top of page

My Items

I'm a title. ​Click here to edit me.

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်၊ ဂွမြို့နယ်အား လေကြောင��်းမှ ထပ်မံ အကြမ်းဖက် တိုက်ခိုက်

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်၊ ဂွမြို့နယ်အား လေကြောင်းမှ ထပ်မံ အကြမ်းဖက် တိုက်ခိုက်

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်၊ ဂွမြို့နယ်အား လေကြောင်းမှ ထပ်မံ အကြမ်းဖက် တိုက်ခိုက် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက် ယခုရက်များအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် အာရက္ခပြည်၊ ဂွမြို့နယ် ရှိ အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို လေကြောင်းမှ ဗုံးကြဲခြင်း၊ ရေကြောင်းမှ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် အကြမ်းဖက် ပစ်ခတ်မှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်ခန့်တွင် အာရက္ခပြည်၊ ဂွမြို့နယ်၊ ပေါက်တူးကျေးရွာနှင့် ဓနိအုပ်စု၊ ကုလားချောင်းကျေးရွာတို့ရှိ စာသင်ကျောင်းနှင့် အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းမှ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂွမြို့နယ်၊ ပေါက်တူးကျေးရွာမှ စာသင်ကျောင်းနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။ ထို့အပြင် ဓနိအုပ်စု၊ ကုလားချောင်းကျေးရွာမှ အပြစ်မဲ့ပြည်သူများဖြစ်သည့် မောင်ဖိုးသားလေး (၃ နှစ်)၊ ဦးညွန့်မောင် (၅၄ နှစ်)၊ ဒေါ်မမလေး (၅၃ နှစ်)နှင့် ဦးအောင်သူဖြိုး (၃၀ နှစ်) တို့ (၄) ဦးသေဆုံးခဲ့ပြီး ဒေါ်သန်းမြ (၆၃ နှစ်) နှင့် မဝါဆိုမိုး (၁၇ နှစ်) တို့ (၂) ဦးမှာလည်း ဗုံးစထိမှန်၍ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည်။ အာရက္ခပြည်တွင် ယခုရက်များအတွင်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကျေးရွာအချို့ နေအိမ်များပျက်စီးခြင်း၊ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး နှင့် မင်းပြားမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခြင်း စသည့် သဘာဝဘေးအန္တရာယ်နှင့်ရင်ဆိုင်နေရသော ရေဘေးဒဏ်သင့်ပြည်သူများအား အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေရချိန်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် အပြစ်မဲ့ပြည်သူများကို လူသားချင်းစာနာခြင်းကင်းမဲ့စွာဖြင့် ယခုကဲ့သို့ ထပ်မံ၍အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်းနေခြင်းအပေါ် မိမိတို့ ULA/AA အနေဖြင့် ကောင်းစွာ မှတ်တမ်းတင်ထားပြီး ပြင်းထန်စွာရှုတ်ချပါသည်။ ဓာတ်ပုံ- ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်ခန့်တွင် အာရက္ခပြည်၊ ဂွမြို့နယ်၊ ပေါက်တူးကျေးရွာနှင့် ဓနိအုပ်စု၊ ကုလားချောင်းကျေးရွာတို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အပြစ်မဲ့ အရပ်သားပြည်သူများနှင့် စာသင်ကျောင်း၊ နေအိမ်ပျက်စီးမှု မှတ်တမ်းဓာတ်ပုံအချို့ သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်၊ ဂွကမ်းခြေတစ်လျှောက်ရှိ အရပ်သားပြည်သူများရှိရာနေရာများသို့ စစ်သင်္ဘော (၄) စီးပေါ်မှ ရမ်းသန်းပစ်ခတ်

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်၊ ဂွကမ်းခြေတစ်လျှောက်ရှိ အရပ်သားပြည်သူများရှိရာနေရာများသို့ စစ်သင်္ဘော (၄) စီးပေါ်မှ ရမ်းသန်းပစ်ခတ်

