top of page

၂၀၂၅ မတိုင္ခင္ အေျပာင္းအလဲႀကီးတခု ခန႔္မွန္းထားတယ္




17 December 2019AA


အစိုးရႏွင့္ ေျမာက္ပိုင္းမဟာမိတ္ တပ္ဖြဲ႕ေတြၾကား Bilateral (ပဏာမ အပစ္ရပ္ေရး) စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ ေဆြးေႏြး ညႇိႏႈိင္းမႈ ေတြ ရွိေပမယ့္ ရခိုင္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာေတာ့ တိုက္ပြဲေတြ ဆက္လက္ ျဖစ္ပြားေနဆဲ ျဖစ္ပါတယ္။


ရခိုင္ျပည္နယ္တြင္းမွာဆိုရင္ တပ္မေတာ္နဲ႔ ရကၡိဳင္စစ္တပ္ (AA) တို႔ၾကား တိုက္ပြဲေတြ မရပ္မနားဘဲ ဆက္တိုက္ ျဖစ္ပြား ေနတာ တႏွစ္ေက်ာ္ပါၿပီ။ အရပ္သားေတြ ထိခိုက္ေသဆုံးမႈႏႈန္းကလည္း ပို ျမင့္တက္လာပါတယ္။


လာမယ့္ ၂၀၂၀ ျပည့္ႏွစ္အတြင္း ရခိုင္ျပည္နယ္ထဲက ပဋိပကၡေတြရဲ႕ အလားအလာ၊ ပဋိပကၡေတြ ၾကားထဲက ခ်င္းလူမ်ိဳး ေတြ နဲ႔ စီးပြားေရးလုပ္ငန္းေတြ စီမံကိန္းေတြအေပၚ AA ရဲ႕သေဘာထား၊ ၂၀၂၀ မွာ ေပၚေပါက္လာမယ့္ ၿငိမ္းခ်မ္းေရး အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ဧရာဝတီ အႀကီးတန္း သတင္းေထာက္ နန္းလြင္ႏွင္းပြင့္က AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္ကို ဆက္သြယ္ ေမးျမန္းထားပါတယ္။


ေမး။ ။ ရခိုင္မွာ တိုက္ပြဲေတြက အေျခအေန ဘယ္လိုလဲ။


ေျဖ။ ။ ဟုတ္ပါတယ္။ ဒီဇင္ဘာ ၈ ရက္က တိုက္ပြဲေတာ္ေတာ္ေလး ျပင္းထန္ပါတယ္။ ဒီဇင္ဘာ ၇ ရက္ တိုက္ပြဲကလည္း ျပင္းထန္ပါတယ္။ ရေသ့ေတာင္ဘက္မွာေရာ ေျမပုံၿမိဳ႕နယ္ဘက္မွာေရာ ေတာ္ေတာ္ျပင္းထန္တယ္။ ရေသ့ေတာင္ ဘက္မွာ က တပ္မ ၂၂ နဲ႔ျဖစ္တာေပါ့။ အဓိကျဖစ္တဲ့ တပ္ရင္းက ၂၀၈၊ ေတာ္ေတာ္ေလးအထိနာၿပီးမွ သူပိတ္မိေနတာ။ သူ႔ကို ရဟတ္ယာဥ္ ေတြနဲ႔ လာပစ္ၿပီးမွ မီးခိုးဗုံးေတြခ်ၿပီးမွ လာကယ္တာေပါ့ဗ်ာ။ ထြက္ေျပးလို႔ရေအာင္။ သူတို႔ လူနာေတြ အေလာင္း ေတြကို ဆြဲထုတ္ၿပီး ညပိုင္းအေမွာင္ထဲမွာ အေမွာင္ကို အကာအကြယ္နဲ႔ ထြက္ေျပးၿပီးမွ လြတ္သြားတယ္။ ဒါေပမယ့္ က်ေနာ္တို႔ သူ႔ရဲ႕ပစၥည္းေတြ ေတာ္ေတာ္မ်ားမ်ားကိုေတာ့ သိမ္းဆည္း ရလိုက္တယ္။ ခဲယမ္းေတြ အပါအဝင္ေပါ့။ အဲ့ဒါေတာ့ ရေသ့ေတာင္ မွာပါ။ ၿပီးရင္ ေျမပုံနဲ႔ အမ္းၾကားမွာ ဒီဇင္ဘာ ၅ ရက္၊ ၆ ရက္ ေန႔ေတြမွာ စကခ ၅ ရယ္ ေက်ာက္ျဖဴ က တပ္ရင္း တရင္း ပါတယ္။ အဲ့ဒီ့ ၂ ရင္းေပါင္း။ သူတို႔ဆီကလည္း ပစၥည္းေတြ ေတာ္ေတာ္မ်ားမ်ား က်ေနာ္တို႔ သိမ္းဆည္း ထားတယ္။ တိုက္ပြဲမွာ သူတို႔လူေတြ ကြဲသြားတယ္ ထင္တယ္။ ၃ဖြဲ႕ ၄ ဖြဲ႕ေလာက္၊ သူတို႔က ရဟတ္ယာဥ္ေတြနဲ႔ လိုက္ရွာၿပီး ပစ္ကူေတြ ေပးတာ။


