top of page

စီးပြားေရးလုပ္ငန္းမ်ားကို ၂၀၂၀ မွစ၍ အခြန္ေကာက္ေတာ့မည္ဟု AA စစ္ဦးစီးခ်ဳပ္ ေျပာ






By နန္းလြင္ႏွင္းပြင့္ 9 December 2019


ရကၡိဳင္စစ္တပ္ (AA) လႈပ္ရွားရာ ေဒသမ်ားတြင္ စီမံကိန္းႏွင့္ စီးပြားေရးလုပ္ငန္း လုပ္ကိုင္သူမ်ားကို ၂၀၂၀ ခုႏွစ္မွစ၍ အခြန္ေခါင္းစဥ္ျဖင့္ ေငြေၾကး စတင္ေကာက္ခံေတာ့မည္ ျဖစ္ေၾကာင္း AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္က ဧရာဝတီကို ေျပာသည္။


ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ က “စီမံကိန္းေတြ တျခားလုပ္ငန္းေတြကို အဓိကထားမယ္။ က်ေနာ္တို႔ ရခိုင္ျပည္မွာဆို ေရလုပ္ငန္းေတြ ရွိမယ္။ လက္လုပ္လက္စားအဆင့္ မဟုတ္ဘဲ စီးပြားေရးလုပ္ငန္း ေတြေပါ့။ က်ေနာ္တု႔ိက ေငြေၾကးအားျဖင့္ မ်ားမ်ားစားစား ေကာက္မွာ မဟုတ္ဘူး။ အဓိက ကေတာ့ ရကၡိဳင္ ျပည္သူ႔ေတာ္လွန္ေရး အာဏာကို အသိအမွတ္ျပဳမႈကို အဓိက ဦးစားေပးမွာ ျဖစ္တယ္” ဟု ေျပာသည္။


AA လႈပ္ရွားရာ ရခိုင္ျပည္နယ္တြင္း၊ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္တြင္းရွိ စီမံကိန္းမ်ား၊ စီးပြားေရး လုပ္ငန္းမ်ား အားလုံးကို စိစစ္ေနၿပီး မည္သည့္ လုပ္ငန္းက မည္သည့္ ပမာဏ ေပးေဆာင္ ရမည္ ဟူသည္တို႔ကိုလည္း လက္ရွိတြင္ တြက္ခ်က္ေနသည္ဟု သိရသည္။


ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ က “လကိုေတာ့ အတိအက် မေျပာလိုဘူး။ ဒါေပမယ့္ က်ေနာ္တို႔ ဒီ ၂၀၂၀ မွာ စမယ္”ဟု ဆိုသည္။


AA ဘက္မွ အခြန္ဟုဆိုကာ ေတာင္းဆိုမည့္ ေငြေၾကးကို မေပးေဆာင္ပါက တရားမဝင္အျဖစ္ သတ္မွတ္ကာ မေပးသည့္ ကုမၺဏီ၊ လုပ္ငန္းမ်ားကို ဖ်က္သိမ္းပစ္မည္ဟုလည္း ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က ဆိုသည္။


၂၀၂၀ ခုႏွစ္တြင္ အခြန္ဟူသည့္ ေခါင္းစဥ္ျဖင့္ ေငြေၾကးေကာက္ခံမည့္ ထဲတြင္ အစိုးရဝန္ထမ္းမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ျပည္နယ္အစိုးရအဖြဲ႕ဝင္မ်ား ၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို ထည့္သြင္း ေကာက္ခံရန္လည္း စဥ္းစားေနသည္ဟု သိရသည္။


