top of page

WHO ဝန္ထမ္း(၂) ဦးအား ျမန္မာ့တပ္မေတာ္မွ ပစ္ခတ္မႈေၾကာင့္တစ္ဦးဒဏ္ရာရတစ္ဦးေသဆံုး

WHO ဝန္ထမ္း(၂) ဦးအား ျမန္မာ့တပ္မေတာ္၏ မင္းျပားၿမိဳ႕နယ္၊ ရာေမာင္တံတားထိပ္၌ တပ္စြဲထားေသာ

ျမန္မာ့တပ္မေတာ္၏ စစ္ေဆးေရးဂိတ္မွ ပစ္ခတ္၍ ဝန္ထမ္း(၂) ဦးအနက္မွ တစ္ဦးေသဆံုး





၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ(၂၁) ရက္


Covid-19 ကို႐ိုနာကူးစက္ျမန္ကပ္ေရာဂါအား တစ္ကမ႓ာလံုးအတိုင္းအတာျဖင့္စုစည္းညီၫြတ္စြာရင္ဆိုင္ေန ၾကသည့္အက်ပ္အတည္းအခိ်န္ကာလအား ျမန္မာ့တပ္မေတာ္သည္ အခြင့္ေကာင္းယူၿပီး တိုက္ပြဲမ်ားကိုမရပ္တန္႔ေသးသည့္အျပင္ထိုးစစ္မ်ားကို အရွိန္အဟုန္ျမႇင့္စြာဆက္လက္ျပဳလုပ္ေနျခင္း၊ အရပ္သားျပည္သူလူထုအား လက္နက္ႀကီးမ်ားျဖင့္ တမင္တကာ ပစ္ခတ္သတ္ျဖတ္ေနျခင္း၊ဖမ္းဆီးျခင္းစသည္တို႔ကို ေျဗာင္က်က်က်ဴးလြန္ေဖာက္ဖ်က္ လ်က္ရွိသည္။


ကမ႓ာ့ကုလသမဂၢ( UN) မွ Covid-19 ကို႐ိုနာကူးစက္ျမန္ကပ္ေရာဂါ အားတိုက္ဖ်က္ေရးတြင္ အေထာက္အကူျပဳေစရန္ ပဋိပကၡျဖစ္ပြားေနေသာအဖြဲ႕အစည္းမ်ား ယခုကာလအေတာအတြင္းပစ္ခတ္တိုက္ခိုက္မႈရပ္တန္႔ထားၾကရန္ ေၾကညာထားေသာ္လည္း ျမန္မာ့တပ္မေတာ္သည္ အေလးမထား၊ ဂ႐ုမစိုက္ဘဲ ရကၡိဳင့္တပ္ေတာ္အား ဘက္ေပါင္းစံုမွ ထိုးစစ္ဆင္တိုက္ခိုက္လ်က္ရွိသည္။


တစ္ကမ႓ာလံုး ကို႐ိုနာကူးစက္ေရာဂါအား ရင္ဆိုင္ေနၾကရသည့္အခိ်န္အတြင္းျမန္မာႏိုင္ငံ၌ Covid-19 ကို႐ိုနာကူးစက္ျမန္ကပ္ရာဂါအားတိုက္ဖ်က္ေရး၊ ႀကိဳတင္ကာကြယ္ေရးတို႔ကိုအေထာက္အကူျပဳေစရန္ အတြက္ရကၡိဳင့္တပ္ေတာ္အေနျဖင့္ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲျခင္းအား ဧၿပီလ(၁) ရက္မွ (၃၀) ရက္ေန႔အထိ ထပ္မံသက္တမ္းတိုးခဲ့သည္။