ေမး။ ။ တပ္မေတာ္နဲ႔ AA ၾကား အပစ္ရပ္ဖို႔ စာခ်ဳပ္အတြက္ တဖက္မွာ ညႇိႏႈိင္းေနတာလည္း ရွိေနၿပီး ရခိုင္မွာ တိုက္ပြဲ မရပ္ ဘူး။ စစ္ရွိန္မေလွ်ာ့ခ်ႏိုင္တာ အဓိက အေၾကာင္းရင္းက ဘာလဲ။


ေျဖ။ ။ ျမန္မာ့တပ္မေတာ္ဘက္က သူတို႔ရဲ႕ မာနေတြ Attitude ေတြေပၚမွာ မူတည္မယ္ ထင္တယ္။ သူကေတာ့ ေျပာေန တာပဲသူတို႔ တိုက္ခ်င္ရင္ ဘယ္ဟာမဆို တိုက္လို႔ ရတယ္ဆိုၿပီး စစ္ေရးအရ သူတို႔ ဘက္က အသာစီးခ်ည္းပဲ သမိုင္းမွာ ရွိတယ္ ဆိုၿပီးမွေလ။ ဒါ့ေၾကာင့္ သူလုပ္ရင္ ျဖစ္တယ္ဆိုတဲ့ အင္အား သုံးတဲ့ အေျခခံစိတ္ေနစိတ္ထားနဲ႔ပဲ ဆိုင္မယ္ ထင္ တယ္။ ေနာက္မဆုတ္ဘူး။ ဘာပဲျဖစ္ျဖစ္ေပါ့။ ၿပီးေတာ့ သူတို႔ ထင္တာက အေနာက္ဘက္ စစ္မ်က္ႏွာ ဆိုေတာ့ က်ေနာ္တို႔ ရကၡိဳင္တပ္ အေနနဲ႔ ေဘးမွာ မဟာမိတ္ေတြမရွိဘူးေပါ့။ အဲ့ဒီမွာ ေခ်ာင္ပိတ္မိၿပီး အျပတ္အသတ္ေခ်မႈန္းမယ္ ဆိုတဲ့ ရည္မွန္း ခ်က္ေတြ ရွိမွာေပါ့။ ဒါ့ေၾကာင့္လည္း သူက စစ္ေရးအရွိန္ကို နည္းနည္းမွ အေလွ်ာ့ မေပးဘူးဆိုတဲ့ သေဘာမ်ိဳးေတြပါ။


ေမး။ ။ AA က ကခ်င္၊ ကိုးကန႔္ စစ္ေျမျပင္ေတြမွာလည္း အေတြ႕အႀကဳံရွိေတာ့ အခု ရခိုင္မွာ ႀကဳံရတဲ့ တိုက္ပြဲေတြနဲ႔ အရင္ ႀကဳံဖူးတဲ့ အေျခအေန ဘာေတြကြာျခားလဲ။ တပ္မေတာ္ ဘက္က တိုက္ခိုက္ေရး ဗ်ဴဟာေတြ လက္နက္ေတြ ကြာျခား လာ သလား။


