top of page

သတင္းထုတ္ျပန္ခ်က္


သတင္းထုတ္ျပန္ခ်က္


၂၀၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာလ(၂)ရက္





ျမန္မာႏိုင္ငံ၌ ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ(၈) ရက္ ေ႐ြးေကာက္ပြဲက်င္းပၿပီးသည့္ေနာက္တြင္ ျမန္မာ့တပ္မေတာ္ ဖက္မွ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး၊ ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ အျပဳသေဘာ ေဆာင္သည့္ထုတ္ျပန္ ေၾကညာ ခ်က္တစ္ရပ္ကို ႏိုဝင္ဘာလ (၁၂) ရက္ေန႔၌ ထုတ္ျပန္ေၾကညာခဲ့သည္။ ျမန္မာ့တပ္မေတာ္၏ အဆိုပါထုတ္ျပန္ ခ်က္၌ ULA/AA ၏ ႏိုဝင္ဘာလ (၁၂) ရက္ေန႔ထုတ္ျပန္ေၾကညာခ်က္ကိုလည္း အျပဳသေဘာျဖင့္ႀကိဳဆိုေၾကာင္း ထည့္သြင္းေဖာ္ျပခဲ့သည္။


အဆိုပါထုတ္ျပန္ခ်က္မ်ားအၿပီးတြင္ ျမန္မာ့တပ္မေတာ္မွ ရခိုင္၊ပလက္ဝေဒသမ်ားအတြင္း စစ္ေရးလႈပ္ရွားမႈ၊ ရိကၡာ၊ လက္နက္ခဲယမ္း သယ္ယူပို႔ေဆာင္ေနမႈမ်ားရွိေသာ္လည္း ေျမျပင္၌ႏွစ္ဖက္တိုက္ပြဲမ်ားျဖစ္ပြားျခင္း"လုံးဝ"မရွိ ေတာ့ဘဲ တိုက္ပြဲမ်ားသည္လည္း သိသာစြာ ေလ်ာ့က်ခဲ့ပါသည္။ ႏွစ္ဖက္တိုက္ပြဲမျဖစ္ပြားခဲ့သည္မွာ ရက္ေပါင္း (၂၀) ေက်ာ္ခဲ့ၿပီျဖစ္သည္။


ျမန္မာ့တပ္မေတာ္အေနျဖင့္ ရခိုင္ျပည္ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ နည္းလမ္းမ်ားရွာေဖြကာ ေဆာင္႐ြက္ေနေၾကာင္း ထပ္မံၾကားသိရေသာ ေၾကာင့္ ရခိုင္၊ ပလက္ဝေဒသအတြင္း၌ ႏွစ္ႏွစ္ေက်ာ္နီးပါး ဆက္တိုက္ျဖစ္ပြားေနခဲ့ေသာ စစ္မက္မ်ားရပ္တန႔္ကာ ၿငိမ္းခ်မ္းေရးလမ္းစမ်ားပြင့္လာမည္လားဟု ႏိုင္ငံတကာႏွင့္ ျမန္မာတစ္ႏိုင္ငံလုံးမွ ေမွ်ာ္လင့္ေနၾကပါသည္။ သို႔ေသာ္လည္း ကုန္းလမ္း၊ ေရလမ္းမ်ားမွ လက္နက္ခဲယမ္း ရိကၡာမ်ားကို ယခုရက္မ်ားတြင္ဆက္တိုက္ပို႔ေဆာင္ေနေသာေၾကာင့္ တိုက္ပြဲမ်ားျပန္လည္ျဖစ္ပြားလာမည္ဟုလည္း ေဒသခံျပည္သူမ်ားမွ ယုံၾကည္ေနၾကသည္။


အေကာင္းဖက္မွၾကည့္ေသာ္ တစ္ႏွစ္နီးပါးၾကာရပ္တန႔္ေနခဲ့ေသာ မိမိတို႔ ေျမာက္ပိုင္းမဟာမိတ္မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးေနသည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားလည္း ျပန္လည္စတင္ႏိုင္လိမ့္မည္ဟု မိမိတို႔အဖြဲ႕အစည္းမ်ားမွ ယုံၾကည္ေမွ်ာ္လင့္ ေနၾကပါသည္။


