top of page

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်၊ မြောက်ဦးမြို့ အား ဂျက်၊ Y12 လေယာဉ်အုပ်စုလိုက်ဖြင့် တစ်နာရီကျော်ကြာ ညဖက်ဗုံးကြဲတိုက်ခိုက်ခဲ့

  • 11 minutes ago
  • 1 min read

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်၊ မြောက်ဦးမြို့ အား ဂျက်၊ Y12 လေယာဉ်အုပ်စုလိုက်ဖြင့် တစ်နာရီကျော်ကြာ ညဖက်ဗုံးကြဲတိုက်ခိုက်ခဲ့

 

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၅) ရက်

 

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့၊ ည (၉) နာရီခန့် အချိန်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်၊ မြောက်ဦးမြို့အား ဂျက်ဖိုက်တာ (၆) စီး၊ Y12 (၂) စီးတို့ဖြင့် အုပ်စုလိုက် ဗုံးအလုံးရေ (၃၀) ကျော် ကြဲချတိုက်ခိုက်ခဲ့သည်။ မြောက်ဦးမြို့ပေါ်၌ အကြမ်းဖက် စစ်ကော်မရှင်၏ စခန်းချတပ်စွဲခဲ့သော တပ်ရင်းနေရာဟောင်းများဖြစ်သည့် အမှတ် (၅၄၀) တပ်ရင်း နှင့် (၃၁) ရဲတပ်ရင်းတို့အပြင် ၎င်းအနီးပတ်ဝန်းကျင်ရှိ စစ်ဘေးရှောင်များ နေထိုင်ရာ နေရာများကို ညအချိန် (၉) နာရီခန့်မှ (၁၀) နာရီကျော်အထိ တစ်နာရီကျော်ကြာ မရပ်မနား တစ်ပြိုင်တည်း ဗုံးကြဲတိုက်ခိုက် ခဲ့သည်။

 

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်၊ ရေဘေးရှောင် အပြစ်မဲ့ပြည်သူ (၄) ဦး အလတ်စား ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ အနီးအနားမှ ပြည်သူများပိုင်ဆိုင်သော နွား (၃) ကောင် သေဆုံးခဲ့ပြီး (၅) ကောင် ဒဏ်ရာရရှိခဲ့သည်။

 

အာရက္ခဒေသအတွင်းနေ မိဘပြည်သူများအနေဖြင့် မိုးတွင်းကာလဖြစ်သော်လည်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်းရန်ကို သတိထားနေထိုင်သွားလာကြရန် ထပ်မံတိုက်တွန်းအပ်ပါသည်။

 

ဓာတ်ပုံ - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့၊ ညအချိန်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်၊ မြောက်ဦးမြို့အနီးပတ်ဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ပျက်စီးခဲ့သော လူနေအိမ်နှင့် အဆောက်အဦးအချို့၏ မှတ်တမ်း

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

 


Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page