top of page

စစ္ရာဇဝတ္မႈမ်ားကိုက်ဴးလြန္ေနေသာျမန္မာ့တပ္မေတာ္အားျပင္းထန္စြကန႔္ကြက္ရႈတ္ခ်ေၾကာင္းထုတ္ျပန္ေၾကညာခ်က္


ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္/ရကၡိဳင့္တပ္ေတာ္


အမွတ္၊ (၃၃/၂၀၂၀)

၁၃၈၂ ခုႏွစ္၊ ပထမဝါဆိုလျပည့္ေက်ာ္ (၁၂) ရက္

၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ (၁၆) ရက္


ရခိုင္ေဒသအတြင္းမွ အျပစ္မဲ့ျပည္သူလူထုမ်ားအား လက္ရဲဇက္ရဲသတ္ျဖတ္ကာ စစ္ရာဇဝတ္မႈမ်ားကို က်ဴးလြန္ေနေသာ ျမန္မာ့တပ္မေတာ္၏လုပ္ရပ္မ်ားကို ျပင္းထန္စြာကန႔္ကြက္ရႈတ္ခ်ေၾကာင္း ထုတ္ျပန္ေၾကညာခ်က္


ရကၡိဳင့္တပ္ေတာ္သည္ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲျခင္းအား ညီေနာင္မဟာမိတ္မ်ားျဖစ္ၾကေသာ ကိုးကန႔္၊ တအာင္းအဖြဲ႕အစည္းမ်ားႏွင့္အတူတကြ ၂၀၂၀ ျပည့္ႏွစ္၊ ၾသဂုတ္လ (၃၁) ရက္ေန႔အထိ ေၾကညာခဲ့ပါသည္။ မိမိတို႔အေနျဖင့္ ထုတ္ျပန္ေၾကညာခ်က္တြင္ပါရွိသည့္အတိုင္း လိုက္နာေဆာင္ရြက္လ်က္ရွိေသာေၾကာင့္ ရခိုင္ေဒသအတြင္းတိုက္ပြဲမ်ားမွာ ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ၊ ဇူလိုင္လမ်ား၌ တိုက္ပြဲအႀကိမ္အေရအတြက္ သိသိသာသာေလ်ာ့နည္းခဲ့ပါသည္။ သို႔ေသာ္လည္း ျမန္မာ့တပ္မေတာ္သည္ “နယ္ေျမရွင္းလင္းေရး” ေခါင္းစဥ္ႏွင့္အတူ စစ္အင္အား၊ လက္နက္အင္အားမ်ားကို ေနရာအႏွံ႔ ျဖည့္တင္းလ်က္ရွိၿပီး ႀကီးမားေသာထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားကို မရပ္မနားလုပ္ေဆာင္လ်က္ရွိသည္။ ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ (၁၆) ရက္၊ ေန႔လယ္ (၁) နာရီ (၃၀) မိနစ္မွစတင္ၿပီး ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္းရြာပတ္ဝန္းက်င္အား လက္နက္ႀကီးအေျမာက္အျမား၊ ေလေၾကာင္းပစ္ခတ္တိုက္ခိုက္မႈမ်ားႏွင့္အတူ ထိုးစစ္ဆင္တိုက္ခိုက္မႈကို စတင္ျပဳလုပ္ခဲ့သည္။ ထိုသို႔ျပဳလုပ္မည္ဆိုသည္ကိုလည္း ျမန္မာ့တပ္မေတာ္၏ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ ယေန႔ ဇူလိုင္ (၁၆) ရက္စြဲျဖင့္ ထုတ္ျပန္ခဲ့သည္။

