Breaking News
- ULA / AA
- Sep 12
- 1 min read

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်၊ နံနက် (၁) နာရီ (၀၅) မိနစ်ခန့်အချိန်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ ( စစ်ကော်မရှင်တပ်) သည် အာရက္ခပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာအတွင်းသို့ ညသန်းခေါင် အချိန်၌ လေကြောင်းမှ ပေါင် (၅၀၀) ဗုံး နှစ်လုံး လာရောက်ဗုံးကြဲချခဲ့သောကြောင့် သရက်တပင်ရွာအတွင်း ပညာပန်းခင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ရှေ့တည့်တည့်သို့ ကျရောက်ထိမှန်ခဲ့သည်။
အဆိုပါ ပေါင် (၅၀၀) ဗုံး နှစ်လုံးကြောင့် ပညာပန်းခင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းသူ/ ကျောင်းသားများနှင့် ၎င်းအနီးအနားမှ ကလေးငယ်တချို့အပါအဝင် စုစုပေါင်း (၁၈) ဦး ရှေ့ဆင့်နောက်ဆင့် သေဆုံးကာ (၂၀) ကျော် ပြင်းထန် ဒဏ်ရာရရှိခဲ့ကြကြောင်း ကနဦး သတင်းများအရသိရှိရသည်။
နောက်ဆက်တွဲ သတင်းများကို ထပ်မံတင်ပေးသွားပါမည်။
သတင်းနှင့်ပြန်ကြားရေးအာရက္ခတပ်တော်









Comments