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်၊ ဂွကမ်းခြေတစ်လျှောက်ရှိ အရပ်သားပြည်သူများရှိရာနေရာများသို့ စစ်သင်္ဘော (၄) စီးပေါ်မှ ရမ်းသန်းပစ်ခတ် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၈) ရက် ရက္ခိုင်-ဧရာဝတီ အစပ် တိုက်ပွဲများတွင် စခန်းကုန်းများ တစ်ခုပြီးတစ်ခု လက်လွှတ်ရခြင်း၊ အထိအခိုက်အကျအဆုံးများနှင့် နေ့စဉ်ရက်ဆက်ရင်ဆိုင်နေရသော ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ဂွမြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများ နေထိုင်ရာ နေရာများကို လေကြောင်းမှ ဂျက်ဖိုက်တာများဖြင့် လာရောက်ဗုံးကြဲခြင်း၊ ရေကြောင်းမှ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို တောက်လျှောက်ပြုလုပ်ကာ အကြမ်းဖက်မှုများကိုကျူးလွန်ခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့တွင် နံနက် (၇) နာရီ (၄) မိနစ်ခန့်အချိန်မှစ၍ နေ့လယ် (၁၂) နာရီ (၄၅) မိနစ်အချိန်အထိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ဂွကမ်းခြေ နှင့် ဧရာဝတီတိုင်း ဘောမိကမ်းခြေ တစ်လျှောက်ကို စစ်သင်္ဘော (၄) စီးပေါ်မှ မရပ်မနား အစုန်အဆန် လှည့်ပတ်ပြီး လက်နက်ကြီး အကြိမ်အရေအတွက် (၈၇) ကြိမ်ခန့် ရမ်းသန်းပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်နက်ကြီးကျည်အချို့ မှာ အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ်များသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ အဆိုပါပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဂွမြို့နယ်၊ ကျိန္တလီမြို့ အမှတ် (၃) ရပ်ကွက်မှ ဒေါ်မထား (၄၅ နှစ်)၊ ဒေါ်သန်းမေ (၇၄ နှစ်)၊ မရတနာထွန်း (၅ နှစ်)၊ ဦးညိုထွန်း (၄၈ နှစ်)၊ မသင်းသီရိထွန်း (၁၇ နှစ်) နှင့် ဒေါ်မိဝိုင်း (၅၀ နှစ်) တို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြပြီး နေအိမ်များလည်း ပျက်စီး ဆုံးရှုံးခဲ့ရသည်။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့၊ ည (၁၀) နာရီကျော်နှင့် (၁၁) နာရီခွဲ ခန့်အချိန်တို့တွင်လည်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂွမြို့နယ်အား ဂျက်ဖိုက်တာ (၂) စီးဖြင့် နှစ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည်။ ဓာတ်ပုံ-၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူများနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့မှု မှတ်တမ်းဓာတ်ပုံအချို့ သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်

တိုက်ပွဲသတင်းထုတ်ပြန်ချက်

တိုက်ပွဲသတင်းထုတ်ပြန်ချက်

တိုက်ပွဲသတင်းထုတ်ပြန်ချက် (နောက်ဆက်တွဲ တိုက်ပွဲသတင်းများ) ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၇) ရက် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂/၃) ရက်နေ့တို့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ် (၂၂၇) ပွိုင့်ကုန်း၏ ကာကင်းစခန်းကုန်းနှစ်ခုအား အာရက္ခတပ်တော်မှ သိမ်းပိုက်ရယူနိုင်ခဲ့သည်။ အဆိုပါပွိုင့်ကုန်းစခန်းများမှ ကစဉ့်ကလျား ထွက်ပြေးနေကြသော ရန်သူများကို မိမိတို့မှ လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့တွင် ထွက်ပြေးနေသော ရန်သူများနှင့် မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့လက်နက်ခဲယမ်းအချို့၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့် ရန်သူ့အလောင်းအချို့တို့ကို ထပ်မံသိမ်းဆည်းရရှိခဲ့သည်။ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် မိမိတို့သိမ်းပိုက်ထားသောကုန်းများ နှင့် တိုက်ပွဲဖြစ်ပွားရာနေရာတို့အား ဂျက်ဖိုက်တာများဖြင့် အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခြင်း၊ ဒရုန်းများဖြင့်တိုက်ခိုက်ခြင်း၊ အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို ဆက်တိုက်ပြုလုပ်နေခဲ့သည်။ တိုက်ပွဲနောက်ဆက်တွဲသတင်းများရှိပါက ဆက်လက်တင်ပေးသွားပါမည်။ သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်

ရက္ခိုင်-ဧရာဝတီ အစပ်ရှိ ရန်သူ့စခန်းကုန်းနှစ်ခုအား အာရက္ခတပ်တော်မှ ထပ်မံသိမ်းပိုက်ရရှိ

