top of page

(ICRC) ၏ပစၥည္းမ်ားကို တင္ေဆာင္လာေသာ စက္ေလွတစ္စီးအား ျမန္မာစစ္တပ္၏ စစ္သေဘၤာမ်ားေပၚမွပစ္ခတ္တိုက္ခိုက္



အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ (ICRC) ၏ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာပစၥည္းမ်ားကို တင္ေဆာင္လာေသာ စက္ေလွတစ္စီးအား စစ္ရာဇဝတ္အၾကမ္းဖက္ျမန္မာစစ္တပ္၏ စစ္သေဘၤာမ်ားေပၚမွ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည့္အျပင္ အဆိုပါ စက္ေလွအား မီးရႈိ႕ဖ်က္ဆီးသည့္သတင္း


၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ (၂၈) ရက္




၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ (၂၈) ရက္၊ ေန႔လယ္ (၁၂) နာရီခန႔္အခ်ိန္တြင္ ရခိုင္ျပည္၊ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း၌ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ (ICRC) မွ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ပစၥည္းမ်ားကို တင္ေဆာင္ လာေသာ " ေ႐ႊလင္းသူ" အမည္ရွိ အရပ္ဖက္စက္ေလွတစ္စီးအား ျမန္မာစစ္တပ္၏ ဇက္သေဘၤာ (၂) စီး ႏွင့္ အျမန္စက္တပ္ေရယာဥ္ (Speed Boat) တစ္စီးပါဝင္ေသာ စစ္ေရယာဥ္စုတစ္ခုမွ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ရေသ့ေတာင္ၿမိဳ႕နယ္၊ ၿပိန္းေတာ႐ြာ အေနာက္ေတာင္ဖက္ (၅၀၀) မီတာအကြာအေဝး၌ ပစ္ခတ္တိုက္ခိုက္ခဲ့သည္။


အဆိုပါ အပစ္ခံရေသာစက္ေလွ၌ လိုက္ပါလာသူ စက္ေလွသမား(၄) ဦးအနက္ ပုဏၰားကြၽန္းၿမိဳ႕နယ္၊ ကံေခ်ာင္းေက်း႐ြာမွ အသက္ (၁၈) ႏွစ္အ႐ြယ္ရွိသူ လူငယ္တစ္ဦး မွာ ျမန္မာ့တပ္မေတာ္၏လက္နက္ႀကီး၊ လက္နက္ငယ္က်ည္ထိမွန္၍ ဘုတ္ေပၚ၌ပင္ေသဆုံးခဲ့သည္။ ထို႔ေနာက္ ျမန္မာစစ္တပ္၏ စစ္သေဘၤာ(ဇက္)တစ္စီးေပၚမွ တပ္ဖြဲ႕ဝင္မ်ားသည္ "ေ႐ႊလင္းသူ"စက္ေလွေပၚတြင္ ေသဆုံးသူစက္ေလွသမား၏အေလာင္းႏွင့္ ICRC ပစၥည္းမ်ားအား ဓာတ္ဆီေလာင္းကာ မီးရႈိ႕ဖ်က္ဆီးခဲ့သည့္အျပင္ အသက္ရွင္က်န္ရစ္သူစက္ေလွသမား(၃)ဦးကိုလည္း အလားတူ ႏႈတ္ပိတ္အစေဖ်ာက္ရန္ ႀကိဳးပမ္းခဲ့သည္ ။


သို႔ေသာ္ စက္ေလွသမား (၃) ဦးမွာ ကံေကာင္းေထာက္မစြာျဖင့္ စက္ေလွေပၚမွခုန္ဆင္းလြတ္ေျမာက္ခဲ့ေသာ္လည္း မီးေလာင္ဒဏ္ရာ၊ ေသနတ္ဒဏ္ရာအခ်ိဳ႕ရရွိခဲ့သည္။


အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ (ICRC) သည္ လူသားခ်င္းစာနာေထာက္ထားေသာအားျဖင့္ စစ္ေဘးေရွာင္ ျပည္သူမ်ားကို ဆန္၊ ဆီ၊ ပဲ၊ သၾကား၊ ဆား၊ လက္ဖက္ ႏွင့္ အမ်ိဳးသမီး အသုံးေဆာင္ပစၥည္းမ်ား အစရွိသည္ကို ကူညီေထာက္ပံ့ေနခဲ့သည္မွာ ကာလအတန္ၾကာၿပီျဖစ္သည္။ ယခုလည္း စားဝတ္ေနေရးအခက္အခဲျဖစ္ေနေသာ စစ္ေဘးေရွာင္မ်ားကိုကူညီရန္ အေျခခံစားေသာက္ကုန္ပစၥည္းမ်ားကို အရပ္ဖက္စက္ေလွျဖင့္ သယ္ယူပို႔ေဆာင္ ေနစဥ္အတြင္း ျမန္မာစစ္တပ္၏ အၾကမ္းဖက္မႈကိုခံခဲ့ရျခင္းျဖစ္သည္။


ဖက္ဆစ္နယ္ခ်ဲ႕အၾကမ္းဖက္ ျမန္မာစစ္တပ္သည္ ယခုကဲ့သို႔ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၏ ကူညီေထာက္ပံ့ေရး ခရီးစဥ္မ်ားအတြင္း ပစ္ခတ္တိုက္ခိုက္ေနခဲ့သည္မွာ အႀကိမ္ႀကိမ္ရွိခဲ့ၿပီးျဖစ္သည္။ မင္းျပားၿမိဳ႕နယ္အတြင္းWHO ကားအား ပစ္ခတ္တိုက္ခိုက္ခဲ့သည့္ကိစၥ၊ ပလက္ဝၿမိဳ႕နယ္အတြင္း WFP ေမာ္ေတာ္ယာဥ္တန္းအား ပစ္ခတ္တိုက္ခိုက္ခဲ့သည့္ကိစၥ၊ ေျမပုံၿမိဳ႕နယ္အတြင္း၌ NGO အဖြဲ႕အစည္းတစ္ခု၏ အျမန္စက္တပ္ေရယာဥ္အားပစ္ခတ္တိုက္ခိုက္ခဲ့သည္ကိစၥ မ်ားမွာ ျမန္မာစစ္တပ္၏ လက္ခ်က္မ်ားသာျဖစ္သည္။



ဤကဲ့သို႔ေသာအၾကမ္းဖက္တိုက္ခိုက္သည့္လုပ္ရပ္မ်ား၊ အျပစ္မဲ့ျပည္သူမ်ားကိုပစ္ခတ္သတ္ျဖတ္ၿပီး လက္စေဖ်ာက္ေသာ လုပ္ရပ္မ်ားကို ျမန္မာစစ္တပ္သည္လုပ္ေဆာင္တိုင္း ၎တို႔က်ဴးလြန္ခဲ့သည့္သက္ေသ အေထာက္အထားမ်ား ရွိပါေသာ္လည္း တာဝန္မဲ့စြာေျဗာင္က်က်ျငင္းဆိုေလ့ရွိသည္။ ထို႔အျပင္ မိမိတို႔အဖြဲ႕အစည္းအေပၚ အျပစ္ပုံခ်ရန္ ႀကိဳးစားအားထုတ္ေလ့ရွိသည္။ လုံးဝ မျငင္းသာသည့္အေျခအေနသို႔ေရာက္မွသာ ဝန္ခံၿပီး အျပစ္က်ဴးလြန္သူမ်ားကို ဟန္ျပအျပစ္ေပးေလ့ရွိသည္။ ထိုသို႔ဟန္ျပအျပစ္ေပးသည့္အခ်ိန္မ်ား၌လည္း ပြင့္လင္းျမင္သာမႈမရွိဘဲ လုပ္ေဆာင္ေလ့ရွိသည္။