မင္းျပားၿမိဳ႕နယ္၊ ဖားၿပိဳရြာေတာင္ဖက္(၁) ကီလိုမီတာအကြာအေဝးရွိ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားရွိရာေနရာအား ျမန္မာ့တပ္မေတာ္သည္ အင္အား(၂၈၀) ခန္႔ပါစစ္ေၾကာင္းျဖင့္ မိမိတို႔အားႏွစ္ဖက္ညႇပ္၍၂၀၂၀ ျပည့္ႏွစ္၊ဧၿပီလ(၂၀)ရက္ နံနက္(၈) နာရီ(၅၂) မိနစ္မွစတင္ၿပီး ထိုးစစ္ဆင္တိုက္ခိုက္လာခဲ့ေသာေၾကာင့္ တစ္ေန႔လံုးနီးပါးတိုက္ပြဲမ်ားေတာက္ေလွ်ာက္ျဖစ္ပြားခဲ့သည္။ ျမန္မာ့တပ္မေတာ္၌ အင္အားမလုံေလာက္ေသာေၾကာင့္အမိ်ဳးသမီးတပ္ဖြဲ႕ဝင္မ်ားပါ တိုက္ခိုက္လ်က္ရွိေၾကာင္းသိရွိရသည္။ ညေန(၄) နာရီေနာက္ပိုင္း၌ ႀကိဳၾကား ၾကားပစ္ခတ္တိုက္ခိုက္မႈသာရွိခဲ့သည္။


ညေန(၅) နာရီ(၄၀) မိနစ္ အခိ်န္၌ WHO ( ကမ႓ာ့က်န္းမာေရးအဖြဲ႕) မွ ဝန္ထမ္း(၂) ဦးပါ ကားတစ္စီးသည္ ရာေမာင္တံတားအားျဖတ္သန္းရန္အတြက္၎တံထားထိပ္ရွိ ျမန္မာ့တပ္မေတာ္၏ တပ္စခန္းတြင္ခြင့္ျပဳခ် က္ေတာင္းခံခဲ့သည္။ အဆိုပါ WHO ဝန္ထမ္း(၂) ဦးမွာ Coronavirus သံသယရွိေသာသူမ်ား၏ Swabs နမူနာမ်ားကိုယူေဆာင္၍ ရန္ကုန္သို႔ပို႔ေဆာင္ရန္အတြက္ တာဝန္ျဖင့္ခရီးသြားလာျခင္းျဖစ္သည္။


ထို WHO ဝန္ထမ္း(၂) ဦးသည္ အဆိုပါ ျမန္မာ့တပ္မေတာ္၏ ရာေမာင္တံတားထိပ္တပ္စခန္းမွ ခြင့္ျပဳခ်က္ရ၍ ရာေမာင္တံတားအားျဖတ္သန္းေနစဥ္အတြင္း ခြင့္ျပဳလိုက္ေသာ ျမန္မာ့တပ္မေတာ္၏တပ္စခန္းမွ လက္နက္ငယ္ျဖင့္ပစ္ခတ္သည့္အျပင္ ကားျဖတ္သန္းရာဝဲယာတစ္ေလ်ာက္ ေနရာယူထားေသာ ျမန္မာ့တပ္မေတာ္၏ တပ္ဖြဲ႕ဝင္မ်ား ႏွင့္ ကားလမ္းနံေဘးရွိစက္ရံု၌ရွိေသာ ျမန္မာ့တပ္မေတာ္၏တပ္ဖြဲ႕ဝင္မ်ားမွ ေတာက္ေလ်ာက္ပစ္ခတ္ခဲ့ေသာေၾကာင့္ အဆိုပါဝန္ထမ္းႏွစ္ဦးမွာ ေသနတ္က်ည္ ထိမွန္၍ ျပင္းထန္ဒဏ္ရာရရွိခဲ့သည္။ ထို႔အျပင္WHO ဝန္ထမ္းႏွစ္ဦးစီးလာေသာ ကားမွာ လမ္းေဘး၌ထိုးရပ္သြားခဲ့သည္။