ေျဖ။ ။ သူကေတာ့ အဓိက အဆင့္ျမင့္လက္နက္ေတြ ဆိုတာထက္ Firepower ကို အဓိက သုံးတယ္။ အခုေနာက္ပိုင္း သူကိုယ္တိုင္လည္း ထုတ္တယ္ ဆိုေတာ့ Firepowerကို အဓိက သုံးတယ္။ သူ႔ရဲ႕ တိုက္ခိုက္ေရး နည္းဗ်ဴဟာကေတာ့ က်ေနာ္တို႔က ရခိုင္ျပည္မွာဆိုေတာ့ ကိုယ္တိုက္ခ်င္တဲ့ ပုံစံကို ေဖာ္ၿပီးေတာ့ ျပန္တုံ႔ျပန္တာေပါ့။ ေရရွည္မွာေတာ့ က်ေနာ္တို႔ ဘက္က Morale ပိုင္းမွာ အသာစီးရပါတယ္။ သူတို႔ဘက္မွာက်ေတာ့ အထိအခိုက္ အက်အဆုံး မ်ားလာတာတို႔။ သူ စိတ္ႀကိဳက္ တိုက္ခ်င္တဲ့ပုံစံမ်ိဳး သူပုံသြင္းလို႔ မရတဲ့အခ်ိန္မွာ လက္နက္ႀကီးနဲ႔ ေလေၾကာင္းပစ္ကူပဲ အဓိက မွီခိုရတယ္။ အဲ့ဒါေတြ မလာရင္ သူ႔စစ္သားက ထြက္ေျပးၿပီ။ အဲ့ဒီလို ထြက္ေျပးလို႔လည္း က်ေနာ္တို႔ ပစၥည္းေတြ အမ်ားႀကီး သိမ္းလို႔ မိတာပဲ။ ေန႔တိုင္းပဲ။ ဒါ့ေၾကာင့္ Morale ပိုင္းေတာ့ ေတာ္ေတာ္ရႈံးတယ္။ သူတို႔က Firepower နဲ႔ပဲ လိုက္ထိန္းႏိုင္တယ္။ သူတို႔ဆီက သိမ္းလို႔ရမိတဲ့ ပစၥည္းေတြမွာ ဂါထာေတြ အင္းအိုင္ေတြပဲ အမ်ားႀကီး သိမ္းဆည္း မိတယ္။


ေမး။ ။ ၂၀၁၉ ခုႏွစ္လည္း ကုန္ၿပီဆိုေတာ့ ဒီတႏွစ္လုံးမွာ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္နဲ႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ တို႔ရဲ႕ ျပည္တြင္းၿငိမ္းခ်မ္းေရး အေပၚ အာ႐ုံစိုက္မႈ၊ ေဆာင္႐ြက္မႈကိုေရာ ဘယ္လိုမ်ား သုံးသပ္ခ်က္ ရွိပါသလဲ။


ေျဖ။ ။ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကေတာ့ သူတို႔ အခု လက္ရွိလုပ္ေနတဲ့ NCA လုပ္ငန္းစဥ္က ေတာ္ေတာ္ေလး ႐ုပ္နဲ႔ နာမ္နဲ႔ ေတာင္ ျဒပ္ကြဲေနၿပီ ထင္တယ္။ ယုံၾကည္မႈေတြလည္း မရွိဘူး။ ၿပီးရင္ ကတိကဝတ္မွာပါတဲ့ လက္မွတ္ ထိုးထားတဲ့အခ်က္ အလက္ေတြကိုလည္း တာဝန္ခံၿပီးမွ အေကာင္အထည္ေဖာ္မႈေတြ မရွိေလေတာ့ ေလွ်ာက္ေတာ့ ေလွ်ာက္ေနတယ္။ ခရီးက မေရာက္ဘူး လို႔ျမင္တယ္။ ေနာက္တခ်က္ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးမင္းေအာင္လႈိင္ ၾကားမွာ သူတို႔ႏွစ္ေယာက္က ပူးေပါင္းေဆာင္႐ြက္မႈ မေအာင္ျမင္ဘူးလို႔ ေျပာလို႔ရတယ္။ က်ေနာ္ စဥ္းစားမိတာက ေဒၚေအာင္ဆန္းစုၾကည္ အစိုးရ ဦးေဆာင္ေနတဲ့ အခ်ိန္မွာ ၿငိမ္းခ်မ္းေရး ေအာင္ျမင္သြားတယ္ ဆိုတဲ့ အမွတ္ကို စစ္တပ္က မေပးခ်င္ဘူး ထင္တယ္။ သူ႔ရဲ႕ ၂၀၂၀ ႏိုင္ငံေရး ၿပိဳင္ပြဲအတြက္ တေယာက္ကို တေယာက္ ေျခလက္ အကာအစီး ရသြားမွာကို မလိုလားဘူး။ ဒါ့ေၾကာင့္ တိုးတက္ျဖစ္ေပၚမႈေတြက ရသင့္သေလာက္ မရဘူးလို႔ ျမင္ေတြ႕ရတယ္။