ထို႔အျပင္ စစ္တပ္ႏွင့္ရဲပူးေပါင္းကာ အင္အားအလုံးအရင္းသုံး၍ ရပ္ရြာမ်ားကိုဝန္းရံပိတ္ဆို႔ၿပီး ညအခ်ိန္မ်ားတြင္ လူဖမ္းပြဲမ်ားျပဳလုပ္လ်က္ရွိသည္။ ရြာသူရြာသားမ်ားပိုင္ပစၥည္းမ်ားကို ခိုးယူလုယက္ျခင္း၊ ဖ်က္ဆီးျခင္း စသည္တို႔ကို မိမိတို႔ တစ္ဖက္သတ္ အပစ္ရပ္စဲထားသည့္ကာလႏွင့္ ကိုရိုနာကူးစက္ေရာဂါတိုက္ဖ်က္ေရးကာလမ်ားကို အခြင့္ေကာင္းယူၿပီး ျမန္မာ့တပ္မေတာ္မွ ဥပေဒမဲ့စြာေသာင္းက်န္းလ်က္ရွိသည္။ တစ္ၿပိဳင္နက္တည္းတြင္ ေက်ာက္ျဖဴ၊ အမ္း၊ ေတာင္ကုတ္၊ ေျမပုံ၊ သံတြဲ ၿမိဳ႕နယ္မ်ား၌ အျပစ္မဲ့အရပ္သားျပည္သူလူထုမ်ားကို မတရားဖမ္းဆီးျခင္း၊ သက္ေသအတုမ်ားျဖင့္ အမႈဆင္ဖမ္းဆီးျခင္း၊ တိတ္တဆိတ္ဖမ္းဆီးျခင္း၊ ေထာင္ခ်ျခင္း၊ ညႇဥ္းပန္းႏွိပ္စက္ၿပီး အျပစ္မရွိသည္ကို အတင္းအဓမၼ အျပစ္ဝန္ခံခိုင္းျခင္း၊ ရပ္ရြာမ်ားအတြင္းသို႔ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ျခင္း၊ မုဒိမ္းက်င့္ျခင္း၊ အေလာင္းေဖ်ာက္ျခင္း၊ ဆိုးဝါးေသာလူ႔အခြင့္အေရး ခ်ိဳးေဖာက္ျခင္း၊ လူမ်ိဳးျဖဳတ္ရွင္းလင္းေရးသို႔ဦးတည္ေနေသာျပစ္မႈမ်ားကို က်ဴးလြန္ျခင္းႏွင့္ လူမ်ိဳးေရးအမုန္းတရားမ်ားျဖင့္ မတရားသတ္ျဖတ္ျခင္း စသည္မ်ားကို အတင့္ရဲစြာက်ဴးလြန္လ်က္ရွိသည္။

ထို႔အတူ ျမန္မာအစိုးရ၏ နိုင္ငံပိုင္သတင္းမီဒီယာမ်ားသည္ ျမန္မာ့တပ္မေတာ္၏ ေျဗာင္က်က်က်ဴးလြန္ေနေသာ စစ္ရာဇဝတ္မႈမ်ားကို ေျဗာင္က်က်ဖုံးဖိေပးလ်က္ရွိသည္။ ထို႔အတူ မိမိတို႔အဖြဲ႕အစည္းအေပၚ အျပစ္ပုံက်ေစရန္ ျမန္မာအစိုးရပိုင္ မီဒီယာမ်ားမွတစ္ဆင့္ အရွက္သိကၡာကင္းမဲ့စြာျဖင့္ ေရးသားေဖာ္ျပေနျခင္းမွာ အစိုးရတစ္ရပ္၏ နိုင္ငံသူ၊ နိုင္ငံသားမ်ားအေပၚ တာဝန္ခံမႈ၊ တာဝန္ယူမႈပ်က္ကြက္ျခင္း၊ တရားဥပေဒစိုးမိုးမႈမရွိျခင္းတို႔ကို ေဖာ္ညႊန္းေနသည္။ ျမန္မာ့တပ္မေတာ္၏ အျပစ္မဲ့ရခိုင္ျပည္သူလူထုမ်ားကို လက္နက္အားကိုးျဖင့္ အနိုင္က်င့္သတ္ျဖတ္ေနေသာ လုပ္ရပ္မ်ားအား ျပင္းထန္စြာကန႔္ကြက္ရႈတ္ခ်လိုက္သည္။ ျမန္မာ့တပ္မေတာ္၏ ဤကဲ့သို႔ ဥပေဒမဲ့သတ္ျဖတ္ေနေသာလုပ္ရပ္မ်ားကို သက္ေသအေထာက္အထားမ်ားျဖင့္ အမွန္တရားႏွင့္ တရားမၽွတမႈကိုတန္ဖိုးထားေသာ နိုင္ငံတကာအဖြဲ႕အစည္းမ်ားထံသို႔ေပးပို႔ကာ တရားမၽွတမႈရရွိေအာင္ ULA/AA အေနျဖင့္ ရခိုင္ျပည္သူလူထုမ်ားႏွင့္လက္တြဲ၍ ႀကိဳးပမ္းေဆာင္ရြက္လ်က္ရွိသည္။ ရခိုင္ေဒသေနျပည္သူလူထုမ်ား၏ အသက္အိုးအိမ္၊ စည္းစိမ္တို႔အား လုံျခဳံမႈရရွိေအာင္လည္း ဆက္လက္တိုက္ပြဲဝင္သြားမည္ ျဖစ္ေၾကာင္း ULA/AA ၏ သေဘာထားကို ထုတ္ျပန္ေၾကညာအပ္ပါသည္။


ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္/ရကၡိဳင့္တပ္ေတာ္






ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်


အမှတ်၊ (၃၃/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် (၁၂) ရက်

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၆) ရက်


ရခိုင်ဒေသအတွင်းမှ အပြစ်မဲ့ပြည်သူလူထုများအား လက်ရဲဇက်ရဲသတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသော မြန်မာ့တပ်မတော်၏လုပ်ရပ်များကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာချက်


ရက္ခိုင့်တပ်တော်သည် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းအား ညီနောင်မဟာမိတ်များဖြစ်ကြသော ကိုးကန့်၊ တအာင်းအဖွဲ့အစည်းများနှင့်အတူတကွ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၃၁) ရက်နေ့အထိ ကြေညာခဲ့ပါသည်။ မိမိတို့အနေဖြင့် ထုတ်ပြန်ကြေညာချက်တွင်ပါရှိသည့်အတိုင်း လိုက်နာဆောင်ရွက်လျက်ရှိသောကြောင့် ရခိုင်ဒေသအတွင်းတိုက်ပွဲများမှာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ၊ ဇူလိုင်လများ၌ တိုက်ပွဲအကြိမ်အရေအတွက် သိသိသာသာလျော့နည်းခဲ့ပါသည်။ သို့သော်လည်း မြန်မာ့တပ်မတော်သည် “နယ်မြေရှင်းလင်းရေး” ခေါင်းစဉ်နှင့်အတူ စစ်အင်အား၊ လက်နက်အင်အားများကို နေရာအနှံ့ ဖြည့်တင်းလျက်ရှိပြီး ကြီးမားသောထိုးစစ်ဆင်တိုက်ခိုက်မှုများကို မရပ်မနားလုပ်ဆောင်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၆) ရက်၊ နေ့လယ် (၁) နာရီ (၃၀) မိနစ်မှစတင်ပြီး ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာပတ်ဝန်းကျင်အား လက်နက်ကြီးအမြောက်အမြား၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်မှုကို စတင်ပြုလုပ် ခဲ့သည်။ ထိုသို့ပြုလုပ်မည်ဆိုသည်ကိုလည်း မြန်မာ့တပ်မတော်၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့ ဇူလိုင် (၁၆) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် စစ်တပ်နှင့်ရဲပူးပေါင်းကာ အင်အားအလုံးအရင်းသုံး၍ ရပ်ရွာများကိုဝန်းရံပိတ်ဆို့ပြီး ညအချိန်များတွင် လူဖမ်းပွဲများပြုလုပ်လျက်ရှိသည်။ ရွာသူရွာသားများပိုင်ပစ္စည်းများကို ခိုးယူလုယက်ခြင်း၊ ဖျက်ဆီးခြင်း စသည်တို့ကို မိမိတို့ တစ်ဖက်သတ် အပစ်ရပ်စဲထားသည့်ကာလနှင့် ကိုရိုနာကူးစက်ရောဂါတိုက်ဖျက်ရေးကာလများကို အခွင့်ကောင်းယူပြီး မြန်မာ့တပ်မတော်မှ ဥပဒေမဲ့စွာသောင်းကျန်းလျက်ရှိသည်။ တစ်ပြိုင်နက်တည်းတွင် ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်၊ မြေပုံ၊ သံတွဲ မြို့နယ်များ၌ အပြစ်မဲ့အရပ်သားပြည်သူလူထုများကို မတရားဖမ်းဆီးခြင်း၊ သက်သေအတုများဖြင့် အမှုဆင်ဖမ်းဆီးခြင်း၊ တိတ်တဆိတ်ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ ညှဉ်းပန်းနှိပ်စက်ပြီး အပြစ်မရှိသည်ကို အတင်းအဓမ္မ အပြစ်ဝန်ခံခိုင်းခြင်း၊ ရပ်ရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ အလောင်းဖျောက်ခြင်း၊ ဆိုးဝါးသောလူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ လူမျိုးဖြုတ်ရှင်းလင်းရေးသို့ဦးတည်နေသောပြစ်မှုများကို ကျူးလွန်ခြင်းနှင့် လူမျိုးရေးအမုန်းတရားများဖြင့် မတရားသတ်ဖြတ်ခြင်း စသည်များကို အတင့်ရဲစွာကျူးလွန်လျက်ရှိသည်။