ကားလမ္းနံေဘးရွိစက္ရံု၌ ျမန္မာ့တပ္မေတာ္မွ စခန္းခ်တပ္စြဲထားခဲ့သည္မွာကာလအတန္ၾကာၿပီျဖစ္သည္။ ယခုအခင္းျဖစ္ပြားရာေနရာသည္ ျမန္မာ့တပ္မေတာ္၏ စခန္းခ်တပ္စြဲထားေသာေနရာ အတြင္း၌သာျဖစ္သည္။


ဤကဲ့သို႔ျဖစ္ပ်က္ၿပီးမၾကာမီ လမ္းေဘး၌ထိုးက်ေနေသာ WHO အမွတ္တံဆိပ္ပါကားအားရကၡိဳင့္တပ္ေတာ္မွ ေတြ႕ျမင္၍ အဆိုပါ WHO ဝန္ထမ္း(၂) ဦးအား ကားအတြင္းမွ မိမိတို႔ကယ္တင္ခဲ့သည္။ ထို႔ေနာက္(First Aid) ေရွးဦးသူနာျပဳစုနည္းျဖင့္အတတ္ႏိုင္ဆံုးကုသၿပီး "မင္းျပား" ျပည္သူ႔ေဆးရံုသို႔ ေဒသခံျပည္သူလူထုမ်ား၏အကူအညီျဖင့္ပို႔ေပးခဲ့ပါသည္။



ျမန္မာ့တပ္မေတာ္၏ ဖားၿပိဳရြာအနီးေတာင္ကုန္း၊ကိ်န္းေတာင္ႏွင့္ ရာေမာင္တံတားထိပ္မ်ားမွေန၍ လက္နက္ ႀကီးမ်ားျဖင့္ တမင္တကာပစ္ခတ္တိုက္ခိုက္ခဲ့ေသာေၾကာင့္ မင္းရြာအတြင္း သို႔ ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ(၂၀) ရက္ နံနက္(၁၁) နာရီ(၄၅) မိနစ္၌လည္းေကာင္း၊ ေထာင့္ေခ်ရြာအတြင္းသို႔ေန႔လယ္(၁) နာရီ(၁၅) မိနစ္၌လည္းေကာင္း၊ ျမစ္နားရြာအတြင္းသို႔ေန႔လယ္(၁) နာရီ(၃၀) မိနစ္၌လည္းေကာင္း အသီးသီး လက္နက္ႀကီးက်ေရာက္ေပါက္ကြဲခဲ့သည္။ ထို႔ေၾကာင့္၎ရြာမ်ားမွအျပစ္မဲ့ရြာသူ၊ရြာသား(၁)ဦး ေသဆံုးကာ(၅) ဦးဒဏ္ရာရသူမ်ားရွိခဲ့သည္။ ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ(၂၀) ရက္၊ တစ္ေန႔လံုးနီးပါး ျမန္မာ့တပ္မေတာ္သည္လက္နက္ႀကီးမ်ားျဖင့္ ရြာမ်ားအတြင္းပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။


ေနာက္ဆက္တြဲသိရွိရသည္မွာ ထိုဝန္ထမ္းႏွစ္ဦးအနက္မွ တစ္ဦးျဖစ္ေသာ ယာဥ္ေမာင္း ဦးျပည့္စံုဝင္းေမာင္ မွာ ညသန္းေခါင္(၁၂) နာရီေက်ာ္တြင္ မင္းျပားေဆးရံု၌ ျမန္မာ့တပ္မေတာ္မွ ပစ္ခတ္၍ထိမွန္ေသာ က်ည္ဒဏ္ရာျဖင့္ေသဆံုးခဲ့ေၾကာင္းသိရွိရၿပီး အျခားတစ္ဦးျဖစ္ေသာ ဦးေအာင္မိ်ဳးဦးမွာလည္း အလတ္စားဒဏ္ရာရရွိခဲ့ေၾကာင္းသိရွိရသည္။ ျမန္မာ့တပ္မေတာ္မွ ပစ္ခတ္ေသာက်ည္သည္ ဦးျပည့္စံုဝင္းေမာင္၏ ခႏၶာအားထိမွန္ခဲ့ျခင္းျဖစ္သည္။


