top of page

၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၂၉/၃၀) ရက္ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား

၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၂၉/၃၀) ရက္ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား


ဇူလိုင္လ(၃၀) ရက္၊



စစ္ရာဇဝတ္နယ္ခဲ်႕ေသာင္းက်န္းသူတပ္ဖြဲ႕ ျမန္မာ့တပ္မေတာ္သည္ ရကၡိဳင့္တပ္ေတာ္အားထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားကိုဇူလိုင္လကုန္ခါနီး၌ ပိုမိုလုပ္ေဆာင္လာခဲ့သည္။ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္းရြာပတ္ဝန္းက်င္တစ္ခုတည္းကိုသာမက ဘူးသီးေတာင္၊ ပလက္ဝ၊ ေျမာက္ဦး၊ မင္းျပား၊ အမ္းၿမိဳ႕နယ္မ်ားအတြင္း၌လည္း အရွိန္အဟုန္ျမႇင့္စြာလုပ္ေဆာင္လ်က္ရွိသည္။


တၿပိဳင္နက္တည္းတြင္ ျမန္မာ့တပ္မေတာ္သည္ထိုးစစ္ျပဳလုပ္ေလေလ အထိအခိုက္အက်အဆံုးမ်ားေလေလ ျဖစ္သည္။ ဇူလိုင္လ(၃၀) ေန႔တြင္ ရဟတ္ယာဥ္(၂) စီးျဖင့္လာေရာက္တိုက္ခိုက္ရသည္အထိ ျမန္မာ့တပ္မေတာ္သည္ အထိအခိုက္အက်အဆံုးမ်ားခဲ့သည္။


၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၂၉/၃၀) ရက္ေန႔ မ်ားတြင္ ပလက္ဝၿမိဳ႕နယ္အတြင္းရွိ ျမန္မာ့တပ္မေတာ္၏တပ္စခန္းမ်ားမွေန၍ လက္နက္ႀကီးမ်ားျဖင့္ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားရွိသည္ဟုယူဆသည့္ေနရာမ်ားအပါအဝင္နယ္စပ္တစ္ေလွ်ာက္ေနရာအႏွံ႔အျပားသို႔ ရမ္းသန္းပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။ ဇူလိုင္လ(၂၉) ရက္တစ္ေန႔တည္းတြင္ပင္ လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္တိုက္ခိုက္သည့္အႀကိမ္အေရအတြက္(၁၀၀) ေက်ာ္အထိရွိခဲ့သည္။


ဇူလိုင္လ(၂၉) ရက္၊ပလက္ဝၿမိဳ႕နယ္အတြင္းရွိ ပီေတာင္( ခန္ခေတာင္- Point 957) (တစ္နည္းအားျဖင့္) နယ္စပ္မွတ္တိုင္ BP 71 အေရွ႕ေတာင္ဖက္ (၃.၇) ကီလိုမီတာအကြာအေဝး၌ နာရီဝက္ေက်ာ္တိုက္ပြဲျဖစ္ပြားခဲ့သည္။ပီေတာင္ပတ္ဝန္းက်င္၌အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမ်ားမွာ ဇူလိုင္(၃၀) ရက္၌လည္းႀကိဳၾကားႀကိဳၾကားရွိခဲ့သည္။ ရန္သူ႔ဖက္မွ ထိခိုက္က်ဆံုးသူ(၁၀) ေက်ာ္ရွိခဲ့သည္။


ထို႔အတူ ဇူလိုင္လ(၂၉) ရက္၊ ညေန(၃) နာရီ(၅၅) မိနစ္တြင္ မင္းျပားၿမိဳ႕နယ္၊ တိုင္းဗဟို(၉) အနီးတြင္မိနစ္အနည္းငယ္ၾကာ တိုက္ပြဲျဖစ္ပြားခဲ့သည္။


ဇူလိုင္လ(၃၀) ရက္၊ နံနက္(၅) နာရီ(၅၅) မိနစ္ မွစတင္၍ ျမန္မာ့တပ္မေတာ္သည္ ေျမာက္ဦးၿမိဳ႕၊ ထမၼရာဇ္ရြာ၊ အေရွ႕ေျမာက္ဖက္(၁.၄) ႏွင့္(၂) ကီလိုမီတာအကြာအေဝးရွိ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားအား အင္အားအလံုးအရင္းျဖင့္ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့သည္။ ေန႔လယ္(၂) နာရီ (၃၀) မိနစ္တြင္ ရဟတ္ယာဥ္(၂) စီးျဖင့္ မိနစ္(၂၀) ခန္႔လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။


မိမိတို႔အေနျဖင့္တိုက္ပြဲမ်ားျဖစ္ပြားလိုျခင္းမရွိေသာ္လည္း ျမန္မာ့တပ္မေတာ္အေနျဖင့္ ရည္ရြယ္ခ်က္ရွိရွိ ထိုးစစ္မ်ားကို ေရြးေကာက္ပြဲ မတိုင္ခင္ဆက္တိုက္ျပဳလုပ္ေနေသာေၾကာင့္ ယခုကဲ့သို႔တိုက္ပြဲမ်ားျဖစ္ပြားေနရျခင္းျဖစ္သည္။


