top of page

အသိပီးယှင်းလင်းချက်

  • Mar 29, 2022
  • 1 min read



ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်


အမှတ်၊ (၄/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁၃) ရက်

၂၀၂၂ ခုနှစ်၊ မာ့ချ်လ (၂၉) ရက်


အသိပီးယှင်းလင်းချက်


ရက္ခိုင်ပြည်၊ စစ်တွေမြို့၊ ဓညဝတီ (ခ) ရပ်ကွက်၊ မေယုလမ်းအတွင်း ၂၀၂၂ ခုနှစ်၊ မာ့ချ်လ (၂၅) ရက်၊ ညည့်သန်းခေါင် (သို့မဟုတ်) မာ့ချ်လ (၂၆) ရက်၊ မိုးထ (၀၀) နာရီ (၃၀) မိနစ်ခန့် အချိန်တွင် ဖြစ်ပျက်ခသော THF ကားဝပ်ချော့မှ အရီအတွက် (၃၀) ခန့်ဟိသော ဒုတ်၊ ဒါး၊ သီနတ်၊ လက်နက်များကိုင်ဆောင်လာသည့်လူအုပ်စု တစုသည် ယင်းကားဝပ်ချော့နန့်ဘေးချင်းကပ် လူနီအိမ်တခုအား ဝင်ရောက်၍ အုပ်စုဖွဲ့ အနိုင်ကျင့် ရမ်းကားမှုမှာ မိမိရို့ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်နန့် တစုံတရာ ပါဝင်ပတ်သက်မှုမဟိကြောင်း အများပြည်သူများ သိဟိစီရန် လေးစားစွာဖြင့်အသိပီးယှင်းလင်းအပ်ပါသည်။


ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်

1 Comment


WIN MOE
Mar 31, 2022

https://fb.watch/c5_rFhYNRO/

Like
  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page