မြန်မာစစ်တပ်၏ စစ်ရာဇဝတ်ကျုးလွန်သောမှတ်တမ်းများထဲမှ အချို့


မြန်မာစစ်တပ်၏တပ်မ(၂၂) လက်အောက်ခံ၊တပ်ရင်း( အမည်စုံစမ်းဆဲ) တို့သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၃) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊"နွားရုံတောင်ကျေးရွာ"နှင့်အောက်တိုဘာ(၄) နေ့တွင် "ကွမ်းတောင်ကျေးရွာ" အတွင်းမှလူနေအိမ်အချို့ကိုမီးရှို့ဖျက်ဆီးခဲ့သည်။

ဤသည်မှာ ရခိုင်လူမျိုးများအပေါ်လူမျိုးရေးအမုန်းတရားများကိုအခြေခံ၍စစ်ရာဇဝတ်အမှုများကိုဗြောင်ကျကျကျုးလွန်ခြင်းပင်ဖြစ်သည်။

ထို့အပြင်တိုက်ပွဲများကြောင့် ရွာလုံးကျွတ်ရှောင်တိမ်းနေကြသည့် ဘူးသီးတောင်မြို့နယ်အတွင်းမှရခိုင်ရွာများကိုမြန်မာစစ်တပ်မှရည်ရွယ်ချက်ရှိရှိဖြင့် မီးရှို့ဖျက်ဆီးလျှက်ရှိသည်။ ထို့နောက်၎င်းရွာများနှင့် ဘုန်းကြီးကျောင်းများအတွင်း၌စစ်တပ်စခန်းများအဖြစ်လည်းကောင်း၊ လက်နက်ကြီးတပ်စခန်းအဖြစ်လည်းကောင်းအသုံးပြုကာ အနီးအနားပတ်ဝန်းကျင်များသို့ နေ့ညအချိန်မရွေးလက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်လျှက်ရှိသည်။

ထို့ကြောင့် အရပ်သားပြည်သူလူထုအချို့သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများဆက်တိုက်ဖြစ်ပေါ်လျှက်ရှိသည်။

လက်ရှိအချိန်၌ မြန်မာစစ်တပ်သည် သရက်ပြင်ဘုန်းကြီးကျောင်း နှင့် ကြာညိုပြင်ကုလားရွာများ၌လက်နက်ကြီးစခန်းများအဖြစ်အသုံးပြုကာ ရပ်ရွာများကိုအကာအကွယ်ယူပြီး တိုက်ခိုက်လျှက်ရှိသည်။ ထို့အပြင် ဘူးသီးတောင်၊ ခမရ(၅၅၁) တပ်ရင်းမှလည်းလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၆) ရက်နေ့တွင်လည်း တပ်မ(၂၂) လက်အောက်ခံတပ်ရင်း(အမည်စုံစမ်းဆဲ) မှ ဘူးသီးတောင်မြို့နယ် "သရက်ပြင် ကျွေးရွာ" အတွင်းမှပိတ်မိနေသော ရွာသူ/ရွာသား(၁၃) ယောက်ကိုဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။ တိုက်ပွဲများကြောင့်တိုက်ပွဲရှောင်နေကြသည့်အိမ်ပိုင်ရှင်များမရှိသောအိမ်များမှ အသုံးအဆောင်ပစ္စည်းများကိုလည်း အောက်တိုဘာ(၇) ရက်နေ့၌လည်းဒုတိယနေ့အဖြစ်ဆက်လက် မွှေနှောက်ကာ ခိုးယူနေကြကြောင်းသိရှိရသည်။

သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်



Recent Posts

See All

ဗိုလ်မှူး သက်နိုင်ဦး(သုံ့ပန်းအမှတ် - ၀၁၉၅) မှ ပြောကြားချက်

ရခိုင်ဒေသတိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိသော သုံ့ပန်းများထဲမှ တစ်ဦးဖြစ်သော ဗိုလ်မှူး သက်နိုင်ဦးး(သုံ့ပန်းအမှတ် - ၀၁၉၅) မှ ၄င်း၏မိခင်အဖွဲ့အစည်းနှင့် မိသားစုဝင်များထံသို့ ပြောကြားခ

ဗိုလ်ကြီး ရှိန်ထက်လင်း(သုံ့ပန်းအမှတ် - ၀၂၂၉) မှ ပြောကြားချက်

ရခိုင်ဒေသတိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိသော သုံ့ပန်းများထဲမှ တစ်ဦးဖြစ်သော ဗိုလ်ကြီး ရှိန်ထက်လင်း(သုံ့ပန်းအမှတ် - ၀၂၂၉) မှ ၄င်း၏မိခင်အဖွဲ့အစည်းနှင့် မိသားစုဝင်များထံသို့ ပြောကြားချ

Subscribe to Our Newsletter

  • Vkontakte Social Icon
  • White Facebook Icon

Copyright @ 2019 Arakan Army