top of page

ျမန္မာ့တပ္မေတာ္၏ ရကၡိဳင့္တပ္ေတာ္အေပၚစြပ္စြဲခ်က္မ်ားႏွင့္ပတ္သက္၍ ျငင္းဆိုေသာထုတ္ျပန္ေၾကညာခ်က္




Zawgyi


ျမန္မာ့တပ္မေတာ္၏သတင္းစာရွင္းလင္းပြဲအတြင္း ရကၡိဳင့္တပ္ေတာ္အေပၚစြပ္စြဲခ်က္မ်ားႏွင့္ပတ္သက္၍ ျငင္းဆိုေသာထုတ္ျပန္ေၾကညာခ်က္



ယေန႔ ၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီလ (၃) ရက္ ေန႔စြဲျဖင့္ ျမန္မာ့တပ္မေတာ္မွ က်င္းပျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲ၌ မိမိတို႔ ရကၡိဳင့္တပ္ေတာ္အေပၚ စြပ္စြဲထားသည့္ “ကင္းေတာင္ေက်း႐ြာအား လက္နက္ႀကီးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည္ဟူေသာ စြပ္စြဲခ်က္ ႏွင့္ သိန္းတန္ေက်း႐ြာမွ သက္ႀကီးပိုင္းမူဆလင္အမ်ိဳးသမီးတစ္ဦးအား ကာယိေျႏၵပ်က္ျပားေအာင္ျပဳလုပ္ၿပီး လိင္ပိုင္းဆိုင္ရာျပဳက်င့္သည္ဟူေသာ စြပ္စြဲခ်က္” ႏွစ္ခုႏွင့္ပတ္သက္၍ အဆိုပါစြပ္စြဲခ်က္ ႏွစ္ခုစလုံးမွာ ျမန္မာ့တပ္မေတာ္၏ စက္ဆုတ္ဖြယ္ရာစြပ္စြဲခ်က္သာျဖစ္ၿပီး ဟုတ္မွန္ျခင္းမရွိေၾကာင္း လုံးဝ ျပတ္သားစြာ ျငင္းပယ္လိုက္သည္။

ႏိုင္ငံတကာတရား႐ုံး (ICJ) မွ ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလ (၂၃) ရက္ ေန႔၌ ခ်မွတ္ေသာ “ျမန္မာႏိုင္ငံအေနျဖင့္ လိုက္နာရမယ့္ ၾကားျဖတ္အစီအမံ (၄) ခ်က္” ထြက္ေပၚလာၿပီးေနာက္ပိုင္းတြင္ လူမ်ိဳးတုံးသတ္ျဖတ္ခဲ့သည္ဟု စြပ္စြဲခံေနရေသာ ျမန္မာ့တပ္မေတာ္အေနျဖင့္ သူတို႔၏အက်ပ္အတည္းမ်ားကို ေရွာင္လႊဲလိုျခင္း၊ သူတို႔က်ဴးလြန္ထားေသာလူမ်ိဳးတုံးသတ္ျဖတ္မႈမ်ားႏွင့္ပတ္သက္ေသာ သက္ေသမ်ားကို ေဖ်ာက္ဖ်က္လိုျခင္းမ်ားေၾကာင့္ မိမိတို႔အဖြဲ႕အစည္းအေပၚ မဟုတ္မမွန္ေသာစြပ္စြဲခ်က္မ်ား၊ အျပစ္ပုံခ်ျခင္းမ်ားျဖင့္ ဆက္တိုက္ႀကိဳးပမ္းလာေနသည္မ်ားကို ထင္ရွားစြာေတြ႕ျမင္ေနရ ပါသည္။

လူမ်ိဳးေရး၊ သာသာေရးပဋိပကၡမ်ားတည္ၿငိမ္စျပဳလာေသာ ရခိုင္ေဒသအတြင္း၌ တေက်ာ့ျပန္ပဋိပကၡမ်ား ျပန္လည္ျဖစ္ပြားလာေစရန္ ရည္႐ြယ္ခ်က္ရွိရွိ ႀကိဳးပမ္းဖန္တီးေနေသာ ျမန္မာ့တပ္မေတာ္၏လုပ္ရပ္မ်ားကို ယခုအခ်ိန္ ကာလမ်ားတြင္ သိသာထင္ရွားစြာ ေတြ႕ျမင္ေနရပါသည္။ ထို႔ေၾကာင့္ ရခိုင္လူမ်ိဳးမ်ားအေနျဖင့္ အမ်ိဳးသားလြတ္ေျမာက္ေရး ေတာ္လွန္ေရးကာလအတြင္း ရန္သူ၏ လုပ္ႀကံဖန္တီးေနေသာ လူမ်ိဳးေရး၊ ဘာသာေရး ပဋိပကၡမ်ားအတြင္းသို႔ မက်ေရာက္ေစရန္ အထူးသတိထား ေရွာင္ၾကဥ္ၾကရမည္ျဖစ္ပါသည္။