ရက္ခိုင်-ဧရာဝတီ အစပ်ရှိ ရန်သူ့စခန်းကုန်းနှစ်ခုအား အာရက္ခတပ်တော်မှ ထပ်မံသိမ်းပိုက်ရရှိ

ရက္ခိုင်-ဧရာဝတီ အစပ်ရှိ ရန်သူ့စခန်းကုန်းနှစ်ခုအား အာရက္ခတပ်တော်မှ ထပ်မံသိမ်းပိုက်ရရှိ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၄) ရက် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၇/၁၉/၂၁) ရက်နေ့များတွင် ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ ပွိုင့် (၂၈၈)၊ ပွိုင့် (၁၈၈) နှင့် ပွိုင့် (၁၄၈) ကုန်းတို့အား အာရက္ခတပ်တော်မှ ဆက်တိုက် သိမ်းပိုက်ရယူခဲ့ပြီးနောက်ပိုင်းတွင်လည်း တိုက်ပွဲများမှာ အဆိုပါပတ်ဝန်းကျင်များ၌ နေ့စဉ်ရက်ဆက်ဖြစ်ပွားလျက်ရှိနေခဲ့သည်။ ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်သည် အဆိုပါ ပွိုင့်ကုန်းများကို ပြန်လည်ရယူနိုင်ရန်အတွက် စစ်အင်အားများကို ထပ်မံဖြည့်တင်းကာ ထိုးစစ်များကို မရပ်မနားပြုလုပ်လာခဲ့သည်။ ရန်သူသည် (၃၄၄) အမြောက်တပ်သို့ ပုသိမ်အခြေစိုက်တပ်ရင်းများမှ ထပ်မံ အင်အားဖြည့်တင်းနေသည့်နည်းတူ လေးမျက်နှာဘက်တွင်လည်း အင်အားဖြည့်တင်းလျက်ရှိသည်။ ထို့အပြင် ပုသိမ်-မုံရွာလမ်းပိုင်းစိုးမိုးရေးကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိပြီး အဆိုပါလမ်းတစ်လျှောက်၌ တပ်ဖြန့်နေရာယူခြင်းတို့ကို စစ်အင်အားအများအပြားသုံးကာ ပြုလုပ်လျက်ရှိသည်။ အကြမ်းဖက် စစ်ကော်မရှင်တပ်သည် မိမိတို့နှင့်စစ်ဆိုင်ထားသောနေရာများအား အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ အသေခံဒရုန်းများဖြင့် တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလျက်ရှိသောကြောင့် တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့သည်။ အာရက္ခတပ်တော်သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂/၃) ရက်နေ့တို့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ် (၂၂၇) ပွိုင့်ကုန်း၏ ကာကင်းစခန်းကုန်းနှစ်ခုအား ရန်သူ၏ ထိုးစစ်ဆင်တိုက်ခိုက်နေသည့်ကြားမှ ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ (၂၂၇) ပွိုင့်ကုန်း၏ အနောက်ဘက် (၁.၁) ကီလိုမီတာခန့်အကွာ၌ တပ်စွဲထားသော ပထမကာကင်းကုန်းနေရာအားလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ (၂၂၇) ပွိုင့်ကုန်းမှ (၁) ကီလိုမီတာခန့်အကွာအဝေးရှိ ဒုတိယကာကင်းကုန်း(တာဝါတိုင်စခန်းကုန်း)တို့အား မိမိတို့မှ တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ရယူနိုင်ခဲ့သည်။ အဆိုပါ ကာကင်းစခန်းကုန်းသိမ်းတိုက်ပွဲများအတွင်းမှ ရန်သူ့အလောင်းအချို့နှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းပိုက်ရရှိခဲ့သည်။အထိအခိုက်၊ အကျအဆုံးများစွာဖြင့် ပွိုင့် (၂၂၇) ကုန်းသို့ ကစဉ့်ကလျား ထွက်ပြေးနေသော တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀၈) တပ်ရင်းမှ ရန်သူများကို မိမိတို့မှ လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသည်။ ဓာတ်ပုံ- ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂/၃) ရက်နေ့တို့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ် (၂၂၇) ပွိုင့်ကုန်း၏ ကာကင်းစခန်းကုန်းနှစ်ခုအား တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် ရန်သူ့အလောင်းအချို့ သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်

