top of page

Breaking news

  • Dec 12, 2023
  • 1 min read

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်

 

ရက္ခိုင်ဒေသအတွင်း စစ်ကောင်စီ၏ ဘူးသီးတောင်၊  ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ အမ်း၊ မြေပုံ မြို့နယ်အတွင်းရှိ စခန်းတချို့သည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်း၊ ရေကြောင်းများမှလည်း လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်၊ နံနက် (၈) နာရီခန့်မှ စတင်ပြီး ကြိုကြားကြိုကြား ပစ်ခတ်တိုက်ခိုက်လျက် ရှိသည်။

 

ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီ၏ စခန်းအချို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်းအပြင် ဂျက်လေယာဉ်တစ်စီးဖြင့် မိမိတို့ သိမ်းပိုက်ရယူထားသော "နှုံးဘူးဗျူဟာ" ပတ်ဝန်းကျင်သို့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page