top of page

၁၉/၁၁ - ဇာခါလေ့သင့် မမိပါ။

  • Nov 19, 2025
  • 1 min read





၁၉/၁၁ - ဇာခါလေ့သင့် မမိပါ။

 

ကရို့၏ မဟာမိတ်ဖြစ်ပနာ အာရက္ခတပ်တော် သန္ဓေတည်စတင်အခြီချရာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဌာနချုပ်နယ်မြီအတွင်းဟိ ဝေကြိုင်ဘွမ် ဗိုလ်သင်တန်းကျောင်း၌ စစ်ပညာသင်ယူနီကတ်သော အာရက္ခတပ်တော်မှ ဗိုလ်လောင်း (၈) ဦးနန့် အခြားသော တိုင်းရင်းသား တော်လှန်ရီးလက်နက်ကိုင် အဖွဲ့အစည်းအချို့မှ ဗိုလ်လောင်းများအပါအဝင် စုစုပေါင်းဗိုလ်လောင်း (၂၃) ဦးရို့သည် ၂၀၁၄ ခုနှစ်၊ နိုဗမ်ဘာလ (၁၉) ရက်နိ၊ နိခင်းဖက် (၁၂:၄၅) နာရီဝန်းကျင်တွင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အလစ်အငိုက် အကောက်ကြံ ပစ်ခတ်တိုက်ခိုက်ခမှုကြောင့် အဆိုပါ KIA ဗိုလ်သင်တန်းကျောင်းဝင်းတနီရာ၌ တပြိုင်နက်တည်း အသက်ကြွီလွင့်ခရသည်။

 

ဂနိ ၂၀၂၅ ခုနှစ်၊ နိုဗမ်ဘာလ (၁၉) ရက်နိဆိုလျှင် အဆိုပါ ဗိုလ်လောင်းများ တိုင်းပြည်နန့် လူမျိုးအတွက် တာဝန်ထမ်းဆောင်ယင်း အသက်ပီးဆပ်ခရသည်မာ (၁၁) ဆယ့်တနှစ်တင်းတင်း ပြည့်မြောက် ခဗျာယ်ဖြစ်သည်။ အာရက္ခတပ်တော်အနီဖြင့် နိုဗမ်ဘာလ (၁၉) ရက်နိကို ရောက်တိုင်း အဆိုပါ ဗိုလ်လောင်းများအတွက် ဝမ်းနည်း အောက်မိဖွယ် အထိမ်းအမှတ် အခမ်းအနားကို စစ်ရီး၊ နိုင်ငံရီး အခြေအနီပေါ်မူတည်၍ပြုလုပ်ခြင်း၊ ဗိုလ်လောင်းများ လဲလျောင်းရာ အာဇာနည်ကုန်းတွင် လွမ်းသူ့ပန်းဂွေများချကာ ဂါရဝပြုခြင်း၊ တပ်စခန်းများတွင် အောင်လံတဝက် လွှင့်ခြင်းများကို နှစ်စဉ်နှစ်တိုင်းပြုလုပ်ခသည်။

 

ဂနိ (၁၁) နှစ်ပြည့်နိတွင်လည်း စစ်ရီးအခြေအနီအရ ကျဆုံးဗိုလ်လောင်းများအတွက် ဝမ်းနည်းအောက်မိဖွယ် အထိမ်းအမှတ် အခမ်းအနားကို အကျဉ်းချုပ်မျှသာ ပြုလုပ်နိုင်ခသည်။ အာရက္ခတပ်တော်အနီဖြင့် နိုဗမ်ဘာလ (၁၉) ရက်နိကို ဇာခါလေ့သင့် မိလိမ့်မည်မဟုတ်ပေ။ ထို့အပြင် အဆိုပါ ဗိုလ်လောင်းများ၏ တိုင်းပြည်နန့် လူမျိုးအတွက် အသက်ပီးဆပ်ခမှုများကိုလည်း အမြဲတမ်း သတိရနီကတ်မည်ဖြစ်သည်။

 

ဓာတ်ပုံ - ၂၀၂၅ ခုနှစ်၊ နိုဗမ်ဘာလ (၁၉) ရက်နိတွင် ကျရောက်သော ဗိုလ်လောင်းများကျဆုံးသည့် (၁၁) နှစ်ပြည့် ဝမ်းနည်းအောက်မိဖွယ်နိ အထိမ်းအမှတ်အဖြစ် စစ်ဒေသအသီးသီး၌ အောင်လံတဝက်လွှင့်တင်ခသည့် မှတ်တမ်း ဓာတ်ပုံများ

 

၂၀၂၅ ခုနှစ်၊ နိုဗမ်ဘာလ (၁၉) ရက်#19/11


Recent Posts

See All

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page