top of page

ျမန္မာဖက္ဆစ္နယ္ခ်ဲ႕တပ္မေတာ္မွလက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ေသာေၾကာင့္ေက်ာင္းဆရာတစ္ဦးေသဆုံး

ျမန္မာဖက္ဆစ္နယ္ခ်ဲ႕အၾကမ္းဖက္တပ္မေတာ္မွ လက္နက္ႀကီးမ်ားျဖင့္ အေၾကာင္းမဲ့ ပစ္ခတ္တိုက္ခိုက္ေသာေၾကာင့္ လယ္ကြင္း၌ရွိေနေသာ အျပစ္မဲ့ လူငယ္ ေက်ာင္းဆရာတစ္ဦးေသဆုံး (ေအာက္တိုဘာလ (၂၄) ရက္ေန႔ ထုတ္ျပန္သည္) ၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ (၁၉) ရက္ေန႔ ေန႔လယ္ (၁၁) နာရီ (၅၀) မိနစ္ခန႔္အခ်ိန္တြင္ ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ အေျခစိုက္ ခမရ (၅၃၇) တပ္ရင္းမွ ပစ္ခတ္တိုက္ခိုက္ေသာ လက္နက္ႀကီးက်ည္ ထိမွန္၍ ရေသ့ေတာင္ၿမိဳ႕နယ္၊ ႐ြာသစ္ေကေက်း႐ြာမွ အသက္ (၂၁) ႏွစ္ အ႐ြယ္မူလတန္းျပ ေက်ာင္းဆရာတစ္ဦးျဖစ္သူ ေမာင္မ်ိဳးဆက္ႏိုင္ဦး (ေခၚ) ေမာင္ေမာင္ဦး (၂၁-ႏွစ္) မွာ လက္နက္ႀကီးက်ည္ဆံထိမွန္မႈေၾကာင့္ ဦးေခါင္း၊ မ်က္ႏွာတြင္ ျပင္းထန္စြာဒဏ္ရာရရွိခဲ့သည္။ အဆိုပါ ေက်ာင္းဆရာသည္ လယ္ကြင္းထဲ၌ ႏြားမ်ားကို ေရတိုက္ရန္အသြားတြင္ လက္နက္ႀကီးစထိမွန္ ခဲ့ျခင္းျဖစ္သည္။ ထိုအခ်ိန္ကာလ၌ အဆိုပါပတ္ဝန္းက်င္၌ တိုက္ပြဲတစ္စုံတစ္ရာ ျဖစ္ပြားခဲ့ျခင္းမရွိေခ်။ ေက်ာင္းဆရာသည္ ရေသ့ေတာင္မွ စစ္ေတြေဆး႐ုံသို႔ပို႔ေဆာင္ရန္အသြား လမ္း၌ေသဆုံးသြားခဲ့သည္။ ၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလ (၈) ရက္ေန႔၌လည္း တိုက္ပြဲျဖစ္ပြားျခင္းမရွိဘဲ ျမန္မာဖက္ဆစ္နယ္ခ်ဲ႕ အၾကမ္းဖက္စစ္တပ္မွ လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္မႈေၾကာင္း ေျမပုံၿမိဳ႕နယ္၊ ေညာင္ကန္ေက်း႐ြာတြင္းသို႔ က်ေရာက္ေပါက္ကြဲကာ ေက်ာင္းဆရာမ မိုးသဇင္ (၂၉ ႏွစ္) ႏွင့္ ၎၏ သမီးျဖစ္သူ မသူသူဟိန္း (၅) ႏွစ္တို႔ အပါအဝင္ အျပစ္မဲ့အရပ္သား (၄) ဦး ေသဆုံးကာ ၊ (၈) ဦးဒဏ္ရာရရွိခဲ့ေသာျဖစ္ရပ္ရွိခဲ့သည္။ ေသဆုံးသူ ေက်ာင္းဆရာမသည္ ကိုယ္ဝန္သည္တစ္ဦးလည္းျဖစ္သည္။ ထို႔အျပင္ ဖက္ဆစ္နယ္ခ်ဲ႕စစ္တပ္သည္ ပညာေရးဌာနမွ ေက်ာင္းဆရာမ်ားကို အေၾကာင္းအမ်ိဳးမ်ိဳးျပကာ ဖမ္းဆီးျခင္းမ်ားကိုျပဳလုပ္ေနခဲ့သည္။ ျမန္မာႏိုင္ငံ ေက်ာင္းဆရာ၊ ဆရာမမ်ားအသင္းမွ အဆိုပါကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ မည္သည့္ထုတ္ျပန္ခ်က္မွ် ထုတ္ျပန္သည္ကိုမေတြ႕ရေခ်။ ေက်ာင္းဆရာ၊ ဆရာမမ်ားကိုပါ ဦးတည္သတ္ျဖတ္ေနေသာ စစ္ရာဇဝတ္ေကာင္မ်ား၏လုပ္ရပ္ကို ျပင္းထန္စြာရႈတ္ခ်သည္။ ရခိုင့္အနာဂတ္မ်ိဳးဆက္ႏွင့္ ရခိုင္လူမ်ိဳးမ်ားကို ဦးတည္သတ္ျဖတ္ေနေသာ ဖက္ဆစ္နယ္ခ်ဲ႕စစ္ရာဇဝတ္ေကာင္မ်ားကို ရခိုင္ျပည္သူလူထုတစ္ရပ္လုံးမွ စက္ဆုတ္႐ြံရွာၿပီး ရခိုင္ျပည္အတြင္းမွ အျမန္ဆုံးထြက္ခြာရန္လိုလားလ်က္ရွိၾကသည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္ မြန်မာဖက်ဆစ်နယ်ချဲ့အကြမ်းဖက်တပ်မတော်မှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်သောကြောင့် လယ်ကွင်း၌ရှိနေသော အပြစ်မဲ့ လူငယ် ကျောင်းဆရာတစ်ဦးသေဆုံး (အောက်တိုဘာလ (၂၄) ရက်နေ့ ထုတ်ပြန်သည်) ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့ နေ့လယ် (၁၁) နာရီ (၅၀) မိနစ်ခန့်အချိန်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင် အခြေစိုက် ခမရ (၅၃၇) တပ်ရင်းမှ ပစ်ခတ်တိုက်ခိုက်သော လက်နက်ကြီးကျည် ထိမှန်၍ ရသေ့တောင်မြို့နယ်၊ ရွာသစ်ကေကျေးရွာမှ အသက် (၂၁) နှစ် အရွယ်မူလတန်းပြ ကျောင်းဆရာတစ်ဦးဖြစ်သူ မောင်မျိုးဆက်နိုင်ဦး (ခေါ်) မောင်မောင်ဦး (၂၁-နှစ်) မှာ လက်နက်ကြီးကျည်ဆံထိမှန်မှုကြောင့် ဦးခေါင်း၊ မျက်နှာတွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ကျောင်းဆရာသည် လယ်ကွင်းထဲ၌ နွားများကို ရေတိုက်ရန်အသွားတွင် လက်နက်ကြီးစထိမှန် ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်ကာလ၌ အဆိုပါပတ်ဝန်းကျင်၌ တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်းမရှိချေ။ ကျောင်းဆရာသည် ရသေ့တောင်မှ စစ်တွေဆေးရုံသို့ပို့ဆောင်ရန်အသွား လမ်း၌သေဆုံးသွားခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၈) ရက်နေ့၌လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြန်မာဖက်ဆစ်နယ်ချဲ့ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင်း မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲကာ ကျောင်းဆရာမ မိုးသဇင် (၂၉ နှစ်) နှင့် ၎င်း၏ သမီးဖြစ်သူ မသူသူဟိန်း (၅) နှစ်တို့ အပါအဝင် အပြစ်မဲ့အရပ်သား (၄) ဦး သေဆုံးကာ ၊ (၈) ဦးဒဏ်ရာရရှိခဲ့သောဖြစ်ရပ်ရှိခဲ့သည်။ သေဆုံးသူ ကျောင်းဆရာမသည် ကိုယ်ဝန်သည်တစ်ဦးလည်းဖြစ်သည်။ ထို့အပြင် ဖက်ဆစ်နယ်ချဲ့စစ်တပ်သည် ပညာရေးဌာနမှ ကျောင်းဆရာများကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခြင်းများကိုပြုလုပ်နေခဲ့သည်။ မြန်မာနိုင်ငံ ကျောင်းဆရာ၊ ဆရာမများအသင်းမှ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ မည်သည့်ထုတ်ပြန်ချက်မျှ ထုတ်ပြန်သည်ကိုမတွေ့ရချေ။ ကျောင်းဆရာ၊ ဆရာမများကိုပါ ဦးတည်သတ်ဖြတ်နေသော စစ်ရာဇဝတ်ကောင်များ၏လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချသည်။ ရခိုင့်အနာဂတ်မျိုးဆက်နှင့် ရခိုင်လူမျိုးများကို ဦးတည်သတ်ဖြတ်နေသော ဖက်ဆစ်နယ်ချဲ့စစ်ရာဇဝတ်ကောင်များကို ရခိုင်ပြည်သူလူထုတစ်ရပ်လုံးမှ စက်ဆုတ်ရွံရှာပြီး ရခိုင်ပြည်အတွင်းမှ အမြန်ဆုံးထွက်ခွာရန်လိုလားလျက်ရှိကြသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်

ျမန္မာဖက္ဆစ္နယ္ခ်ဲ႕တပ္မေတာ္မွလက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ေသာေၾကာင့္ေက်ာင္းဆရာတစ္ဦးေသဆုံး
bottom of page