top of page

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၀) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ


ree

ဒီဇင်ဘာလ(၁၀) ရက်နေ့သည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်သကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် နယ်သာလန်နိုင်ငံရှိ ICJ အပြည်ပြည်ဆိုင်ရာတရားရုံး၌စတင်ကြားနာစစ်ဆေးခြင်းခံနေသည့်နေ့လည်းဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၀) ရက်၊ နံနက်(၉) နာရီ(၃၀)မိနစ်ခန့်မှစတင်၍ မြေပုံမြို့နယ်၊ အင်ကြင်းရွာအနီးပတ်ဝန်းကျင်ရှိ နေရာ(၃) နေရာ ၌တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာလ(၈) ရက်နေ့တွင် အထိနာခဲ့သော ကျောက်ဖြူအခြေစိုက်၊ခမရ(၅၄၃) နှင့် ဂွအခြေစိုက်၊ခမရ (၅၆၂) တပ်ရင်းတို့သည် စကခ(၅) လက်အောက်ခံ၊ အမ်းအခြေစိုက်၊ ခမရ(၃၇၃) တပ်ရင်း တို့နှင့်ပူးပေါင်းပြီး မိမိတို့အား ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် ယခုကဲ့သို့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားရခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်သည် ရဟတ်ယာဉ်(၂) စီးဖြင့် နေ့လည်(၂) နာရီခန့်မှ ညနေ(၄) နာရီ(၃၀) မိနစ်အတွင်း နာရီဝက်ခန့်၊သုံးကြိမ်တိုင်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


ree


ယနေ့တိုက်ပွဲများအတွင်း၌လည်း စစ်ရာဇဝတ်နယ်ချဲ့တပ်ဖွဲ့မှထပ်မံအထိနာခဲ့သည်။ရန်သူ့ဖက်မှသေဆုံးသူ(၁၀) ကျော်ရှိခဲ့သည်။မိမိတို့အနေဖြင့် (၃၇၃) တပ်ရင်းထံမှ ပစ္စတို(၁) လက်၊ MA-1 (၂) လက်၊ MA-2 (၁)လက်၊ဆက်သွယ်ရေးစက်(၁) လုံး၊ ၆၀-မမ(၅၉)လုံး၊လက်နက်ခဲယမ်းများအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများပါဝင်သောခြင်းတောင်း(၅၀) ကျော်ကိုလည်းဒုတိယနေ့၌ ထပ်မံသိမ်းဆည်းရမိခဲ့သည်။( အကြမ်းအားဖြင့်ဖော်ပြခြင်းသာဖြစ်သည်။မနက်ဖန်၌ ဓာတ်ပုံနှင့်တကွ ဆက်လက်တင်ပေးပါမည်)


ree


ထို့အပြင်ဒီဇင်ဘာလ(၈) ရက်တိုက်ပွဲအတွင်းမြှုပ်နှံထားခဲ့သောရန်သူ့အလောင်းများနေရာ နှင့် သေဆုံးသူအလောင်း(၁၆) လောင်းအားမီးရှို့ဖျောက်ဖျက်ခဲ့သောနေရာတစ်ခုကိုလည်းတွေ့ရှိရသည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၀) ရက်နေ့တွင်ယမန်နေ့က မိမိတို့ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သောပလက်ဝမြို့၊"နှုန်းဘူးငယ်ရွာ" အရှေ့ဖက်(၁.၃) ကီလိုမီတာအကွာအဝေးရှိ မြန်မာ့တပ်မတော်၏ ဗျူဟာကုန်းအနီးပတ်ဝန်းကျင်ရှိမိမိတို့အား ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဂျက်တိုက်လေယာဉ်မှပစ်ခတ်တိုက်ခိုက်မှုကြောင့်မိမိတို့အနေဖြင့် အထိအခိုက်မရှိသော်လည်း၎င်းတို့ အချင်းချင်းထိမှန်မှုအချို့ရှိခဲ့သည်။ မြန်မာ့တပ်မတော်သည် နေ့လည်(၂) နာရီ(၅၀) မိနစ်တွင် လေကြောင်းမှဟတ်စကီး(၂) စီးဖြင့်(၁၅) မိနစ်ခန့်စီအလှည့်ကျလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အတူနေ့လည် (၃) နာရီ(၁၀) မိနစ်တွင်လည်းဂျက်တိုက်လေယာဉ်(၂) စီးဖြင့်မိနစ်(၂၅) မိနစ်ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


ree


ပလက်ဝမြို့နှင့် တောင်ပြိုမြို့အကြားတွင်မူ ခမရ(၂၈၉)တပ်ရင်းမှ တစ်ဖက်သတ်ပစ်ခတ်နေမှု၊ ကြောက်လန့်၍ရမ်းသန်းပစ်ခတ်နေမှုများ၊ အရပ်သားပြည်သူများကိုရည်ရွယ်ချက်ရှိရှိဖြင့်ပစ်ခတ်တိုက်ခိုက်နေမှုများမှလွဲ၍ ၎င်းပတ်ဝန်းကျင်တွင်မိမိတို့နှင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိချေ။ ဤကဲ့သို့ မြန်မာ့တပ်မတော်မှ ရမ်းသန်းပစ်ခတ်မှုကြောင့် ကုလားတန်မြစ်အတွင်းသွားလာနေသည့်စက်လှေပေါ်မှ ခရီးသည်(၃) ဦးသေဆုံးကာ ဒဏ်ရာရသူ(၆) ဦးအထိရှိခဲ့သည်။


ree


တိုက်ပွဲနောက်ဆက်တွဲသတင်းများရှိပါကဆက်လက်တင်ပေးသွားပါမည်။

ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်

Recent Posts

See All
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့ လေကြောင်းတိုက်ခိုက်မှု နောက်ဆုံးရသတင်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်၊ မနက် (၀၀) နာရီ (၁၈/၂၀) မိနစ် (တနည်းအားဖြင့်) ဒီဇင်ဘာလ(၁၂) ရက် ညဉ့် အချိန်တို့တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ရွာအချို့ ( ရွာအမည်စုံစမ်းဆဲ) အား ဖက်ဆစ် အကြမ်းဖက် စစ်ရ

 
 
 

1 Comment


Kyaw Min Zan
Kyaw Min Zan
Dec 10, 2019

Woow woow woow

Like
  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page