ေမး။ ။ Bilateral (ပဏာမ အပစ္ရပ္ေရး) ေဆြးေႏြးမႈေတြကေရာ စားပြဲဝိုင္းမွာ အလုပ္တကယ္ ျဖစ္လား။


ေျဖ။ ။ Bilateral ကိစၥကေတာ့ က်ေနာ္တို႔ ၄ ဖြဲ႕ေပါ့။ ၿပီးရင္ FPNCC မဟာမိတ္ေတြ ၾကားမွာ ေရွ႕ကို ေရာက္ေစခ်င္တယ္။ သို႔ေသာ္လည္း တဖက္နဲ႔ တဖက္ၾကားမွာ သံသယေတြ အေလွ်ာ့ မေပးလိုမႈေတြက မ်ားတယ္။ ဟိုဘက္ကလည္း သူတို႔ တပ္မေတာ္မူ ၆ ခ်က္တို႔ လာညႇိတဲ့ လူကလည္း အေပၚကို ျပန္တင္ျပလိုက္မယ္ ဆိုၿပီး ျပန္သြားတာ မ်ားတယ္။ အစည္း အေဝး ရွိတယ္ဆိုရင္ သြားလိုက္ေလ၊ အစည္းအေဝးၿပီးရင္ ဘာမွ တိုးတက္လာမွာ မဟုတ္ဘူး ဆိုတဲ့ သေဘာမ်ိဳးေတြ ျဖစ္ကုန္တာေပါ့။


က်ေနာ္တို႔ဘက္က အဆိုျပဳလႊာတခု ေရးထားတယ္။ ႀကိဳတင္ ကန႔္သတ္ခ်က္ေတြနဲ႔ အတားအဆီးမျဖစ္ေအာင္ေတာ့ ေရွ႕ကို ေရာက္ႏိုင္ေအာင္ ရွင္းရွင္းလင္းလင္း ျပင္ဆင္ထားတဲ့ အခ်က္ေတြ ရွိပါတယ္။ သူတို႔ဘက္က လက္မခံႏိုင္တဲ့ အခ်က္ ေတြ ပါေကာင္း ပါမွာေပါ့။ သို႔ေသာ္လည္း ေနာက္ဆံ တင္းၿပီးေတာ့မွ အခက္အခဲမျဖစ္ေအာင္ ရွင္းရွင္း လင္းလင္း ျပင္ဆင္ထား တာေတာ့ ဟုတ္တယ္။ ခါတိုင္းလည္း ေရွ႕တိုးမရတဲ့ အေျခအေနေတြပဲ ႀကဳံေနရေတာ့ အမ်ားႀကီးလည္း မေမွ်ာ္လင့္ထားေတာ့ ဘူး။ ဘယ္လို အေၾကာင္းအရာေတြ ဆိုတာကေတာ့ ေလာေလာဆယ္ မီဒီယာမွာေတာ့ မေျပာေသးပါ ဘူး။ တတ္ႏိုင္သမွ် တဖက္နဲ႔တဖက္ တင္းမာမႈေတြ ထိပ္တိုက္တိုးမႈေတြ မျဖစ္ေအာင္ ေရွ႕ကို သြားမယ္ ဆိုရင္လည္း တဖက္ နဲ႔တဖက္ ညႇိႏႈိင္းၿပီး ေရွ႕ကို ေရာက္ႏိုင္ေအာင္ ဆိုတဲ့ အေနအထားေတြကိုေတာ့ က်ေနာ္တို႔ စဥ္းစားေပးထား ၾကပါတယ္။


ေမး။ ။ Bilateral ေဆြးေႏြးမႈမွာ မေျပလည္တာက တပ္ေနရာ ခ်ထားေရးဆိုင္ရာကိစၥပဲလား။ တျခားဘယ္လိုအခ်က္ေတြ ရွိေသးလဲ။


ေျဖ။ ။ အဓိက ကေတာ့ ႏွစ္ဖက္ တပ္ပိုင္းဆိုင္ရာ နယ္ေျမကိစၥေတြပဲေပါ့။ သူတို႔ကလည္း ႏိုင္ငံဆိုတာ တခုတည္းေသာ တပ္မေတာ္ပဲ ရွိတယ္။ ႏိုင္ငံရဲ႕ေရထု ေျမထု ဆိုတာ ခြဲျခားမႈ မရွိပါဘူး ဆိုတဲ့ ရပ္တည္ ေျပာဆိုမႈေတြပဲရွိထားတယ္။ နယ္ နိမိတ္ ပိုင္းနဲ႔ ပတ္သက္ၿပီး ေက်ေက်လည္လည္ ေျပာမယ္ဆိုရင္ ေရွ႕မတိုးႏိုင္တဲ့ အေျခအေနေတြ ျဖစ္သြားတယ္။


