သတင်းထုတ်ပြန်ချက်




တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ၂၀၂၀ ပြည့်နှစ်၊မတ်လ(၁၅) ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသော"AA အဖွဲ့မှ ဘူးသီးတောင်မြို့နယ်ရှိ သံကူကွန်ကရစ်တံတားအား မိုင်းခွဲဖျက်ဆီး၊ တံတားကြမ်းခင်း (၂)ပေ ပတ်လည်ပေါက် ပြဲပျက်စီး" ဟူသောသတင်းနှင့်ပတ်သက်၍ ၎င်းသတင်းတွင်ပါရှိသောအကြောင်းအရာအချက်အလက်များမှာ မိမိတို့နှင့်သက်ဆိုင်မှုမရှိပါကြောင်းပြတ်သားစွာ ငြင်းလိုက်သည်။ အဆိုပါလုပ်ရက်မှာ မြန်မာ့တပ်မတော်၏လက် ချက်သာဖြစ်သည်။ မြန်မာ့တပ်မတော်အနေဖြင့် အဆိုပါတံတားအား၎င်းတို့ကိုယ်တိုင်ဖောက်ခွဲမှုပြုလုပ်ပြီး မိမိတို့အားအပြစ်ပုံချခြင်းမှာ အောက်တန်းကျပြီးယုတ်မာသောလုပ်ရပ်တစ်ခုသာဖြစ်သည်။ ဆက်သွယ်ရေးအင်တာနက်လိုင်းများကိုဖြတ်တောက်ထားပြီးသတင်းတု၊သတင်းအမှားများကိုထုတ်ပြန်ပြီး မိမိတို့အားစွပ်စွဲရေးသားခြင်းမှာ သွေးရိုးသားရိုးကိစ္စတစ်ခုမဟုတ်သည့်အပြင် ရိုးသားမှုမရှိသောလုပ်ရပ်၊ ယခုရက်သတ္တပတ်အတွင်း မြန်မာ့တပ်မတော်မှ ကျူးလွန်ထားသောစစ်ရာဇဝတ်မှုများကိုဖုံးကွယ်လိုသောလုပ်ရပ်၊ နောက်ထပ်ကျူးလွန်ရန်ပြင်ဆင်နေသော စစ်ရာဇဝတ်မှုများအတွက် ကနဦးနိဒါန်းဟုပြောလိုသည်။ မြန်မာ့တပ်မတော်သည် လက်နက်ခဲယမ်း၊လူအင်အားအမြောက်အမြားကို ရခိုင်ဒေသအတွင်း နေ့တိုင်းပို့ဆောင်လျက်ရှိသောကြောင့်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်လာဖွယ်ရှိသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၇) ရက်။

Recent Posts

See All

ဗိုလ်မှူး သက်နိုင်ဦး(သုံ့ပန်းအမှတ် - ၀၁၉၅) မှ ပြောကြားချက်

ရခိုင်ဒေသတိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိသော သုံ့ပန်းများထဲမှ တစ်ဦးဖြစ်သော ဗိုလ်မှူး သက်နိုင်ဦးး(သုံ့ပန်းအမှတ် - ၀၁၉၅) မှ ၄င်း၏မိခင်အဖွဲ့အစည်းနှင့် မိသားစုဝင်များထံသို့ ပြောကြားခ

ဗိုလ်ကြီး ရှိန်ထက်လင်း(သုံ့ပန်းအမှတ် - ၀၂၂၉) မှ ပြောကြားချက်

ရခိုင်ဒေသတိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိသော သုံ့ပန်းများထဲမှ တစ်ဦးဖြစ်သော ဗိုလ်ကြီး ရှိန်ထက်လင်း(သုံ့ပန်းအမှတ် - ၀၂၂၉) မှ ၄င်း၏မိခင်အဖွဲ့အစည်းနှင့် မိသားစုဝင်များထံသို့ ပြောကြားချ

Subscribe to Our Newsletter

  • Vkontakte Social Icon
  • White Facebook Icon

Copyright @ 2019 Arakan Army