top of page

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်၊ အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာရှိ အပြစ်မဲ့ပြည်သူများနေထိုင်ရာ နေရာအချို့အား ညအချိန်ဗုံးကြဲတိုက်ခိုက်

  • 2 days ago
  • 1 min read

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်၊ အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာရှိ အပြစ်မဲ့ပြည်သူများနေထိုင်ရာ နေရာအချို့အား ညအချိန်ဗုံးကြဲတိုက်ခိုက်

 

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၉) ရက်

 

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့၊ ည (၉) နာရီခွဲအချိန်တွင် အာရက္ခပြည်၊ အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာရှိ အပြစ်မဲ့ပြည်သူများနေထိုင်သည့် နေရာများသို့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ လေတပ်မှ ဂျက်ဖိုက်တာ တစ်စီးဖြင့် ညအချိန် ဗုံး (၂) လုံး ကြဲချ တိုက်ခိုက်ခဲ့သောကြောင့် ၎င်းကျေးရွာအတွင်းရှိ ကိုအောင်ပိုင်မိသားစု ပိုင်ဆိုင်သည့် ကားဝပ်ရှော့အပါအဝင် ၎င်းအနီးပတ်ဝန်းကျင်များသို့ ဗုံးသီးများကျရောက် ထိမှန်ခဲ့သည်။

 

အဆိုပါ ဗုံးသီးများမှာ ကိုအောင်ပိုင်မိသားစုနေထိုင်သည့် နေအိမ်နှင့် အနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် နေအိမ်နှင့် ကားဝပ်ရှော့အလုပ်ရုံအဆောင်တို့မှာ လုံးဝပျက်စီးသွားခဲ့သည်။ နေအိမ်အတွင်းရှိ ကိုအောင်ပိုင်၏ မိခင် ဒေါ်မလေးငယ် (၆၇ နှစ်)နှင့် ကားဝပ်ရှော့အလုပ်သမားဖြစ်သူ မောင် မောင်ဉာဏ် (၂၃ နှစ်) တို့ (၂) ဦးမှာ ဗုံးစထိမှန်ပြီး ၎င်းနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ကိုအောင်ပိုင်၏ ဇနီးနှင့် သမီး အပါအဝင် အခြားသော ကားဝပ်ရှော့ အလုပ်သမားတစ်ဦးဖြစ်သူ မောင်ထွန်းထွန်းဝင်းတို့ (၃) ဦးမှာလည်း ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြသည်။ ထို့အပြင် ကားဝပ်ရှော့တွင်ရှိသော ကား (၅) စီးမှာလည်း ပျက်စီးသွားခဲ့သည်။

 

ဓာတ်ပုံ - ကိုအောင်ပိုင်မိသားစု ပိုင်ဆိုင်သည့် ကားဝပ်ရှော့မှ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိကြသူများနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေ

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

 


Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page