top of page

Breaking News


Breaking News


၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်


စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာကုန်း အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်သည်။ တစ်ပြိုင်နက်တည်းတွင် တရွန်အိုင်ဗျူဟာကုန်းနှင့် တစ်ရက်တည်းတွင် ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော အခြားသော ဗျူဟာကုန်း တစ်ခုဖြစ်သည့် နှုံးဘူးဗျူဟာကုန်းကိုလည်း ယနေ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင် (၂၃) ရက်မြောက် ထိုးစစ်ဆင်တိုက်ခိုက်မှုများနှင့်အတူ ဆက်လက်ချေမှုန်း တိုက်ခိုက်လျက်ရှိသည်။


ရန်သူသည် နံနက် (၈) နာရီ (၄၅) မိနစ်အချိန်မှစတင်၍ ဂျက်လေယာဉ် များ၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် ခုခံစစ်ကိုဆင်နွှဲနေသကဲ့သို့ ရက္ခိုင့်တပ်တော်ဘက်မှလည်း အဆိုပါဗျူဟာကုန်းအား အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲမှာပြင်းထန်လျက်ရှိသည်။


941 views
bottom of page