top of page

ARSA တပ်ဖွဲ့ဝင်များမှ ကြိမ်ချောင်းနှင့် တောင်ပြိုအကြားတွင် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆) ဦးထဲမှ ၁ ဦးသေ၊ အများအပြား ဒဏ်ရာရ


ree


ree

အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သော ARSA တပ်ဖွဲ့ဝင်များမှ ကြိမ်ချောင်းနှင့် တောင်ပြိုအကြားတွင် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ

 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်

 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့၊ ညနေ (၄) နာရီ (၄၀) မိနစ်အချိန်တွင် အာရက္ခပြည်၊ မောင်တောမြို့၊ ကြိမ်ချောင်းမှ တောင်ပြိုသို့ ဈေးသွားဝယ်သော အရပ်ဘက် ခရီးသည်ကားတစ်စီးအား အင်အား (၂၅) ဦးခန့်ပါ ARSA တပ်ဖွဲ့ဝင်များမှ ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆) ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသောသူများကို မိမိတို့မှ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်။

 

အရပ်ဘက် ပြည်သူလူထုများအား အကြမ်းဖက်တိုက်ခိုက်ခဲ့သော ARSA အကြမ်းဖက်အဖွဲ့အား အာရက္ခ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဒုတိယနေ့အဖြစ် လိုက်လံရှာဖွေလျက်ရှိသည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

 


Recent Posts

See All
ကြေညာချက်

၂၀၂၅ ခုနှစ်၊ ဩဂတ်စ်လ (၁၁) ရက်နိ၊ မိုးထဖက် (၁၀) နာရီအချိန်မှာ ပြုလုပ်ဖို့ဟိရေ အာရက္ခပြည်သူ့ တော်လှန်ရီးအစိုးရ၏ (၁၀) ကြိမ်မြောက်...

 
 
 

1 Comment


suzan halder
suzan halder
Dec 26, 2024

love you all

Like
  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page