top of page

၂၀၂၀ျပည့္ႏွစ္၊စက္တင္ဘာလ(၃၀)ရက္ႏွင့္ေအာက္တိုဘာလ(၁)ရက္ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား




၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလ (၃၀) ရက္ ႏွင့္ ေအာက္တိုဘာလ (၁) ရက္၊ ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား


ေအာက္တိုဘာလ (၁) ရက္


ျမန္မာ့တပ္မေတာ္သည္ ရခိုင္၊ ပလက္ဝေဒသမ်ား၌စစ္ဆင္ေရး ႏွင့္ ထိုးစစ္မ်ားကို ဆက္လက္ျပဳလုပ္ေနေသာေၾကာင့္ ယခုရက္မ်ားအတြင္းတိုက္ပြဲမ်ားဆက္တိုက္ျဖစ္ပြားခဲ့သည္။


ကို႐ိုနာ-ဒုတိယလႈိင္းကာလ၌ပင္ စစ္ရာဇဝတ္နယ္ခ်ဲ႕ဖက္ဆစ္အၾကမ္းဖက္အဖြဲ႕(ခ) ျမန္မာ့တပ္မေတာ္သည္ တစ္႐ြာဝင္တစ္႐ြာထြက္ၿပီး အျပစ္မဲ့အရပ္သားမ်ားအား တရားဥပေဒမဲ့ဖမ္းဆီးျခင္း၊ အရပ္သား၊ လမ္းသြားလမ္းလာမ်ားအား ဖမ္းဆီးၿပီးသတ္ျဖတ္ျခင္းမ်ားကို ေန႔တိုင္းနီးပါးျပဳလုပ္လ်က္ရွိသည္။ အရပ္သားမ်ားကိုဦးတည္တိုက္ခိုက္လ်က္ရွိသည္။ အျခားတစ္ဖက္တြင္ ကို႐ိုနာကူးစက္ေရာဂါပိုးထိန္းခ်ဳပ္ေရး၊ ႀကိဳတင္ကာကြယ္တားဆီးေရးအတြက္ လိုက္နာရမည့္စည္းကမ္းမ်ားကို ခ်ိဳးေဖာက္ၿပီး အကာအကြယ္မဲ့ သြားလာေနေသာေၾကာင့္ ကို႐ိုနာကူးစက္ေရာဂါပိုးမ်ားကို သယ္ေဆာင္ျဖန႔္ျဖဴးေနျခင္းႏွင့္တူသည္။


ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေညာင္ေခ်ာင္း႐ြာအေနာက္ဖက္ (၁.၅) ကီလိုမီတာအကြာအေဝးရွိ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားရွိရာေနရာသို႔ ျမန္မာ့တပ္မေတာ္မွ ထိုးစစ္ဆင္တိုက္ခိုက္လာခဲ့ေသာေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလ (၃၀) ရက္ေန႔ တြင္ မိနစ္အနည္းငယ္ၾကာ ထိေတြ႕မႈရွိခဲ့သည္။ ရန္သူသည္ လက္နက္ႀကီးမ်ားျဖင့္သာ ေတာက္ေလွ်ာက္ပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။ ထို႔အတူ ေအာက္တိုဘာလ (၁) ရက္ ၊ နံနက္ (၇) နာရီခန႔္မွစတင္ၿပီး ရန္သူသည္ထပ္မံထိုးစစ္ဆင္တိုက္ခိုက္လာခဲ့သည္။ အာရကၡစစ္သည္ေတာ္မ်ားမွ အေကာင္းဆုံးခုခံကာကြယ္ႏိုင္ခဲ့သည္။ ရန္သူမ်က္ျမင္ (၇) ဦးအားသုတ္သင္ရွင္းလင္းႏိုင္ခဲ့သည္။


