top of page

WFP ႏွင့္ပတ္သက္၍ ႏိုင္ငံေရးအရ လီဆယ္ထုတ္ျပန္ထားေသာ သတင္းမ်ားအေပၚ ULA/AA မွ ရွင္းလင္းခ်က္ - အပိုင္း(၃)






ဗမာလူမ်ိဳးေရးအစြန္းေရာက္ စစ္ရာဇဝတ္ေကာင္ ျမန္မာ့တပ္မေတာ္ ၊ ျမန္မာအစိုးရ၏ ႏိုင္ငံေတာ္သမၼတ႐ုံး ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန မွ WFP ႏွင့္ပတ္သက္၍ ႏိုင္ငံေရးအရ လီဆယ္ထုတ္ျပန္ထားေသာ သတင္းမ်ားအေပၚ ULA/AA မွ ရွင္းလင္းခ်က္ - အပိုင္း(၃) (၁၆) ရခိုင္ ပလက္ဝေဒသအတြင္း မွီတင္းေနထိုင္ၾကေသာ ျပည္သူလူထုမ်ား၏ အသက္၊ အိုးအိမ္၊ စည္းစိမ္မ်ားကို အကာအကြယ္ေပးရန္ ႏွင့္ အကူအညီေပးရန္၊ သဘာဝေဘးအႏၲရာယ္၊ ကပ္ေဘး၊ မိုးေလဝသ ႏွင့္ မုန္တိုင္းသတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီသိရွိႏိုင္ရန္ အတြက္ ဆက္သြယ္ေရးအင္တာနက္လိုင္းမ်ားအား တေျပးညီတန္းတူရရွိႏိုင္ရန္ျပဳလုပ္ေပးရမည့္အစား ကာလၾကာရွည္ပိတ္ဆို႔ထားသည္မွာ ျပည္သူလူထုအေပၚအစိုးရတစ္ရပ္အေနျဖင့္ မည္ေ႐ြ႕မည္မွ်တန္ဖိုးထားသည္ကိုသိျမင္ႏိုင္ပါသည္။ (၁၇) ထို႔အျပင္ ျမန္မာအစိုးရ ႏွင့္ ျမန္မာ့တပ္မေတာ္ တို႔သည္ ကုန္းလမ္း၊ ေရလမ္းမ်ားကို AA မွပိတ္ဆို႔ထားသည္ဟု တစ္ဖက္သတ္စြပ္စြဲေျပာဆိုေနသည္။ အမွန္တကယ္တြင္ ၎တို႔စြပ္စြဲေျပာဆိုေနသည့္ ပိတ္ထားေသာလမ္းမ်ားမွာ မိမိတို႔အဖြဲ႕အစည္းေၾကာင့္ ပိတ္ဆို႔ေနသည္မဟုတ္ဘဲ ျမန္မာ့တပ္မေတာ္၏ ျဖတ္ေလးျဖတ္စစ္ဆင္ေရးေၾကာင့္ ပိတ္ဆို႔ေနျခင္းသာ ျဖစ္ပါသည္။ (၁၈) အဆိုပါလမ္းမ်ားကို ျမန္မာ့တပ္မေတာ္ အေနျဖင့္ ၎တို႔ကိုယ္တိုင္ပိတ္ဆို႔ၿပီး ၎တို႔မွျပန္ဖြင့္ၿပီး နာမည္ေကာင္းခံေနျခင္းမွာ အရွက္သိကၡာတရားကင္းမဲ့မႈကိုေဖာ္ျပေနၿပီး ျမန္မာအစိုးရအေနျဖင့္လည္း အမွန္တရားကိုမ်က္ကြယ္ျပဳ၍ ျမန္မာ့တပ္မေတာ္ အေပၚေထာက္ခံခ်ီးက်ဴးေနသည္မွာ မေကာင္းမႈ ကိစၥရပ္မ်ားကိုျပဳလုပ္ရာတြင္ ပုလင္းတူဗူးဆို႔ ဆိုသကဲ့သို႔ တစ္က်ိတ္တည္း တစ္ဉာဏ္တည္းဆိုသည္ကို ေတြ႕ျမင္ႏိုင္ပါသည္။ (၁၉) WHO ပိုင္ ေမာ္ေတာ္ကားအပစ္ခံရသည့္ကိစၥရပ္ ၌လည္း အသက္ေဘးမွလြတ္ေျမာက္က်န္ရစ္သူအား မီဒီယာမ်ားႏွင့္ေတြ႕ခြင့္မေပးဘဲ ၿခိမ္းေျခာက္ေျပာဆိုေနသည္မွာ အမွန္တရားမ်ားေပၚေပါက္လာမည္ကို စိုးရိမ္ေသာေၾကာင့္ ေပးမေတြ႕ျခင္းသာျဖစ္သည္။ျမန္မာ့တပ္မေတာ္အေနျဖင့္ ၎တို႔က်ဴးလြန္ခဲ့ေသာျပစ္မႈမ်ားကို WHO ႏွင့္ ႏိုင္ငံတကာမွသိရွိသြားမည္ကိုစိုးရိမ္ေသာေၾကာင့္သာျဖစ္သည္။ (၂၀) ICRC ၊ WHO ႏွင့္ WFP ကားအပစ္ခံရျခင္း ႏွင့္ပတ္သက္၍ အပစ္ခံရေသာ မိခင္အဖြဲ႕အစည္းမ်ားမွ ထုတ္ျပန္ထားေသာထုတ္ျပန္ခ်က္မ်ားကို ၾကည့္၍ မည္သည့္အဖြဲ႕အစည္းမွ ပစ္ခတ္တိုက္ခိုက္ခဲ့သည္ကိုခန႔္မွန္းသိရွိႏိုင္ပါသည္။