တိုက်ပွဲသတင်းထုတ်ပြန်ချက်

တိုက်ပွဲသတင်းထုတ်ပြန်ချက်

တိုက်ပွဲသတင်းထုတ်ပြန်ချက် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင် နှင့် အာရက္ခတပ်တော်တို့ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများအနက် ရက္ခိုင်-ဧရာဝတီအစပ်၌ တိုက်ပွဲများသည် ပိုမိုပြင်းထန်နေခဲ့သည်။ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်သည် အာရက္ခဒေသ​၏ ဂွမြို့နယ်အတွင်းသို့ ဝင်ရောက်နိုင်ရန် လေကြောင်းမှ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေပြီး ကုန်းလမ်း၊ ရေလမ်းတို့မှလည်း နည်းအမျိုးမျိုးဖြင့် ထိုးဖောက်ရန် ကြိုးစားလျက်ရှိသောကြောင့် ရက္ခိုင်-ဧရာဝတီ အစပ် နေရာများ၌ တိုက်ပွဲများ နေ့စဉ်ရက်ဆက် ပြင်းထန်နေရခြင်းဖြစ်သည်။ ရန်သူသည် (၃၄၄) အမြောက်တပ်နှင့် ပုသိမ်အခြေစိုက် တပ်ရင်းများမှ ထုတ်နုတ်အင်အား (၄၀၀) ကျော်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။ ဤသို့ထိုးစစ်မှာ ယခုတစ်ကြိမ်မဟုတ်ဘဲ ကြိမ်ဖန်များစွာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ အာရက္ခတပ်တော်သည် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်​၏ ထိုးစစ်တိုင်းကို အကောင်းဆုံး ခုခံစစ်များနှင့်အတူ တန်ပြန်တိုက်စစ်ဆင် တိုက်ခိုက်ခဲ့သောကြောင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်းနှင့် ပွိုင့် (၁၄၈) ကုန်းတို့ကို တစ်ခုပြီးတစ်ခု ဆက်တိုက် သိမ်းပိုက်ရရှိခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့တွင် ပွိုင့် (၂၈၈) ကုန်းအားလည်းကောင်း၊၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် ပွိုင့် (၁၈၈) ကုန်းကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့တွင် ပွိုင့် (၁၄၈) ကုန်းတို့ကိုလည်းကောင်း အသီးသီး သိမ်းပိုက်ရရှိခဲ့သည်။ အဆိုပါသိမ်းပိုက်ရရှိသော ပွိုင့်သိမ်းတိုက်ပွဲအတွင်း ရန်သူ့အလောင်းအချို့နှင့် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းအများပြား သိမ်းဆည်းရမိခဲ့သည်။ တစ်ပြိုင်နက်တည်းတွင် စစ်တွေ၊ ကျောက်ဖြူမြို့ ပတ်ဝန်းကျင်၊ ရက္ခိုင်-မကွေးအစပ်၊ ရက္ခိုင်-ပဲခူးအစပ်၊ ရက္ခိုင်နှင့်ထိစပ်နေသော ချင်းပြည်၏ မင်းတပ်နှင့် ကန်ပက်လက်မြို့ အစပ်နေရာများ နှင့် အာရက္ခတပ်တော် လှုပ်ရှားရာနေရာအနှံ့၌လည်း ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်​၏ လူလှိုင်းအသုံးပြု ထိုးစစ်များကြောင့် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။ ဓာတ်ပုံ- ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်းနှင့် ပွိုင့် (၁၄၈) ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် ရန်သူ့အလောင်းအချို့ သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်

ကျောက်တော်မြို့၊ ဂွမြို့ နှင့် ကျိန္တလီမြို့တို့အား အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံး ဒဏ်ရာရရှိခြင်းများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

ကျောက်တော်မြို့၊ ဂွမြို့ နှင့် ကျိန္တလီမြို့တို့အား အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံး ဒဏ်ရာရရှိခြင်းများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