မိမိတို႔ အဖြဲ႕အစည္းႏွစ္ခုစလုံးအေနျဖင့္ ေဒသခံျပည္သူလူထု၏ အက်ိဳးစီးပြားကို အေလးထား ထည့္သြင္းစဥ္းစားကာ ေဆာင္႐ြက္လ်က္ရွိၾကပါသည္။ ကနဦးေျခလွမ္းအားျဖင့္၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ (၂၅) ရက္ေန႔တြင္ ႏွစ္ဖက္ထိပ္ပိုင္းေခါင္းေဆာင္တို႔ Online မွတစ္ဆင့္ ေအာက္ပါ အခ်က္မ်ားကို မိနစ္ (၃၀) အတြင္း အၾကမ္းဖ်င္း ေျပာဆိုေဆြးေႏြးခဲ့ၾကပါသည္။


(၁) ေ႐ြးေကာက္ပြဲက်င္းပခြင့္မရခဲ့သည့္ ၿမိဳ႕နယ္မ်ားအားလုံး၌ ျပည္သူမ်ား၏မဲေပးပိုင္ခြင့္မဆုံးရႈံးေစရန္ ႏွင့္ တစ္ႏိုင္ငံလုံးအတိုင္းအတာအားျဖင့္ လြတ္လပ္မွ်တေသာေ႐ြးေကာက္ပြဲ၏စံခ်ိန္စံၫႊန္းႏွင့္ျပည့္စုံရန္အတြက္ ဆက္စပ္ေ႐ြးေကာက္ပြဲမ်ားကို အခ်ိန္မီ ျပန္လည္က်င္းပႏိုင္ရန္၊


(၂) အေျခခံစားေသာက္ကုန္၊ ရိကၡာ၊ ေဆးဝါးမ်ားျပတ္လပ္ေနၿပီး သယ္ယူပို႔ေဆာင္ရန္အခက္အခဲျဖစ္ေနေသာ ေက်း႐ြာမ်ားအားလုံးသို႔ ေဆးဝါး၊ ရိကၡာမ်ား အျမန္ဆုံးေရာက္ရွိႏိုင္ေရး ႏွင့္ အႏၲရာယ္ကင္းစြာသယ္ယူပို႔ေဆာင္ႏိုင္ ေရးကို ႏွစ္ဖက္စလုံးမွ အေလးထားေဆာင္႐ြက္ၾကရန္၊


(၃) ရရွိထားၿပီးေသာ အျပန္အလွန္ နားလည္မႈ၊ ယုံၾကည္မႈမ်ားကို ဆက္လက္ထိန္းသိမ္းသြားၾကရန္၊


စသည့္အခ်က္မ်ားကို အၾကမ္းအားျဖင့္ ေျပာဆိုေဆြးေႏြးခဲ့ၾကပါသည္။


ထို႔အျပင္ ျမန္မာ့တပ္မေတာ္အား ေဒသခံျပည္သူမ်ား၏အေရးကို အေလးထားစဥ္းစားေပးရန္ ေအာက္ပါအခ်က္မ်ားကိုလည္း မိမိတို႔မွအႀကံျပဳ ေျပာဆိုခဲ့ပါသည္။


(၁)တိုက္ပြဲကာလမ်ားအတြင္ ပိတ္ဆို႔ေနေသာကုန္းလမ္း၊ ေရလမ္းမ်ားတြင္ ေဒသခံျပည္သူလူထုမ်ား စိုးရိမ္ေၾကာင့္ၾက ကင္းမဲ့စြာျဖင့္ခရီးသြားလာႏိုင္ရန္ ႏွင့္ အေျခခံစားေသာက္ကုန္ပစၥည္းမ်ားကို အႏၲရာယ္ကင္းစြာသယ္ယူ ပို႔ေဆာင္ ႏိုင္ရန္၊


(၂) တိုက္ပြဲျဖစ္ပြားရာ ေဒသမ်ားအားလုံးမွ ျပည္သူလူထုမ်ား၏ဘဝလုံၿခဳံမႈ၊ ၿငိမ္းခ်မ္းမႈ အတြက္ နည္းလမ္းမ်ားရွာေဖြၿပီး ေဆာင္႐ြက္သြားရန္၊


