top of page

ရန်သူ့ စစ်သုံ့ပန်းအား ရက္ခိုင့်တပ်တော်မှ လူသားချင်းစာနာထောက်ထား၍ ဆေးဝါးကုသမှုပေး




အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်၏ ဘူးသီးတောင်၊ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၆၅) တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင်၊ ကြည်း /၄၁၁၄၇ အား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၅) ရက်၊ ညနေ (၄) နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ ဘဒနာကျေးရွာ အနီးတွင် ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့သည်။

 

DSA အပတ်စဉ် (၄၇) ၊ အသက် (၄၀) အရွယ် အဆိုပါ ဒုတပ်ရင်းမှူးသည် ဘူးသီးတောင်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်သည့် စခန်းသိမ်းတိုက်ပွဲမှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်သည်။ ဒဏ်ရာများဖြင့် ဖမ်းဆီးရမိသော ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင်အား ရက္ခိုင့်တပ်တော် ဆေးတပ်ဖွဲ့မှ လူသားချင်းစာနာစွာဖြင့် ဆေးကုသပေးလျက်ရှိသည်။

 

ခမရ (၅၆၄) စခန်းမှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်မှ လိုက်လံ တိုက်ခိုက် ချေမှုန်းလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့အထိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ကျော်ကို ထပ်မံချေမှုန်းနိုင်ခဲ့ပြီး အခြားလွတ်မြောက်နေသေးသော သူများကိုလည်း ဆက်လက် လိုက်လံ တိုက်ခိုက် ချေမှုန်းလျက်ရှိသည်။

 

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

2 Comments


Aung Naing soe
Aung Naing soe
Apr 8, 2024

လေးစားပါယင့်

Like

KhantLinTun
KhantLinTun
Apr 7, 2024

လေးစားပါရေ

Like
  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page