၂၀၁၉ ခုနှစ် သြဂုတ်လ(၁၉ )ရက်ရှမ်းပြည်မြောက်ပိုင်းနှင့်ရခိုင်ဒေသအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲသတင်းများ
- ULA / AA
- Aug 20, 2019
- 1 min read
Updated: Aug 21, 2019
သြဂုတ်လ(၁၉) ရက်နေ့တွင်လည်း ကွတ်ခိုင် နှင် ကျောက်မဲ မြို့နယ်များတွင် ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့် မြန်မာစစ်တပ်တို့တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။
(၁) ကွတ်ခိုင်မြို့နယ် နမ့်ကွတ်နှင့် နားနွဲရွာ အကြားတွင် နံနက် ၀၃း၂၀ နာရီမှ ၀၃း၄၅ နာရီအချိန်ထိ မြန်မာစစ်တပ် ၏တပ်မ (၉၉)လက်အောက်ခံ၊ခမရ (၄၁၉) နှင့် မိမိတို့တိုက်ပွဲဖြစ်ပွားခဲ့သည်။
(၂) နံနက် ၀၈း၅၀ နာရီအချိန်တွင် ကျောက်မဲမြို့နယ်"ကော်ပေါင်ရွာ" နှင့် "ပန်မရွာ" အကြားတွင် မြန်မာစစ်တပ် တပ်မ (၉၉) လက်အောက်ခံ၊ခလရ (၉၅) နှင့်မိမိတို့တိုက်ပွဲဖြစ်ပွားခဲ့သည်။
(၃) မြန်မာစစ်တပ်၏"တာမိုးညဲ"အခြေစိုက်၊တပ်ရင်းဖြစ်သော ခလရ (၂၉၀) ယာယီတပ်စွဲထားသည့်"နမ့်ကွတ်တပ်စခန်း" အား နံနက် ၁၁:၀၀ နာရီတွင်ရှင်းလင်းခဲ့သည်။ ရန်သူ့အသုံးအဆောင်ပစ္စည်းများ၊ ခဲယမ်းမီးကျောက်အချို့၊ စစ်ဝတ်တန်ဆာနှင့် မော်တော်ယာဉ် အချို့ကိုသိမ်းဆည်း ရမိသည်။
(၄) နေ့လည် ၁၃း၀၀ နာရီအချိန်မှ ၁၃း၃၀ နာရီအချိန်ထိ ကွတ်ခိုင်မြို့နယ် မူဆယ် - လားရှိုး ပြည်ထောင်စုလမ်းမပေါ်ရှိ နမ့်ခိုင်တံတားအနီးတွင် မြန်မာစစ်တပ်၏ခလရ (၂၉၀) နှင့်မိမိတို့တိုက်ပွဲဖြစ်ပွားခဲ့သည်။
(၅)မြန်မာစစ်တပ်သည် နမ္မတူ တပ်စခန်း ခမရ (၃၂၄)မှ နားဆိုင်းရွာအား နေ့လည် ၁၃:၁၀ မှစတင်ပြီးပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ထို့ကြောင့် လက်နက်ကြီးကျည်အချို့မှာ ကျေးရွာများအနီးကျရောက်ပေါက်ကွဲခဲ့ပြီး လက်နက်ကြီးကျည်(၁) လုံးမှာ ရွာအတွင်းကျရောက်ပေါက်ကွဲကြောင်းသိရှိရသည်။ အရပ်သားများ၊ ကျွဲ၊နွားတိရစ္ဆာန်များထိခိုက်သေဆုံးခြင်းမသိရသေးပါ။
(၆) ညနေ ၁၇း၃၀ နာရီအချိန်တွင် ကွတ်ခိုင်မြို့နယ်၊"တောင်သုံးဆယ်"အနီးတွင် မြန်မာစစ်တပ် ခလရ (၂၉၀) နှင့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၂၀:၀၀ နာရီအထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာစစ်တပ်ဘက် ၂ ဦး ကျဆုံးထားပြီးဖြစ်သည်။
( တိုက်ပွဲနောက်ဆက်တွဲသတင်းများကိုမနက်ဖန်၌ ဆက်လက်တင်ပေးသွားပါမည်)
(၇)ရခိုင်ဒေသအတွင်းတိုက်ပွဲ
ရခိုင်ပြည်၊မင်းပြားမြို့နယ်၊ " ရွှေကျင်ရွာ" နှင့်"သာစည်ရွာ" အကြားတွင် အင်အား(၇၀) ခန့်ရှိသော မြန်မာစစ်တပ်သည် မိမိတို့ရှိရာနေရာသို့ ဝင်ရောက်လာသောကြောင့် နံနက် ၀၈:၅၃ နာရီမှစတင်ပြီးတိုက်ပွဲဖြစ်ပွားခဲ့သည်။ အထိအခိုက်အကျအဆုံးအချို့ဖြင့် အငိုက်မိသွားသည့်ရန်သူအား မိမိတို့မှ ထပ်မံတိုက်ခိုက်ခဲ့သောကြောင့် ရန်သူ(၆) ဦးသေဆုံးခဲ့ပြီး တစ်နာရီခန့်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။
ထို့နောက် ရန်သူသည် ၎င်းအနီးပတ်ဝန်းကျင်ရှိ အင်အား(၆၀) ခန့်ရှိသောနောက်ထပ်စစ်ကြောင်းတစ်ခုနှင့် ပေါင်းကာ မိမိတို့အားထပ်မံထိုးစစ်ဆင်တိုက်ခိုက်ရန်ကြိုးစားလာခဲ့သည်။ သို့သော်လည်း အဝေးမှလက်နက်ကြီး၊လက်နက်ငယ်များဖြင့်သာပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ မိမိတို့အနေဖြင့် ရန်သူ့ဖက်မှထပ်မံထိုးစစ်ဆင်မည်ဆိုပါက အကောင်းဆုံးခုခံကာကွယ်တုံ့ပြန်ရင်ဆိုင်သွားမည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့ MNTJP/MNDAA, PSLF/TNLA, ULA/AA









Hôm trước mình có thấy mọi người bàn tán về một số nền tảng trực tuyến, và bỗng nhiên thấy nhắc đến bong88 com. Thế là mình cũng tò mò vào xem thử cho biết. Mình chỉ lướt qua thôi, không đào sâu lắm, nhưng thấy giao diện khá dễ nhìn và bố cục rõ ràng. Các mục được sắp xếp hợp lý, đọc một chút là có thể nắm bắt thông tin cơ bản rồi. Nói chung, cảm giác ban đầu cũng khá ổn!