ရကၡိဳင့္တပ္ေတာ္သည္ ေရြးေကာက္ပြဲ ႏွင့္ပတ္သက္၍ သေဘာထားအားညီေနာင္မဟာမိတ္မ်ားႏွင့္အတူ ထုတ္ျပန္ေၾကညာခ်က္ထုတ္ျပန္ခဲ့ၿပီးျဖစ္သည္။


သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္



စစ်ရာဇဝတ်နယ်ချဲ့သောင်းကျန်းသူတပ်ဖွဲ့ မြန်မာ့တပ်မတော်သည် ရက္ခိုင့်တပ်တော်အားထိုးစစ်ဆင်တိုက်ခိုက်မှုများကိုဇူလိုင်လကုန်ခါနီး၌ ပိုမိုလုပ်ဆောင်လာခဲ့သည်။ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာပတ်ဝန်းကျင်တစ်ခုတည်းကိုသာမက ဘူးသီးတောင်၊ ပလက်ဝ၊ မြောက်ဦး၊ မင်းပြား၊ အမ်းမြို့နယ်များအတွင်း၌လည်း အရှိန်အဟုန်မြှင့်စွာလုပ်ဆောင်လျက်ရှိသည်။


တပြိုင်နက်တည်းတွင် မြန်မာ့တပ်မတော်သည်ထိုးစစ်ပြုလုပ်လေလေ အထိအခိုက်အကျအဆုံးများလေလေ ဖြစ်သည်။ ဇူလိုင်လ(၃၀) နေ့တွင် ရဟတ်ယာဉ်(၂) စီးဖြင့်လာရောက်တိုက်ခိုက်ရသည်အထိ မြန်မာ့တပ်မတော်သည် အထိအခိုက်အကျအဆုံးများခဲ့သည်။


၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၂၉/၃၀) ရက်နေ့ များတွင် ပလက်ဝမြို့နယ်အတွင်းရှိ မြန်မာ့တပ်မတော်၏တပ်စခန်းများမှနေ၍ လက်နက်ကြီးများဖြင့် မိမိတို့တပ်ဖွဲ့ဝင်များရှိသည်ဟုယူဆသည့်နေရာများအပါအဝင်နယ်စပ်တစ်လျှောက်နေရာအနှံ့အပြားသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ဇူလိုင်လ(၂၉) ရက်တစ်နေ့တည်းတွင်ပင် လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်သည့်အကြိမ်အရေအတွက်(၁၀၀) ကျော်အထိရှိခဲ့သည်။


ဇူလိုင်လ(၂၉) ရက်၊ပလက်ဝမြို့နယ်အတွင်းရှိ ပီတောင်( ခန်ခတောင်- Point 957) (တစ်နည်းအားဖြင့်) နယ်စပ်မှတ်တိုင် BP 71 အရှေ့တောင်ဖက် (၃.၇) ကီလိုမီတာအကွာအဝေး၌ နာရီဝက်ကျော်တိုက်ပွဲဖြစ်ပွားခဲ့သည်။ပီတောင်ပတ်ဝန်းကျင်၌အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများမှာ ဇူလိုင်(၃၀) ရက်၌လည်းကြိုကြားကြိုကြားရှိခဲ့သည်။ ရန်သူ့ဖက်မှ ထိခိုက်ကျဆုံးသူ(၁၀) ကျော်ရှိခဲ့သည်။


ထို့အတူ ဇူလိုင်လ(၂၉) ရက်၊ ညနေ(၃) နာရီ(၅၅) မိနစ်တွင် မင်းပြားမြို့နယ်၊ တိုင်းဗဟို(၉) အနီးတွင်မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။


ဇူလိုင်လ(၃၀) ရက်၊ နံနက်(၅) နာရီ(၅၅) မိနစ် မှစတင်၍ မြန်မာ့တပ်မတော်သည် မြောက်ဦးမြို့၊ ထမ္မရာဇ်ရွာ၊ အရှေ့မြောက်ဖက်(၁.၄) နှင့်(၂) ကီလိုမီတာအကွာအဝေးရှိ မိမိတို့တပ်ဖွဲ့ဝင်များအား အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ နေ့လယ်(၂) နာရီ (၃၀) မိနစ်တွင် ရဟတ်ယာဉ်(၂) စီးဖြင့် မိနစ်(၂၀) ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


မိမိတို့အနေဖြင့်တိုက်ပွဲများဖြစ်ပွားလိုခြင်းမရှိသော်လည်း မြန်မာ့တပ်မတော်အနေဖြင့် ရည်ရွယ်ချက်ရှိရှိ ထိုးစစ်များကို ရွေးကောက်ပွဲ မတိုင်ခင်ဆက်တိုက်ပြုလုပ်နေသောကြောင့် ယခုကဲ့သို့တိုက်ပွဲများဖြစ်ပွားနေရခြင်းဖြစ်သည်။


ရက္ခိုင့်တပ်တော်သည် ရွေးကောက်ပွဲ နှင့်ပတ်သက်၍ သဘောထားအားညီနောင်မဟာမိတ်များနှင့်အတူ ထုတ်ပြန်ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

933 views
bottom of page