၂၀၁၉ ခုနှစ် သြဂုတ်လ(၂၀)ရက်ရှမ်းပြည်မြောက်ပိုင်းနှင့်ရခိုင်ဒေသအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲသတင်းများ

၂၀၁၉ ခုနှစ်၊သြဂုတ် (၂၀)ရက်နေ့တွင်ကွတ်ခိုင်မြို့နယ် နှင့် ကျောက်မဲမြို့နယ်အတွင်း၌မြန်မာစစ်တပ် နှင့် ညီနောင်မဟာမိတ်(၃) ဖွဲ့ တို့သည် တိုက်ပွဲများဆက်လက်ပြင်းထန်နေခဲ့သည်။

ပုံမှန်အားဖြင့် ကိုးကန့်၊တအာင်း၊ရခိုင်ဒေသများတွင် တိုက်ပွဲများမှာ နေ့စဉ်နီးပါးဖြစ်ပွားနေခဲ့သည်။ သို့သော်လည်း မိမိတို့နှင့် ဖြစ်ပွားနေခဲ့သောတိုက်ပွဲများကိုယခုကဲ့သို့စုစည်းမဖော်ပြဘဲ သီးသန့်တိုက်ပွဲသတင်းအဖြစ်သာဖော်ပြခဲ့ကြသည်။ ထို့ကြောင့် မြန်မာပြည်သူ/ပြည်သားအများစုမှာတိုက်ပွဲများဖြစ်ပွားနေသည်ကို မသိမထားမိကြခြင်းသာဖြစ်သည်။

ယခုကဲ့သို့ ကိုးကန့်၊တအာင်း၊ရခိုင်ဒေသများ၌ဖြစ်ပွားနေသောတိုက်ပွဲများကိုစုစည်းဖော်ပြပါက တစ်ရက်လျှင် နေရာ(၁၀) ခု၌တိုက်ပွဲ(၁၀) ခုခန့်ရှိနိုင်သည်ကိုတွေ့ရပေလိမ့်မည်။ လက်ရှိအခြေအနေများအရ တိုက်ပွဲများမှာ ယခုထက်ပိုမိုများပြားလာဖွယ်ရှိနိုင်သည်။

သြဂုတ်(၂၀) ရက်နေ့တွင် ကိုးကန့်၊တအာင်း၊ရခိုင်ဒေသများ၌ ထိတွေတိုက်ခိုက်မှု(၁၀) ကြိမ်အထက်ရှိခဲ့သည်။ မြန်မာစစ်တပ်ဖက်မှလည်း ရဟတ်ယာဉ်၊ သံချပ်ကာများအသုံးပြုရသည်အထိ တိုက်ပွဲအရှိန်မြင့်တက်လာခဲ့သည်။

(၁) နံနက်  ၀၉း၀၀ နာရီမှ ၁၁း၃၀ နာရီအချိန်ထိ ကွတ်ခိုင်မြို့နယ်၊"တောင်သုံးဆယ်"တွင် မြန်မာစစ်တပ် ခမရ ၂၉၀+ခလရ ၆၉  နှင့်လည်းကောင်း

(၂) နေ့လည် ၁၁း၄၀ နာရီမှ ၁၂း၄၅ နာရီအချိန်ထိ ကျောက်မဲမြို့နယ်၊"မန်စံရွာအနီး၊ပန်ခါးမွန်းတောင်ပေါ်တွင် မြန်မာစစ်တပ် တပ်မ (၁၀၁)နှင့် လည်းကောင်း

(၃)ညနေ  ၁၄း၅၀ နာရီမှ ၁၇း၀၀ နာရီအချိန်ထိ ကွတ်ခိုင်မြို့နယ်၊"နမ့်ပါချီး အနီးတွင် မြန်မာစစ်တပ် ခမရ ၂၉၀+ခလရ ၆၉ နှင့်လည်းကောင်း

(၄) ညနေ  ၁၅း၀၀ နာရီအချိန်မှ ၁၇း၅၀ အချိန်ထိ ကွတ်ခိုင်မြို့နယ်၊"မန်နောင်ရွာ"အနီးတွင် မြန်မာစစ်တပ် ခလရ ၄၅+ခလရ ၂၄၂ နှင့်လည်းကောင်း

(၅) ညနေ ၁၆:၃၀ နာရီအချိန်မှ ၁၆:၄၀ နာရီအချိန်ထိ ကွတ်ခိုင်မြို့ ခလရ (၄၅)စခန်းအနီးတွင်လည်းကောင်း

(၆)ညနေ ၁၇:၅၅ နာရီအချိန်တွင် ကွတ်ခိုင်မြို့ ခလရ ၄၅ တပ်စခန်းတွင် မြန်မာစစ်တပ် ခလရ (၄၅)နှင့်လည်းကောင်း