ကျောက်တော်မြို့၊ ဂွမြို့ နှင့် ကျိန္တလီမြို့တို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားများသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၈) ရက် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့၊ ညနေ (၃) နာရီအချိန်ခန့်မှစ၍ အာရက္ခပြည်၊ ကျောက်တော်မြို့ပေါ်ရှိ အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်များ နှင့် လမ်းမတော်ကျေးရွာ ဈေးဆိုင်တန်း ကျောက်ကွင်းအနီးတစ်ဝိုက်ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ (၄) စီးဖြင့် တစ်နာရီနီးပါးကြာ နှစ်ကြိမ်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့၊ ညနေ (၃) နာရီအချိန်ခန့်မှစ၍ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ပထမအကြိမ် ဂျက်ဖိုက်တာ (၂) စီးဖြင့် ကျောက်တော်မြို့ပေါ်ရှိ ပိုက်သည်ရပ်ကွက်၊ ရွာမရပ်ကွက်၊ ကတ-၃ လမ်းမ အပါအဝင် စုစုပေါင်း အရပ်သားပြည်သူများနေထိုင်သည့် နေရာ (၅) ခုကို Rocket သီး (၁၃) လုံး နှင့် ပေါင် (၅၀၀) ဗုံး (၃) လုံးဖြင့် အသုံးပြုတိုက်ခိုက်ခဲ့သည်။ ဒုတိယအကြိမ်တွင်လည်း ဂျက်ဖိုက်တာ (၂) စီးဖြင့် ကျောက်တော်မြို့၊ လမ်းမတော်ကျေးရွာ ဈေးဆိုင်တန်း ကျောက်ကွင်းအနီးတစ်ဝိုက် ကို ပေါင် (၅၀၀) ဗုံး (၄) လုံး၊ ပေါင် (၃၀၀) ဗုံး (၁) လုံး နှင့် Rocket သီး (၂) လုံးဖြင့် အသုံးပြုတိုက်ခိုက်ခဲ့သည်။ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ တစ်နာရီနီးပါးကြာသည့် ၎င်းလေကြောင်းတိုက်ခိုက်မှုအတွင်း (၄) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၈) ဦးသေဆုံးခဲ့ပြီး (၁၉) ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လူနေအိမ်များ၊ ဈေးဆိုင်ခန်းများအပါအဝင် အဆောက်အအုံ (၃၀) ခန့် မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ရသည်။ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့၊ ည (၁၂) နာရီအချိန်ခန့်တွင်လည်း ဂွမြို့နယ်၊ အမှတ် (၁၁) တိုက်နယ်၊ ကျောက်ချွန်ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် စာသင်ကျောင်းဆောင်များနှင့် အနီးအနားမှ ပြည်သူတို့၏ နေအိမ်အချို့ပျက်စီးခဲ့ပြီး နွားတစ်ကောင်သေဆုံးကာ အခြားနွားတစ်ကောင်မှာ ဒဏ်ရာရရှိခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့၊ ည (၇) နာရီ (၁၅) မိနစ် အချိန်ခန့်တွင်လည်း ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ရမ္မာကျွန်းကျေးရွာကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၂) ဦးသေဆုံးခဲ့ကာ (၄) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး လူနေအိမ်အချို့ ပျက်စီးသွားခဲ့ရသည်။ ထို့အပြင် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့၊ ညနေ (၃) နာရီ (၂၀) မိနစ် အချိန်ခန့်တွင် ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ အမှတ် (၄) ရပ်ကွက်၊ တောလယ်ရပ် အရှေ့ဘက်ရှိ ရေနံတူးရာအနီးတစ်ဝိုက်သို့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အသေခံဒရုန်း (၂) စီးဖြင့် တိုက်ခိုက်ခဲ့သောကြောင့် နွား (၂) ကောင်သေဆုံးသွားခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့၊ ည (၁၁) နာရီခွဲ အချိန်ခန့်တွင်လည်း ကျောက်ဖြူမြို့နယ်၊ အမှတ် (၄) တိုက်နယ်၊ ကုလားတွင်းကျေးရွာ နှင့် ဘယာကျေးရွာတို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ Y12 လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ၎င်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် ပြည်သူများ၏ နေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ပြီး နွား (၃) ကောင် သေဆုံးခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့တွင်လည်း ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း ရေကြောင်းမှ ခရီးသွားပြည်သူများကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ စစ်သင်္ဘောများပေါ်မှ စက်သေနတ်များဖြင့် လှမ်းပစ်၍ ခရီးသွားပြည်သူအချို့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ၎င်းသံဇစ်မြစ်အတွင်းမှာပင် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့၊ ညနေ (၅) နာရီအချိန်တွင် မင်းပြားမြို့မှ ရမ်းဗြဲမြို့သို့ ကုန်ပစ္စည်းများဝယ်၍ ပြန်လာသော မော်တော်ဘုတ်တစ်စီးအား အကြမ်းဖက် စစ်ကော်မရှင်တပ်၏ စစ်သင်္ဘောမှ ဖမ်းဆီးခဲ့ပြီး ၎င်းမော်တော်ဘုတ်၌ လိုက်ပါလာသည့် ကုန်သည်နှင့် လုပ်သား စုစုပေါင်း (၁၄) ဦးကို အကြောင်းမဲ့ ဖမ်းဆီးမှုများရှိခဲ့သည်။ ဓာတ်ပုံ - ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့တွင် အာရက္ခပြည်၊ ကျောက်တော်မြို့ပေါ်ရှိ အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်များ နှင့် လမ်းမတော်ကျေးရွာ ဈေးဆိုင်တန်း ကျောက်ကွင်းအနီးတစ်ဝိုက်ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသွားသည့် အပြစ်မဲ့ အရပ်သား ပြည်သူများ သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်

