top of page

နတ်ရေကန်ဗျူဟာကုန်း မှ ကစဉ့်ကလျားထွက်ပြေးနေကြသော ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင် တပ်ဖွဲ့ဝင်အချို့အား လက်ရဖမ်းဆီးရရှိမှု ရှိနေသကဲ့သို့ အလံဖြူထောင် အလင်းဝင်ရောက်လာသူများလည်း ဆက်တိုက်ရှိနေ



၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်

 

အာရက္ခတပ်တော်အနေဖြင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ နတ်ရေကန်ဗျူဟာကုန်းရှိ အနည်းငယ်သော လက်ကျန်နေရာအချို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေသကဲ့သို့ ကစဉ့်ကလျားထွက်ပြေးနေကြသော ဖက်ဆစ် အကြမ်း ဖက် စစ်ကော်မရှင် တပ်ဖွဲ့ဝင်အချို့နှင့် မိမိတို့သည်နေရာအချို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည်။

 

အာရက္ခတပ်တော်နှင့် ရင်ဆိုင်တိုက်ပွဲများတွင် အမြဲတမ်းရှုံးနိမ့်နေသော ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် အဆိုပါ ဗျူဟာကုန်းမကျရှုံးရေးအတွက် လေကြောင်းပစ်ကူ ၊ စစ်ကူများအဆက်မပြတ်ပေးနေသည့်ကြားမှ အာရက္ခစစ်သည်တော်များ အကောင်းဆုံး တုံ့ပြန်ခံစစ်များနှင့်အတူ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့တွင် အချို့သောနေရာများ၌ စစ်ကော်မရှင် တပ်ဖွဲ့ဝင်အချို့သည် မိမိတို့ထံတွင် အလံဖြူထောင် လက်နက်ချကာ အလင်းဝင်ရောက်လျက် ရှိကြသကဲ့သို့ အချို့ကို တိုက်ပွဲအတွင်း လက်ရဖမ်းဆီးရမိခဲ့သည်။ အာရက္ခတပ်တော်အနေဖြင့် မိမိတို့ထံသို့ အလင်းဝင်ရောက်လာခဲ့ကြသောသူတိုင်းကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက် ပေးထားလျက်ရှိသည်။

 

ထို့ကြောင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ မတရားသဖြင့် စစ်မှုထမ်းရန် စုဆောင်းခြင်းခံရသောသူများအနေဖြင့် အာရက္ခတပ်တော်နှင့် အနီးဆုံးနေရာများသို့ ဆက်သွယ်၍ အချိန်မရွေးလက်နက်ချအလင်းဝင်ရောက်နိုင်ပါကြောင်း အသိ ပေးအပ်ပါသည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်


Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page