top of page

ညီနောင်မဟာမိတ်(၃)ဖွဲ့၏ တစ်လတာ တစ်ဖက်သတ် အပစ်အခတ်ရပ်ဆိုင်းသည့် ထုတ်ပြန်ကြေညာချက်


၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၉) ရက်

မိမိတို့ညီနောင်မဟာမိတ်(၃) ဖွဲ့ဖြစ်သော ကိုးကန့် (MNTJP/MNDAA) တအာင်း (PSLF/TNLA) ရခိုင် (ULA/AA) တို့သည် ပြည်တွင်းစစ်ပွဲရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးလုပ်ငန်းများ လက်တွေ့ကျကျဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၉)ရက်မှ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၈) ရက်နေ့အထိ တစ်လတာ တစ်ဖက်သတ်အပစ်အခတ်ရပ်ဆိုင်းကြောင်း ကြေငြာလိုက်သည်။

ဤကဲ့သို့ကြေငြာထားသည့်ကာလအတွင်း၌ မြန်မာစစ်တပ်အား မိမိတို့မှလက်ဦးမှုယူ၍ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကိုမပြုလုပ်သော်လည်း မြန်မာစစ်တပ်မှ မိမိတို့အား စတင်တိုက်ခိုက်ခြင်း၊ မိမိတို့ဒေသတွင်စစ်ဆင်ရေးနှင့်စစ်ရေးလှုပ်ရှားမှုများလာရောက်ပြုလုပ်ခြင်း၊ လက်နက်ကြီးအမြောက်အမြားဖြင့်စုပြုံပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်လေယာဉ်၊ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ပြုလုပ်လာမည်ဆိုပါကမိမိကိုယ်မိမိခုခံကာကွယ်သောအနေအထားမျိုးဖြင့် မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆိုတုံ့ပြန်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ကြေငြာအပ်ပါသည်။

ညီနောင်မဟာမိတ်(၃) ဖွဲ့ MNTJP/MNDAA, PSLF/TNLA, ULA/AA






337 views
bottom of page