top of page

တိုက်ပွဲသတင်းထုတ်ပြန်ချက်

တိုက်ပွဲသတင်းထုတ်ပြန်ချက်


၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်


၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့တွင် ရက္ခိုင်-ဘင်္ဂလားနယ်စပ်၊ မိုင်တိုင်အမှတ် (၄၀) အနီးရှိ စစ်ကောင်စီတပ်၏ တပ်စခန်းတစ်ခု ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် ၎င်းစခန်းအားပြန်လည်ရယူရန်ကြိုးစားလျက် ရှိကြောင်းထုတ်ပြန်ခဲ့ပြီး စစ်အင်အားများတိုးချဲ့ကာ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ကူများဖြင့် ၎င်းစခန်းအနီးတဝိုက် အပြင် တခြားရက္ခိုင်နှင့်ပလက်ဝရှိ နေရာများကိုပါ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေခဲ့သည်မှာ တစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။


ထိုသို့ စစ်ကောင်စီတပ်မှ လူအင်အားတိုးချဲ့ကာ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေချိန် ယနေ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်၊ နံနက် (၆)နာရီ (၁၇) မိနစ်ခန့်တွင် မိုင်တိုင်အမှတ် (၄၀) မှ ဝေးကွာသောနေရာဖြစ်သည့် မောင်တောမြိုနယ်၊ လောင်းဒုံ(မြို)ရွာ (ခ) ဂြိတ်ချောင်းကျေးရွာ၏ အရှေ့တောင်ဘက် (၃) ကီလိုမီတာခန့်အကွာ ဂုတ်ပီကျော်လမ်း(ပဲရွမ်းတောင်)ရှိ စစ်ကောင်စီတပ်၏ ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းတစ်ခုကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နံနက် (၇) နာရီ (၂၂) မိနစ်အချိန်၌ အဆိုပါ စခန်းကုန်းအား အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကာ စစ်ကောင်စီတပ်သားအချို့ကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်။ စစ်ကောင်စီတပ်မှ ၎င်းစခန်းကုန်းနေရာအနီးတဝိုက်သို့ ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များဖြင့် တစ်နေကုန်လာရောက်တိုက်ခိုက်နေခဲ့သည်။


တိုက်ပွဲနောက်ဆက်တွဲ သတင်းများကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်သည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


ree

Recent Posts

See All
🚨 #Breakingnews

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက် ၊ ည (၉) နာရီခန့်မှစတင်ပြီး ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် လေကြောင်းမှ Cluster ဗုံးအပါအဝင် ရော့ကတ်များဖြင့်တိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိသည်။   (၁) ပုဏ္ဏားကျွန်းမြ

 
 
 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page