မင္းျပားၿမိဳ႕နယ္၊ ေတာင္ပုတ္ေက(ခ်င္းေက်း႐ြာ) အေရွ႕ေျမာက္ဖက္ (၁) ကီလိုမီတာအကြာအေဝးရွိ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားရွိရာသို႔ အင္အား(၂၀၀) ေက်ာ္ပါေသာ ျမန္မာ့တပ္မေတာ္မွ ေနရာ(၃) ေနရာမွ တစ္ၿပိဳင္နက္တည္း ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ေသာေၾကာင့္ စက္တင္ဘာလ (၃၀) ရက္၊ ေန႔လယ္ (၁) နာရီ(၃၀) မိနစ္မွ ည (၆) နာရီခန႔္အထိ တိုက္ပြဲမ်ားျပင္းထန္ခဲ့သည္။ မိမိတို႔အေနျဖင့္ ရန္သူ၏ထိုးစစ္အား အေကာင္းဆုံးခုခံတိုက္ခိုက္ႏိုင္ခဲ့သည္။ ေအာက္တိုဘာလ (၁) ရက္ေန႔တြင္လည္း ရန္သူသည္ အဆိုပါယမန္ေန႔၌တိုက္ပြဲျဖစ္ပြားခဲ့ေသာေနရာအား ထပ္မံထိုးစစ္ဆင္တိုက္ခိုက္ခဲ့ေသာေၾကာင့္ တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားခဲ့သည္။ တိုက္ပြဲ (၂) ရက္တာကာလအတြင္း ရန္သူ (၂၀) ေက်ာ္အား သုတ္သင္ရွင္းလင္းႏိုင္ခဲ့သည့္အျပင္ ဒဏ္ရာရသူ(၁၀) ေက်ာ္အထိရွိခဲ့သည္။


အမ္းၿမိဳ႕နယ္၊ ေျမပုံၿမိဳ႕နယ္အတြင္း၌ တပ္မ (၆၆) လက္ေအာက္ခံတပ္ဖြဲ႕မ်ား၊ ဘူးသီးေတာင္ၿမိဳ႕နယ္ အေျခစိုက္ ခမရ (၅၅၁) တပ္ရင္း ၊ မင္းျပားၿမိဳ႕နယ္၊ တိုင္းဗဟို (၉) ေလ့က်င့္ေရးေက်ာင္း၊ ရေသ့ေတာင္၊ ေရစိုးေခ်ာင္းဗ်ဴဟာ မ်ားမွတစ္ဆင့္ ျမန္မာ့တပ္မေတာ္သည္ လက္နက္ႀကီးမ်ားကို ေန႔တိုင္းပစ္ခတ္တိုက္ခိုက္လ်က္ရွိသည္။


ျမန္မာ့တပ္မေတာ္သည္ ထိုးစစ္မ်ားကို ရခိုင္၊ ပလက္ဝေနရာအႏွံ႔ျပဳလုပ္လာေနေသာေၾကာင့္ ေနာက္ေန႔မ်ား၌ တိုက္ပြဲမ်ားပိုမိုျပင္းထန္လာဖြယ္ရွိသည္။



သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္



၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၃၀) ရက် နှင့် အောက်တိုဘာလ (၁) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ


အောက်တိုဘာလ (၁) ရက်


မြန်မာ့တပ်မတော်သည် ရခိုင်၊ ပလက်ဝဒေသများ၌စစ်ဆင်ရေး နှင့် ထိုးစစ်များကို ဆက်လက်ပြုလုပ်နေသောကြောင့် ယခုရက်များအတွင်းတိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။