စသည့္အခ်က္(၂) ခ်က္ကိုလည္း အေလးထားစဥ္းစားေဆာင္႐ြက္ေပးရန္ ေျပာဆိုခဲ့ၾကသည္။


တစ္ၿပိဳင္နက္တည္းတြင္ ႏွစ္ဖက္ လူခ်င္းေတြ႕ ႏိုင္မည့္ အေျခအေနတစ္ရပ္ကိုလည္း ဆက္လက္ ေဆြးေႏြး ညႇိႏႈိင္း ေနၾကဆဲျဖစ္ပါသည္။ အထက္ေဖာ္ျပပါ အခ်က္အလက္မ်ားမွာ ၿငိမ္းခ်မ္းေရးႏွင့္ ပတ္သက္၍ မိမိတို႔အဖြဲ႕အစည္း ႏွင့္ ျမန္မာ့တပ္မေတာ္တို႔အၾကားတြင္ ေဆြးေႏြးလုပ္ေဆာင္ေနၾကေသာအခ်က္မ်ား ျဖစ္ပါသည္။


သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္





သတင်းထုတ်ပြန်ချက်

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၂)ရက်


မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက် ရွေးကောက်ပွဲကျင်းပပြီးသည့်နောက်တွင် မြန်မာ့တပ်မတော် ဖက်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အပြုသဘော ဆောင်သည့်ထုတ်ပြန် ကြေညာ ချက်တစ်ရပ်ကို နိုဝင်ဘာလ (၁၂) ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့သည်။ မြန်မာ့တပ်မတော်၏ အဆိုပါထုတ်ပြန် ချက်၌ ULA/AA ၏ နိုဝင်ဘာလ (၁၂) ရက်နေ့ထုတ်ပြန်ကြေညာချက်ကိုလည်း အပြုသဘောဖြင့်ကြိုဆိုကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။


အဆိုပါထုတ်ပြန်ချက်များအပြီးတွင် မြန်မာ့တပ်မတော်မှ ရခိုင်၊ပလက်ဝဒေသများအတွင်း စစ်ရေးလှုပ်ရှားမှု၊ ရိက္ခာ၊ လက်နက်ခဲယမ်း သယ်ယူပို့ဆောင်နေမှုများရှိသော်လည်း မြေပြင်၌နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခြင်း"လုံးဝ"မရှိ တော့ဘဲ တိုက်ပွဲများသည်လည်း သိသာစွာ လျော့ကျခဲ့ပါသည်။ နှစ်ဖက်တိုက်ပွဲမဖြစ်ပွားခဲ့သည်မှာ ရက်ပေါင်း (၂၀) ကျော်ခဲ့ပြီဖြစ်သည်။


မြန်မာ့တပ်မတော်အနေဖြင့် ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေးအတွက် နည်းလမ်းများရှာဖွေကာ ဆောင်ရွက်နေကြောင်း ထပ်မံကြားသိရသော ကြောင့် ရခိုင်၊ ပလက်ဝဒေသအတွင်း၌ နှစ်နှစ်ကျော်နီးပါး ဆက်တိုက်ဖြစ်ပွားနေခဲ့သော စစ်မက်များရပ်တန့်ကာ ငြိမ်းချမ်းရေးလမ်းစများပွင့်လာမည်လားဟု နိုင်ငံတကာနှင့် မြန်မာတစ်နိုင်ငံလုံးမှ မျှော်လင့်နေကြပါသည်။ သို့သော်လည်း ကုန်းလမ်း၊ ရေလမ်းများမှ လက်နက်ခဲယမ်း ရိက္ခာများကို ယခုရက်များတွင်ဆက်တိုက်ပို့ဆောင်နေသောကြောင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမည်ဟုလည်း ဒေသခံပြည်သူများမှ ယုံကြည်နေကြသည်။


အကောင်းဖက်မှကြည့်သော် တစ်နှစ်နီးပါးကြာရပ်တန့်နေခဲ့သော မိမိတို့ မြောက်ပိုင်းမဟာမိတ်များနှင့် တွေ့ဆုံဆွေးနွေးနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများလည်း ပြန်လည်စတင်နိုင်လိမ့်မည်ဟု မိမိတို့အဖွဲ့အစည်းများမှ ယုံကြည်မျှော်လင့် နေကြပါသည်။