ျမန္မာစစ္တပ္သည္ တိုင္းရင္းသားေဒသအသီးသီး၌ စစ္ရာဇဝတ္မႈ၊ အၾကမ္းဖက္မႈမ်ားကို လက္ရဲဇက္ရဲ က်ဴးလြန္ေနဆဲျဖစ္သည္။ ၂၀၂၀ ျပည့္ႏွစ္အတြင္း ရခိုင္၊ ပလက္ဝေဒသမ်ား၌ ျမန္မာစစ္တပ္သည္ အျပစ္မဲ့ျပည္သူမ်ားကို ဦးတည္သတ္ျဖတ္သည့္အေရအတြက္မွာ စံခ်ိန္တင္ခဲ့သည္။ တိုင္းရင္းသားျပည္သူတစ္ရပ္လုံးမွာ တရားမွ်တမႈမရရွိဘဲ အမွန္တရားမ်ားေပ်ာက္ဆုံးေနၾကရသည္။ အမွန္တရားကို ျမတ္ႏိုးေသာ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားအေနျဖင့္ အျပစ္ရွိသူမ်ားကို အျပစ္ေပးႏိုင္ေရး ႏွင့္ အမွန္တရားမ်ားေပၚေပါက္ႏိုင္ေရးတို႔အတြက္ ဝိုင္းဝန္းႀကိဳးပမ္းအား ထုတ္ေပးၾကပါရန္ တိုက္တြန္းအပ္ပါသည္။


သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္




အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်းများကို တင်ဆောင်လာသော စက်လှေတစ်စီးအား စစ်ရာဇဝတ်အကြမ်းဖက်မြန်မာစစ်တပ်၏ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် အဆိုပါ စက်လှေအား မီးရှို့ဖျက်ဆီးသည့်သတင်း


၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၈) ရက်


၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၈) ရက်၊ နေ့လယ် (၁၂) နာရီခန့်အချိန်တွင် ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်အတွင်း၌ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများကို တင်ဆောင် လာသော " ရွှေလင်းသူ" အမည်ရှိ အရပ်ဖက်စက်လှေတစ်စီးအား မြန်မာစစ်တပ်၏ ဇက်သင်္ဘော (၂) စီး နှင့် အမြန်စက်တပ်ရေယာဉ် (Speed Boat) တစ်စီးပါဝင်သော စစ်ရေယာဉ်စုတစ်ခုမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရသေ့တောင်မြို့နယ်၊ ပြိန်းတောရွာ အနောက်တောင်ဖက် (၅၀၀) မီတာအကွာအဝေး၌ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


အဆိုပါ အပစ်ခံရသောစက်လှေ၌ လိုက်ပါလာသူ စက်လှေသမား(၄) ဦးအနက် ပုဏ္ဏားကျွန်းမြို့နယ်၊ ကံချောင်းကျေးရွာမှ အသက် (၁၈) နှစ်အရွယ်ရှိသူ လူငယ်တစ်ဦး မှာ မြန်မာ့တပ်မတော်၏လက်နက်ကြီး၊ လက်နက်ငယ်ကျည်ထိမှန်၍ ဘုတ်ပေါ်၌ပင်သေဆုံးခဲ့သည်။ ထို့နောက် မြန်မာစစ်တပ်၏ စစ်သင်္ဘော(ဇက်)တစ်စီးပေါ်မှ တပ်ဖွဲ့ဝင်များသည် "ရွှေလင်းသူ"စက်လှေပေါ်တွင် သေဆုံးသူစက်လှေသမား၏အလောင်းနှင့် ICRC ပစ္စည်းများအား ဓာတ်ဆီလောင်းကာ မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် အသက်ရှင်ကျန်ရစ်သူစက်လှေသမား(၃)ဦးကိုလည်း အလားတူ နှုတ်ပိတ်အစဖျောက်ရန် ကြိုးပမ်းခဲ့သည် ။


သို့သော် စက်လှေသမား (၃) ဦးမှာ ကံကောင်းထောက်မစွာဖြင့် စက်လှေပေါ်မှခုန်ဆင်းလွတ်မြောက်ခဲ့သော်လည်း မီးလောင်ဒဏ်ရာ၊ သေနတ်ဒဏ်ရာအချို့ရရှိခဲ့သည်။


အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သည် လူသားချင်းစာနာထောက်ထားသောအားဖြင့် စစ်ဘေးရှောင် ပြည်သူများကို ဆန်၊ ဆီ၊ ပဲ၊ သကြား၊ ဆား၊ လက်ဖက် နှင့် အမျိုးသမီး အသုံးဆောင်ပစ္စည်းများ အစရှိသည်ကို ကူညီထောက်ပံ့နေခဲ့သည်မှာ ကာလအတန်ကြာပြီဖြစ်သည်။ ယခုလည်း စားဝတ်နေရေးအခက်အခဲဖြစ်နေသော စစ်ဘေးရှောင်များကိုကူညီရန် အခြေခံစားသောက်ကုန်ပစ္စည်းများကို အရပ်ဖက်စက်လှေဖြင့် သယ်ယူပို့ဆောင် နေစဉ်အတွင်း မြန်မာစစ်တပ်၏ အကြမ်းဖက်မှုကိုခံခဲ့ရခြင်းဖြစ်သည်။


ဖက်ဆစ်နယ်ချဲ့အကြမ်းဖက် မြန်မာစစ်တပ်သည် ယခုကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့ရေး ခရီးစဉ်များအတွင်း ပစ်ခတ်တိုက်ခိုက်နေခဲ့သည်မှာ အကြိမ်ကြိမ်ရှိခဲ့ပြီးဖြစ်သည်။ မင်းပြားမြို့နယ်အတွင်းWHO ကားအား ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ကိစ္စ၊ ပလက်ဝမြို့နယ်အတွင်း WFP မော်တော်ယာဉ်တန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ကိစ္စ၊ မြေပုံမြို့နယ်အတွင်း၌ NGO အဖွဲ့အစည်းတစ်ခု၏ အမြန်စက်တပ်ရေယာဉ်အားပစ်ခတ်တိုက်ခိုက်ခဲ့သည်ကိစ္စ များမှာ မြန်မာစစ်တပ်၏ လက်ချက်များသာဖြစ်သည်။


ဤကဲ့သို့သောအကြမ်းဖက်တိုက်ခိုက်သည့်လုပ်ရပ်များ၊ အပြစ်မဲ့ပြည်သူများကိုပစ်ခတ်သတ်ဖြတ်ပြီး လက်စဖျောက်သော လုပ်ရပ်များကို မြန်မာစစ်တပ်သည်လုပ်ဆောင်တိုင်း ၎င်းတို့ကျူးလွန်ခဲ့သည့်သက်သေ အထောက်အထားများ ရှိပါသော်လည်း တာဝန်မဲ့စွာဗြောင်ကျကျငြင်းဆိုလေ့ရှိသည်။ ထို့အပြင် မိမိတို့အဖွဲ့အစည်းအပေါ် အပြစ်ပုံချရန် ကြိုးစားအားထုတ်လေ့ရှိသည်။ လုံးဝ မငြင်းသာသည့်အခြေအနေသို့ရောက်မှသာ ဝန်ခံပြီး အပြစ်ကျူးလွန်သူများကို ဟန်ပြအပြစ်ပေးလေ့ရှိသည်။ ထိုသို့ဟန်ပြအပြစ်ပေးသည့်အချိန်များ၌လည်း ပွင့်လင်းမြင်သာမှုမရှိဘဲ လုပ်ဆောင်လေ့ရှိသည်။


မြန်မာစစ်တပ်သည် တိုင်းရင်းသားဒေသအသီးသီး၌ စစ်ရာဇဝတ်မှု၊ အကြမ်းဖက်မှုများကို လက်ရဲဇက်ရဲ ကျူးလွန်နေဆဲဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်အတွင်း ရခိုင်၊ ပလက်ဝဒေသများ၌ မြန်မာစစ်တပ်သည် အပြစ်မဲ့ပြည်သူများကို ဦးတည်သတ်ဖြတ်သည့်အရေအတွက်မှာ စံချိန်တင်ခဲ့သည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးမှာ တရားမျှတမှုမရရှိဘဲ အမှန်တရားများပျောက်ဆုံးနေကြရသည်။ အမှန်တရားကို မြတ်နိုးသော နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အပြစ်ရှိသူများကို အပြစ်ပေးနိုင်ရေး နှင့် အမှန်တရားများပေါ်ပေါက်နိုင်ရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်းအား ထုတ်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

912 views
bottom of page