က်ည္ဆံထိမွန္ေသာသူ ႏွင့္ ၎တို႔၏ကားေပၚမွ က်ည္ဆံထိမွန္ရာမ်ားကို စစ္ေဆးၾကည့္ပါက ျမန္မာ့တပ္မေတာ္၏ က်ည္ဆံျဖစ္ေၾကာင္းသိရွိႏိုင္ပါသည္။ ဦးျပည့္စံုဝင္းေမာင္အား မိမိတို႔ကယ္တင္ခိ်န္၌ သူ႔တြင္ေသြးထြက္လြန္၍ သတိေမ့ေျမာေနၿပီျဖစ္သည္။


WHO ဝန္ထမ္းေသဆံုးရျခင္းႏွင့္ပတ္သက္၍ အဆိုပါကိစၥမွာမိမိတို႔အဖြဲ႕အစည္း ႏွင့္ "လံုးဝ" သက္ဆိုင္ျခင္းမရွိဘဲ ျမန္မာ့တပ္မေတာ္၏ မင္းျပားၿမိဳ႕နယ္၊ ရာေမာင္တံတားထိပ္၌ တပ္စြဲထားေသာ စစ္ေဆးေရးဂိတ္ႏွင့္ ကားျဖတ္သန္းရာ၀ဲယာတစ္ေလ်ာက္ ေနရာယူထားေသာ ျမန္မာ့တပ္မေတာ္၏ တပ္ဖြဲ႕၀င္မ်ားႏွင့္ ကားလမ္းနံေဘး၌ရွိေသာ ျမန္မာ့တပ္မေတာ္၏တပ္ဖြဲ႕၀င္မ်ားမွ ပစ္ခတ္၍ တစ္ဦးေသဆံုးရျခင္း၊ တစ္ဦးဒဏ္ရာရျခင္းသာျဖစ္သည္။ ဤလုပ္ရပ္မွာ ျမန္မာ့တပ္မေတာ္အေနျဖင့္ ရည္ရြယ္ခ်က္ရွိရွိ လုပ္ေဆာင္ေသာလုပ္ရပ္တစ္ခုသာျဖစ္ေၾကာင္း ထုတ္ျပန္အပ္ပါသည္။


အဖဦးဝင္းေမာင္ဦး ၏သားျဖစ္သူ WHO ဝန္ထမ္း ဦးျပည္စံုဝင္းေမာင္၊ အသက္(၂၉) ႏွစ္၊

ေသဆံုးရျခင္းႏွင့္ ပတ္သက္၍ ရကၡိဳင္အမိ်ဳးသားအဖြဲ႕ခ်ဳပ္/ ရကၡိဳင့္တပ္ေတာ္အေနျဖင့္ မိသားစုႏွင့္ထပ္တူဝမ္းနည္းရပါသည္။