ကိုရိုနာ-ဒုတိယလှိုင်းကာလ၌ပင် စစ်ရာဇဝတ်နယ်ချဲ့ဖက်ဆစ်အကြမ်းဖက်အဖွဲ့(ခ) မြန်မာ့တပ်မတော်သည် တစ်ရွာဝင်တစ်ရွာထွက်ပြီး အပြစ်မဲ့အရပ်သားများအား တရားဥပဒေမဲ့ဖမ်းဆီးခြင်း၊ အရပ်သား၊ လမ်းသွားလမ်းလာများအား ဖမ်းဆီးပြီးသတ်ဖြတ်ခြင်းများကို နေ့တိုင်းနီးပါးပြုလုပ်လျက်ရှိသည်။ အရပ်သားများကိုဦးတည်တိုက်ခိုက်လျက်ရှိသည်။ အခြားတစ်ဖက်တွင် ကိုရိုနာကူးစက်ရောဂါပိုးထိန်းချုပ်ရေး၊ ကြိုတင်ကာကွယ်တားဆီးရေးအတွက် လိုက်နာရမည့်စည်းကမ်းများကို ချိုးဖောက်ပြီး အကာအကွယ်မဲ့ သွားလာနေသောကြောင့် ကိုရိုနာကူးစက်ရောဂါပိုးများကို သယ်ဆောင်ဖြန့်ဖြူးနေခြင်းနှင့်တူသည်။


ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းရွာအနောက်ဖက် (၁.၅) ကီလိုမီတာအကွာအဝေးရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာသို့ မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ တွင် မိနစ်အနည်းငယ်ကြာ ထိတွေ့မှုရှိခဲ့သည်။ ရန်သူသည် လက်နက်ကြီးများဖြင့်သာ တောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ထို့အတူ အောက်တိုဘာလ (၁) ရက် ၊ နံနက် (၇) နာရီခန့်မှစတင်ပြီး ရန်သူသည်ထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်။ အာရက္ခစစ်သည်တော်များမှ အကောင်းဆုံးခုခံကာကွယ်နိုင်ခဲ့သည်။ ရန်သူမျက်မြင် (၇) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။


မင်းပြားမြို့နယ်၊ တောင်ပုတ်ကေ(ချင်းကျေးရွာ) အရှေ့မြောက်ဖက် (၁) ကီလိုမီတာအကွာအဝေးရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာသို့ အင်အား(၂၀၀) ကျော်ပါသော မြန်မာ့တပ်မတော်မှ နေရာ(၃) နေရာမှ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် အောက်တိုဘာလ (၃၀) ရက်၊ နေ့လယ် (၁) နာရီ(၃၀) မိနစ်မှ ည (၆) နာရီခန့်အထိ တိုက်ပွဲများပြင်းထန်ခဲ့သည်။ မိမိတို့အနေဖြင့် ရန်သူ၏ထိုးစစ်အား အကောင်းဆုံးခုခံတိုက်ခိုက်နိုင်ခဲ့သည်။ အောက်တိုဘာလ (၁) ရက်နေ့တွင်လည်း ရန်သူသည် အဆိုပါယမန်နေ့၌တိုက်ပွဲဖြစ်ပွားခဲ့သောနေရာအား ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။ တိုက်ပွဲ (၂) ရက်တာကာလအတွင်း ရန်သူ (၂၀) ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့သည့်အပြင် ဒဏ်ရာရသူ(၁၀) ကျော်အထိရှိခဲ့သည်။


အမ်းမြို့နယ်၊ မြေပုံမြို့နယ်အတွင်း၌ တပ်မ (၆၆) လက်အောက်ခံတပ်ဖွဲ့များ၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် ခမရ (၅၅၁) တပ်ရင်း ၊ မင်းပြားမြို့နယ်၊ တိုင်းဗဟို (၉) လေ့ကျင့်ရေးကျောင်း၊ ရသေ့တောင်၊ ရေစိုးချောင်းဗျူဟာ များမှတစ်ဆင့် မြန်မာ့တပ်မတော်သည် လက်နက်ကြီးများကို နေ့တိုင်းပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။


မြန်မာ့တပ်မတော်သည် ထိုးစစ်များကို ရခိုင်၊ ပလက်ဝနေရာအနှံ့ပြုလုပ်လာနေသောကြောင့် နောက်နေ့များ၌ တိုက်ပွဲများပိုမိုပြင်းထန်လာဖွယ်ရှိသည်။



သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

862 views
bottom of page