WFP Statement Link: https://myanmar.un.org/en/44011-wfp-news-release-wfp-food-reaches-communities-affected-conflict-and-hunger-remote-paletwa (၂၁) အမႈမွန္ ႏွင့္အမွန္တရား မ်ားေပၚေပါက္ေရးအတြက္ မိမိတို႔ ULA/AA အေနျဖင့္ တတ္ႏိုင္သည့္ေနရာမွ ပူးေပါင္းေဆာင္႐ြက္ရန္အသင့္ရွိပါသည္။ (၂၂) တိုင္းရင္းသားလူမ်ိဳးေဒသအသီးသီး၌ စစ္ရာဇဝတ္ မႈမ်ားကိုဆယ္စုႏွစ္ေပါင္းမ်ားစြာက်ဴးလြန္ခဲ့ေသာ လက္မ႐ြံ စစ္ရာဇဝတ္ေကာင္(ျမန္မာ့တပ္မေတာ္သား) မ်ားသည္ ႏိုင္ငံတကာစစ္ရာဇဝတ္ခုံ႐ုံး၌ အျပစ္ေပးအေရးယူမခံရမခ်င္း ၎တို႔သည္ မိမိတို႔တိုင္းရင္းသားလူမ်ိဳးမ်ား၏ ေဒသတြင္း၌ရွိေသာျပည္သူလူထုမ်ားအတြက္ ႀကီးစြာေသာ အသက္အႏၲရာယ္ၿခိမ္းေျခာက္မႈတစ္ခုအျဖစ္ ေနရာယူလ်က္ရွိသည္။ ျပည္သူ႔စိုးရိမ္ေသာကမ်ားမွာလည္းျမင့္မားလ်က္ရွိသည္။ (၂၃) ရခိုင္လူမ်ိဳးမ်ားႏွင့္ ရခိုင္ေဒသအတြင္းေနထိုင္ၾကေသာမ်ိဳးႏြယ္စုမ်ားအေပၚ လူမ်ိဳးေရးအမုန္းတရား မ်ားကို အေျခခံေသာ စစ္ရာဇဝတ္မႈမ်ား၊ လူသားမ်ိဳးႏြယ္အေပၚ ျပစ္မႈက်ဴးလြန္ျခင္းမ်ားမွ လူမ်ိဳးတုံးသတ္ျဖတ္ျခင္းအဆင့္သို႔ ဦးတည္ေနေသာလုပ္ရပ္မ်ားကို စစ္ရာဇဝတ္တပ္ဖြဲ႕ ျမန္မာ့တပ္မေတာ္မွ ၂၀၂၀ ျပည့္ႏွစ္အတြင္း ရခိုင္ႏွင့္ပလက္ဝေဒသမ်ား၌ ပိုမိုအတင့္ရဲစြာလုပ္ေဆာင္လာသည္မ်ားကို တြ႕ျမင္လာရပါသည္။ (၂၄) ျပစ္မႈက်ဴးလြန္ထားေသာ္လည္း အျပစ္ေပးအေရးယူမခံရေသးဘဲ လြတ္ေျမာက္ေနေသာ စစ္ရာဇဝတ္ေကာင္မ်ားအား အျပည္ျပည္ဆိုင္ရာတရား႐ုံး၌ အျပစ္ေပးအေရးယူႏိုင္ေရးတို႔အတြက္ အမွန္တရားကိုျမတ္ႏိုးေသာ ကမာၻ႔အသိုင္းအဝိုင္းမ်ားမွ အျပစ္ေပးအေရးယူရန္ေဆာင္႐ြက္ေနသည္မ်ားမွာ ကမာၻ႔ၿငိမ္းခ်မ္းေရးအတြက္ မ်ားစြာအေထာက္အကူျပဳပါလိမ့္မည္။ (၂၅) ရကၡိဳင့္တပ္ေတာ္သည္ ရခိုင္ေဒသအတြင္းမွီတင္းေနထိုင္ၾကေသာ လူမ်ိဳးႀကီးငယ္မတူ၊ ဘာသာကြဲျပားေသာ လူမ်ိဳးေပါင္းစုံတို႔ ဖိႏွိပ္အုပ္ခ်ဳပ္သူ ဗမာအစြန္းေရာက္နယ္ခ်ဲ႕ ေသာင္းက်န္းသူတို႔ လက္ေအာက္မွ လြတ္ေျမာက္ေရးအတြက္ ေရွ႕ဆုံးမွဦးေဆာင္၍ တိုက္ပြဲဝင္ေနေသာအဖြဲ႕အစည္းတစ္ခုသာျဖစ္သည္။ ထို႔ျပင္ ျပည္သူလူထုစားဝတ္ေနေရး အဆင္ေျပေခ်ာေမြ႕ေစေရး၊ ရွင္သန္ရပ္တည္ႏိုင္ေရးတို႔ကို အၿမဲတမ္းထည့္သြင္းစဥ္းစားၿပီး ေဆာင္႐ြက္ေနေသာ အဖြဲ႕အစည္းျဖစ္ပါသည္။ (၂၆) WFP ကုန္တင္ယာဥ္ကားအပစ္ခံရျခင္းႏွင့္ပတ္သက္၍ ျမန္မာအစိုးရ ႏွင့္ျမန္မာ့တပ္မေတာ္တို႔တြင္ လုံးလုံးလ်ားလ်ားအျပည့္အဝတာဝန္ရွိပါသည္။ (၂၇) အခ်ဳပ္ဆိုရေသာ္ WFP ၏စားနပ္ရိကၡာမ်ားကို သယ္ေဆာင္လာေသာ ကုန္တင္ယာဥ္(၃) စီးအား လက္နက္ငယ္ျဖင့္ ပစ္ခတ္သည့္ လက္သည္တရားခံမွာ မိမိတို႔အဖြဲ႕အစည္းမဟုတ္ဘဲ ျမန္မာ့တပ္မေတာ္သာျဖစ္ပါသည္။ ၎တို႔၏အျပစ္မ်ားကို ဖုံးကြယ္ရန္ႀကိဳးစားၿပီး မိမိတို႔အဖြဲ႕အစည္းအေပၚ ရည္႐ြယ္ခ်က္ရွိရွိျဖင့္ အျပစ္လြဲခ်ရန္ ႀကိဳးစားအားထုတ္သည့္လုပ္ရပ္ တစ္ခုသာျဖစ္ေၾကာင္း ေလးစားစြာျဖင့္ရွင္းလင္းအသိေပးအပ္ပါသည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္