ရခိုင္ျပည္နယ္တြင္း စီးပြားေရးလုပ္ငန္းမ်ားကို ေငြေၾကးေကာက္ခံမည္ဟူသည့္ သတင္းအခ်က္အလက္ ႏွင့္ ပတ္သက္၍ ဧရာဝတီမွ ရခိုင္ျပည္နယ္အေျခစိုက္ ေမာင္ေတာ နယ္စပ္ကုန္သည္ႀကီးမ်ားအသင္း၊ ဥကၠဌ ဦးေအာင္ျမတ္သိန္းကို ေမးျမန္းရာ ၎က ေငြေကာက္ခံမည္ဟူသည့္ သတင္းကိုလည္း မသိေၾကာင္း၊ ႏိုင္ငံေရးႏွင့္ ပတ္သက္၍လည္း မေျဖလိုေၾကာင္း ျငင္းဆိုသည္။


ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္၊ ဒုဥကၠ႒ ေဒၚတိုးနႏၵာတင္ကလည္း ရခိုင္ျပည္နယ္တြင္း ပဋိပကၡမ်ားေၾကာင့္ ျပည္မဘက္မွ စီးပြားေရးလုပ္ငန္းရွင္ႀကီးမ်ားက ေရလုပ္ငန္းတြင္ သြားေရာက္ ရင္းႏွီးျမႇဳပ္ႏွံမႈ မရွိဟု ေျပာသည္။


ေဒၚတိုးနႏၵာတင္ က “ေရလုပ္ငန္းသမားေတြကေတာ့ ရခိုင္ကို ေရွာင္တာေပါ့ေနာ္။ ေဒသခံေလာက္ပဲ ရွိတာ။ ေဒသခံကလည္း သူ႔ရခိုင္ အခ်င္းခ်င္းပဲရွိတာဆိုေတာ့ အဆင္ေျပလိမ့္မယ္ ထင္တယ္။ စီးပြားေရး သမားေတြ ကေတာ့ အဲဒီဘက္ကို သိပ္မသြားၾကေတာ့ဘူး။ စိတ္မခ်ရလို႔ မသြားၾကတာ။ က်န္တဲ့သူေတြက Risk ယူၿပီး မလုပ္ၾကဘူး။ အခုလိုသာ ေကာက္မယ္ဆို ပိုဆိုးမွာ” ဟု ေျပာသည္။


ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ေအာက္တြင္လည္း တိုင္းႏွင့္ ျပည္နယ္ အားလုံးတြင္ အဖြဲ႕ခ်ဳပ္မ်ား ဖြဲ႕ထားၿပီး ရခိုင္ျပည္နယ္ တေနရာတည္းတြင္သာ လုံၿခဳံေရး အေျခအေနမ်ားေၾကာင့္ ရခိုင္ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ပင္ ဖြဲ႕စည္း ထားျခင္း မရွိပါဟု ေဒၚတိုးနႏၵာတင္က ဆိုသည္။


ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္က ေငြေၾကးေကာက္ခံရန္ ေဆာင္႐ြက္ရျခင္းမွာ ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ အတြင္း တည္ရွိေနသည့္ AA ၏ ၾသဇာကို အသိအမွတ္ျပဳရန္ ျဖစ္သည္ဟု ေျပာသည္။


AA တပ္ဖြဲ႕ဝင္မ်ား အေျခစိုက္ လႈပ္ရွားရာ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္အတြင္းရွိ အိႏၵိယ–ျမန္မာ ႏွစ္ႏိုင္ငံ ပူးေပါင္း လုပ္ေဆာင္ေနသည့္ ကုလားတန္စီမံကိန္းတြင္လည္း အိႏၵိယဘက္မွ AA တည္ရွိမႈကို အသိအမွတ္ မျပဳဘဲ လုပ္ေဆာင္ေနသည္မ်ား ရွိသည္ဟု ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္ က ေျပာသည္။


