top of page

မိုင်းအန္တရာယ်သတိပေး ထုတ်ပြန်ချက်

  • Jul 13, 2024
  • 1 min read






မိုင်းအန္တရာယ်သတိပေး ထုတ်ပြန်ချက်


၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်


အာရက္ခဒေသအတွင်း တိုက်ပွဲဖြစ်ပွားလျက်ရှိနေဆဲနေရာများဖြစ်ကြသော သံတွဲ နှင့် မောင်တောမြို့များတွင် စစ်ကောင်စီသည် အဆိုပါ မြို့နှစ်မြို့အား ခံစစ်အဖြစ်ပြင်ဆင်နေသကဲ့သို့  မြို့တွင်းသို့ဝင်ရောက်နိုင်သည့် နေရာများ၊ တံတားများနှင့် ၎င်းတို့စခန်းချခဲ့သော နေရာများတွင် စွန့်လွှတ်မိုင်း၊ မြေမြှုပ်မိုင်းများ ထောင်ထားခဲ့သည်ကို တွေ့ရှိနေရပါသည်။


ထို့အပြင် မိမိတို့ အလုံးစုံသိမ်းပိုက်ထားပြီးဖြစ်သော မြို့များရှိ စစ်ကောင်စီ၏ အခြေစိုက် တပ်စခန်းများ၊ ဗျူဟာဌာနချုပ်၊ စကခဌာနချုပ်၊ ၎င်းတပ်စခန်းအနီးအနားပတ်ဝန်းကျင်၊ လူသွားလမ်း၊ စာသင်ကျောင်း၊ စားကျက်မြေများတွင်လည်း စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းများကြောင့် အရပ်သားပြည်သူလူထုများမှာ စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းများကို နင်းမိခြင်းကြောင့် နေ့တိုင်းလိုလို အသက်သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခြင်းများကို ကြုံတွေ့နေရဆဲဖြစ်သည်။


၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့တွင်လည်း သံတွဲမြို့၊ နံတော်တောင်တံတား(နန်းချောင်းတံတား)ပေါ်တွင် စစ်ကောင်စီသည် အဆိုပါတံတားအား ဖောက်ခွဲဖျက်ဆီးရန် တံတားပေါ် ၌ မိုင်းများထောင်ထားခဲ့သည်။ ထို့အပြင် ၎င်းတို့ဆုတ်ခွာထွက်ပြေးသွားသည့်လမ်းများ၊ ၎င်းတို့စခန်းချရာ အနီးပတ်ဝန်းကျင်များ၌ စွန့်လွှတ်မိုင်းများစွာကို ထောင်ထားသည်များကို တွေ့ရှိရသည်။


ထို့ကြောင့် အရပ်သားပြည်သူလူထုအနေဖြင့် မိုင်းနှင့်ပတ်သက်သော ဗဟုသုတ၊ အသိပညာများကို သိရှိအောင် ပြုလုပ်ထားခြင်း၊ စစ်ကောင်စီ၏ တပ်စခန်းများ၊ တပ်စခန်းပတ်ဝန်းကျင်များ၊ စစ်ကောင်စီ (ယာယီ)စခန်းချခဲ့ရာ နေရာများတွင် မိုင်းအန္တရာယ် သတိမမူဘဲ သွားလာခြင်း၊ သားကောင်ရှာဖွေခြင်း၊ ကျွဲ၊ နွားများ အစာကျွေးရန် စေလွှတ်ထားခြင်းများကို လတ်တလောအခြေအနေများတွင် မပြုလုပ်ကြဘဲ မိုင်းသတိဖြင့် သွားလာနေထိုင်ကြရန် အသိပေး ထုတ်ပြန်အပ်ပါသည်။


သတင်းနှင့် ပြန်ကြားရေး

အာရက္ခတပ်တော်

1 Comment


ahkochay23
ahkochay23
Jul 17, 2024

ရင်းသူရို့ ပြန်ရှင်းရဖို့ပါ

Like
  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page