အဆိုပါ WHO ဝန္ထမ္း(၂) ဦး ႏွင့္ပတ္သက္ေသာ သတင္းကို ရကၡိဳင့္တပ္ေတာ္၊ သတင္းႏွင့္ ျပန္ၾကားေရး ၌ (Link : https://bit.ly/3anQWNx ) ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ(၂၀) ရက္၊ ည(၁၁) နာရီ(၀၅) မိနစ္တြင္တင္ထားခဲ့ပါသည္။ မိမိတို႔သတင္းဌာန မွ သတင္းတင္ၿပီး (၁နာရီ ၅၄မိနစ္) အၾကာမွ ျမန္မာအစိုးရပိုင္ MRTV တြင္ တင္ခဲ့ျခင္းသာျဖစ္သည္။ ထို႔အတူ MOI Webportal Myanmar ၌မူ မိမိတို႔သတင္းတင္ၿပီး (၂နာရီ၅၅မိနစ္) အၾကာ( ညသန္းေခါင္(၂) နာရီေက်ာ္ အခိ်န္)မွ ကမန္းကတန္းသတင္းလိုက္တင္ၾကျခင္းသာျဖစ္ၿပီး အဆိုပါျဖစ္ရပ္အား မိမိတို႔ ULA/ AA အေပၚအျပစ္ပံုခ်ျခင္း၊ အျပစ္လႊဲခ်ျခင္း၊ တစ္ဖက္သတ္စြပ္စြဲထားျခင္း ကိုပါေရးသားထားသည္မွာ အစိုးရသတင္းဌာနတစ္ခု၏ ေအာက္တန္းက်ေသာလုပ္ရပ္ျဖစ္ၿပီး ျပင္းထန္စြာရႈတ္ခ်ပါသည္။


ျမန္မာ့တပ္မေတာ္၏ စစ္ရာဇဝတ္က်ဴးလြန္ေသာလုပ္ရပ္ကို ျမန္မာအစိုးရအေနျဖင့္ဖံုးဖိေပးရံုသာမက အစိုးရပိုင္သတင္းဌာနမ်ားမွတစ္ဖက္သတ္ဝါဒျဖန္႔ၿပီး မိမိတို႔အဖြဲ႕အစည္းအေပၚ အျပစ္ပံုခ်ရန္အကြက္က်က်လုပ္ၾကံေသာလုပ္ရပ္တစ္ခုသာျဖစ္သည္။