ထို့အတူ မြန်မာအစိုးရ၏ နိုင်ငံပိုင်သတင်းမီဒီယာများသည် မြန်မာ့တပ်မတော်၏ ဗြောင်ကျကျကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျဖုံးဖိပေးလျက်ရှိသည်။ ထို့အတူ မိမိတို့အဖွဲ့အစည်းအပေါ် အပြစ်ပုံကျစေရန် မြန်မာအစိုးရပိုင် မီဒီယာများမှတစ်ဆင့် အရှက်သိက္ခာကင်းမဲ့စွာဖြင့် ရေးသားဖော်ပြနေခြင်းမှာ အစိုးရတစ်ရပ်၏ နိုင်ငံသူ၊ နိုင်ငံသားများအပေါ် တာဝန်ခံမှု၊ တာဝန်ယူမှုပျက်ကွက်ခြင်း၊ တရားဥပဒေစိုးမိုးမှုမရှိခြင်းတို့ကို ဖော်ညွှန်းနေသည်။ မြန်မာ့တပ်မတော်၏ အပြစ်မဲ့ရခိုင်ပြည်သူလူထုများကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်သတ်ဖြတ်နေသော လုပ်ရပ်များအား ပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်သည်။ မြန်မာ့တပ်မတော်၏ ဤကဲ့သို့ ဥပဒေမဲ့သတ်ဖြတ်နေသောလုပ်ရပ်များကို သက်သေအထောက်အထားများဖြင့် အမှန်တရားနှင့် တရားမျှတမှုကိုတန်ဖိုးထားသော နိုင်ငံတကာအဖွဲ့အစည်းများထံသို့ပေးပို့ကာ တရားမျှတမှုရရှိအောင် ULA/AA အနေဖြင့် ရခိုင်ပြည်သူလူထုများနှင့်လက်တွဲ၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရခိုင်ဒေသနေပြည်သူလူထုများ၏ အသက်အိုးအိမ်၊ စည်းစိမ်တို့အား လုံခြုံမှုရရှိအောင်လည်း ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ULA/AA ၏ သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်

478 views
bottom of page