top of page

WFP ႏွင့္ပတ္သက္၍ ႏိုင္ငံေရးအရ လီဆယ္ထုတ္ျပန္ထားေသာသတင္းမ်ားအေပၚ ULA/AA မွ ရွင္းလင္းခ်က္ - အပိုင္း(၁)

ဗမာလူမိဳ်းေရးအစြန္းေရာက္ စစ္ရာဇဝတ္ေကာင္ ျမန္မာ့တပ္မေတာ္ ၊ ျမန္မာအစိုးရ၏ ႏိုင္ငံေတာ္သမၼတရံုး ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန မွ WFP ႏွင့္ပတ္သက္၍ ႏိုင္ငံေရးအရ လီဆယ္ထုတ္ျပန္ထားေသာ သတင္းမ်ားအေပၚ ULA/AA မွ ရွင္းလင္းခ်က္ - အပိုင္း(၁) ၂၀၂၀ ျပည့္ႏွစ္၊ ေမလ(၄) ရက္



(၁) WFP ကုလသမဂၢကမ႓ာ့စားနပ္ရိကၡာအဖြဲ႕မွ ပလက္ဝၿမိဳ႕သို႔ အေရးေပၚစားနပ္ရိကၡာမ်ားပို႔ေဆာင္ေရးခရီးစဥ္ၿပီးေျမာက္ေအာင္ျမင္ေၾကာင္း ၂၀၂၀ ျပည့္ႏွစ္၊ေမလ(၃) ရက္ေန႔စြဲျဖင့္ ထုတ္ျပန္ထားသည္ကိုေတြ႕ရွိရပါသည္။ အဆိုပါထုတ္ျပန္ခ်က္တြင္ ပါရွိေသာစားနပ္ရိကၡာမ်ား ပလက္ဝေဒသရွိစစ္ေဘးေရွာင္ျပည္သူလူထုမ်ားလက္ထဲသို႔အခိ်န္မီေရာက္ရွိႏိုင္ေရးအတြက္ မိမိတို႔အဖြဲ႕အစည္းအေနျဖင့္ တတ္ႏိုင္ေသာအကူအညီ ႏွင့္ ကာကြယ္ေစာင့္ေရွာက္မႈမ်ားျဖင့္ပံ့ပိုးကူညီခဲ့ေၾကာင္း ULA/AA မွ၂၀၂၀ ျပည့္၊ေမလ(၁) ရက္ေန႔စြဲျဖင့္ထုတ္ျပန္ေၾကညာခဲ့ၿပီးျဖစ္ပါသည္။ (၂) ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ(၃၀) ရက္ေန႔၌ ျမန္မာ့တပ္မေတာ္မွ မိမိတို႔အဖြဲ႕အစည္းအေပၚ"ပလက္ဝေဒသအတြင္းရွိစစ္ေဘးေရွာင္ႏွင့္ေဒသခံျပည္သူလူထုမ်ားအတြက္ WFP မွေထာက္ပံ့ေသာဆန္အိတ္မ်ားကိုသယ္ေဆာင္လာသည့္ ကုန္တင္ယာဥ္မ်ားအား ရကၡိဳင့္တပ္ေတာ္မွ ေႏွာင့္ယွက္ပစ္ခတ္သည္" ဟူေသာသတင္းထုတ္ျပန္ခ်က္၊ ေမလ(၁) ရက္ေန႔၌ ႏိုင္ငံေတာ္သမၼတရံုးမွ ျပဳလုပ္ေသာသတင္းမီဒီယာမ်ားႏွင့္ အြန္လိုင္းဆက္သြယ္ခိ်တ္ဆက္ရွင္းလင္းပြဲ၌ ဦးေဇာ္ေဌးမွ တစ္ဖက္သတ္ထပ္ဆင့္စြပ္စြဲေျပာဆိုခ်က္"ႏွင့္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံျခားေရးဝန္ၿပီးဌာနမွ ေမလ(၃) ရက္ေန႔၌ ထုတ္ျပန္ခဲ့ေသာ“ News Updates on Rakhine( Arakan) State-1" ၌ေရးသားထားေသာ" AA attacks WFP’s aid convoy destined for Paletwa” ဟူေသာတစ္ဖက္သတ္ထပ္ဆင့္စြပ္စြဲေရးသားခ်က္မ်ားမွာမိမိတို႔အဖြဲ႕အစည္းအေပၚႏိုင္ငံေရးအရလုပ္ၾကံစြပ္စြဲခ်က္မ်ားသာျဖစ္၍ျပတ္သားစြာျငင္းလိုက္သည္။ (၃) ရကၡိဳင့္တပ္ေတာ္ အေနျဖင့္ WFP