top of page

BREAKING NEWS

  • Jul 27, 2024
  • 1 min read




အရေးပေါ် ရေဘေးအန္တရာယ် သတိပေးချက်

 

၂၀၂၄ ခုနှစ်၊ ဇူလိုင် (၂၇) ရက်၊ နံနက် (၁၀) နာရီ (၄၀) မိနစ်တွင် ထုတ်ပြန်သည်။

 

ယခုရက်များအတွင်း ရက္ခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအတွင်း အဆက်မပြတ် သည်းထန်စွာရွာသွန်းလျက်ရှိသောမိုးများကြောင့် မိုးရေချိန်အမှတ်သည် စိုးရိမ်ရေမှတ်ကို ကျော်လွန်လာခဲ့ပြီဖြစ်သည်။ ယနေ့  ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်၊ နံနက် (၁၀) နာရီ (၃၀) မိနစ်အချိန် တိုင်းတာချက်အရ ရက္ခိုင်ပြည်၊ သံတွဲမြို့၊ "သူဌေးချောင်း ဆည်"သည် လည်း စိုးရိမ်ရေမှတ် (အနီရောင်အဆင့်) ကို ကျော်လွန်လာနေပြီဖြစ်သည်။

 

ဆက်လက်၍လည်း ယခုထက်ပိုမိုသော မိုးရေချိန်အမှတ်သို့ ရောက်ရှိလာနိုင်ရန် အလားအလာများကို တွေ့နေရသောကြောင့် ၎င်းဆည်နှင့် အနီးပတ်ဝန်းကျင်၊ ဆည်ကျရေစီးဆင်းရာလမ်းကြောင်းရှိ ရွာများအနေဖြင့် နီးစပ်ရာ ကုန်းမြင့်၊ ရေဘေးလွတ်ရာနေရာများသို့ "အမြန်ဆုံး" ချက်ချင်း ရွှေ့ပြောင်းပေးကြပါရန် အရေးပေါ်ထုတ်ပြန်အပ်ပါသည်။

 

မိမိတို့အနေဖြင့် လွန်ခဲ့သောရက်များ၏ မိုးရွာသွန်းမှု၊ မိုးရေချိန်အမှတ်များကြောင့် စိုးရိမ်ရေမှတ် ရောက်လာနိုင်သည့်အတွက် ကြိုတင်အသိပေးထားခဲ့ပါသည်။ ယနေ့တွင် စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်လာနေပြီဖြစ်သောကြောင့် ယခုကဲ့သို့ အရေးပေါ်ချက်ချင်းထုတ်ပြန်ရခြင်းဖြစ်သည်။

 

မိဘပြည်သူများအနေဖြင့်လည်း မိမိတို့ ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်ကိုလည်း အလေးအနက် တိုက်တွန်းအပ်ပါသည်။

 

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page