆိုလိုျခင္းျဖစ္သည္) (ဃ) ေဘးကင္းလုံၿခဳံေရးစည္းမ်ဥ္းစည္းကမ္းမ်ား၊ လုပ္ေဆာင္ခ်က္မ်ားအရ လူသားခ်င္းစာနာေထာက္ထားမႈ အေထာက္အပံ့မ်ား သယ္ေဆာင္လာသည့္ ယာဥ္တန္းမ်ားသည္ တိုက္ပြဲျဖစ္ပြားလ်က္ရွိေသာ အႏၲရာယ္ရွိသည့္နယ္ေျမ မ်ားအား ျဖတ္သန္းသြားလာျခင္းအား တားျမစ္ရမည့္အစား ျမန္မာ့တပ္မေတာ္မွ ခြင့္ျပဳသြားလာခြင့္ေပးျခင္း။




(င) WFP ၏ ခရီးစဥ္အစအဆုံးသည္ ျမန္မာအစိုးရ ႏွင့္ ျမန္မာ့တပ္မေတာ္တို႔၏ စီမံခန႔္ခြဲမႈေအာက္တြင္ လုပ္ေဆာင္ေနရေသာေၾကာင့္ ခရီးစဥ္လုံၿခဳံေရး ႏွင့္ပတ္သက္၍ ႐ိုးသားမႈမရွိေသာ အခ်က္အလက္မ်ားကိုေတြ႕ရွိရျခင္း စသည္တို႔ျဖစ္သည္။ (၁၃) ျမန္မာအစိုးရ ႏွင့္ ျမန္မာ့တပ္မေတာ္တို႔သည္ အဆိုပါကိစၥႏွင့္ပတ္သက္၍ ပူးေပါင္းကာ ႀကိဳတင္ႀကံစည္ ေထာင္ေခ်ာက္ထဲဆြဲသြင္းျခင္း စသည့္ ယုတ္မာေသာလုပ္ရပ္မ်ားကို အထင္အရွားေတြ႕ျမင္ႏိုင္ပါသည္။ မိမိတို႔အဖြဲ႕အစည္းအေပၚ ႏိုင္ငံေရးအရလုပ္ႀကံမႈတစ္ခုသာျဖစ္ေၾကာင္းကိုလည္း ျမန္မာ့အစိုးရ ႏွင့္ ျမန္မာ့တပ္မေတာ္တို႔ တစ္ဖက္သတ္စြပ္စြဲေျပာဆိုခ်က္မ်ား၊ ထုတ္ျပန္ခ်က္မ်ား၏ေရွ႕ေနာက္မညီမႈ ႏွင့္ လုပ္ရပ္မ်ားကိုၾကည့္၍လည္း ထင္ရွားစြာသိျမင္ႏိုင္ပါသည္။ ျမန္မာအစိုးရပိုင္ MRTV ၏ သတင္းထုတ္ျပန္ခ်က္ထဲတြင္ ေဖာ္ျပပါရွိေသာ WFP ကားတန္းအပစ္ခံရသည့္အခ်ိန္မွာ ေျမျပင္၌ ပကတိျဖစ္ပ်က္ခဲ့ေသာအခ်ိန္ ႏွင့္ ကြဲလြဲေနပါသည္။ ( MRTV သတင္းတြင္ ရကၡိဳင့္တပ္ေတာ္မွ ပစ္ခတ္တိုက္ခိုက္သည့္အခ်ိန္သည္ ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ (၂၉) ရက္၊ ည (၇) နာရီ (၄၅) မိနစ္ ဟု ေဖာ္ျပၿပီး အဆိုပါ Post အား မ်ားမၾကာမီျပန္လည္ဖ်က္ဆီးခဲ့သည္။ ယခုအခ်ိန္၌ ၎ Post အား မေတြ႕ရေတာ့ပါ။ (၁၄) ထို႔အျပင္ ဆက္သြယ္ေရးအင္တာနက္လိုင္းမ်ားကို က်ိဳးေၾကာင္းဆီေလ်ာ္မႈမရွိဘဲ ကမာၻ႔အရွည္ၾကာဆုံး ျဖတ္ေတာက္ထားျခင္း၊ သတင္းမီဒီယာသမားမ်ား ႏွင့္ သတင္းမီဒီယာလြတ္လပ္ခြင့္ကို ဖိႏွိပ္ထားျခင္း၊ သတင္းသမားမ်ားအေနျဖင့္ အမွန္တရားကိုမေရးသားရဲေအာင္ ၿခိမ္းေျခာက္ထားျခင္းမွာ စစ္ရာဇဝတ္မႈမ်ားကို က်ဴးလြန္ရန္ႏွင့္ ယခုကဲ့သို႔ေသာ လုပ္ႀကံဖန္တီးထားေသာ လုပ္ရပ္မ်ားကိုလုပ္ေဆာင္ၿပီး မိမိတို႔အဖြဲ႕အစည္းအား ေခ်ာက္ခ်ရန္အတြက္သာျဖစ္သည္။