ကုန္တင္ယာဥ္တန္းအားပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းလံုးဝမရွိပါ။"အဆိုပါကိစၥရပ္မ်ားမွာ မိမိတို႔အဖြဲ႕အစည္း ႏွင့္ လံုးဝသက္ဆိုင္မႈမရွိ"ဆိုသည္ကို WFP ႏွင့္တကြ ျပည္သူလူထုအေပါင္းတို႔အား ေလးစားစြာအသိေပးရွင္းလင္းထားၿပီးျဖစ္ပါသည္။ (၄) WFP ကုန္တင္ယာဥ္(၅) စီးအား ျမန္မာ့တပ္မေတာ္မွ တမင္တကာရည္ရြယ္ခ်က္ရွိရွိျဖင့္ေရြးခ်ယ္ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ အဆိုပါ WFPကုန္တင္ယာဥ္ကား(၃) စီး ႏွင့္ ကားေမာင္းသူ(၁) ဦးအား လက္နက္ငယ္အစထိမွန္သြားသည့္ လုပ္ရပ္မွာ ျမန္မာ့တပ္မေတာ္၏အကြက္က်က်စီစဥ္ၿပီး မိမိတို႔အဖြဲ႕အစည္းအေပၚႏိုင္ငံေရးအရ လုပ္ၾကံသည့္လုပ္ရပ္တစ္ခုသာျဖစ္ပါသည္။ (၅) ျမန္မာအစိုးရပိုင္ သတင္းမီဒီယာမ်ား၊ အစိုးရ ႏွင့္ ျမန္မာ့တပ္မေတာ္၏ေက်ာေထာက္ေနာက္ခံသတင္းမီဒီယာမ်ား၊ ျမန္မာအစိုးရ၏ဝန္ႀကီးဌာနမ်ားမွ မိမိတို႔အဖြဲ႕အစည္းအေပၚတစ္ဖက္သတ္စြပ္စြဲထားေသာသတင္းကို သတင္းမွန္သဖြယ္ေျပာဆိုေနျခင္း၊ ေရးသားေနျခင္းမွာ ျမန္မာ့တပ္မေတာ္မွ ျပဳလုပ္ခဲ့ေသာျပစ္မႈကို ျမန္မာအစိုးရမွ ဖံုးကြယ္ေပးေနျခင္းသာျဖစ္သည္။၎တို႔သည္အဆိုပါကိစၥအားအလိုတူအလိုပါပူးေပါင္းေဆာင္ရြက္ခဲ့သည္ဟု သြယ္ဝိုက္ေျပာဆိုေနျခင္းပင္ျဖစ္သည္။ (၆) ျမန္မာ့တပ္မေတာ္ဖက္မွ လံုျခံဳေရးကိုအေၾကာင္းျပကာ WFP မွ စားနပ္ရိကၡာေထာက္ပံ့ေရးခရီးစဥ္ႏွင့္ပတ္သက္၍၎တို႔စိတ္ၾကိဳက္လုပ္ေဆာင္ခဲ့ျခင္း၊ ခ်မွတ္ထားသည့္ ႏိုင္ငံတကာစည္းမ်ဥ္းစည္းကမ္းမ်ားကို မလိုက္နာဘဲလူသားခ်င္းစာနာေထာက္ထားမႈျဖင့္ အကူအညီေပးေနၾကေသာ WFP ကုန္တင္ယာဥ္တန္းမ်ားႏွင့္ အျခားေသာကားမ်ားကို အကာအကြယ္ကာယူျပီး စစ္ေရးလႈပ္ရွားခဲ့ျခင္းမ်ားကို ကာယကံရွင္မ်ားအသိပင္ျဖစ္ပါသည္။ (၇) အခင္းျဖစ္ပ်က္ခဲ့သည့္ ဧၿပီလ(၂၉) ရက္ေန႕ တြင္" ရဒိန္ေက်းရြာ"ပတ္၀န္းက်င္သို႔ WFP ကုန္တင္ယာဥ္မ်ား ညအခိ်န္၌ျဖတ္သန္းခိုင္းျခင္းမွာမိမိတို႔ ရကၡိဳင့္တပ္ေတာ္အား အျပစ္ပံုခ်ရန္ ရည္ရြယ္ခ်က္ရွိရွိျဖင့္ အကြက္က်က်ဖန္တီးျခင္းသာ ျဖစ္ပါသည္။ (၈) WFP အေနျဖင့္လည္း NLD ဦးေဆာင္ျမန္မာအစိုးရ၊ ျမန္မာ့တပ္မေတာ္တို႔အၾကား ယခုကိစၥႏွင့္ပတ္သက္၍ ခရီးစဥ္အစမွအဆံုးအထိမွတ္တမ္းမ်ား၊ ျဖစ္ရပ္မွန္မ်ားရွိလိမ့္မည္ဟု မိမိတို႔အေနျဖင့္အျပည့္အဝယံုၾကည္ပါသည္။ ယခုကိစၥ၏လက္သည္တရားခံအစစ္အမွန္ကိုလည္းသိရွိထားၿပီးျဖစ္လိမ့္မည္ဟုယူဆပါသည္။ထို႔အျပင္ ျဖစ္ရပ္တြင္ တိုက္႐ိုက္ပါဝင္ပတ္သက္ေနေသာကားေမာင္းသူမ်ား၊ စီမံခန္႔ခြဲသူမ်ားကို ေမးျမန္းျခင္းျဖင့္လည္း အမွန္တရားမ်ားထင္ရွားစြာထြက္ေပၚလာႏိုင္မည္ဟု ယုံၾကည္မိပါသည္။ (၉) WFP မွစားနပ္ရိကၡာမ်ားသယ္ေဆာင္လာသည့္ကုန္တင္ယာဥ္ကားမ်ားကိုမွ တသီးတသန္႔ေရြး ၍ပစ္ခတ္တိုက္ခိုက္ခဲ့သည္မွာ စစ္ရာဇဝတ္တပ္ဖြဲ႕ ျမန္မာ့တပ္မေတာ္၏လုပ္ရပ္သာျဖစ္သကဲ့သို႔ WHO ၊ ICRC၊ ႏွင့္ အရပ္သားကားမ်ား၊ ကုမၸဏီကားမ်ားကို ယခုနည္းတူပစ္ခတ္တိုက္ခိုက္ခဲ့သည္မွာလည္း ျမန္မာ့တပ္မေတာ္၏လက္ခ်က္သာျဖစ္ေၾကာင္း ေျပာလိုပါသည္။ တဆက္တည္းတြင္ ျမန္မာ့တပ္မေတာ္မွ အဆိုပါကိစၥရပ္မ်ားႏွင့္ မိမိတို႔အဖြဲ႕အစည္းအေပၚအေျခအျမစ္မရွိေသာ ကိ်ဳးေၾကာင္းဆီေလ်ာ္မႈမရွိသည့္ တစ္ဖက္သတ္စြပ္စြဲခ်က္မ်ားအားလံုးကိုျပတ္သားစြာျငင္းဆိုၿပီးျပင္းထန္စြာရွုတ္ခ်ပါသည္။ (၁၀) ICRC၊ WHO၊ WFP ကဲ့သို႔ေသာ နိုင္ငံတကာအဖြဲ႕အစည္းမ်ားမွ ဝန္ထမ္းမ်ား ႏွင့္ အရပ္သားမ်ားကို ရခိုင္၊ပလက္ဝေဒသမ်ားအတြင္းခရီးသြားလာျခင္းအေပၚ ျမန္မာအစိုးရႏွင့္ ျမန္မာ့တပ္မေတာ္တို႔ပူးေပါင္းၿပီး အကြက္ဆင္လုပ္ၾကံရန္ ေထာင္ေခ်ာက္အတြင္းပို႔ေဆာင္ခဲ့ေသာ ႏိုင္ငံေရးလုပ္ၾကံမႈမ်ားသာျဖစ္ပါသည္။ ႀကိဳတင္အကြက္ခ်လုပ္ၾကံမႈ၊ ကလိန္ကက်စ္က်ယုတ္မာမႈ၊အႏၲရာယ္ရွိၿပီး လူစိတ္ကင္းမဲ့မႈမ်ားကို ျမန္မာအစိုးရ ႏွင့္ျမန္မာ့တပ္မေတာ္တို႔၏ တစ္ဖက္သတ္ထုတ္ျပန္ခ်က္ ႏွင့္ ၎တို႔၏ေျပာစကားမ်ားကိုၾကည့္၍ သိသာထင္ရွင္းစြာေတြ႕ျမင္ႏိုင္ပါသည္။ (၁၁) ICRC၊ WHO၊ WFP မွဝန္ထမ္းမ်ား၊ အရပ္သားမ်ားကို ခုတံုးလုပ္အသံုးခ်၍သတ္ကြင္းထဲပို႔ေဆာင္ခဲ့ေၾကာင္း အေထာက္အထားအခိ်ဳ႕မွာမိမိတို႔ထံတြင္ရွိၿပီး သက္ေသအေထာက္အထားမ်ားကို သက္ဆိုင္သူအဖြဲ႕အစည္းမ်ားထံေပးပို႔သြားမည္ျဖစ္ပါသည္။ ICRC , WFP ႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားအေနျဖင့္ ခရီးသြားလာေရးႏွင့္ပတ္သက္၍ လံုျခံဳေရးေဆာင္ရြက္မႈ၊ သတင္းအခ်က္အလက္မွ်ေဝေပးမႈအေပၚ မည္သူကမည္ကဲ့သို႔ ပံ့ပိုးကူညီေဆာင္ရြက္ေနသည္ကို ကာယကံရွင္အဖြဲ႕အစည္းမ်ားအေနျဖင့္ အသိဆံုးျဖစ္ပါသည္။ အပိုင္း(၂) အားဆက္လက္ေဖာ္ျပပါမည္။


