top of page

ရက္ခိုင်ပြည်တိုက်ပွဲသတင်း


ree


ree


ree


ree

ရက္ခိုင်ပြည်တိုက်ပွဲသတင်း

 

၂၀၂၄ ခုနှစ်၊ မတ်လ (၁၂) ရက်


ရက္ခိုင်ပြည်၊ မောင်တောမြို့မြောက်ပိုင်းမှ လက်နက်ချအညံ့မခံသေးသော လက်ကျန်နယ်ခြားစောင့်တပ်စခန်းအချို့ကို ရက္ခိုင့်တပ်တော်မှ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ ထိုအထဲမှ အောင်သပြေ နယ်ခြားစောင့်တပ်စခန်းအား ယမန်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။ ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်းအချို့တို့ကိုသိမ်းဆည်းရမိခဲ့သည်။ ဤ စခန်းမှ ဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားခဲ့သော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအရေအတွက် မှာ (၁၇၉) ယောက်အထိ ရှိခဲ့ပြီဖြစ်သည်။


ရန်သူသည် အောင်သပြေစခန်းအတွင်း ကျန်ရှိခဲ့သောစားနပ်ရိက္ခာများတွင် သေစေတတ်သော အဆိပ်များကို သုတ်လူးထားခြင်း၊ ရေဗူးများတွင်ထည့်ထားခြင်း၊ စခန်းအတွင်း၌လည်း အဆိပ်ဆေးဖြန်းထားခြင်းများ ပြုလုပ်ထားသည်ကိုတွေ့ရှိရသောကြောင့် အခြားသော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် စခန်းသိမ်းတိုက်ပွဲများတွင် သိမ်းဆည်းရမိသော စားနပ်ရိက္ခာများကို သတိထားကြရန် စေတနာဖြင့်အထူး သတိပေးလိုက်ပါသည်။


ရသေ့တောင် ထိုးစစ်သည်ကား ယခင်ရက်များကဲ့သို့ မိမိတို့မှ ထိုးစစ်ကိုအရှိန်မြှင့်တင်နေသကဲ့သို့ စစ်ကောင်စီဘက်မှလည်း  ကြည်း၊ ရေ၊ လေ ဖြင့် အသည်းအသန် ခုခံကာကွယ်လျက်ရှိသည်။


မင်းပြားမြို့တွင် တိုက်ပွဲများမရှိသော်လည်း စစ်ကောင်စီသည် ယုတ်မာစွာဖြင့် မင်းပြားမြို့အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကို ပြုလုပ်ခဲ့သောကြောင့် အရပ်သားပြည်သူ (၂) ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိခဲ့သည်။


ထို့အပြင် အကြမ်းဖက်စစ်ကောင်စီသည် အမ်းမြို့နယ်၊ ရူးတိုက်နယ်၊ ရီဘုတ်ရွာအနီးရှိ သံကြိုးတောင်ကို ရဟတ်ယာဉ် (၁) စီးပေါ်မှ စက်သေနတ်ဖြင့် ညနေ (၅) နာရီခန့်မှစတင်ပြီး (၈) ကြိမ်ခန့် မိနစ်နှစ်ဆယ်အတွင်း လှည့်ပတ်ပစ်ခတ်သွားခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီ၏ ရာဇဝတ်မှုများမှာ တစ်ရက်ပြီးတစ်ရက် ပိုမိုဆိုးဝါးလာခြင်းနှင့်အတူ ပိုမိုအတင့်ရဲစွာ ကျူးလွန်လျက်ရှိသည်။


တိုက်ပွဲနောက်ဆက်တွဲသတင်းများရှိပါက ဆက်လက်တင်ပေးသွားပါမည်။

 

(ဓာတ်ပုံ - စစ်ကောင်စီ၏ အောင်သပြေနယ်ခြားစောင့်တပ်စခန်းမှ ရက္ခိုင့်တပ်တော် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့)


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်





1 Comment


Sam Jackman
Sam Jackman
Mar 24, 2024

ဘင်္ဂလား ဖက္က တာစားပြီးကေ တိုးယူထားရေ မြေပုံအပြောင်းအလဲ့ယင်နိမ်စော် စကစ တပ်ဆွဲထားရေနေရာဖက်က သိသိသာသာပြောင်းလဲ့နိမ်စော် မြင်ရရေ ရင်နာစရာဗျာလ်

Like
  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page