မိမိတို့ အဖွဲ့အစည်းနှစ်ခုစလုံးအနေဖြင့် ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားကို အလေးထား ထည့်သွင်းစဉ်းစားကာ ဆောင်ရွက်လျက်ရှိကြပါသည်။ ကနဦးခြေလှမ်းအားဖြင့်၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်တို့ Online မှတစ်ဆင့် အောက်ပါ အချက်များကို မိနစ် (၃၀) အတွင်း အကြမ်းဖျင်း ပြောဆိုဆွေးနွေးခဲ့ကြပါသည်။


(၁) ရွေးကောက်ပွဲကျင်းပခွင့်မရခဲ့သည့် မြို့နယ်များအားလုံး၌ ပြည်သူများ၏မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန် နှင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် လွတ်လပ်မျှတသောရွေးကောက်ပွဲ၏စံချိန်စံညွှန်းနှင့်ပြည့်စုံရန်အတွက် ဆက်စပ်ရွေးကောက်ပွဲများကို အချိန်မီ ပြန်လည်ကျင်းပနိုင်ရန်၊


(၂) အခြေခံစားသောက်ကုန်၊ ရိက္ခာ၊ ဆေးဝါးများပြတ်လပ်နေပြီး သယ်ယူပို့ဆောင်ရန်အခက်အခဲဖြစ်နေသော ကျေးရွာများအားလုံးသို့ ဆေးဝါး၊ ရိက္ခာများ အမြန်ဆုံးရောက်ရှိနိုင်ရေး နှင့် အန္တရာယ်ကင်းစွာသယ်ယူပို့ဆောင်နိုင် ရေးကို နှစ်ဖက်စလုံးမှ အလေးထားဆောင်ရွက်ကြရန်၊


(၃) ရရှိထားပြီးသော အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုများကို ဆက်လက်ထိန်းသိမ်းသွားကြရန်၊


စသည့်အချက်များကို အကြမ်းအားဖြင့် ပြောဆိုဆွေးနွေးခဲ့ကြပါသည်။


ထို့အပြင် မြန်မာ့တပ်မတော်အား ဒေသခံပြည်သူများ၏အရေးကို အလေးထားစဉ်းစားပေးရန် အောက်ပါအချက်များကိုလည်း မိမိတို့မှအကြံပြု ပြောဆိုခဲ့ပါသည်။


(၁)တိုက်ပွဲကာလများအတွင် ပိတ်ဆို့နေသောကုန်းလမ်း၊ ရေလမ်းများတွင် ဒေသခံပြည်သူလူထုများ စိုးရိမ်ကြောင့်ကြ ကင်းမဲ့စွာဖြင့်ခရီးသွားလာနိုင်ရန် နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို အန္တရာယ်ကင်းစွာသယ်ယူ ပို့ဆောင် နိုင်ရန်၊


(၂) တိုက်ပွဲဖြစ်ပွားရာ ဒေသများအားလုံးမှ ပြည်သူလူထုများ၏ဘဝလုံခြုံမှု၊ ငြိမ်းချမ်းမှု အတွက် နည်းလမ်းများရှာဖွေပြီး ဆောင်ရွက်သွားရန်၊


စသည့်အချက်(၂) ချက်ကိုလည်း အလေးထားစဉ်းစားဆောင်ရွက်ပေးရန် ပြောဆိုခဲ့ကြသည်။


တစ်ပြိုင်နက်တည်းတွင် နှစ်ဖက် လူချင်းတွေ့ နိုင်မည့် အခြေအနေတစ်ရပ်ကိုလည်း ဆက်လက် ဆွေးနွေး ညှိနှိုင်း နေကြဆဲဖြစ်ပါသည်။ အထက်ဖော်ပြပါ အချက်အလက်များမှာ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိမိတို့အဖွဲ့အစည်း နှင့် မြန်မာ့တပ်မတော်တို့အကြားတွင် ဆွေးနွေးလုပ်ဆောင်နေကြသောအချက်များ ဖြစ်ပါသည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

1,689 views
bottom of page