top of page

BreakingNews

  • Jun 1, 2024
  • 1 min read

၂၀၂၄ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့၊ နံနက် (၉) နာရီ နှင့် (၉) နာရီ (၄၅) မိနစ်ကြားတွင် ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာနှင့် ကြိမ်ခွေမော်‌‌ကျေးရွာအားလည်းကောင်း၊ နံနက် (၁၀) နာရီ (၂၄) မိနစ်အချိန်၌ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာအားလည်းကောင်း ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် Y-12 လေယာဉ်များ၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

 

ဤကဲ့သို့ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီမှ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူအချို့မှာ သေဆုံး၊ အသေးစား၊ အလတ်စား၊ အပြင်းစား ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။

 

နောက်ဆက်တွဲသတင်းများနှင့်ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိသူများစာရင်းအားအတည်ပြု၍ တင်ပေးသွားပါမည်။

 

Recent Posts

See All

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page