top of page

ျမန္မာ့တပ္မေတာ္၏ တစ္ဖက္သတ္စြပ္စြဲခ်က္မ်ားမွာ ဟုတ္မွန္မႈမရွိေၾကာင္း ျငင္းဆိုသည့္ ထုတ္ျပန္ေၾကညာခ်က္


အမှတ် (၂၄/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ကဆုန်လဆန်း (၁၀) ရက်

၂၀၂၀ ပြည့်နှစ်၊ မေလ (၁) ရက်


WFP မှ ဆန်အိတ်များကိုသယ်ဆောင်လာသော ကုန်တင်ယာဉ်များနှင့်ဆက်စပ်ပတ်သက်၍ မိမိတို့အဖွဲ့အစည်းအပေါ်

စစ်ရာဇဝတ်တပ်ဖွဲ့ဖြစ်သော မြန်မာ့တပ်မတော်၏ တစ်ဖက်သတ်စွပ်စွဲချက်များမှာ ဟုတ်မှန်မှုမရှိကြောင်း ငြင်းဆိုသည့် ထုတ်ပြန်ကြေညာချက်






“ပလက်ဝဒေသအတွင်းရှိ စစ်ဘေးရှောင်နှင့် ဒေသခံပြည်သူလူထုများအတွက် WFP မှထောက်ပံ့သော ဆန်အိတ်များနှင့် အခြားအဖွဲ့အစည်းများ၏ ထောက်ပံ့သောပစ္စည်းများကို သယ်ဆောင်လာသည့် ကုန်တင်ယာဉ် များအား ရက္ခိုင့်တပ်တော်မှ နှောင့်ယှက်ပစ်ခတ်သည်” ဟူသော ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၃၀) ရက်နေ့၌ ဗမာလူမျိုးရေးအစွန်းရောက် စစ်ရာဇဝတ်ကောင်များမှ တစ်ဖက်သတ်ထုတ်ပြန်စွပ်စွဲထားသည့်သတင်းမှာ မိမိတို့အဖွဲ့အစည်းအပေါ် နိုင်ငံရေးအရထိုးနှက်တိုက်ခိုက်သည့် သတင်းအမှားသာဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၉) ရက်နေ့တွင်ဖြစ်ပျက်ခဲ့သော အဆိုပါအဖြစ်အပျက်မှာ မိမိတို့အဖွဲ့အစည်းနှင့် လုံးဝသက်ဆိုင်ခြင်းမရှိဘဲ မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်တို့မှ အခြေအနေပိုမိုရှုပ်ထွေးစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးလုပ်ကြံကြသည့် နိုင်ငံရေးညစ်လုံးတစ်ခုလည်းဖြစ်ပါသည်။ ဤကဲ့သို့သော တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် မိမိတို့အဖွဲ့အစည်းအပေါ် အပြစ်ပုံချပြီး အောက်တန်းကျသည့်လုပ်ရပ်နှင့် အများပြည်သူများ၏လုံခြုံရေးကို ထိခိုက်စေသောလုပ်ရပ်အားပြုလုပ်သည့် မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်ကို ပြင်းထန်စွာရှုတ်ချပါသည်။

မြန်မာ့တပ်မတော်သည် WFP ကုန်တင်ယာဉ်အား ယခုကဲ့သို့ထောင်ချောက်ဆင်ပြီး ပစ်ခတ်တိုက်ခိုက် ခဲ့သကဲ့သို့ ICRC နှင့် WHO ပိုင်မော်တော်ယာဉ်များကို အလားတူ ထောင်ချောက်ဆင် ပစ်ခတ်ခဲ့ခြင်းပင် ဖြစ်သည်။ အခြားတစ်ဖက်တွင် မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်သည် ULA/AA အား ပုဒ်မအမျိုးမျိုးတပ်၍ နိုင်ငံရေးအကျပ်အတည်းဖြစ်စေရန် ၎င်းတို့၏ လုပ်ပိုင်ခွင့်များနှင့် အာဏာများကိုအသုံးချပြီး လူမျိုးရေး အမုန်းတရားများဖြင့် ဘက်ပေါင်းစုံမှ နည်းလမ်းအမျိုးမျိုးဖြင့် ထိုးနှက်တိုက်ခိုက်လျက်ရှိသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် လူသားချင်းစာနာမှုအားဖြင့် အကူအညီပေးနေကြသော နိုင်ငံတကာ အဖွဲ့အစည်းများအား မိမိတို့တတ်နိုင်သည့်အကာအကွယ်နှင့် အကူအညီပေးလျက်ရှိပါသည်။ လူသားချင်းစာနာမှုဖြင့် အကူအညီပေးနေသော WFP အနေဖြင့်လည်း မြေပြင်၏လက်တွေ့အခြေအနေ အမှန်တရားများကို အများပြည်သူ သိရှိအောင် ရှင်းလင်းထုတ်ပြန်သင့်ပါကြောင်း မိမိတို့ ULA/AA ၏သဘောထားအား ထုတ်ပြန်ကြေညာအပ်ပါသည်။


ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တေ






အမွတ္ (၂၄/၂၀၂၀) ၁၃၈၂ ခုႏွစ္၊ ကဆုန္လဆန္း (၁၀) ရက္ ၂၀၂၀ ျပည့္ႏွစ္၊ ေမလ (၁) ရက္ WFP မွ ဆန္အိတ္မ်ားကိုသယ္ေဆာင္လာေသာ ကုန္တင္ယာဥ္မ်ားႏွင့္ဆက္စပ္ပတ္သက္၍ မိမိတို႔အဖြဲ႕အစည္းအေပၚ စစ္ရာဇဝတ္တပ္ဖြဲ႕ျဖစ္ေသာ ျမန္မာ့တပ္မေတာ္၏ တစ္ဖက္သတ္စြပ္စြဲခ်က္မ်ားမွာ ဟုတ္မွန္မႈမရွိေၾကာင္း ျငင္းဆိုသည့္ ထုတ္ျပန္ေၾကညာခ်က္ “ပလက္ဝေဒသအတြင္းရွိ စစ္ေဘးေရွာင္ႏွင့္ ေဒသခံျပည္သူလူထုမ်ားအတြက္ WFP မွေထာက္ပံ့ေသာ ဆန္အိတ္မ်ားႏွင့္ အျခားအဖြဲ႕အစည္းမ်ား၏ ေထာက္ပံ့ေသာပစၥည္းမ်ားကို သယ္ေဆာင္လာသည့္ ကုန္တင္ယာဥ္ မ်ားအား ရကၡိဳင့္တပ္ေတာ္မွ ေႏွာင့္ယွက္ပစ္ခတ္သည္” ဟူေသာ ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ (၃၀) ရက္ေန႔၌ ဗမာလူမ်ိဳးေရးအစြန္းေရာက္ စစ္ရာဇဝတ္ေကာင္မ်ားမွ တစ္ဖက္သတ္ထုတ္ျပန္စြပ္စြဲထားသည့္သတင္းမွာ မိမိတို႔အဖြဲ႕အစည္းအေပၚ ႏိုင္ငံေရးအရထိုးႏွက္တိုက္ခိုက္သည့္ သတင္းအမွားသာျဖစ္ပါသည္။ ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ (၂၉) ရက္ေန႔တြင္ျဖစ္ပ်က္ခဲ့ေသာ အဆိုပါအျဖစ္အပ်က္မွာ မိမိတို႔အဖြဲ႕အစည္းႏွင့္ လုံးဝသက္ဆိုင္ျခင္းမရွိဘဲ ျမန္မာအစိုးရႏွင့္ ျမန္မာ့တပ္မေတာ္တို႔မွ အေျခအေနပိုမိုရႈပ္ေထြးေစရန္ တမင္တကာ ရည္႐ြယ္ခ်က္ရွိရွိျဖင့္ ဖန္တီးလုပ္ႀကံၾကသည့္ ႏိုင္ငံေရးညစ္လုံးတစ္ခုလည္းျဖစ္ပါသည္။ ဤကဲ့သို႔ေသာ တစ္ဖက္သတ္စြပ္စြဲခ်က္မ်ားျဖင့္ မိမိတို႔အဖြဲ႕အစည္းအေပၚ အျပစ္ပုံခ်ၿပီး ေအာက္တန္းက်သည့္လုပ္ရပ္ႏွင့္ အမ်ားျပည္သူမ်ား၏လုံၿခဳံေရးကို ထိခိုက္ေစေသာလုပ္ရပ္အားျပဳလုပ္သည့္ ျမန္မာအစိုးရႏွင့္ ျမန္မာ့တပ္မေတာ္ကို ျပင္းထန္စြာရႈတ္ခ်ပါသည္။ ျမန္မာ့တပ္မေတာ္သည္ WFP ကုန္တင္ယာဥ္အား ယခုကဲ့သို႔ေထာင္ေခ်ာက္ဆင္ၿပီး ပစ္ခတ္တိုက္ခိုက္ ခဲ့သကဲ့သို႔ ICRC ႏွင့္ WHO ပိုင္ေမာ္ေတာ္ယာဥ္မ်ားကို အလားတူ ေထာင္ေခ်ာက္ဆင္ ပစ္ခတ္ခဲ့ျခင္းပင္ ျဖစ္သည္။ အျခားတစ္ဖက္တြင္ ျမန္မာအစိုးရႏွင့္ ျမန္မာ့တပ္မေတာ္သည္ ULA/AA အား ပုဒ္မအမ်ိဳးမ်ိဳးတပ္၍ ႏိုင္ငံေရးအက်ပ္အတည္းျဖစ္ေစရန္ ၎တို႔၏ လုပ္ပိုင္ခြင့္မ်ားႏွင့္ အာဏာမ်ားကိုအသုံးခ်ၿပီး လူမ်ိဳးေရး အမုန္းတရားမ်ားျဖင့္ ဘက္ေပါင္းစုံမွ နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ ထိုးႏွက္တိုက္ခိုက္လ်က္ရွိသည္။ ရကၡိဳင့္တပ္ေတာ္အေနျဖင့္ လူသားခ်င္းစာနာမႈအားျဖင့္ အကူအညီေပးေနၾကေသာ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားအား မိမိတို႔တတ္ႏိုင္သည့္အကာအကြယ္ႏွင့္ အကူအညီေပးလ်က္ရွိပါသည္။ လူသားခ်င္းစာနာမႈျဖင့္ အကူအညီေပးေနေသာ WFP အေနျဖင့္လည္း ေျမျပင္၏လက္ေတြ႕အေျခအေန အမွန္တရားမ်ားကို အမ်ားျပည္သူ သိရွိေအာင္ ရွင္းလင္းထုတ္ျပန္သင့္ပါေၾကာင္း မိမိတို႔ ULA/AA ၏သေဘာထားအား ထုတ္ျပန္ေၾကညာအပ္ပါသည္။

ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္/ရကၡိဳင့္တပ္ေတ


369 views
bottom of page