ကုလားတန္စီမံကိန္းကို ႀကိဳဆိုပါေၾကာင္းႏွင့္ ပူးေပါင္းလုပ္ေဆာင္ရန္၊ စီမံကိန္းဧရိယာတြင္ AA တပ္ဖြဲ႕ဝင္မ်ား ရွိသျဖင့္ ဝင္ထြက္သြားလာပါက သတင္းပို႔ရန္ ေျပာေသာ္လည္း လိုက္နာျခင္း မရွိဘဲ ေရတပ္သေဘၤာႀကီးမ်ားျဖင့္ ဝင္ထြက္ သြားလာေနျခင္းေၾကာင့္ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ ရျခင္း ျဖစ္သည္ဟု ေျပာသည္။


ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က “ဒါက အိႏၵိယမို႔လို႔ ဘယ္ႏိုင္ငံျဖစ္လို႔ ဆန႔္က်င္တာ မဟုတ္ဘူး။ အခု ၂၀၂၀ အေစာပိုင္းကို ေရာက္ေတာ့မယ္။ က်ေနာ္တို႔ အိႏၵိယသံ႐ုံးကိုေရာ သူနဲ႔ အလုပ္လုပ္ ေနတဲ့ ကုမၺဏီေတြကိုေရာ အခုစာပို႔ဖို႔ လုပ္ေနတယ္။ ခင္ဗ်ားတို႔ အလုပ္ကို ခင္ဗ်ားတို႔ လုပ္လို႔ ရတယ္။ ဘာလုပ္လဲ ဆိုတာကိုေတာ့ က်ေနာ္တို႔ကို အသိေပးရမယ္” ဟု ေျပာသည္။


ကုလားတန္စီမံကိန္းေအာက္တြင္ သြားလာလုပ္ကိုင္ၾကသူမ်ားမွာ စစ္ဆင္ေရးပုံစံျဖင့္ သြားလာျခင္း မျပဳလုပ္ရဘဲ AA ႏွင့္ ပူးေပါင္း ေဆာင္႐ြက္ရမည္ျဖစ္ၿပီး AA က သတ္မွတ္မည့္ အခြန္ဟူသည့္ ေခါင္းစဥ္ေအာက္တြင္ ေငြေၾကး ေပးေဆာင္ရမည္ဟု ဆိုသည္။


ဆက္လက္၍ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္က “က်ေနာ္တို႔ ULA ကို အခြန္ေဆာင္ရမယ္။ မေဆာင္လို႔ မရဘူး။ မေဆာင္ရင္ ေပးလုပ္မွာ မဟုတ္ဘူး။ ဒါ အရွင္းဆုံးေျပာတာ။ က်ေနာ္တို႔ Arakan Government ကိုေတာ့ မထူေထာင္ေသးဘူး။ ဒါေပမယ့္ ရကၡိဳင္ျပည္သူ႔အာဏာပိုင္ အဖြဲ႕ကိုေတာ့ က်ေနာ္တို႔ ထူေထာင္ေတာ့မယ္” ဟု ေျပာသည္။


AA မွ ၎တို႔လႈပ္ရွားရာ နယ္ေျမေဒသအတြင္း လုပ္ငန္းႏွင့္ စီမံကိန္းမ်ား လုပ္ေဆာင္သည့္ မည့္သည့္ အဖြဲ႕အစည္း၊ မည္သည့္ ႏိုင္ငံမဆို ပူးေပါင္းလာပါက အကူအညီေပးမည္ဟုလည္း ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္က ထပ္မံေျပာသည္။


ရခိုင္ျပည္နယ္တြင္ တ႐ုတ္ႏိုင္ငံ၏ စီမံကိန္းႀကီးတခုျဖစ္သည့္ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ ႏွင့္ ထပ္မံ လုပ္ေဆာင္မည့္ ပိုးလမ္းမစီမံကိန္း အစိတ္အပိုင္းမ်ား ရွိေသာ္လည္း တ႐ုတ္ႏိုင္ငံက စီမံကိန္းတဝိုက္ ပဋိပကၡမ်ား မျဖစ္ရန္ ေျပာဆိုကာ AA တည္ရွိမႈကိုလည္း အသိအမွတ္ျပဳထားသည္ဟု ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က ေျပာသည္။


