top of page

တိုက်ပွဲသတင်းထုတ်ပြန်ချက်

တိုက်ပွဲသတင်းထုတ်ပြန်ချက် (နောက်ဆက်တွဲ တိုက်ပွဲသတင်းများ) ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၇) ရက် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂/၃) ရက်နေ့တို့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ် (၂၂၇) ပွိုင့်ကုန်း၏ ကာကင်းစခန်းကုန်းနှစ်ခုအား အာရက္ခတပ်တော်မှ သိမ်းပိုက်ရယူနိုင်ခဲ့သည်။ အဆိုပါပွိုင့်ကုန်းစခန်းများမှ ကစဉ့်ကလျား ထွက်ပြေးနေကြသော ရန်သူများကို မိမိတို့မှ လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့တွင် ထွက်ပြေးနေသော ရန်သူများနှင့် မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့လက်နက်ခဲယမ်းအချို့၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့် ရန်သူ့အလောင်းအချို့တို့ကို ထပ်မံသိမ်းဆည်းရရှိခဲ့သည်။ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် မိမိတို့သိမ်းပိုက်ထားသောကုန်းများ နှင့် တိုက်ပွဲဖြစ်ပွားရာနေရာတို့အား ဂျက်ဖိုက်တာများဖြင့် အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခြင်း၊ ဒရုန်းများဖြင့်တိုက်ခိုက်ခြင်း၊ အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို ဆက်တိုက်ပြုလုပ်နေခဲ့သည်။ တိုက်ပွဲနောက်ဆက်တွဲသတင်းများရှိပါက ဆက်လက်တင်ပေးသွားပါမည်။ သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်

တိုက်ပွဲသတင်းထုတ်ပြန်ချက်
  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page