ဗမာလူမျိုးရေးအစွန်းရောက် စစ်ရာဇဝတ်ကောင် မြန်မာ့တပ်မတော် ၊ မြန်မာအစိုးရ၏ နိုင်ငံတော်သမ္မတရုံး နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မှ WFP နှင့်ပတ်သက်၍ နိုင်ငံရေးအရ လီဆယ်ထုတ်ပြန်ထားသော သတင်းများအပေါ် ULA/AA မှ ရှင်းလင်းချက် - အပိုင်း(၃)


(၁၆) ရခိုင် ပလက်ဝဒေသအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထုများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို အကာအကွယ်ပေးရန် နှင့် အကူအညီပေးရန်၊ သဘာဝဘေးအန္တရာယ်၊ ကပ်ဘေး၊ မိုးလေဝသ နှင့် မုန်တိုင်းသတင်းများကို အချိန်နှင့်တပြေးညီသိရှိနိုင်ရန် အတွက် ဆက်သွယ်ရေးအင်တာနက်လိုင်းများအား တပြေးညီတန်းတူရရှိနိုင်ရန်ပြုလုပ်ပေးရမည့်အစား ကာလကြာရှည်ပိတ်ဆို့ထားသည်မှာ ပြည်သူလူထုအပေါ်အစိုးရတစ်ရပ်အနေဖြင့် မည်ရွေ့မည်မျှတန်ဖိုးထားသည်ကိုသိမြင်နိုင်ပါသည်။


(၁၇) ထို့အပြင် မြန်မာအစိုးရ နှင့် မြန်မာ့တပ်မတော် တို့သည် ကုန်းလမ်း၊ ရေလမ်းများကို AA မှပိတ်ဆို့ထားသည်ဟု တစ်ဖက်သတ်စွပ်စွဲပြောဆိုနေသည်။ အမှန်တကယ်တွင် ၎င်းတို့စွပ်စွဲပြောဆိုနေသည့် ပိတ်ထားသောလမ်းများမှာ မိမိတို့အဖွဲ့အစည်းကြောင့် ပိတ်ဆို့နေသည်မဟုတ်ဘဲ မြန်မာ့တပ်မတော်၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးကြောင့် ပိတ်ဆို့နေခြင်းသာ ဖြစ်ပါသည်။


(၁၈) အဆိုပါလမ်းများကို မြန်မာ့တပ်မတော် အနေဖြင့် ၎င်းတို့ကိုယ်တိုင်ပိတ်ဆို့ပြီး ၎င်းတို့မှပြန်ဖွင့်ပြီး နာမည်ကောင်းခံနေခြင်းမှာ အရှက်သိက္ခာတရားကင်းမဲ့မှုကိုဖော်ပြနေပြီး မြန်မာအစိုးရအနေဖြင့်လည်း အမှန်တရားကိုမျက်ကွယ်ပြု၍ မြန်မာ့တပ်မတော် အပေါ်ထောက်ခံချီးကျူးနေသည်မှာ မကောင်းမှု ကိစ္စရပ်များကိုပြုလုပ်ရာတွင် ပုလင်းတူဗူးဆို့ ဆိုသကဲ့သို့ တစ်ကျိတ်တည်း တစ်ဉာဏ်တည်းဆိုသည်ကို တွေ့မြင်နိုင်ပါသည်။


(၁၉) WHO ပိုင် မော်တော်ကားအပစ်ခံရသည့်ကိစ္စရပ် ၌လည်း အသက်ဘေးမှလွတ်မြောက်ကျန်ရစ်သူအား မီဒီယာများနှင့်တွေ့ခွင့်မပေးဘဲ ခြိမ်းခြောက်ပြောဆိုနေသည်မှာ အမှန်တရားများပေါ်ပေါက်လာမည်ကို စိုးရိမ်သောကြောင့် ပေးမတွေ့ခြင်းသာဖြစ်သည်။မြန်မာ့တပ်မတော်အနေဖြင့် ၎င်းတို့ကျူးလွန်ခဲ့သောပြစ်မှုများကို WHO နှင့် နိုင်ငံတကာမှသိရှိသွားမည်ကိုစိုးရိမ်သောကြောင့်သာဖြစ်သည်။


(၂၀) ICRC ၊ WHO နှင့် WFP ကားအပစ်ခံရခြင်း နှင့်ပတ်သက်၍ အပစ်ခံရသော မိခင်အဖွဲ့အစည်းများမှ ထုတ်ပြန်ထားသောထုတ်ပြန်ချက်များကို ကြည့်၍ မည်သည့်အဖွဲ့အစည်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ကိုခန့်မှန်းသိရှိနိုင်ပါသည်။



(၂၁) အမှုမှန် နှင့်အမှန်တရား များပေါ်ပေါက်ရေးအတွက် မိမိတို့ ULA/AA အနေဖြင့် တတ်နိုင်သည့်နေရာမှ ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိပါသည်။