မတ္ ၁၆ ရက္တြင္ ကုလားတန္စီမံကိန္းအတြက္ သံေပါင္မ်ား သယ္ေဆာင္လာသည့္ ရတနာဝင္း ေရယာဥ္ကို ပလက္ဝၿမိဳ႕နယ္အတြင္း AA က ပစ္ခတ္ခဲ့သျဖင့္ မီးေလာင္ကာ ေငြက်ပ္ ၁ ဒႆမ ၀၇၂ ဘီလီယံဖိုး ပ်က္စီးခဲ့သည္။


AAဘက္မွ ၎တို႔ တပ္ဖြဲ႕ဝင္မ်ား ရွိရာ နယ္ေျမသို႔ ျဖတ္သန္းသြားလာပါက လူဦးေရစာရင္းႏွင့္ သြားလာသည့္ အေၾကာင္း အရာမ်ားကို သတင္းေပးပို႔ ရမည္ ျဖစ္ၿပီး မပို႔ပါက လုံၿခဳံေရး အာမ မခံေၾကာင္း သတင္းထုတ္ျပန္ခဲ့သည္။


ေဆာက္လုပ္ေရး ဝန္ႀကီးဌာနက ဧၿပီ ၂၉ ရက္တြင္ ကုလားတန္ ျမစ္ကူးတံတားအတြက္ သံေပါင္မ်ား ထပ္မံ ပို႔ေဆာင္ရာတြင္ ေရယာဥ္ေပၚ ပါဝင္သည့္ ပစၥည္းမ်ား ႏွင့္ တန္ဖိုးေငြက်ပ္မ်ား၊ ရန္ကုန္ဆိပ္ကမ္းမွ ထြက္ရွိလာသည့္ ေန႔ရက္၊ စစ္ေတြဆိပ္ကမ္း သို႔ ဆိုက္ကပ္သည့္ အခ်ိန္၊ ပလက္ဝၿမိဳ႕နယ္အတြင္း ေရာက္ရွိမည့္ ေန႔ရက္မ်ား အျပင္ ေရယာဥ္ေပၚ ပါဝင္ လာသည့္ ဝန္ထမ္းမ်ား၏ မွတ္ပုံတင္အမွတ္၊ ေနရပ္လိပ္စာမ်ားပါ ထုတ္ျပန္ခဲ့သည္။


မတ္ ၃၀ ရက္တြင္လည္း ကုလားတန္စီမံကိန္း၏ အစိတ္အပိုင္းတခုျဖစ္သည့္ ျမန္မာ–အိႏၵိယ လမ္းပိုင္း၊ ပလက္ဝ –မီဇိုရမ္ လမ္းပိုင္းကို ေဆာင္႐ြက္ေနသည့္ ဆုထူးစံကုမၸဏီမွ လုပ္သား ၈ ဦး ဖမ္းဆီးခံရဖူးသည္။


၎တို႔ ၈ ဦးမွာ အရပ္သားမ်ား မဟုတ္ဘဲ စစ္ေထာက္လွမ္းေရးေဟာင္းမ်ား ပါဝင္ေနသည့္အျပင္ ဆုထူးစံ ကုမၸဏီကလည္း စစ္ေထာက္လွမ္းေရးေဟာင္း အဖြဲ႕ဝင္ပိုင္ ကုမၺဏီ ျဖစ္သျဖင့္ စစ္ဆင္ေရးနယ္ေျမ အတြင္း ရွိေနသည္ကို မလိုလားျခင္းေၾကာင့္ ဖမ္းဆီးျခင္း ျဖစ္သည္ဟု AA ဘက္မွ ေျပာဆိုခဲ့သည္။