သတင္း ႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္



၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၂၁) ရက် Covid-19 ကိုရိုနာကူးစက်မြန်ကပ်ရောဂါအား တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်စုစည်းညီညွတ်စွာရင်ဆိုင်နေ ကြသည့်အကျပ်အတည်းအချိန်ကာလအား မြန်မာ့တပ်မတော်သည် အခွင့်ကောင်းယူပြီး တိုက်ပွဲများကိုမရပ်တန့်သေးသည့်အပြင်ထိုးစစ်များကို အရှိန်အဟုန်မြှင့်စွာဆက်လက်ပြုလုပ်နေခြင်း၊ အရပ်သားပြည်သူလူထုအား လက်နက်ကြီးများဖြင့် တမင်တကာ ပစ်ခတ်သတ်ဖြတ်နေခြင်း၊ဖမ်းဆီးခြင်းစသည်တို့ကို ဗြောင်ကျကျကျူးလွန်ဖောက်ဖျက် လျက်ရှိသည်။ ကမ္ဘာ့ကုလသမဂ္ဂ( UN) မှ Covid-19 ကိုရိုနာကူးစက်မြန်ကပ်ရောဂါ အားတိုက်ဖျက်ရေးတွင် အထောက်အကူပြုစေရန် ပဋိပက္ခဖြစ်ပွားနေသောအဖွဲ့အစည်းများ ယခုကာလအတောအတွင်းပစ်ခတ်တိုက်ခိုက်မှုရပ်တန့်ထားကြရန် ကြေညာထားသော်လည်း မြန်မာ့တပ်မတော် သည် အလေးမထား၊ ဂရုမစိုက်ဘဲ ရက္ခိုင့်တပ်တော်အား ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ တစ်ကမ္ဘာလုံး ကိုရိုနာကူးစက်ရောဂါအား ရင်ဆိုင်နေကြရသည့်အချိန်အတွင်းမြန်မာနိုင်ငံ၌ Covid-19 ကိုရိုနာကူးစက်မြန်ကပ်ရာဂါအားတိုက်ဖျက်ရေး၊ ကြိုတင်ကာကွယ်ရေးတို့ကိုအထောက်အကူပြုစေရန် အတွက်ရက္ခိုင့်တပ်တော်အနေဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းအား ဧပြီလ(၁) ရက်မှ (၃၀) ရက်နေ့အထိ ထပ်မံသက်တမ်းတိုးခဲ့သည်။ မင်းပြားမြို့နယ်၊ ဖားပြိုရွာတောင်ဖက်(၁) ကီလိုမီတာအကွာအဝေးရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာအား မြန်မာ့တပ်မတော်သည် အင်အား(၂၈၀) ခန့်ပါစစ်ကြောင်းဖြင့် မိမိတို့အားနှစ်ဖက်ညှပ်၍၂၀၂၀ ပြည့်နှစ်၊ဧပြီလ(၂၀)ရက် နံနက်(၈) နာရီ(၅၂) မိနစ်မှစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့် တစ်နေ့လုံးနီးပါးတိုက်ပွဲများတောက်လျှောက်ဖြစ်ပွားခဲ့သည်။ မြန်မာ့တပ်မတော်၌ အင်အားမလုံလောက်သောကြောင့်အမျိုးသမီးတပ်ဖွဲ့ဝင်များပါ တိုက်ခိုက်လျက်ရှိကြောင်းသိရှိရသည်။ ညနေ(၄) နာရီနောက်ပိုင်း၌ ကြိုကြား ကြားပစ်ခတ်တိုက်ခိုက်မှုသာရှိခဲ့သည်။ ညနေ(၅) နာရီ(၄၀) မိနစ် အချိန်၌ WHO ( ကမ္ဘာ့ကျန်းမာရေးအဖွဲ့) မှ ဝန်ထမ်း(၂) ဦးပါ ကားတစ်စီးသည် ရာမောင်တံတားအားဖြတ်သန်းရန်အတွက်၎င်းတံထားထိပ်ရှိ မြန်မာ့တပ်မတော်၏ တပ်စခန်းတွင်ခွင့်ပြုချ က်တောင်းခံခဲ့သည်။ အဆိုပါ WHO ဝန်ထမ်း(၂) ဦးမှာ Coronavirus သံသယရှိသောသူများ၏ Swabs နမူနာများကိုယူဆောင်၍ ရန်ကုန်သို့ပို့ဆောင်ရန်အတွက် တာဝန်ဖြင့်ခရီးသွားလာခြင်းဖြစ်သည်။ ထို WHO ဝန်ထမ်း(၂) ဦးသည် အဆိုပါ မြန်မာ့တပ်မတော်၏ ရာမောင်တံတားထိပ်တပ်စခန်းမှ ခွင့်ပြုချက်ရ၍ ရာမောင်တံတားအားဖြတ်သန်းနေစဉ်အတွင်း ခွင့်ပြုလိုက်သော မြန်မာ့တပ်မတော်၏တပ်စခန်းမှ လက်နက်ငယ်ဖြင့်ပစ်ခတ်သည့်အပြင် ကားဖြတ်သန်းရာဝဲယာတစ်လျောက် နေရာယူထားသော မြန်မာ့တပ်မတော်၏ တပ်ဖွဲ့ဝင်များ နှင့် ကားလမ်းနံဘေးရှိစက်ရုံ၌ရှိသော မြန်မာ့တပ်မတော်၏တပ်ဖွဲ့ဝင်များမှ တောက်လျောက်ပစ်ခတ်ခဲ့သောကြောင့် အဆိုပါဝန်ထမ်းနှစ်ဦးမှာ သေနတ်ကျည် ထိမှန်၍ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင်WHO ဝန်ထမ်းနှစ်ဦးစီးလာသော ကားမှာ လမ်းဘေး၌ထိုးရပ်သွားခဲ့သည်။ ကားလမ်းနံဘေးရှိစက်ရုံ၌ မြန်မာ့တပ်မတော်မှ စခန်းချတပ်စွဲထားခဲ့သည်မှာကာလအတန်ကြာပြီဖြစ်သည်။ ယခုအခင်းဖြစ်ပွားရာနေရာသည် မြန်မာ့တပ်မတော်၏ စခန်းချတပ်စွဲထားသောနေရာ အတွင်း၌သာဖြစ်သည်။ ဤကဲ့သို့ဖြစ်ပျက်ပြီးမကြာမီ လမ်းဘေး၌ထိုးကျနေသော WHO အမှတ်တံဆိပ်ပါကားအားရက္ခိုင့်တပ်တော်မှ တွေ့မြင်၍ အဆိုပါ WHO ဝန်ထမ်း(၂) ဦးအား ကားအတွင်းမှ မိမိတို့ကယ်တင်ခဲ့သည်။ ထို့နောက်(First Aid) ရှေးဦးသူနာပြုစုနည်းဖြင့်အတတ်နိုင်ဆုံးကုသပြီး "မင်းပြား" ပြည်သူ့ဆေးရုံသို့ ဒေသခံပြည်သူလူထုများ၏အကူအညီဖြင့်ပို့ပေးခဲ့ပါသည်။ မြန်မာ့တပ်မတော်၏ ဖားပြိုရွာအနီးတောင်ကုန်း၊ကျိန်းတောင်နှင့် ရာမောင်တံတားထိပ်များမှနေ၍ လက်နက် ကြီးများဖြင့် တမင်တကာပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မင်းရွာအတွင်း သို့ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၂၀) ရက် နံနက်(၁၁) နာရီ(၄၅) မိနစ်၌လည်းကောင်း၊ ထောင့်ချေရွာအတွင်းသို့နေ့လယ်(၁) နာရီ(၁၅) မိနစ်၌လည်းကောင်း၊ မြစ်နားရွာအတွင်းသို့နေ့လယ်(၁) နာရီ(၃၀) မိနစ်၌လည်းကောင်း အသီးသီး လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်။ ထို့ကြောင့်၎င်းရွာများမှအပြစ်မဲ့ရွာသူ၊ရွာသား(၁)ဦး သေဆုံးကာ(၅) ဦးဒဏ်ရာရသူများရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၂၀) ရက်၊ တစ်နေ့လုံးနီးပါး မြန်မာ့တပ်မတော်သည်လက်နက်ကြီးများဖြင့် ရွာများအတွင်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ နောက်ဆက်တွဲသိရှိရသည်မှာ ထိုဝန်ထမ်းနှစ်ဦးအနက်မှ တစ်ဦးဖြစ်သော ယာဉ်မောင်း ဦးပြည့်စုံဝင်းအောင် မှာ ညသန်းခေါင်(၁၂) နာရီကျော်တွင် မင်းပြားဆေးရုံ၌ မြန်မာ့တပ်မတော်မှ ပစ်ခတ်၍ထိမှန်သော ကျည်ဒဏ်ရာဖြင့်သေဆုံးခဲ့ကြောင်းသိရှိရပြီး အခြားတစ်ဦးဖြစ်သော ဦးအောင်မျိုးဦးမှာလည်း အလတ်စားဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ မြန်မာ့တပ်မတော်မှ ပစ်ခတ်သောကျည်သည် ဦးပြည့်စုံဝင်းမောင်၏ ခန္ဓာအားထိမှန်ခဲ့ခြင်းဖြစ်သည်။ ကျည်ဆံထိမှန်သောသူ နှင့် ၎င်းတို့၏ကားပေါ်မှ ကျည်ဆံထိမှန်ရာများကို စစ်ဆေးကြည့်ပါက မြန်မာ့တပ်မတော်၏ ကျည်ဆံဖြစ်ကြောင်းသိရှိနိုင်ပါသည်။ ဦးပြည့်စုံဝင်းမောင်အား မိမိတို့ကယ်တင်ချိန်၌ သူ့တွင်သွေးထွက်လွန်၍ သတိမေ့မြောနေပြီဖြစ်သည်။ WHO ဝန်ထမ်းသေဆုံးရခြင်းနှင့်ပတ်သက်၍ အဆိုပါကိစ္စမှာမိမိတို့အဖွဲ့အစည်း နှင့် "လုံးဝ" သက်ဆိုင်ခြင်းမရှိဘဲ မြန်မာ့တပ်မတော်၏ မင်းပြားမြို့နယ်၊ ရာမောင်တံတားထိပ်၌ တပ်စွဲထားသော စစ်ဆေးရေးဂိတ်နှင့် ကားဖြတ်သန်းရာဝဲယာတစ်လျောက် နေရာယူထားသော မြန်မာ့တပ်မတော်၏ တပ်ဖွဲ့ဝင်များနှင့် ကားလမ်းနံဘေး၌ရှိသော မြန်မာ့တပ်မတော်၏တပ်ဖွဲ့ဝင်များမှ ပစ်ခတ်၍ တစ်ဦးသေဆုံးရခြင်း၊ တစ်ဦးဒဏ်ရာရခြင်းသာဖြစ်သည်။ ဤလုပ်ရပ်မှာ မြန်မာ့တပ်မတော်အနေဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သောလုပ်ရပ်တစ်ခုသာဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။ အဖဦးဝင်းမောင်ဦး ၏သားဖြစ်သူ WHO ဝန်ထမ်း ဦးပြည်စုံဝင်းမောင်၊ အသက်(၂၉) နှစ်၊ သေဆုံးရခြင်းနှင့် ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်အနေဖြင့် မိသားစုနှင့်ထပ်တူဝမ်းနည်းရပါသည်။ အဆိုပါ WHO ဝန်ထမ်း(၂) ဦး နှင့်ပတ်သက်သော သတင်းကို ရက္ခိုင့်တပ်တော်၊ သတင်းနှင့် ပြန်ကြားရေး ၌ (Link : https://bit.ly/3anQWNx ) ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၂၀) ရက်၊ ည(၁၁) နာရီ(၀၅) မိနစ်တွင်တင်ထားခဲ့ပါသည်။ မိမိတို့သတင်းဌာန မှ သတင်းတင်ပြီး (၁နာရီ ၅၄မိနစ်) အကြာမှ မြန်မာအစိုးရပိုင် MRTV တွင် တင်ခဲ့ခြင်းသာဖြစ်သည်။ ထို့အတူ MOI Webportal Myanmar ၌မူ မိမိတို့သတင်းတင်ပြီး (၂နာရီ၅၅မိနစ်) အကြာ( ညသန်းခေါင်(၂) နာရီကျော် အချိန်)မှ ကမန်းကတန်းသတင်းလိုက်တင်ကြခြင်းသာဖြစ်ပြီး အဆိုပါဖြစ်ရပ်အား မိမိတို့ ULA/ AA အပေါ်အပြစ်ပုံချခြင်း၊ အပြစ်လွှဲချခြင်း၊ တစ်ဖက်သတ်စွပ်စွဲထားခြင်း ကိုပါရေးသားထားသည်မှာ အစိုးရသတင်းဌာနတစ်ခု၏ အောက်တန်းကျသောလုပ်ရပ်ဖြစ်ပြီး ပြင်းထန်စွာရှုတ်ချပါသည်။ မြန်မာ့တပ်မတော်၏ စစ်ရာဇဝတ်ကျူးလွန်သောလုပ်ရပ်ကို မြန်မာအစိုးရအနေဖြင့်ဖုံးဖိပေးရုံသာမက အစိုးရပိုင်သတင်းဌာနများမှတစ်ဖက်သတ်ဝါဒဖြန့်ပြီး မိမိတို့အဖွဲ့အစည်းအပေါ် အပြစ်ပုံချရန်အကွက်ကျကျလုပ်ကြံသောလုပ်ရပ်တစ်ခုသာဖြစ်သည်။ သတင်း နှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်

1,084 views
bottom of page