top of page

ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်


၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း (၁၀) ရက်

၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၀) ရက်


ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်


၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်သော (၁၃) နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ အခမ်းအနားသို့ ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်ကြသည့် PSLF/TNLA ၊ MNTJP/MNDAA တို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် နွေဦးတော်လှန်ရေးမှ မွေးဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းအချို့နှင့် အမည်ဖော်ပြရန်စောနေသေးသော အဖွဲ့အစည်းအချို့မှ ပေးပို့လာကြသည့် သဝဏ်လွှာများကို လက်ခံရရှိပါသည်။

သဝဏ်လွှာများပေးပို့ကြသော အဖွဲ့အစည်းများအားလုံးကို မိမိတို့ ULA/AA မှ ရက္ခိုင်ပြည်သူများ ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါသည်။



ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်



207 views
bottom of page