ဗမာလူမိုျးရေးအစွန်းရောက် စစ်ရာဇဝတ်ကောင် မြန်မာ့တပ်မတော် ၊ မြန်မာအစိုးရ၏ နိုင်ငံတော်သမ္မတရုံး နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မှ WFP နှင့်ပတ်သက်၍ နိုင်ငံရေးအရ လီဆယ်ထုတ်ပြန်ထားသော သတင်းများအပေါ် ULA/AA မှ ရှင်းလင်းချက် - အပိုင်း(၁) ၂၀၂၀ ပြည့်နှစ်၊ မေလ(၄) ရက် (၁) WFP ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ ပလက်ဝမြို့သို့ အရေးပေါ်စားနပ်ရိက္ခာများပို့ဆောင်ရေးခရီးစဉ်ပြီးမြောက်အောင်မြင်ကြောင်း ၂၀၂၀ ပြည့်နှစ်၊မေလ(၃) ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်ကိုတွေ့ရှိရပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသောစားနပ်ရိက္ခာများ ပလက်ဝဒေသရှိစစ်ဘေးရှောင်ပြည်သူလူထုများလက်ထဲသို့အချိန်မီရောက်ရှိနိုင်ရေးအတွက် မိမိတို့အဖွဲ့အစည်းအနေဖြင့် တတ်နိုင်သောအကူအညီ နှင့် ကာကွယ်စောင့်ရှောက်မှုများဖြင့်ပံ့ပိုးကူညီခဲ့ကြောင်း ULA/AA မှ၂၀၂၀ ပြည့်၊မေလ(၁) ရက်နေ့စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ (၂) ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၃၀) ရက်နေ့၌ မြန်မာ့တပ်မတော်မှ မိမိတို့အဖွဲ့အစည်းအပေါ်"ပလက်ဝဒေသအတွင်းရှိစစ်ဘေးရှောင် နှင့်ဒေသခံပြည်သူလူထုများအတွက် WFP မှထောက်ပံ့သောဆန်အိတ်များကိုသယ်ဆောင်လာသည့် ကုန်တင်ယာဉ်များအား ရက္ခိုင့်တပ်တော်မှ နှောင့်ယှက်ပစ်ခတ်သည်" ဟူသောသတင်းထုတ်ပြန်ချက်၊ မေလ(၁) ရက်နေ့၌ နိုင်ငံတော်သမ္မတရုံးမှ ပြုလုပ်သောသတင်းမီဒီယာများနှင့် အွန်လိုင်းဆက်သွယ်ချိတ်ဆက်ရှင်းလင်းပွဲ၌ ဦးဇော်ဌေးမှ တစ်ဖက်သတ်ထပ်ဆင့်စွပ်စွဲပြောဆိုချက်"နှင့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ပြီးဌာနမှ မေလ(၃) ရက်နေ့၌ ထုတ်ပြန်ခဲ့သော“ News Updates on Rakhine( Arakan) State-1" ၌ရေးသားထားသော" AA attacks WFP’s aid convoy destined for Paletwa” ဟူသောတစ်ဖက်သတ်ထပ်ဆင့်စွပ်စွဲရေးသားချက်များမှာမိမိတို့အဖွဲ့အစည်းအပေါ်နိုင်ငံရေးအရလုပ်ကြံစွပ်စွဲချက်များသာဖြစ်၍ပြတ်သားစွာငြင်းလိုက်သည်။ (၃) ရက္ခိုင့်တပ်တော် အနေဖြင့် WFP ကုန်တင်ယာဉ်တန်းအားပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းလုံးဝမရှိပါ။"အဆိုပါကိစ္စရပ်များမှာ မိမိတို့အဖွဲ့အစည်း နှင့် လုံးဝသက်ဆိုင်မှုမရှိ"ဆိုသည်ကို