top of page

သံတွဲမြို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ယနေ့တွင်လည်း ထပ်မံဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၁၀) ဦးအထက်သေဆုံးကာ (၈) ဦး ဒဏ်ရာရ

  • 1 day ago
  • 1 min read

သံတွဲမြို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ယနေ့တွင်လည်း ထပ်မံဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၁၀) ဦးအထက်သေဆုံးကာ (၈) ဦး ဒဏ်ရာရ

 

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်

 

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်၊ ယနေ့ နေ့လယ် (၁) နာရီအချိန့်မှစတင်၍ အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ (၁) စီးဖြင့် မိနစ် (၂၀) ခန့်ကြာ လှည့်ပတ်ပြီး ပေါင် (၃၀၀) ဟု ယူဆရသည့် ဖျက်အားပြင်းဗုံးသီး (၃) လုံးကို ကြဲချပြီး ထပ်မံ အကြမ်းဖက် တိုက်ခိုက်ခဲ့သည်။ 

 

အဆိုပါဗုံးသီးများမှာ ကျောက်ကြီးကျေးရွာ ဓမ္မရောင်ခြည်ဘုန်းကြီးကျောင်း အနီးပတ်ဝန်းကျင်များသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံပြည်သူ (၁၀) ဦးအထက် အစုလိုက်အပြုံလိုက် ထပ်မံသေဆုံးခဲ့ပြီး (၈) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ကနဦးသတင်းများအရ သိရှိရသည်။ ထို့ပြင် အခြားသော အပြစ်အဲ့အရပ်သားပြည်သူ (၂) ဦးမှာလည်း ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ထို့အတူ အဆိုပါလေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း ၄င်းပတ်ဝန်းကျင်မှ ဒေသခံ အပြစ်မဲ့ အရပ်သားပြည်သူများ၏ နေအိမ်အဆောက်အအုံ (၂၀) ခန့်မှာလည်း လုံးဝနီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။ 

 

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၃) ရက်နေ့တွင်လည်း သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော (၉) ရပ်ကွက်ရှိ အပြစ်မဲ့ပြည်သူများနေထိုင်ရာ နေရာများကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ တိုက်လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးအလုံးရေ (၆၀) နီးပါး ကြဲချတိုက်ခိုက်ခဲ့သေးသည်။

 

ထို့အပြင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ၊ (၂၃) ၊ (၂၄)၊ (၂၇)၊ (၃၁) ရက်နေ့တို့တွင်လည်း သံတွဲမြို့နယ်၊ ကျေးရွာများရှိ အပြစ်မဲ့ပြည်သူများနေထိုင်ရာ နေရာများကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ နေ့ရော ညပါ ဂျက်တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရရှိမှု အများအပြားရှိခဲ့ပြီး လူနေအိမ်နှင့် အဆောက်အအုံ အများအပြား ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။

 

ထို့ကြောင့် အာရက္ခ မိဘပြည်သူများအနေဖြင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်း နှင့် ရေကြောင်း ရန်တို့ကို ယခင်ကထက် ပိုမိုဂရုစိုက်ကြပါရန် ထပ်မံအသိပေး တိုက်တွန်းအပ်ပါသည်။

 

ယနေ့ နေ့လယ်က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာအား လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုစာရင်း အသေးစိတ်ကို ထပ်မံထုတ်ပြန်ပေးသွားပါမည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

 


 
 
 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page