ကရင်နီအမျိုးသားကာကွယ်ရေးတပ်(Karenni Nationalities Defense Force - KNDF)ဖွဲ့စည်းထူထောင်ခြင်း(၅)နှစ်ပြည့်နေ့အခမ်းအနားသို့ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) မှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ကရင်နီအမျိုးသားကာကွယ်ရေးတပ်(Karenni Nationalities Defense Force - KNDF)ဖွဲ့စည်းထူထောင်ခြင်း(၅)နှစ်ပြည့်နေ့အခမ်းအနားသို့ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) မှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (Karenni Nationalities Defense Force - KNDF) ဖွဲ့စည်းထူထောင်ခြင်း (၅) နှစ်ပြည့်နေ့အခမ်းအနားသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) မှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ ၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် (၁) ရက် ၂၀၂၆ ခုနှစ်၊ မေလ (၃၁) ရက်

အာရက္ခတပြည်လုံးဟိ မြို့ပြစည်ပင်သာယာရီးနန့် စနစ်တကျတိုးတက်ဖွံ့ဖြိုးရီးဆိုင်ရာ ထုတ်ပြန်ကြေညာချက်

အာရက္ခတပြည်လုံးဟိ မြို့ပြစည်ပင်သာယာရီးနန့် စနစ်တကျတိုးတက်ဖွံ့ဖြိုးရီးဆိုင်ရာ ထုတ်ပြန်ကြေညာချက်

အာရက္ခတပြည်လုံးဟိ မြို့ပြစည်ပင်သာယာရီးနန့် စနစ်တကျတိုးတက်ဖွံ့ဖြိုးရီးဆိုင်ရာ ထုတ်ပြန်ကြေညာချက် ၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း (၁၄) ရက် ၂၀၂၆ ခုနှစ်၊ မေလ (၂၉) ရက်

Announcement

Announcement

Announcement May 26, 2026

ထုတ်ပြန်ကြေညာချက်

ထုတ်ပြန်ကြေညာချက်

ထုတ်ပြန်ကြေညာချက် ၁၃၈၈ ခုနှစ်၊ နယုန်လဆန်း (၁၁) ရက် ၂၀၂၆ ခုနှစ်၊ မေလ (၂၆) ရက်

Violence Against Civilians by Islamist Armed Groups in Northern Arakan: In-Depth Analysis

Violence Against Civilians by Islamist Armed Groups in Northern Arakan: In-Depth Analysis

(November 2023 to January 2026) The Arakan region (Rakhine State) has long suffered from demographic changes, colonial legacies, and violence fueled by extremist ideologies and armed conflicts. Historically, northern Arakan was predominantly inhabited by indigenous communities, the Arakanese (Rakhine), as well as minority groups such as the Mro, Thet, Khumei, and Daingnet. A Muslim presence existed in the pre-colonial period, though on a relatively smaller scale. During British colonial rule (1824–1948), large-scale labor migration from the Chittagong region of British India was facilitated to support agricultural expansion. This colonial-era migration significantly altered the demographic, religious, and socioeconomic composition of northern Arakan, contributing over time to intercommunal tensions between established indigenous communities and newly settled populations. https://drive.google.com/file/d/1E6VX8cWrh8CAK3bnoiKVC7GumtlEuT6_/view?usp=share_link

ဝမ်းနည်းကြောင်း သဝဏ်လွှာ ပီးပို့ခြင်း

ဝမ်းနည်းကြောင်း သဝဏ်လွှာ ပီးပို့ခြင်း

ဝမ်းနည်းကြောင်း သဝဏ်လွှာ ပီးပို့ခြင်း ၁၃၈၈ ခုနှစ်၊ ဒုတိယတာကူးလပြည့်ကျော် (၁၃) ရက် ၂၀၂၆ ခုနှစ်၊ မေလ (၁၃) ရက်

  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page