WFP နှင့်တကွ ပြည်သူလူထုအပေါင်းတို့အား လေးစားစွာအသိပေးရှင်းလင်းထားပြီးဖြစ်ပါသည်။ (၄) WFP ကုန်တင်ယာဉ်(၅) စီးအား မြန်မာ့တပ်မတော်မှ တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့်ရွေးချယ်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အဆိုပါ WFPကုန်တင်ယာဉ်ကား(၃) စီး နှင့် ကားမောင်းသူ(၁) ဦးအား လက်နက်ငယ်အစထိမှန်သွားသည့် လုပ်ရပ်မှာ မြန်မာ့တပ် မတော်၏အကွက်ကျကျစီစဉ်ပြီး မိမိတို့အဖွဲ့အ စည်းအပေါ်နိုင်ငံရေးအရ လုပ်ကြံသည့်လုပ်ရပ်တစ်ခုသာဖြစ်ပါသည်။ (၅) မြန်မာအစိုးရပိုင် သတင်းမီဒီယာများ၊ အစိုးရ နှင့် မြန်မာ့တပ်မတော်၏ကျောထောက်နောက်ခံသတင်းမီဒီယာများ၊ မြန်မာအစိုးရ၏ဝန်ကြီးဌာနများမှ မိမိတို့အဖွဲ့အစည်းအပေါ်တစ်ဖက်သတ်စွပ်စွဲထားသောသတင်းကို သတင်းမှန်သဖွယ်ပြောဆိုနေခြင်း၊ ရေးသားနေခြင်းမှာ မြန်မာ့တပ်မတော်မှ ပြုလုပ်ခဲ့သောပြစ်မှုကို မြန်မာအစိုးရမှ ဖုံးကွယ်ပေးနေခြင်းသာဖြစ်သည်။၎င်းတို့သည်အဆိုပါကိစ္စအားအလိုတူအလိုပါပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု သွယ်ဝိုက်ပြောဆိုနေခြင်းပင်ဖြစ်သည်။ (၆) မြန်မာ့တပ်မတော်ဖက်မှ လုံခြုံရေးကိုအကြောင်းပြကာ WFP မှ စားနပ်ရိက္ခာထောက်ပံ့ရေးခရီးစဉ်နှင့်ပတ်သက်၍၎င်းတို့စိတ်ကြိုက်လုပ်ဆောင်ခဲ့ခြင်း၊ ချမှတ်ထားသည့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာဘဲလူသားချင်းစာနာထောက်ထားမှုဖြင့် အကူအညီပေးနေကြသော WFP ကုန်တင်ယာဉ်တန်းများနှင့် အခြားသောကားများကို အကာအကွယ်ကာယူပြီး စစ်ရေးလှုပ်ရှားခဲ့ခြင်းများကို ကာယကံရှင်များအသိပင်ဖြစ်ပါသည်။ (၇) အခင်းဖြစ်ပျက်ခဲ့သည့် ဧပြီလ(၂၉) ရက်နေ့ တွင်" ရဒိန်ကျေးရွာ"ပတ်ဝန်းကျင်သို့ WFP ကုန်တင်ယာဉ်များ ညအချိန်၌ဖြတ်သန်းခိုင်းခြင်းမှာမိမိတို့ ရက္ခိုင့်တပ်တော်အား အပြစ်ပုံချရန် ရည်ရွယ်ချက်ရှိရှိဖြင့် အကွက်ကျကျဖန်တီးခြင်းသာ ဖြစ်ပါသည်။ (၈) WFP အနေဖြင့်လည်း NLD ဦးဆောင်မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်တို့အကြား ယခုကိစ္စနှင့်ပတ်သက်၍ ခရီးစဉ်အစမှအဆုံးအထိမှတ်တမ်းများ၊ ဖြစ်ရပ်မှန်များရှိလိမ့်မည်ဟု မိမိတို့အနေဖြင့်အပြည့်အဝယုံကြည်ပါသည်။ ယခုကိစ္စ၏လက်သည်တရားခံအစစ်အမှန်ကိုလည်းသိရှိထားပြီးဖြစ်လိမ့်မည်ဟုယူဆပါသည်။ထို့အပြင် ဖြစ်ရပ်တွင် တိုက်ရိုက်ပါဝင်ပတ်သက်နေသောကားမောင်းသူများ၊ စီမံခန့်ခွဲသူများကို မေးမြန်းခြင်းဖြင့်လည်း အမှန်တရားများထင်ရှားစွာထွက်ပေါ်လာနိုင်မည်ဟု ယုံကြည်မိပါသည်။ (၉) WFP မှစားနပ်ရိက္ခာများသယ်ဆောင်လာသည့်ကုန်တင်ယာဉ်ကားများကိုမှ တသီးတသန့်ရွေး ၍ပစ်ခတ်တိုက်ခိုက်ခဲ့သည်မှာ စစ်ရာဇဝတ်တပ်ဖွဲ့ မြန်မာ့တပ်မတော်၏လုပ်ရပ်သာဖြစ်သကဲ့သို့ WHO ၊ ICRC၊ နှင့် အရပ်သားကားများ၊ ကုမ္ပဏီကားများကို ယခုနည်းတူပစ်ခတ်တိုက်ခိုက်ခဲ့သည်မှာလည်း မြန်မာ့တပ်မတော်၏လက်ချက်သာဖြစ်ကြောင်း ပြောလိုပါသည်။ တဆက်တည်းတွင် မြန်မာ့တပ်မတော်မှ အဆိုပါကိစ္စရပ်များနှင့် မိမိတို့အဖွဲ့အစည်းအပေါ်အခြေအမြစ်မရှိသော ကိုျးကြောင်းဆီလျော်မှုမရှိသည့် တစ်ဖက်သတ်စွပ်စွဲချက်များအားလုံးကိုပြတ်သားစွာငြင်းဆိုပြီးပြင်းထန်စွာရှုတ်ချပါသည်။ (၁၀) ICRC၊ WHO၊ WFP ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများမှ ဝန်ထမ်းများ နှင့် အရပ်သားများကို ရခိုင်၊ပလက်ဝဒေသများအတွင်းခရီးသွားလာခြင်းအပေါ် မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်တို့ပူးပေါင်းပြီး အကွက်ဆင်လုပ်ကြံရန် ထောင်ချောက်အတွင်းပို့ဆောင်ခဲ့သော နိုင်ငံရေးလုပ်ကြံမှုများသာဖြစ်ပါသည်။ ကြိုတင်အကွက်ချလုပ်ကြံမှု၊ ကလိန်ကကျစ်ကျယုတ်မာမှု၊အန္တရာယ်ရှိပြီး လူစိတ်ကင်းမဲ့မှုများကို မြန်မာအစိုးရ နှင့်မြန်မာ့တပ်မတော်တို့၏ တစ်ဖက်သတ်ထုတ်ပြန်ချက် နှင့် ၎င်းတို့၏ပြောစကားများကိုကြည့်၍ သိသာထင်ရှင်းစွာတွေ့မြင်နိုင်ပါသည်။ (၁၁) ICRC၊ WHO၊ WFP မှဝန်ထမ်းများ၊ အရပ်သားများကို ခုတုံးလုပ်အသုံးချ၍သတ်ကွင်းထဲပို့ဆောင်ခဲ့ကြောင်း အထောက်အထားအခိုျ့မှာမိမိတို့ထံတွင်ရှိပြီး သက်သေအထောက်အထားများကို သက်ဆိုင်သူအဖွဲ့အစည်းများထံပေးပို့သွားမည်ဖြစ်ပါသည်။ ICRC , WFP နှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ခရီးသွားလာရေးနှင့်ပတ်သက်၍ လုံခြုံရေးဆောင်ရွက်မှု၊ သတင်းအချက်အလက်မျှဝေပေးမှုအပေါ် မည်သူကမည်ကဲ့သို့ ပံ့ပိုးကူညီဆောင်ရွက်နေသည်ကို ကာယကံရှင်အဖွဲ့အစည်းများအနေဖြင့် အသိဆုံးဖြစ်ပါသည်။ အပိုင်း(၂) အားဆက်လက်ဖော်ပြပါမည်။

560 views
bottom of page