top of page

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၁/၂/၃/၄) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

Updated: Apr 13, 2020




၂၀၂၀ ပြည့်နှစ်၊ဧပြီလ(၁) ရက်နေ့တွင် စစ်ရာဇဝတ်နယ်ချဲ့အကြမ်းဖက် မြန်မာ့တပ်မတော်သည် မြေပုံမြို့နယ်၊ စညှင်းရွာမြောက်ဖက်(၉) ကီလိုမီတာအကွာအဝေးရှိတောင်တန်းများအားလည်းကောင်း၊ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ရွာအရှေ့မြောက်ဖက်(၁) ကီလိုမီတာအကွာအဝေးရှိတောင်တန်းမျာအားး မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ ညနေ(၅) နာရီ နှင့် (၆) နာရီအကြားတွင် မိနစ်(၄၀) ကျော်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။


ထို့အတူ ကျောက်တော်မြို့နယ်၊သရက်အုပ်ရွာအား နံနက်(၇) နာရီခန့်တွင် မြန်မာ့တပ်မတော်မှ ဝင်ရောက်ပြီး ရွာသူ/ရွာသားများအား ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်းများအား ပြုလုပ်ကာ ပြည်သူလူထုအပေါ် စစ်ရာဇဝတ်ကျူးလွန်ခြင်းအမှုကိုပြုလုပ်ခဲ့သည်။


ဧပြီလ(၁) ရက်၊ ညနေ(၅) နာရီ(၅၀) မိနစ်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ရွာအရှေ့မြောက်ဖက်(၁) ကီလိုမီတာအကွာအဝေးတောင်တန်းအား မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ ရန်သူသည်ရဟတ်ယာဉ်(၂) စီးဖြင့်(၁၅) မိနစ်ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


၂၀၂၀ ပြည့်နှစ်၊ဧပြီလ(၁) ရက်နေ့တွင် စစ်ရာဇဝတ်နယ်ချဲ့အကြမ်းဖက် မြန်မာ့တပ်မတော်သည် ကျောက်တော်မြို့နယ်၊ သရက်အုပ်ရွာအား အကြမ်းဖက်ခဲ့ပြီး အပြစ်မဲ့ ရွာသားအချို့အားစွပ်စွဲချက်အမျိုးမျိုးဖြင့် ဖမ်းဆီးခဲ့သည်။ ဧပြီလ(၂) ရက်နေ့တွင် သရက်အုပ်ရွာမှထွက်လာပြီးနောက်လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ကျောက်တော်မြို့အနှံ့ရည်ရွယ်ချက်ရှိရှိဖြင့် လူမျိုးရေးမုန်းတီးမှုများကိုအခြေခံ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားများထိမှန်ခြင်း၊ သေဆုံးခြင်းများရှိခဲ့သည်။


၂၀၂၀ ပြည့်နှစ်၊ဧပြီလ(၃) ရက်နေ့တွင် စစ်ရာဇဝတ်နယ်ချဲ့အကြမ်းဖက် မြန်မာ့တပ်မတော်၏ ပုဏ္ဏားကျွန်းအခြေစိုက် ခမရ(၅၅၀) တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့သည် ပုဏ္ဏားကျွန်းမြို့နယ်၊ လက်ဝဲစာတိုက်ရွာအနောက်မြောက်ဖက်(၈၀၀) မီတာအကွာအဝေး၌ နေ့လည်(၁) နာရီ(၃၅) မိနစ်မှ ညနေ(၅) နာရီကျော်သည်အထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ပြီး (၄) နာရီကျော်ကြာမြင့်ခဲ့သည်။ ရန်သူသည် မိမိတို့ရှိရာနေရာသို့ကျူးကျော်ဝင်ရောက်လာသောကြောင့် မိမိတို့အနေဖြင့်မလွဲသာမရှောင်သာခုခံကာကွယ်တိုက်ခိုက်ရခြင်းဖြစ်သည်။ ဤတိုက်ပွဲ၌ ရန်သူ့လက်နက်ခဲယမ်းများကိုသိမ်းဆည်းရမိခြင်းမရှိသော်လည်းရန်သူ(၁၀) ဦးခန့်အားသုတ်သင်ရှင်းနိုင်ခဲ့သည်။ ထို့အပြင် ရန်သူ့ဖက်မှ ထိခိုက်ဒဏ်ရာရသူများထပ်မံရှိခဲ့သည်။


ထို့အတူ ကျောက်တော်မြို့နယ်၊ဂစ္ဆပနဒီတံတား၊ အနောက်ဖက်တံတားထိပ်အနီး၌လည်း ညနေ(၄) နာရီ(၃၀) မိနစ်မှစတင်၍မိနစ်အနည်းငယ်ကြာထိတွေ့မှုဖြစ်ပွားခဲ့သည်။ အချိန်တိုတိုအတွင်းအင်အား(၁၀၀) ခန့်ပါရန်သူထဲမှ (၆) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။


ဧပြီလ(၃) ရက်၊ ညနေ(၅) နာရီ(၅၀) မိနစ်တွင် မင်းပြားမြို့နယ်၊ ဖားပြိုရွာအနီးရှိ

ရန်သူ့လက်နက်ကြီးကုန်းမှ လက်နက်ကြီးများဖြင့်လည်းကောင်း၊ ညနေ(၇) နာရီ(၅၀) မိနစ်တွင် ဂျက်တိုက်လေယာဉ်(၂) စီးဖြင့်လည်းကောင်း ဖားပြိုရွာပတ်ဝန်းကျင်များသို့ လာရောက်လှည့်ပတ်တိုက်ခိုက်ခဲ့သည်။


ဧပြီလ(၄) ရက်၊ နေ့လယ်(၁၂) နာရီ(၃၈) မိနစ်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ရွာ အပြင်ဖက်တွင် ဒေသခံပြည်သူလူထုများကိုသတ်ဖြတ်နေသော မြန်မာ့တပ်မတော်၏အင်အား(၁၂၀) ကျော်ပါစစ်ကြောင်းတစ်ခုအား လက်တုံ့ပြန်သောအနေဖြင့်တိုက်ခိုက်ခဲ့သည်။ အချိန်တိုတိုအတွင်းထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ပြီး ရန်သူ(၆) ဦး(မျက်မြင်) အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ နောက်ထပ်ဒဏ်ရာရသူများလည်းရှိနိုင်သည်။


ဧပြီလ(၄) ရက်နေ့၊ ညနေ(၈) နာရီ(၂၅) မိနစ်မှစ၍ပလက်ဝမြို့နယ်၊ ပီ(အထက်ရွာ) အနောက်မြောက်ဖက်ရှိရန်သူ၏ ပွိုင့်- ၈၂၅ ကုန်းမှနေ၍ လက်နက်ကြီးအကြိမ်(၅၀) ခန့်နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။


ဧပြီ(၁/၂/၃/၄) ရက်တိုက်ပွဲများအတွင်းအာရက္ခစစ်သည်တော်အချို့တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့သည်။ တိုက်ပွဲအတွင်း ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။


တိုက်ပွဲနောက်ဆက်တွဲများရှိပါကဆက်လက်တင်ပေးသွားပါမည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

Recent Posts

See All
ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်သော (၁၆) နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ ပေးပို့လာကြသော...

 
 
 

2 Comments


Yaing Htun Min
Yaing Htun Min
Apr 07, 2020

Like

Yaing Htun Min
Yaing Htun Min
Apr 07, 2020

ဖတ်လို့မရပါ

Like
  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page