၁၅) လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာကိစၥရပ္မ်ားအတြက္ ကူညီပံ့ပိုးေပးေနေသာ ICRC ၊ WFP ကဲ့သို႔ေသာ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ အမွန္တကယ္အကူအညီလိုအပ္ေနသူမ်ားလက္ထဲသို႔ စားနပ္ရိကၡာပစၥည္းမ်ား အျမန္ဆုံးေရာက္ရွိေအာင္ ကူညီေဆာင္႐ြက္ေပးေနေသာဖြဲ႕အစည္းမ်ား ႏွင့္ လူပုဂၢိဳလ္မ်ားကို မိမိတို႔အေနျဖင့္ တတ္ႏိုင္သည္မ်ားကို အေကာင္းဆုံး ႏွင့္ အတတ္ႏိုင္ဆုံး ကူညီေဆာင္႐ြက္ေပးလ်က္ရွိပါသည္။ ၎အဖြဲ႕အစည္းမ်ားကိုလည္း ဆက္လက္ပံ့ပိုးကူညီေပးၾကပါရန္တိုက္တြန္းအပ္ပါသည္။ အပိုင္း(၃) အားဆက္လက္ေဖာ္ျပေပးပါမည္။


ဗမာလူမျိုးရေးအစွန်းရောက် စစ်ရာဇဝတ်ကောင် မြန်မာ့တပ်မတော်၊ မြန်မာအစိုးရ၏ နိုင်ငံတော်သမ္မတရုံး နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မှ WFP နှင့်ပတ်သက်၍ နိုင်ငံရေးအရ လီဆယ်ထုတ်ပြန်ထားသော သတင်းများအပေါ် ULA/AA မှ ရှင်းလင်းချက် - အပိုင်း(၂)


(၁၂) မြန်မာအစိုးရ နှင့် မြန်မာ့တပ်မတော်တို့သည် WFP ၏ စားနပ်ရိက္ခာများကို သယ်ဆောင်လာသည့် ကုန်တင်ယာဉ်ကားများကို အသုံးချ၍ မိမိတို့ ULA/AA အား နိုင်ငံရေးအရလုပ်ကြံရန်အတွက် ကြိုတင်ပြင်ဆင်ထားသည်ကို အောက်ပါအချက်များကိုကြည့်၍သိမြင်နိုင်ပါသည်။


(က) WFP ကားအပစ်ခံရသည့်နေ့ (၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၉) ရက်၊ ညနေ (၆) နာရီ (၂၀) မိနစ်၌ စစ်ရာဇဝတ်ကောင် မြန်မာ့တပ်မတော်အနေဖြင့် ၎င်းတို့အကောက်ကြံ ကြိုတင်ပြင်ဆင်ထားသည့် စီမံချက်အတိုင်း အဆိုပါ WFP ကားများကို (ညမထွက်ရအမိန့် ထုတ်ပြန်ထားသောဒေသများအတွင်း) ညအချိန်၌ ခရီးသွားလာခွင့်ပြုခြင်း။


(ခ) တိုက်ပွဲများဖြစ်ပွားနေသောနေရာ၌ ညမထွက်ရအမိန့်ထုတ်ပြန်ထားသောနေရာများသို့ WFP ၏ ကုန်တင်ယာဉ်များအား ညအချိန်၌သွားလာခိုင်းပြီး ထိုသို့သွားလာနေသည့်ကားအစီးပေါင်း မြောက်မြားစွာထဲမှ WFP ကား (၅) စီးထဲမှ (၃) စီးကိုသာ တသီးတသန့်အပစ်ခံရခြင်းဆိုသည်မှာ လုပ်ကြံဇာတ်လမ်းဆင်ထားပုံ သိသာလွန်းနေခြင်း၊ ယုတ္တိမဲ့လွန်းသောလုပ်ဇာတ်ဖြစ်နေခြင်း။


(ဂ) WFP ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများ နှင့် လက်နက်ကိုင်အဖွဲ့အစည်း (မြန်မာ့တပ်မတော်) တို့အကြား လိုက်နာရမည့်စည်းကမ်းများကို မြန်မာ့တပ်မတော်မှ လေးစားလိုက်နာမှုမရှိသည့်အပြင် ဖောက်ဖျက်ထားခြင်း။ ( UNDSS- United Nations Department for Safety and Security ကိုဆိုလိုခြင်းဖြစ်သည်)


