#Breakingnews
- Jan 20
- 1 min read
ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်(စစ်ကောင်စီ) မှ ၎င်းတို့ တပ်ဖွဲ့ဝင်၊ မိသားစုများ (တစ်နည်းအားဖြင့် အာရက္ခတပ်တော်ထံတွင် တိုက်ပွဲများအတွင်း ဖမ်းဆီးခြင်းခံနေရသော စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ) အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၂၀) ရက်
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်၊ ည (၇) နာရီ (၂၄ )မိနစ် နှင့် (၇) နာရီ (၂၈) မိနစ်တို့တွင် အာရက္ခပြည်၊ ကျောက်တော်မြို့နယ် နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်၌ရှိသော ချောင်းတူ (ခ) ဆောင်းဒုံ (Chaung Tu) ကျေးရွာ အနောက်ဘက်ရှိ နေရာအချို့အား ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် လေကြောင်းမှ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် ရှေ့ဆင့်နောက်ဆင့် တစ်နေရာကို ဗုံး (၂) လုံးစီဖြင့် အကြမ်းဖက်လာရောက်တိုက်ခိုက်ခဲ့သည်။
ဤကဲ့သို့တိုက်ခိုက်ခဲ့မှုကြောင့် ၎င်းပတ်ဝန်းကျင်တွင် ရှိကြသော စစ်သုံ့ပန်းမိသားစုဝင်များ နှင့် စစ်သုံ့ပန်းအချို့ ပွဲချင်းပြီးသေဆုံး၊ ဒဏ်ရာရရှိခဲ့သည်။ အဆိုပါစစ်သုံ့ပန်းများနှင့် စစ်သုံ့ပန်းမိသားစုဝင်များမှာ မကြာမီပြန်လည် လွှတ်ပေးရန် မိမိတို့မှ ၎င်းနေရာ၌ ထားရှိသောသူများ ဖြစ်ကြသည်။
သေဆုံး၊ ဒဏ်ရာရ အသေးစိတ်စာရင်းများကို နောက်ဆက်တွဲအနေဖြင့် ဆက်လက်တင်ပေးသွားပါမည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်




In Buckshot Roulette, I notice the Dealer making his move instantly while I'm still debating mine. That confidence puts extra pressure on me.