top of page

အာရက္ခပြည်၊ မြောက်ဦးနှင့် ကျောက်တော်မြို့များရှိ လူနေထူထပ်သော အပြစ်မဲ့အရပ်သား ပြည်သူများနေထိုင်ရာ ရပ်ကွက်များအတွင်းသို့ ဖက်ဆစ် အကြမ်းဖက်စစ်ကော်မရှင်တပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများထပ်မံပြုလုပ်

  • 4 hours ago
  • 1 min read

အာရက္ခပြည်၊ မြောက်ဦး နှင့် ကျောက်တော်မြို့များရှိ လူနေထူထပ်သော အပြစ်မဲ့အရပ်သား ပြည်သူများနေထိုင်ရာ ရပ်ကွက်များအတွင်းသို့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံပြုလုပ်

 

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်

 

အာရက္ခပြည်၊ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက် (ဆီဆိုင်ကွင်းဟောင်းအနီး) အပြစ်မဲ့အရပ်သား ပြည်သူများ နေထိုင်ရာ နေရာများသို့  ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်၊ ည (၉) နာရီ (၁၁) မိနစ်အချိန်ခန့်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပေါင် (၅၀၀) ဗုံး  (၂) လုံးဖြင့် ညအချိန်၌ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၄) ဦး သေဆုံးခဲ့ပြီး နောက်ထပ် (၉) ဦး မှာပြင်းထန်နှင့် အလတ်စားဒဏ်ရာများ ရရှိခဲ့သည်။

 

ထို့နောက် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ည (၉) နာရီ (၂၀) မိနစ် အချိန်ခန့်တွင်လည်း မြောက်ဦးမြို့၊ အလယ်စျေးရပ်ကွက် စစ်ဘေးရှောင်များနေထိုင်သည့်နေရာသို့ လေကြောင်းမှ ဗုံး (၂) လုံး ပစ်ချ တိုက်ခိုက်ခဲ့ရာ လသားအရွယ် ကလေးငယ်တစ်ဦးနှင့် ၎င်း၏ မိဘနှစ်ဦးစလုံးပါ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံး သွားခဲ့ရသည်။ ထို့အပြင် အပြစ်မဲ့ ပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် အဆောက်အအုံတချို့ ထိခိုက် ပျက်စီးခဲ့ရသည်။

 

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင်လည်း သံတွဲမြို့၊ အမှတ် (၃) ရပ်ကွက်အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် (၉) လုံး ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။

 

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ယခုရက်များအတွင်း အာရက္ခပြည်အား ဂျက်တိုက်လေယာဉ် နှစ်စီး(နှစ်စီးအထက်)နှင့် ကင်းထောက်လေယာဉ်များကို တစ်ပြိုင်တည်းသုံးကာ လေကြောင်းတိုက်ခိုက်မှုများကို ယခင်ကထက် ပိုမိုပြုလုပ်လာသောကြောင့် မိဘပြည်သူများ အနေဖြင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်း၊ ရေကြောင်းရန်များကို ပိုမို သတိရှိကြရန် ထပ်မံအသိပေးလိုက်ပါသည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

 


Recent Posts

See All
  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page