top of page

တိုက်ပွဲသတင်းထုတ်ပြန်ချက်

  • Oct 10, 2022
  • 1 min read

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်


ရက္ခိုင်ဒေသအတွင်း၌ စစ်ကောင်စီတပ်မှ လက်နက်ကြီးများကို နေ့၊ ညအချိန်မရွေးပစ်ခတ် တိုက်ခိုက်နေသောကြောင့် အပြစ်မဲ့ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများ၊ လူနေအိမ်များ လက်နက်ကြီးထိမှန်၍ ပျက်စီးမှုများမှာ ဆက်တိုက်ရှိနေခဲ့ပြီး တိုက်ပွဲများသည်လည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်၊ ညနေ (၈) နာရီမှ (၁၀) နာရီအတွင်း စစ်ကောင်စီ၏ ကျောက်တော်၊ တပ်မဌာနချုပ် နှင့် ရုပ်သားရွာအနီးစခန်းချထားသော ရန်သူ့တပ်စခန်းမှ မည်သည့်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းအလျဉ်းမရှိဘဲ လက်နက်ကြီး (၃၀) ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


ပြည်သူကို လက်နက်ကြီးများဖြင့် ခြိမ်းခြောက်အနိုင်ကျင့်နေသည်သာမက မြို့၊ ရွာ၊ ပြည်သူလူထုကို ပြန်ပေးဆွဲထားသည့်နှယ် အနိုင်ကျင့်နေသော စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းတစ်ခုဖြစ်သော မောင်တောမြို့နယ်အတွင်းရှိ လိပ်ရနယ်ခြားစောင့်တပ်စခန်းအား ရက္ခိုင့်တပ်တော်မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်၊ နံနက် (၄) နာရီခန့်မှစတင်ပြီး တိုက်ခိုက်ခဲ့သည်။ အဆိုပါစခန်းတွင် နယ်ခြားစောင့်ရဲများနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များပါ ပူးတွဲနေထိုင်ကြသည့်စခန်းဖြစ်သည့်အပြင် လက်နက်ကြီးများကို နေ့၊ ညအချိန်မရွေး ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေသည့် စခန်းများထဲမှ တစ်ခုလည်းဖြစ်သည်။


ရန်သူသည် လက်နက်ကြီးပစ်ကူများအား နေရာအနှံ့မှ ပစ်ကူပေးသည့်ကြားမှ တစ်နာရီခန့်ကြာ ထိုးစစ်ဆင် တိုက်ခိုက်မှုအပြီးတွင် အဆိုပါ လိပ်ရစခန်းအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။


ရန်သူ့စစ်သုံပန်း (၃) ဦး၊ ရန်သူ့အလောင်းအချို၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ မိမိတို့ဖက်မှ အာရက္ခစစ်သည်တော်တစ်ဦး တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။ ယခုတိုက်ပွဲသည် အချိန်တိုတိုအတွင်း မိမိတို့ဖက်မှ အထိအခိုက်အနည်းဆုံးဖြင့် သိမ်းပိုက်ရရှိခဲ့သောစခန်းသိမ်းတိုက်ပွဲဖြစ်ခဲ့သည်။


စခန်းသိမ်းနိုင်သည်အထိ ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်နိုင်ခဲ့သော အာရက္ခစစ်သည်တော်များအား လေးနက်စွာမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။



သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်












Recent Posts

See All

1 Comment


Zaw Moe Win
Zaw Moe Win
Oct 10, 2022

သာလီစွပါ

Like
  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page