ျမန္မာ့တပ္မေတာ္၏ “နယ္ေျမရွင္းလင္းေရး” ေခါင္းစဥ္ျဖင့္ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လအတြင္းျပဳလုပ္ခဲ့ေသာ စစ္ဆင္ေရးအတြင္း၌ မူဆလင္ဘာသာဝင္မ်ားအား အစုလိုက္၊ အၿပဳံလိုက္သတ္ျဖတ္ၿပီး ျမႇဳပ္ႏွံထားခဲ့ေသာ ေနာက္ထပ္ ေျမပုံၫႊန္း ေနရာမ်ား (GPS Locations)၊ သက္ေသအေထာက္အထားမ်ားကို အမွန္တရားကိုေဖာ္ထုတ္ရန္ ႀကိဳးပမ္းေနေသာ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားထံသို႔ အျမန္ဆုံးေပးပို႔သြားမည္ျဖစ္သည္။ ထို႔အျပင္ အမွန္တရားကိုေဖာ္ထုတ္ေရးႏွင့္ အျပစ္က်ဴးလြန္ထားသူမ်ားကို အျပစ္ေပးအေရးယူရန္ ႀကိဳးပမ္းေဆာင္႐ြက္ေနမႈမ်ားကို မိမိတို႔အေနျဖင့္ တတ္အားသေ႐ြ႕ ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာအပ္ပါသည္။



ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္/ရကၡိဳင့္တပ္ေတာ္





Unicode


မြန်မာ့တပ်မတော်၏သတင်းစာရှင်းလင်းပွဲအတွင်း ရက္ခိုင့်တပ်တော်အပေါ်စွပ်စွဲချက်များနှင့်ပတ်သက်၍ ငြင်းဆိုသောထုတ်ပြန်ကြေညာချက်

ယနေ့ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၃) ရက် နေ့စွဲဖြင့် မြန်မာ့တပ်မတော်မှ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မိမိတို့ ရက္ခိုင့်တပ်တော်အပေါ် စွပ်စွဲထားသည့် “ကင်းတောင်ကျေးရွာအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟူသော စွပ်စွဲချက် နှင့် သိန်းတန်ကျေးရွာမှ သက်ကြီးပိုင်းမူဆလင်အမျိုးသမီးတစ်ဦးအား ကာယိန္ဒြေပျက်ပြားအောင်ပြုလုပ်ပြီး လိင်ပိုင်းဆိုင်ရာပြုကျင့်သည်ဟူသော စွပ်စွဲချက်” နှစ်ခုနှင့်ပတ်သက်၍ အဆိုပါစွပ်စွဲချက် နှစ်ခုစလုံးမှာ မြန်မာ့တပ်မတော်၏ စက်ဆုတ်ဖွယ်ရာစွပ်စွဲချက်သာဖြစ်ပြီး ဟုတ်မှန်ခြင်းမရှိကြောင်း လုံးဝ ပြတ်သားစွာ ငြင်းပယ်လိုက်သည်။ နိုင်ငံတကာတရားရုံး (ICJ) မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၃) ရက် နေ့၌ ချမှတ်သော “မြန်မာနိုင်ငံအနေဖြင့် လိုက်နာရမယ့် ကြားဖြတ်အစီအမံ (၄) ချက်” ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် လူမျိုးတုံးသတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံနေရသော မြန်မာ့တပ်မတော်အနေဖြင့် သူတို့၏အကျပ်အတည်းများကို ရှောင်လွှဲလိုခြင်း၊ သူတို့ကျူးလွန်ထားသောလူမျိုးတုံးသတ်ဖြတ်မှုများနှင့်ပတ်သက်သော သက်သေများကို ဖျောက်ဖျက်လိုခြင်းများကြောင့် မိမိတို့အဖွဲ့အစည်းအပေါ် မဟုတ်မမှန်သောစွပ်စွဲချက်များ၊ အပြစ်ပုံချခြင်းများဖြင့် ဆက်တိုက်ကြိုးပမ်းလာနေသည်များကို ထင်ရှားစွာတွေ့မြင်နေရ ပါသည်။ လူမျိုးရေး၊ သာသာရေးပဋိပက္ခများတည်ငြိမ်စပြုလာသော ရခိုင်ဒေသအတွင်း၌ တကျော့ပြန်ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာစေရန် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းဖန်တီးနေသော မြန်မာ့တပ်မတော်၏လုပ်ရပ်များကို ယခုအချိန် ကာလများတွင် သိသာထင်ရှားစွာ တွေ့မြင်နေရပါသည်။ ထို့ကြောင့် ရခိုင်လူမျိုးများအနေဖြင့် အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးကာလအတွင်း ရန်သူ၏ လုပ်ကြံဖန်တီးနေသော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများအတွင်းသို့ မကျရောက်စေရန် အထူးသတိထား ရှောင်ကြဉ်ကြရမည်ဖြစ်ပါသည်။ မြန်မာ့တပ်မတော်၏ “နယ်မြေရှင်းလင်းရေး” ခေါင်းစဉ်ဖြင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်းပြုလုပ်ခဲ့သော စစ်ဆင်ရေးအတွင်း၌ မူဆလင်ဘာသာဝင်များအား အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားခဲ့သော နောက်ထပ် မြေပုံညွှန်း နေရာများ (GPS Locations)၊ သက်သေအထောက်အထားများကို အမှန်တရားကိုဖော်ထုတ်ရန် ကြိုးပမ်းနေသော နိုင်ငံတကာအဖွဲ့အစည်းများထံသို့ အမြန်ဆုံးပေးပို့သွားမည်ဖြစ်သည်။ ထို့အပြင် အမှန်တရားကိုဖော်ထုတ်ရေးနှင့် အပြစ်ကျူးလွန်ထားသူများကို အပြစ်ပေးအရေးယူရန် ကြိုးပမ်းဆောင်ရွက်နေမှုများကို မိမိတို့အနေဖြင့် တတ်အားသရွေ့ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်

611 views
bottom of page