ဆုထူးစံကုမၸဏီဝန္ထမ္းမ်ားကို ျပန္လႊတ္ေပးခဲ့ေသာ္လည္း ကုလားတန္ စီမံကိန္း ျပဳလုပ္ရာ တဝိုက္တြင္ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားၿပီး ႏိုဝင္ဘာ ၃ ရက္တြင္ ကုလားတန္ျမစ္အတြင္း သြားေနသည့္ Speed Boat ႏွစ္စီးကို AA က ထပ္မံ ဖမ္းဆီးခဲ့သည္။


Speed Boat တြင္း ပါလာသူ ၁၀ ဦးမွာ ပလက္ဝၿမိဳ႕နယ္၊ အမ်ိဳးသားလႊတ္ေတာ္ အမတ္ ဦးေဝွ႔တင္း၊ ကုလားတန္ စီမံကိန္းတြင္ အလုပ္လုပ္ေနသည့္ အိႏၵိယ ႏိုင္ငံသား ၅ ဦး အပါအဝင္ ဘာသာျပန္ႏွင့္ စက္ေလွေမာင္းသမားမ်ား ျဖစ္သည္။


ဖမ္းဆီးခံရၿပီးေနာက္ အိႏၵိယႏိုင္ငံသား Mr.Vinoo Gopal ေသဆုံးသြားခဲ့ၿပီး ႏိုဝင္ဘာ ၄ ရက္တြင္ ဦးေဝွ႔တင္းမွ လြဲ၍ က်န္ဖမ္းဆီးခံရသူမ်ားကို ျပန္လႊတ္ေပးခဲ့သည္။



Unicode



By နန်းလွင်နှင်းပွင့် 9 December 2019Want create site? Find Free WordPress Themes and plugins.

ရက္ခိုင်စစ်တပ် (AA) လှုပ်ရှားရာ ဒေသများတွင် စီမံကိန်းနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများကို ၂၀၂၀ ခုနှစ်မှစ၍ အခွန်ခေါင်းစဉ်ဖြင့် ငွေကြေး စတင်ကောက်ခံတော့မည် ဖြစ်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဧရာဝတီကို ပြောသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင် က “စီမံကိန်းတွေ တခြားလုပ်ငန်းတွေကို အဓိကထားမယ်။ ကျနော်တို့ ရခိုင်ပြည်မှာဆို ရေလုပ်ငန်းတွေ ရှိမယ်။ လက်လုပ်လက်စားအဆင့် မဟုတ်ဘဲ စီးပွားရေးလုပ်ငန်း တွေပေါ့။ ကျနော်တု့ိက ငွေကြေးအားဖြင့် များများစားစား ကောက်မှာ မဟုတ်ဘူး။ အဓိက ကတော့ ရက္ခိုင် ပြည်သူ့တော်လှန်ရေး အာဏာကို အသိအမှတ်ပြုမှုကို အဓိက ဦးစားပေးမှာ ဖြစ်တယ်” ဟု ပြောသည်။

AA လှုပ်ရှားရာ ရခိုင်ပြည်နယ်တွင်း၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်းရှိ စီမံကိန်းများ၊ စီးပွားရေး လုပ်ငန်းများ အားလုံးကို စိစစ်နေပြီး မည်သည့် လုပ်ငန်းက မည်သည့် ပမာဏ ပေးဆောင် ရမည် ဟူသည်တို့ကိုလည်း လက်ရှိတွင် တွက်ချက်နေသည်ဟု သိရသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင် က “လကိုတော့ အတိအကျ မပြောလိုဘူး။ ဒါပေမယ့် ကျနော်တို့ ဒီ ၂၀၂၀ မှာ စမယ်”ဟု ဆိုသည်။

AA ဘက်မှ အခွန်ဟုဆိုကာ တောင်းဆိုမည့် ငွေကြေးကို မပေးဆောင်ပါက တရားမဝင်အဖြစ် သတ်မှတ်ကာ မပေးသည့် ကုမ္ဗဏီ၊ လုပ်ငန်းများကို ဖျက်သိမ်းပစ်မည်ဟုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