(၂၂) တိုင်းရင်းသားလူမျိုးဒေသအသီးသီး၌ စစ်ရာဇဝတ် မှုများကိုဆယ်စုနှစ်ပေါင်းများစွာကျူးလွန်ခဲ့သော လက်မရွံ စစ်ရာဇဝတ်ကောင်(မြန်မာ့တပ်မတော်သား) များသည် နိုင်ငံတကာစစ်ရာဇဝတ်ခုံရုံး၌ အပြစ်ပေးအရေးယူမခံရမချင်း ၎င်းတို့သည် မိမိတို့တိုင်းရင်းသားလူမျိုးများ၏ ဒေသတွင်း၌ရှိသောပြည်သူလူထုများအတွက် ကြီးစွာသော အသက် အန္တရာယ်ခြိမ်းခြောက်မှုတစ်ခု အဖြစ်နေရာယူလျက်ရှိသည်။ ပြည်သူ့စိုးရိမ်သောကများမှာလည်းမြင့်မားလျက်ရှိသည်။


(၂၃) ရခိုင်လူမျိုးများနှင့် ရခိုင်ဒေသအတွင်းနေထိုင်ကြသောမျိုးနွယ်စုများအပေါ် လူမျိုးရေးအမုန်းတရား များကို အခြေခံသော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများမှ လူမျိုးတုံးသတ်ဖြတ်ခြင်းအဆင့်သို့ ဦးတည်နေသောလုပ်ရပ်များကို စစ်ရာဇဝတ်တပ်ဖွဲ့ မြန်မာ့တပ်မတော်မှ၂၀၂၀ ပြည့်နှစ်အတွင်း ရခိုင်နှင့်ပလက်ဝဒေသများ၌ ပိုမိုအတင့်ရဲစွာလုပ်ဆောင်လာသည်များကို တွ့မြင်လာရပါသည်။


(၂၄) ပြစ်မှုကျူးလွန်ထားသော်လည်း အပြစ်ပေးအရေးယူမခံရသေးဘဲ လွတ်မြောက်နေသော စစ်ရာဇဝတ်ကောင်များအား အပြည်ပြည်ဆိုင်ရာတရားရုံး၌ အပြစ်ပေးအရေးယူနိုင်ရေးတို့အတွက် အမှန်တရားကိုမြတ်နိုးသော ကမ္ဘာ့အသိုင်းအဝိုင်းများမှ အပြစ်ပေးအရေးယူရန်ဆောင်ရွက်နေသည်များမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် များစွာအထောက်အကူပြုပါလိမ့်မည်။


(၂၅) ရက္ခိုင့်တပ်တော်သည် ရခိုင်ဒေသအတွင်းမှီတင်းနေထိုင်ကြသော လူမျိုးကြီးငယ်မတူ၊ ဘာသာကွဲပြားသော လူမျိုးပေါင်းစုံတို့ ဖိနှိပ်အုပ်ချုပ်သူ ဗမာအစွန်းရောက်နယ်ချဲ့ သောင်းကျန်းသူတို့ လက်အောက်မှ လွတ်မြောက်ရေးအတွက် ရှေ့ဆုံးမှဦးဆောင်၍ တိုက်ပွဲဝင်နေသောအဖွဲ့အစည်းတစ်ခုသာဖြစ်သည်။ ထို့ပြင် ပြည်သူလူထုစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေး၊ ရှင်သန်ရပ်တည်နိုင်ရေးတို့ကို အမြဲတမ်းထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ပါသည်။


(၂၆) WFP ကုန်တင်ယာဉ်ကားအပစ်ခံရခြင်းနှင့်ပတ်သက်၍ မြန်မာအစိုးရ နှင့်မြန်မာ့တပ်မတော်တို့တွင် လုံးလုံးလျားလျားအပြည့်အဝတာဝန်ရှိပါသည်။


(၂၇) အချုပ်ဆိုရသော် WFP ၏စားနပ်ရိက္ခာများကို သယ်ဆောင်လာသော ကုန်တင်ယာဉ်(၃) စီးအား လက်နက်ငယ်ဖြင့် ပစ်ခတ်သည့် လက်သည်တရားခံမှာ မိမိတို့အဖွဲ့အစည်းမဟုတ်ဘဲ မြန်မာ့တပ်မတော်သာဖြစ်ပါသည်။ ၎င်းတို့၏အပြစ်များကို ဖုံးကွယ်ရန်ကြိုးစားပြီး မိမိတို့အဖွဲ့အစည်းအပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် အပြစ်လွဲချရန် ကြိုးစားအားထုတ်သည့်လုပ်ရပ် တစ်ခုသာဖြစ်ကြောင်း လေးစားစွာဖြင့်ရှင်းလင်းအသိပေးအပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

546 views
bottom of page