(၇) နံနက် ၁၁း၃၀ နာရီမှ ၁၄:၂၅ နာရီအချိန်ထိ "နာဒီရွာ" နှင့်" ဟိုလီရွာ" အကြားတွင်လည်းကောင်းတိုက်ပွဲများတောက်လျှောက်ဖြစ်ပွားခဲ့သည်။

မြန်မာစစ်တပ်သည် ကွတ်ခိုင်မြို့ ခလရ (၄၅) တပ်စခန်း တိုက်ပွဲတွင် မြန်မာစစ်တပ်ဖက်သည် သံချပ်ကာကားပေါ်မှလည်းကောင်း၊ ကွတ်ခိုင်-အမြောက်တပ်မှ (၁၀၅) မမ၊(၁၂၀)မမ အစရှိသောလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် လက်နက်ကြီးကျည်အချို့မှာ ကွတ်ခိုင်မြို့ ပတ်ဝန်းကျင်သို့ကျရောက်ပေါက်ကွဲခဲ့သည်။

"နာဒီရွာ" နှင့်" ဟိုလီရွာ" အကြားတိုက်ပွဲတွင် ရန်သူသည် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရဟတ်ယာဉ်များကိုလည်း အသုံးပြုခဲ့သည်။ နမ့်ဖတ်ကာပတ်ဝန်းကျင်များသို့လည်းလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ကျေးရွာ ဆေးပေးခန်းအတွင်းမှ ဒရုန်းတစ်စင်းအပါအဝင်မြန်မာစစ်တပ်၏ စစ်အသုံးအဆောင်ပစ္စည်းအချို့ အားသိမ်းဆည်းရမိခဲ့သည်။ ၎င်းဆေးပေးခန်းသည်မြန်မာစစ်တပ် ယာယီတပ်စခန်းနှင့်ကပ်လျက် တည်ရှိသည်။

ရခိုင်ဒေသအတွင်း၌လည်း

(၁) နံနက် ၀၈:၀၀ နာရီခန့်အချိန်တွင်မင်းပြားမြို့နယ်၊ ကုလားမတောင်ရွာ၊အနောက်တောင်ဖက်(၁) ကီလိုမီတာအကွာအဝေး၌လည်းကောင်း

(၂) နံနက်၁၀:၀၀ နာရီခန့်အချိန်တွင်မင်းပြားမြို့နယ်၊ "အောင်တိုင်ရွာ" နှင့်" ရွှေတမာရွာ" အကြား၌လည်းကောင်း

(၃)နံနက် ၀၄:၃၀ မိနစ်မှ ၀၅:၀၀ နာရီအချိန်အထိ၊ဘူးသီးတောင်မြို့နယ်၊ ဂေါင်းတိုက်ရွာ၊အရှေ့မြောက်ဖက်(၁) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်၌လည်းကောင်းထိတွေ့တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။

မိမိတို့တပ်ဖွဲ့ဝင်များသတင်းပေးပို့ချက်အရ-

(၁)တောင်သုံးဆယ် တိုက်ပွဲအတွင်း၌မြန်မာစစ်တပ်ဖက်မှ(၇)ဦးသေဆုံးပြီး (၆)ဦးဒဏ်ရာရရှိခဲ့သည်။

(၂)နမ့်ပါချီးတိုက်ပွဲအတွင်း၌လည်းမြန်မာစစ်တပ် ဖက်မှ(၆)ဦးသေဆုံးခဲ့သည်။ ရန်သူ့လက်နက် (၁)လက်သိမ်းဆည်းရမိခဲ့သည်။

(၃) ကျောက်မဲ၊မန်စံတိုက်ပွဲအတွင်း၌လည်းမြန်မာစစ်တပ် (၆)ဦးကျဆုံးပြီး (၁၀)ဦးဒဏ်ရာရရှိသည်။

(၄) ကုလားမတောင်ရွာ၊အနောက်တောင်ဖက်(၁) ကီလိုမီတာအကွာအဝေး၌ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း၌ (၇) ဦးခန့်သေဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့သည်။

(၅) "အောင်တိုင်ရွာ" နှင့်" ရွှေတမာရွာ" အကြား၌ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း၌ အနည်းဆုံး(၅) ဦးသေဆုံးခဲ့သည်။

ယနေ့တိုက်ပွဲများအတွင်း ညီနောင်မဟာမိတ်တို့နှင့်ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း၌ရန်သူ့ဖက်မှ (၃၀) ကျော်သေဆုံးခဲ့ပြီး မိမိတို့ဖက်မှ ထိခိုက်ဒဏ်ရာရရှိမှုများလည်းရှိခဲ့သည်။

ညီ​နောင်​မဟာမိတ်​ (၃) ဖွဲ့ MNTJP/MNDAA, PSLF/TNLA, ULA/AA




  • Vkontakte Social Icon
  • Twitter
  • YouTube

Copyright © 2020 Arakan Army