၂၀၂၀ ခုနှစ်တွင် အခွန်ဟူသည့် ခေါင်းစဉ်ဖြင့် ငွေကြေးကောက်ခံမည့် ထဲတွင် အစိုးရဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ လွှတ်တော်ကိုယ်စားလှယ်များကို ထည့်သွင်း ကောက်ခံရန်လည်း စဉ်းစားနေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင်း စီးပွားရေးလုပ်ငန်းများကို ငွေကြေးကောက်ခံမည်ဟူသည့် သတင်းအချက်အလက် နှင့် ပတ်သက်၍ ဧရာဝတီမှ ရခိုင်ပြည်နယ်အခြေစိုက် မောင်တော နယ်စပ်ကုန်သည်ကြီးများအသင်း၊ ဥက္ကဌ ဦးအောင်မြတ်သိန်းကို မေးမြန်းရာ ၎င်းက ငွေကောက်ခံမည်ဟူသည့် သတင်းကိုလည်း မသိကြောင်း၊ နိုင်ငံရေးနှင့် ပတ်သက်၍လည်း မဖြေလိုကြောင်း ငြင်းဆိုသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ဒုဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်ကလည်း ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများကြောင့် ပြည်မဘက်မှ စီးပွားရေးလုပ်ငန်းရှင်ကြီးများက ရေလုပ်ငန်းတွင် သွားရောက် ရင်းနှီးမြှုပ်နှံမှု မရှိဟု ပြောသည်။

ဒေါ်တိုးနန္ဒာတင် က “ရေလုပ်ငန်းသမားတွေကတော့ ရခိုင်ကို ရှောင်တာပေါ့နော်။ ဒေသခံလောက်ပဲ ရှိတာ။ ဒေသခံကလည်း သူ့ရခိုင် အချင်းချင်းပဲရှိတာဆိုတော့ အဆင်ပြေလိမ့်မယ် ထင်တယ်။ စီးပွားရေး သမားတွေ ကတော့ အဲဒီဘက်ကို သိပ်မသွားကြတော့ဘူး။ စိတ်မချရလို့ မသွားကြတာ။ ကျန်တဲ့သူတွေက Risk ယူပြီး မလုပ်ကြဘူး။ အခုလိုသာ ကောက်မယ်ဆို ပိုဆိုးမှာ” ဟု ပြောသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အောက်တွင်လည်း တိုင်းနှင့် ပြည်နယ် အားလုံးတွင် အဖွဲ့ချုပ်များ ဖွဲ့ထားပြီး ရခိုင်ပြည်နယ် တနေရာတည်းတွင်သာ လုံခြုံရေး အခြေအနေများကြောင့် ရခိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ပင် ဖွဲ့စည်း ထားခြင်း မရှိပါဟု ဒေါ်တိုးနန္ဒာတင်က ဆိုသည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ငွေကြေးကောက်ခံရန် ဆောင်ရွက်ရခြင်းမှာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်း တည်ရှိနေသည့် AA ၏ သြဇာကို အသိအမှတ်ပြုရန် ဖြစ်သည်ဟု ပြောသည်။

AA တပ်ဖွဲ့ဝင်များ အခြေစိုက် လှုပ်ရှားရာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ အိန္ဒိယ–မြန်မာ နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်နေသည့် ကုလားတန်စီမံကိန်းတွင်လည်း အိန္ဒိယဘက်မှ  AA တည်ရှိမှုကို အသိအမှတ် မပြုဘဲ လုပ်ဆောင်နေသည်များ ရှိသည်ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ပြောသည်။

