top of page

အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ



ree


ree


ree



ree


ree


ree


ree


ree


ree


ree

အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ

 

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်

 

အာရက္ခတပ်တော်သည် သံတွဲမြို့နယ်အတွင်းမှ ဖက်ဆစ်စစ်ကောင်စီ၏ လက်ကျန်စခန်းကြီးတစ်ခုဖြစ်သော ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်း (တပ်မတော်-ရေ) (တနည်းအားဖြင့်) Central Naval Diving And Salvage Deport (Myanmar Navy) CNDSD စခန်းနှင့်  ၎င်းပတ်ဝန်းကျင်မှ အဆင့်ဆင့်ခုခံကြသော ရန်သူ့စစ်ကြောင်းများအား အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၇) နေ့တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက် ခဲ့သည်။ မောင်ရွှေလေးရွာ နှင့် ကွင်းဝိုင်းရွာအကြား၌တည်ရှိသော ဤရေတပ်စခန်းအား တစ်လနီးပါး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့၊ ညနေ (၆) နာရီအချိန်တွင်မှ အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

 

မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာ၊ သပြုချိုင်ရွာ၊ ရေတပ်ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်(တပ်မတော်-ရေ) စခန်းနှင့် ၎င်းပတ်ဝန်းကျင်များ၌ စစ်ကောင်စီသည် အဆင့်ဆင့်သော ခုခံစစ်ကို လေကြောင်း၊ ရေကြောင်းပစ်ကူ အများအပြားဖြင့် ခုခံခဲ့သော်လည်း အာရက္ခတပ်တော်၏ ရဲရင့်ပြောင်မြောက်ပြီး ဗျူဟာမြောက်ထိုးစစ်အောက်တွင် တစ်လအတွင်း အဆိုပါစခန်းအား လက်လွှတ်ဆုံးရှုူံးခဲ့ရပြီးဖြစ်သည်။

 

ဤပင်မရေတပ်စခန်း CNDSD နှင့် ၎င်းပတ်ဝန်းကျင်၌ ရန်သူ စုစုပေါင်းအင်အား ၁၂၀၀ ကျော်ရှိခဲ့သည်။ ဤရေတပ်စခန်းနေရာသည် စစ်ရှုံး၍ နေရာစုံမှ ထွက်ပြေးလွတ်မြောက်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လောလောလတ်လတ် စစ်သင်တန်းဆင်းလာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အခြားသောနေရာများမှ စစ်ကူအမြောက်အမြားတို့ဖြင့် အင်အားဖြည့်တင်းထားသော နေရာလည်းဖြစ်သည်။ စစ်ကောင်စီသည် ဤစခန်း မကျစေရေးအတွက် ပင်လယ်ပြင် နှင့် စခန်းအတွင်းမှ လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံးပြီး ခုခံကာကွယ် ခဲ့သော စခန်းကြီးတစ်ခုဖြစ်သည်။

 

ဤ ရေတပ်စခန်းအား မိမိတို့မှ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် (၄၀၀) ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ရန်သူ၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း အများအပြား ကို သိမ်းဆည်းရမိခဲ့သည်။ ရန်သူသည် ၎င်းတို့၏ ဒဏ်ရာရ၊ ကျဆုံးသော သူများကို စစ်သင်္ဘောများဖြင့် သယ်ဆောင်ပြီး စစ်တွေ နှင့် ဧရာဝတီတိုင်းဖက်သို့ အကြိမ်ကြိမ်သယ်ယူရွှေ့ပြောင်းသွားနိုင်ခဲ့သည်။ ရန်သူ့ အလောင်းများအား မိမိတို့မှ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ပြီးဖြစ်သည်။

 

ဤ ဖက်ဆစ် စစ်ကောင်စီ၏ ရေတပ်စခန်း ထိုးစစ်အတွင်း ထူးချွန်ပြောင်မြောက်သော အာရက္ခစစ်သည်တော်များ၊ ထိုးစစ်၏ ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များ၊ အာရက္ခဆေးဘက် ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများအား လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

 

စစ်ရှုံးစစ်ကောင်စီသည် စခန်းများစွန့်လွှတ်ကျရှုံးသည့်အခါတိုင်း၌ ပြုလုပ်လေ့ရှိသည့်အတိုင်း အရပ်သားပြည်သူ လူထုများရှိရာသို့ လက်နက်ကြီး၊ လေကြောင်းမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး လူသား မျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်ခြင်းနှင့် စစ်ရာဇဝတ်မှု၊ အကြမ်းဖက်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

 

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့၊ နံနက် (၁၀) နာရီ (၄၇) မိနစ်အချိန်တွင် စစ်တွေမြို့ရှိ ဖက်ဆစ် စစ်ကောင်စီ၏ တပ်စခန်းတစ်ခုဖြစ်သော စစ်တွေ၊ အမှတ် (၁၂) ရဲတပ်ရင်း အတွင်းမှလည်းကောင်း၊ နံနက် (၁၀) နာရီ (၅၇) မိနစ်တွင် စစ်တွေ၊ ပွိုင့်ရေတပ်စခန်းမှ လည်းကောင်း စစ်ကောင်စီသည် ပေါက်တောမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ရပ်ရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။ ဤပစ်ခတ် တိုက်ခိုက်မှုအတွင်း အပြစ်မဲ့အရပ်သားပြည်သူ လူနေအိမ်အချို့ ပျက်စီးခဲ့ကြောင်းသိရှိရသည်။

 

မောင်တောမြို့သိမ်းတိုက်ပွဲသည်လည်း ယခင်ရက်များနည်းတူ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

 

နောက်ဆက်တွဲ တိုက်ပွဲသတင်းများထပ်မံရရှိပါက ဆက်လက်တင်ပေးသွားပါမည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

Recent Posts

See All
ကြေညာချက်

၂၀၂၅ ခုနှစ်၊ ဩဂတ်စ်လ (၁၁) ရက်နိ၊ မိုးထဖက် (၁၀) နာရီအချိန်မှာ ပြုလုပ်ဖို့ဟိရေ အာရက္ခပြည်သူ့ တော်လှန်ရီးအစိုးရ၏ (၁၀) ကြိမ်မြောက်...

 
 
 

Kommentare


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page