top of page

၂၀၁၉ ခုနှစ်၊ ဇွန်လ(၃၀) ရက်ရခိုင်ပြည်တိုက်ပွဲသတင်းများ

၂၀၁၉ ဇွန်လ(၃၀) ရက်နေ့တွင် ရခိုင်ပြည်၏ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်မြို့နယ်များ၏နေရာ(၄) ခုတွင် တိုက်ပွဲများကရှေ့ဆင့်နောက်ဆင့်ဖြစ်ပွားခဲ့ပြီး စစ်ရာဇဝတ်ကောင်၊ မြန်မာ့တပ်မတော်ဖက်မှ တပ်မ(၅၅)အပါအဝင်အခြားသောတပ်ရင်းများမှရန်သူ့အင်အား(၅၀) ခန့်အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ မိမိတို့ဖက်မှ အာရက္ခစစ်သည်တော်(၁) ဦးတိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။

တိုက်ပွဲများသည် ---

(၁) ကျောက်တော်မြို့နယ်၊ မင်းသားတောင်ရွာ၊ အရှေ့မြောက်ဖက်(၂.၁) ကီလိုမီတာ အနီးရှိတောင်ခြေရင်းတွင် ရန်သူ့ဖက်မှ အင်အား(၂၅၀) နီးပါးပါစစ်ကြောင်းနှင့်လည်းကောင်း၊

(၂)ရသေ့တောင်မြို့နယ်၊ ရေဘုတ်ရွာ၊ အရှေ့ဖက်(၁.၆) ကီလိုမီတာအကွာအဝေးတွင်လည်းကောင်း၊

(၃)ရသေ့တောင်မြို့နယ်၊ နွားလှကျော်(လိုင်ဂွင်) နှင့် ကျောက်တန်းရွာအကြားတွင်လည်းကောင်း၊

(၄)မင်းပြားမြို့နယ်၊ သာစည်ရွာ၊ အရှေ့ဖက်( ၃.၂) ကီလိုမီတာ အကွာအဝေးတွင်လည်းကောင်း၊

တိုက်ပွဲများအသီးသီးဖြစ်ပွားခဲ့သည်။အထက်ပါနေရာ(၄)နေရာ၌ရန်သူ(၅၀)ဦးခန့်အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

အသေးစိပ်နှင့် နောက်ဆက်တွဲသတင်းများကို ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်



509 views
  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page