ကုလားတန်စီမံကိန်းကို ကြိုဆိုပါကြောင်းနှင့် ပူးပေါင်းလုပ်ဆောင်ရန်၊ စီမံကိန်းဧရိယာတွင် AA တပ်ဖွဲ့ဝင်များ ရှိသဖြင့် ဝင်ထွက်သွားလာပါက သတင်းပို့ရန် ပြောသော်လည်း လိုက်နာခြင်း မရှိဘဲ ရေတပ်သင်္ဘောကြီးများဖြင့် ဝင်ထွက် သွားလာနေခြင်းကြောင့် လက်နက်ကြီးများဖြင့် ပစ်ခတ် ရခြင်း ဖြစ်သည်ဟု ပြောသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ဒါက အိန္ဒိယမို့လို့ ဘယ်နိုင်ငံဖြစ်လို့ ဆန့်ကျင်တာ မဟုတ်ဘူး။ အခု ၂၀၂၀ အစောပိုင်းကို ရောက်တော့မယ်။ ကျနော်တို့ အိန္ဒိယသံရုံးကိုရော သူနဲ့ အလုပ်လုပ် နေတဲ့ ကုမ္ဗဏီတွေကိုရော အခုစာပို့ဖို့ လုပ်နေတယ်။ ခင်ဗျားတို့ အလုပ်ကို ခင်ဗျားတို့ လုပ်လို့ ရတယ်။ ဘာလုပ်လဲ ဆိုတာကိုတော့ ကျနော်တို့ကို အသိပေးရမယ်” ဟု ပြောသည်။

ကုလားတန်စီမံကိန်းအောက်တွင် သွားလာလုပ်ကိုင်ကြသူများမှာ စစ်ဆင်ရေးပုံစံဖြင့် သွားလာခြင်း မပြုလုပ်ရဘဲ AA နှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပြီး AA က သတ်မှတ်မည့် အခွန်ဟူသည့် ခေါင်းစဉ်အောက်တွင် ငွေကြေး ပေးဆောင်ရမည်ဟု ဆိုသည်။

ဆက်လက်၍ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “ကျနော်တို့ ULA ကို အခွန်ဆောင်ရမယ်။ မဆောင်လို့ မရဘူး။ မဆောင်ရင် ပေးလုပ်မှာ မဟုတ်ဘူး။ ဒါ အရှင်းဆုံးပြောတာ။ ကျနော်တို့ Arakan Government ကိုတော့ မထူထောင်သေးဘူး။ ဒါပေမယ့် ရက္ခိုင်ပြည်သူ့အာဏာပိုင် အဖွဲ့ကိုတော့ ကျနော်တို့ ထူထောင်တော့မယ်” ဟု ပြောသည်။

AA မှ ၎င်းတို့လှုပ်ရှားရာ နယ်မြေဒေသအတွင်း လုပ်ငန်းနှင့် စီမံကိန်းများ လုပ်ဆောင်သည့် မည့်သည့် အဖွဲ့အစည်း၊ မည်သည့် နိုင်ငံမဆို ပူးပေါင်းလာပါက အကူအညီပေးမည်ဟုလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ထပ်မံပြောသည်။

ရခိုင်ပြည်နယ်တွင် တရုတ်နိုင်ငံ၏ စီမံကိန်းကြီးတခုဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် နှင့် ထပ်မံ လုပ်ဆောင်မည့် ပိုးလမ်းမစီမံကိန်း အစိတ်အပိုင်းများ ရှိသော်လည်း တရုတ်နိုင်ငံက စီမံကိန်းတဝိုက် ပဋိပက္ခများ မဖြစ်ရန် ပြောဆိုကာ AA တည်ရှိမှုကိုလည်း အသိအမှတ်ပြုထားသည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

မတ် ၁၆ ရက်တွင် ကုလားတန်စီမံကိန်းအတွက် သံပေါင်များ သယ်ဆောင်လာသည့် ရတနာဝင်း ရေယာဉ်ကို ပလက်ဝမြို့နယ်အတွင်း AA က ပစ်ခတ်ခဲ့သဖြင့် မီးလောင်ကာ ငွေကျပ် ၁ ဒဿမ ၀၇၂ ဘီလီယံဖိုး ပျက်စီးခဲ့သည်။

