top of page

BreakingNews


 ၂၀၂၄ ခုနှစ်၊ ဇွန်လ (၄) ရက်

 

အာရက္ခပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ ထောင်ချီသောရွာသူရွာသားများထဲမှ (၅၀) ကျော်အား ဖက်ဆစ် စစ်ကောင်စီနှင့်အတူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့၊ စစ်ကောင်စီ၏ အကြမ်းဖက် သင်တန်းဆင်း မူဆလင်တပ်ဖွဲ့ဝင်များမှ ၂၀၂၄ ခုနှစ်၊ မေလ (၂၉) ရက်နေ့မှစတင်ပြီး လေးရက်အတွင်း သတ်ဖြတ်ခဲ့ကြောင်း ကနဦး သိရှိခဲ့ရသော်လည်း ၂၀၂၄ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့နောက်ဆုံးရရှိထားသော သတင်းများအရ စစ်တွေ၊ ဗျိုင်းဖြူကျေးရွာဖြစ်စဉ်အတွင်း မတရားဖမ်းဆီးသတ်ဖြတ်ခံရသူ အရေအတွက်မှာ (၇၆) ဦးထိ ရှိလာခဲ့ပြီဖြစ်သည်။

 

မိမိတို့အနေဖြင့် အထက်ပါဖြစ်စဉ်နှင့်ပတ်သက်သော နောက်ဆက်တွဲအချက်အလက်များကို ဆက်လက်စုံစမ်းပြီး အချိန်နှင့်တပြေးညီ ဆက်လက်တင်ပေးသွားပါမည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

 

#ဗျိုင်းဖြူရွာ

#အစုလိုက်အပြုံလိုက်

#စစ်ကောင်စီ

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page