(ဃ) ဘေးကင်းလုံခြုံရေးစည်းမျဉ်းစည်းကမ်းများ၊ လုပ်ဆောင်ချက်များအရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များ သယ်ဆောင်လာသည့် ယာဉ်တန်းများသည် တိုက်ပွဲဖြစ်ပွားလျက်ရှိသော အန္တရာယ်ရှိသည့်နယ်မြေ များအား ဖြတ်သန်းသွားလာခြင်းအား တားမြစ်ရမည့်အစား မြန်မာ့တပ်မတော်မှ ခွင့်ပြုသွားလာခွင့်ပေးခြင်း။


(င) WFP ၏ ခရီးစဉ်အစအဆုံးသည် မြန်မာအစိုးရ နှင့် မြန်မာ့တပ်မတော်တို့၏ စီမံခန့်ခွဲမှုအောက်တွင် လုပ်ဆောင်နေရသောကြောင့် ခရီးစဉ်လုံခြုံရေး နှင့်ပတ်သက်၍ ရိုးသားမှုမရှိသော အချက်အလက်များကိုတွေ့ရှိရခြင်း စသည်တို့ဖြစ်သည်။


(၁၃) မြန်မာအစိုးရ နှင့် မြန်မာ့တပ်မတော်တို့သည် အဆိုပါကိစ္စနှင့်ပတ်သက်၍ ပူးပေါင်းကာ ကြိုတင်ကြံစည် ထောင်ချောက်ထဲဆွဲသွင်းခြင်း စသည့် ယုတ်မာသောလုပ်ရပ်များကို အထင်အရှားတွေ့မြင်နိုင်ပါသည်။ မိမိတို့အဖွဲ့အစည်းအပေါ် နိုင်ငံရေးအရလုပ်ကြံမှုတစ်ခုသာဖြစ်ကြောင်းကိုလည်း မြန်မာ့အစိုးရ နှင့် မြန်မာ့တပ်မတော်တို့ တစ်ဖက်သတ်စွပ်စွဲပြောဆိုချက်များ၊ ထုတ်ပြန်ချက်များ၏ရှေ့နောက်မညီမှု နှင့် လုပ်ရပ်များကိုကြည့်၍လည်း ထင်ရှားစွာသိမြင်နိုင်ပါသည်။


မြန်မာအစိုးရပိုင် MRTV ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြပါရှိသော WFP ကားတန်းအပစ်ခံရသည့်အချိန်မှာ မြေပြင်၌ ပကတိဖြစ်ပျက်ခဲ့သောအချိန် နှင့် ကွဲလွဲနေပါသည်။


( MRTV သတင်းတွင် ရက္ခိုင့်တပ်တော်မှ ပစ်ခတ်တိုက်ခိုက်သည့်အချိန်သည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၉) ရက်၊ ည (၇) နာရီ (၄၅) မိနစ် ဟု ဖော်ပြပြီး အဆိုပါ Post အား များမကြာမီပြန်လည်ဖျက်ဆီးခဲ့သည်။ ယခုအချိန်၌ ၎င်း Post အား မတွေ့ရတော့ပါ။


(၁၄) ထို့အပြင် ဆက်သွယ်ရေးအင်တာနက်လိုင်းများကို ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ကမ္ဘာ့အရှည်ကြာဆုံး ဖြတ်တောက်ထားခြင်း၊ သတင်းမီဒီယာသမားများ နှင့် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ဖိနှိပ်ထားခြင်း၊ သတင်းသမားများအနေဖြင့် အမှန်တရားကိုမရေးသားရဲအောင် ခြိမ်းခြောက်ထားခြင်းမှာ စစ်ရာဇဝတ်မှုများကို ကျူးလွန်ရန်နှင့် ယခုကဲ့သို့သော လုပ်ကြံဖန်တီးထားသော လုပ်ရပ်များကိုလုပ်ဆောင်ပြီး မိမိတို့အဖွဲ့အစည်းအား ချောက်ချရန်အတွက်သာဖြစ်သည်။


၁၅) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များအတွက် ကူညီပံ့ပိုးပေးနေသော ICRC ၊ WFP ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများ၊ အမှန်တကယ်အကူအညီလိုအပ်နေသူများလက်ထဲသို့ စားနပ်ရိက္ခာပစ္စည်းများ အမြန်ဆုံးရောက်ရှိအောင် ကူညီဆောင်ရွက်ပေးနေသောဖွဲ့အစည်းများ နှင့် လူပုဂ္ဂိုလ်များကို မိမိတို့အနေဖြင့် တတ်နိုင်သည်များကို အကောင်းဆုံး နှင့် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ၎င်းအဖွဲ့အစည်းများကိုလည်း ဆက်လက်ပံ့ပိုးကူညီပေးကြပါရန်တိုက်တွန်းအပ်ပါသည်။


အပိုင်း(၃) အားဆက်လက်ဖော်ပြပေးပါမည်။

472 views
bottom of page