AAဘက်မှ ၎င်းတို့ တပ်ဖွဲ့ဝင်များ ရှိရာ နယ်မြေသို့ ဖြတ်သန်းသွားလာပါက လူဦးရေစာရင်းနှင့် သွားလာသည့် အကြောင်း အရာများကို သတင်းပေးပို့ ရမည် ဖြစ်ပြီး မပို့ပါက လုံခြုံရေး အာမ မခံကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဧပြီ ၂၉ ရက်တွင် ကုလားတန် မြစ်ကူးတံတားအတွက် သံပေါင်များ ထပ်မံ ပို့ဆောင်ရာတွင် ရေယာဉ်ပေါ် ပါဝင်သည့် ပစ္စည်းများ နှင့် တန်ဖိုးငွေကျပ်များ၊ ရန်ကုန်ဆိပ်ကမ်းမှ ထွက်ရှိလာသည့် နေ့ရက်၊ စစ်တွေဆိပ်ကမ်း သို့ ဆိုက်ကပ်သည့် အချိန်၊ ပလက်ဝမြို့နယ်အတွင်း ရောက်ရှိမည့် နေ့ရက်များ အပြင် ရေယာဉ်ပေါ် ပါဝင် လာသည့် ဝန်ထမ်းများ၏ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာများပါ ထုတ်ပြန်ခဲ့သည်။

မတ် ၃၀ ရက်တွင်လည်း ကုလားတန်စီမံကိန်း၏ အစိတ်အပိုင်းတခုဖြစ်သည့် မြန်မာ–အိန္ဒိယ လမ်းပိုင်း၊ ပလက်ဝ –မီဇိုရမ် လမ်းပိုင်းကို ဆောင်ရွက်နေသည့် ဆုထူးစံကုမ္ပဏီမှ လုပ်သား ၈ ဦး ဖမ်းဆီးခံရဖူးသည်။

၎င်းတို့ ၈ ဦးမှာ အရပ်သားများ မဟုတ်ဘဲ စစ်ထောက်လှမ်းရေးဟောင်းများ ပါဝင်နေသည့်အပြင် ဆုထူးစံ ကုမ္ပဏီကလည်း စစ်ထောက်လှမ်းရေးဟောင်း အဖွဲ့ဝင်ပိုင် ကုမ္ဗဏီ ဖြစ်သဖြင့် စစ်ဆင်ရေးနယ်မြေ အတွင်း ရှိနေသည်ကို မလိုလားခြင်းကြောင့် ဖမ်းဆီးခြင်း ဖြစ်သည်ဟု AA ဘက်မှ ပြောဆိုခဲ့သည်။

ဆုထူးစံကုမ္ပဏီဝန်ထမ်းများကို ပြန်လွှတ်ပေးခဲ့သော်လည်း ကုလားတန် စီမံကိန်း ပြုလုပ်ရာ တဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပြီး နိုဝင်ဘာ ၃ ရက်တွင် ကုလားတန်မြစ်အတွင်း သွားနေသည့် Speed Boat နှစ်စီးကို AA က ထပ်မံ ဖမ်းဆီးခဲ့သည်။

Speed Boat တွင်း ပါလာသူ ၁၀ ဦးမှာ ပလက်ဝမြို့နယ်၊ အမျိုးသားလွှတ်တော် အမတ် ဦးဝှေ့တင်း၊ ကုလားတန် စီမံကိန်းတွင် အလုပ်လုပ်နေသည့် အိန္ဒိယ နိုင်ငံသား ၅ ဦး အပါအဝင် ဘာသာပြန်နှင့် စက်လှေမောင်းသမားများ ဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် အိန္ဒိယနိုင်ငံသား Mr.Vinoo Gopal သေဆုံးသွားခဲ့ပြီး နိုဝင်ဘာ ၄ ရက်တွင် ဦးဝှေ့တင်းမှ လွဲ၍ ကျန်ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးခဲ့သည်။

630 views
bottom of page