top of page

တိုက်ပွဲသတင်းထုတ်ပြန်ချက်


ree



ree



ree



ree



ree



ree



တိုက်ပွဲသတင်းထုတ်ပြန်ချက်

 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်

 

ရှမ်းမြောက်ဒေသအတွင်း၌ ဒကစ (လောက်ကိုင်) တစ်ခုလုံး လက်နက်ချအညံ့ခံပြီးနောက်တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာစခန်းမှလည်း ရန်သူ့အင်အား (၂၀၀) ခန့် (စခန်းတစ်ခုလုံး) သည် ရက္ခိုင့်တပ်တော်ထံ လက်နက်ချ အညံ့ခံခဲ့သည်။ ထိုအတူ စစ်ကောင်စီ၏ အခြားသော တပ်စခန်းများမှလည်း  မိမိတိုထံ ဤကဲ့သို့ လက်နက်ချ အညံ့ခံရန် (သို့မဟုတ်) ပြည်သူ့ရင်ခွင်ထဲသို့ ဝင်ရောက်ခိုလှုံရန် ဆက်သွယ်မှုများရရှိထားသည်။

 

တောင်ရှည်တောင်ဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း မိမိတို့နှင့်အတူ မိတ်ဖက်အဖွဲ့အစည်းအချို့ မှ ရဲဘော်များလည်း စစ်ရေးအတွေ့အကြုံယူရင်း တက်ကြွစွာ တိုက်ပွဲဝင်ခဲ့ကြသည်။

 

ပလက်ဝ ဒေသတစ်ခုလုံး စစ်ကောင်စီကင်းစင်သည့်နယ်မြေဖြစ်လာနိုင်ရန် ရက္ခိုင့်တပ်တော်မှ စစ်ကောင်စီ၏ စခန်းများကိုချေမှုန်းတိုက်ခိုက်လျက်ရှိရာ ဇန်နဝါရီလ (၇) ရက်မှစ၍ ပလက်ဝ အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီ၏ စခန်းတိုင်းကို မိမိတို့မှ သိမ်းပိုက်ရယူထားပြီးဖြစ်သည်။ ကျန်ရှိနေသေးသော စစ်ကောင်စီ၏စခန်းအချို့ကို ယခုရက်များအတွင်း အပြီးသတ်ချေမှုန်း တိုက်ခိုက်သွားမည်ဖြစ်သည်။

 

ရှင်းလက်ဝ(ချင်းလက်ဝ) စခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၁၀၄) ဦး ခန့်သည် အိန္ဒိယနိုင်ငံအတွင်းသို့ အာသံရိုင်ဖယ်၏ အကူအညီဖြင့် ထွက်ပြေးသွားသည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင်လည်း ပွိုင့် (၃၇၇) စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၁၅၁) ဦးသည် အိန္ဒိယနိုင်ငံထဲသို့ ထွက်ပြေးဝင်ရောက်သွားခဲ့ပြီး အိန္ဒိယအစိုးရမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့တွင် စစ်ကောင်စီတပ်ထံ ပြန်လည် လွှဲပြောင်းပေးခဲ့သည်။

 

နောက်ဆက်တွဲ သိမ်းပိုက်ရရှိထားသော စခန်းအဖြစ် ရက္ခိုင်ပြည်၊ မြောက်ဦး သင်းကျစ်တော်တောင် စခန်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်၊ ညနေ (၄) နာရီအချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်။ ရန်သူ့စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်။

 

စစ်ကောင်စီတပ်သားများ၊ စစ်စခန်းများအနေဖြင့် လက်နက်ချအညံ့ခံလိုပါက မိမိတို့ထံ အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်း ထပ်မံအသိပေးအပ်ပါသည်။

 

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page