top of page

ထုတ္ျပန္ေၾကညာခ်က္

  • Nov 12, 2020
  • 1 min read

အမွတ္၊ (၄၁/၂၀၂၀)

၁၃၈၂ ခုႏွစ္၊ သီတင္းကၽြတ္လျပည့္ေက်ာ္ (၁၂) ရက္

၂၀၂၀ ျပည့္ႏွစ္၊ နိုဝင္ဘာလ (၁၂) ရက္


ထုတ္ျပန္ေၾကညာခ်က္


ျမန္မာနိုင္ငံ၌ ၂၀၂၀ ေရြးေကာက္ပြဲက်င္းပၿပီးေနာက္ ေရြးေကာက္ခံကိုယ္စားလွယ္မ်ား၏ အနိုင္အရွုံး ရလဒ္၊ အစိုးရသစ္ဖြဲ႕နိုင္မည့္ပါတီသည္လည္း ထြက္ေပၚခဲ့ၿပီးျဖစ္ပါသည္။ သို႔ေသာ္ ရခိုင္ျပည္၏ ၿမိဳ႕နယ္အမ်ားစု၌ ေရြးေကာက္ပြဲမက်င္းပနိုင္ခဲ့ေသာေၾကာင့္ ၎ေဒသအတြင္းေနထိုင္ၾကေသာ ျပည္သူလူထုမ်ားအေနျဖင့္ မဲေပးခြင့္ မရရွိခဲ့ၾကဘဲ ျပည္သူ႔အသံကိုကိုယ္စားျပဳနိုင္ေသာ ေရြးေကာက္ခံကိုယ္စားလွယ္မ်ားကို ဆုံးရွုံးခဲ့ရသကဲ့သို႔ နိုင္ငံသားအခြင့္အေရး၊ တိုင္းရင္းသားအခြင့္အေရးႏွင့္ ဒီမိုကေရစီအခြင့္အေရးမ်ားလည္း နစ္နာခဲ့ရပါသည္။

ထိုသို႔ေသာ အခြင့္အေရးမ်ားမဆုံးရွုံးရေစရန္အတြက္ ေရြးေကာက္ပြဲမက်င္းပရေသးေသာ ၿမိဳ႕နယ္မ်ား၌ ေရြးေကာက္ပြဲျပန္လည္က်င္းပနိုင္ရန္ မိမိတို႔ အဖြဲ႕အစည္းအေနျဖင့္ မွန္ကန္ရိုးသားေသာ သေဘာထားျဖင့္ လိုလားပါသည္။ အဆိုပါေနရာမ်ား၌ ေရြးေကာက္ပြဲျပန္လည္က်င္းပနိုင္ရန္အတြက္ ပထမဆုံးအေနျဖင့္ မိမိတို႔သည္ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲျခင္းအား ၂၀၂၀ ျပည့္ႏွစ္၊ နိုဝင္ဘာလ (၁၁) ရက္မွ ၂၀၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာလ (၃၁) ရက္ေန႔အထိ ထပ္မံသက္တမ္းတိုးျမႇင့္ခဲ့ၿပီးျဖစ္ပါသည္။

ျမန္မာ့တပ္မေတာ္အေနျဖင့္ ရခိုင္ျပည္အတြင္းျပဳလုပ္ေနေသာ ထိုးစစ္ဆင္ တိုက္ခိုက္ေနမွုမ်ားကို ရပ္တန႔္ၿပီး တစ္နိုင္ငံလုံးအတိုင္းအတာလႊမ္းျခဳံေသာ အပစ္အခတ္ရပ္စဲေရးကိုေၾကညာကာ ၾကားျဖတ္ ေရြးေကာက္ပြဲ အျမန္ဆုံးက်င္းပနိုင္ေရးအတြက္ NLD အစိုးရႏွင့္ ပူးေပါင္းလုပ္ေဆာင္သင့္ပါသည္။ ထို႔ေၾကာင့္ ေရြးေကာက္ပြဲမက်င္းပရေသးေသာၿမိဳ႕နယ္မ်ား၌ ၾကားျဖတ္ေရြးေကာက္ပြဲအား ၂၀၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာလ (၃၁) ရက္ မတိုင္မီအေတာအတြင္း က်င္းပနိုင္ရန္ NLD အစိုးရႏွင့္ ျမန္မာ့တပ္မေတာ္တို႔အား ေမတၱာရပ္ခံ တိုက္တြန္းအပ္ပါသည္။ ထိုသို႔ ေရြးေကာက္ပြဲက်င္းပနိုင္ရန္ လိုအပ္သည့္ တည္ၿငိမ္ေသာအခင္းအက်င္း အေျခအေနတစ္ခုကို ဖန္တီးရန္အတြက္ နိုင္ငံေတာ္အစိုးရ၊ သက္ဆိုင္ရာအဖြဲ႕အစည္းအသီးသီးတို႔ႏွင့္ သင့္ေတာ္သလို ပံ့ပိုးကူညီလုပ္ေဆာင္သြားရန္ ဆႏၵရွိပါေၾကာင္း မိမိတို႔ ULA/AA ၏သေဘာထားကို ထုတ္ျပန္ ေၾကညာအပ္ပါသည္။


ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္/ရကၡိဳင့္တပ္ေတာ္






အမှတ်၊ (၄၁/၂၀၂၀)

၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၁၂) ရက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၂) ရက်


ထုတ်ပြန်ကြေညာချက်


မြန်မာနိုင်ငံ၌ ၂၀၂၀ ရွေးကောက်ပွဲကျင်းပပြီးနောက် ရွေးကောက်ခံကိုယ်စားလှယ်များ၏ အနိုင်အရှုံး ရလဒ်၊ အစိုးရသစ်ဖွဲ့နိုင်မည့်ပါတီသည်လည်း ထွက်ပေါ်ခဲ့ပြီးဖြစ်ပါသည်။ သို့သော် ရခိုင်ပြည်၏ မြို့နယ်အများစု၌ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သောကြောင့် ၎င်းဒေသအတွင်းနေထိုင်ကြသော ပြည်သူလူထုများအနေဖြင့် မဲပေးခွင့် မရရှိခဲ့ကြဘဲ ပြည်သူ့အသံကိုကိုယ်စားပြုနိုင်သော ရွေးကောက်ခံကိုယ်စားလှယ်များကို ဆုံးရှုံးခဲ့ရသကဲ့သို့ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေးများလည်း နစ်နာခဲ့ရပါသည်။

ထိုသို့သော အခွင့်အရေးများမဆုံးရှုံးရစေရန်အတွက် ရွေးကောက်ပွဲမကျင်းပရသေးသော မြို့နယ်များ၌ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရန် မိမိတို့ အဖွဲ့အစည်းအနေဖြင့် မှန်ကန်ရိုးသားသော သဘောထားဖြင့် လိုလားပါသည်။ အဆိုပါနေရာများ၌ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရန်အတွက် ပထမဆုံးအနေဖြင့် မိမိတို့သည် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းအား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၁) ရက်မှ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ပြီးဖြစ်ပါသည်။

မြန်မာ့တပ်မတော်အနေဖြင့် ရခိုင်ပြည်အတွင်းပြုလုပ်နေသော ထိုးစစ်ဆင် တိုက်ခိုက်နေမှုများကို ရပ်တန့်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာလွှမ်းခြုံသော အပစ်အခတ်ရပ်စဲရေးကိုကြေညာကာ ကြားဖြတ် ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေးအတွက် NLD အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သင့်ပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲမကျင်းပရသေးသောမြို့နယ်များ၌ ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၃၁) ရက် မတိုင်မီအတောအတွင်း ကျင်းပနိုင်ရန် NLD အစိုးရနှင့် မြန်မာ့တပ်မတော်တို့အား မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။ ထိုသို့ ရွေးကောက်ပွဲကျင်းပနိုင်ရန် လိုအပ်သည့် တည်ငြိမ်သောအခင်းအကျင်း အခြေအနေတစ်ခုကို ဖန်တီးရန်အတွက် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့နှင့် သင့်တော်သလို ပံ့ပိုးကူညီလုပ်ဆောင်သွားရန် ဆန္ဒရှိပါကြောင်း မိမိတို့ ULA/AA ၏သဘောထားကို ထုတ်ပြန် ကြေညာအပ်ပါသည်။


ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်

Recent Posts

See All

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page