top of page

၂၀၁၉ ခုနှစ်သြဂုတ်လ(၃၁)ရက်၊ရှမ်းပြည်မြောက်ပိုင်း နှင့် ရခိုင်ဒေသအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲသတင်းများ



(၂) သြဂုတ်(၃၁) ရက်၊နံနက် (၀၇း၄၅)နာရီမှ (၀၈း၁၅)နာရီအထိ ကွတ်ခိုင်မြို့သစ်တွင် မြန်မာစစ်တပ် ခလရ ၂၄၂ နှင့်လည်းကောင်း၊




















Unicode


ရှမ်းမြောက်ဒေသ၊ကွတ်ခိုင်မြို့ပတ်ဝန်းကျင်၊ မုံးကိုး-ဖောင်းဆိုင်၊ မိုးမိတ်မြို့နယ်၊ နမ့်ဖတ်ကာမြို့နယ်များတွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။


(၁) သြဂုတ်(၃၁) ရက်၊နံနက် (၀၆း၃၀)နာရီမှ (၀၆း၅၀)နာရီအထိ ကွတ်ခိုင်မြို့နယ်၊နမ့်ဖတ်လွန်းနှင့် ရှုခင်းသာကြားတွင်လည်းကောင်း၊


(၂) သြဂုတ်(၃၁) ရက်၊နံနက် (ဝရး၄၅)နာရီမှ (၀၈း၁၅)နာရီအထိ ကွတ်ခိုင်မြို့သစ်တွင် မြန်မာစစ်တပ် ခလရ ၂၄၂ နှင့်လည်းကောင်း၊


(၃)နံနက် (၀၈းဝ၅)နာရီမှ (၁၁းဝ၂)နာရီအထိ ကွတ်ခိုင်မြို့ EPC ရုံးအနီးတွင် မြန်မာစစ်တပ် ခလရ ၂၄၂/၂၄၁ နှင့်လည်းကောင်း၊


(၄) နံနက် (၀၈း၃၅) နာရီမှ (၀၉း၅၀)နာရီအထိ ကွတ်ခိုင်မြို့ဂေါက်ကွင်းအနီးတွင် မြန်မာစစ်တပ် ခလရ ၂၄၂/၂၄၁ နှင့်လည်းကောင်း၊


(၅) နံနက် (၀၉း၁၀) နာရီမှ (၀၉း၄၀)နာရီအထိ ကွတ်ခိုင်မြို့နယ်၊"ပိန်ဟွမ်"အနီးတွင် မြန်မာစစ်တပ် တပ်မ (၈၈)၊ခလရ (၁၃)နှင့်လည်းကောင်း၊


(၆) နံနက် (၀၉း၃၅)နာရီမှ (၁ဝး၂၀)နာရီအထိ ကွတ်ခိုင်မြို့နယ်၊နမ့်ကွတ်အနီးတွင် မြန်မာစစ်တပ် တပ်မ (၈၈)၊ခလရ (၁၃)နှင့်လည်းကောင်း၊


(၇) နံနက် (၀၉း၃၀) နာရီမှ (၁ဝး၂၀) နာရီအထိ ကွတ်ခိုင်မြို့ မြန်မာစစ်တပ် ခလရ ၂၄၂/၂၄၁ နှင့်လည်းကောင်း၊


(၈) နံနက်(၁ဝး၃၅)နာရီမှ (၁ဝး၅၀)နာရီအထိ ကွတ်ခိုင်မြို့ မြန်မာစစ်တပ် ခလရ ၂၄၂/၂၄၁ နှင့်လည်းကောင်း၊


(၉) နံနက်(၁ဝး၃၀)နာရီမှ နာရီအချိန်တွင် မိုးမိတ်မြို့နယ်၊"ဆုံဟင်ရွာ"အထက်ဖက်တွင် မြန်မာစစ်တပ် တပ်မ ၉၉ နှင့်လည်းကောင်း


(၁၀) နံနက်(၀၈:၀၀) နာရီအချိန်တွင်" နမ့်ဖတ်ကာ" အနီးတွင်လည်းကောင်း


(၁၁) နံနက်(၁၀:၄၄) နာရီတွင်"ပန်ရာယုံ"အနီးတွင်လည်းကောင်း


(၁၂) နံနက်(၀၈:၃၀) နာရီ မှ (၀၉:၀၀) နာရီအချိန်အထိ"မုံးကိုး-ဖောင်းဆိုင်"ပတ်ဝန်းကျင်အနီးတွင်လည်းကောင်း၊ နေ့လည်(၁၂:၄၅) နာရီအချိန် မှ (၁၃:၃၀) နာရီအချိန်အထိလည်းကောင်း မြန်မာစစ်တက်မှ မိမိတို့ညီနောင်မဟာမိတ်တပ်ရှိရာသို့ လက်ဦးမှုယူကာ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သော တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ထို့အပြင်မြန်မာစစ်တပ်သည် လက်နက်ကြီးများဖြင့်တောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ မြန်မာစစ်တပ်ဖက်မှလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေသော နေရာ၌တရုတ် နယ်စပ်မှ(၂ ကီလိုမီတာ) ခန့်သာကွာဝေးသည်။


ယခုတိုက်ပွဲများအတွင်း ရန်သူ့ဖက်မှ (၁၀) ဦးကျော်သေဆုံးခဲ့ပြီးဒဏ်ရာရသူအချို့ရှိခဲ့သည်။ မိမိတို့ဖက်မှလည်း ဒဏ်ရာရသူအချို့ရှိခဲ့သည်။


ရခိုင်ဒေသအတွင်း တိုက်ပွဲသတင်းများ


(၁၃) ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊"နွားရုံတောင်ရွာ" အနီးတွင်(၁၃:၀၀) နာရီအချိန်တွင်လည်းကောင်း


(၁၄) (၁၆:၃၀) နာရီအချိန်တွင် ဘူးသီးတောင်မြို့နယ်"ဆင်သီပြင်ရွာ" အနီးတွင်လည်းကောင်း

တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။


အခြားသောတိုက်ပွဲများနှင့်နောက်ဆက်တွဲတိုက်ပွဲသတင်းများအားအချိန်နှင့်တပြေးညီတင်ပေးသွားပါမည်။


ညီ​နောင်​မဟာမိတ်​ (၃) ဖွဲ့

MNTJP/MNDAA, PSLF/TNLA, ULA/AA

378 views
bottom of page