ေမး။ ။ ရခိုင္ျပည္နယ္မွာ အရပ္သားေတြရဲ႕ ေသြးထြက္သံယိုမႈႏႈန္းက ပိုမ်ားလာတယ္။ တိုက္ပြဲေတြနဲ႔ ဒီအတိုင္းပဲ ဆက္ သြား မလား။ AA ရဲ႕ႏိုင္ငံေရး ရည္မွန္းခ်က္ကို အေကာင္အထည္ ေဖာ္တဲ့ လမ္းမွာ ရခိုင္လူထုက အနာဘက္ကခ်ည္းပဲ ျဖစ္မလား။


ေျဖ။ ။ က်ေနာ္တို႔ဘက္မွာ အရပ္သား ထိခိုက္မႈေတြက ၄ လပိုင္းေလာက္မွာ ပိုျမင့္လာတယ္။ တိုက္ပြဲအစပိုင္းမွာေတာ့ အဲ့ဒီ ေလာက္ မမ်ားေသးဘူး။ ေနာက္ပိုင္းမွာက်ေတာ့ အရပ္သားထိခိုက္မႈ မ်ားလာတာကလည္း ျမန္မာစစ္တပ္ရဲ႕ လက္နက္ ႀကီး ပစ္ခတ္မႈေတြက အစတုန္းကေတာ့ ႐ြာနားေတြကို လွမ္းပစ္တာပဲရွိတယ္။ ေနာက္ပိုင္းမွာ ႐ြာထဲကို တည့္တည့္ ပစ္တာ ေတြ ပိုမ်ားလာတယ္။ တိုက္ပြဲ ျဖစ္တယ္ဆိုရင္ ႐ြာနဲ႔ မီတာ ၁၀၀၀ ေလာက္မွာ ျဖစ္တယ္ ဆိုရင္ေတာင္ သူ႔ရဲ႕ အရာရွိတို႔ လူႀကီးပိုင္း တို႔က အနာတရျဖစ္ရင္ ႐ြာကို ပိတ္ဆို႔ၿပီးေတာ့မွ ႐ြာသားေတြကို ဖမ္းဆီးခ်ည္ေႏွာင္တာ ႏွိပ္စက္တာ သတ္ျဖတ္တာ ေတာက္ေလွ်ာက္ လုပ္လာေတာ့ က်ေနာ္တို႔ ျပည္သူေတြကို လူမ်ိဳးေရးအရ ေတာ္ေတာ္ ဦးတည္ၿပီး သတ္ျဖတ္တယ္လို႔ ျမင္တယ္။ ဒါက အျမင္မဟုတ္ေတာ့ဘူး။ အေထာက္အထား အခိုင္အမာရွိထားတယ္။


က်ေနာ္တို႔ ဘက္က ဘယ္တပ္မ၊ ဘယ္တပ္ရင္းက လုပ္ပါတယ္ ဆိုတာေတြကိုလည္း ေသခ်ာ စာရင္းယူထားတယ္။ အဲ့ဒီ လို လုပ္တဲ့ တပ္ရင္းေတြကိုလည္း က်ေနာ္တို႔က ျဖစ္ရင္ ျဖစ္သလို ျပန္လက္တုံ႔ျပန္တာ လုပ္တယ္။ သို႔ေသာ္ ျပည္သူက ေတာ့ နာတာ ေပါ့ဗ်ာ။ တကယ္ဆို က်ေနာ္တို႔ တပ္ေတြက ႐ြာမွာ မေနပါဘူး။ က်ေနာ္တို႔ လႈပ္ရွားစစ္ေၾကာင္းေတြက ေတာေတာင္ ေတြထဲမွာ လႈပ္ရွားတယ္။ သူတို႔က ေတာေတာင္ေတြထဲက ယာယီစခန္းေတြကို လာတိုက္ၿပီဆိုရင္ သူတို႔က အဲ့ဒီခြင္ကို ဝင္ၿပီး သူတို႔အထိနာရင္ ဆက္မတိုက္ေတာ့ပဲ ႐ြာကို တန္းသြားတယ္။ အဲ့ဒီ႐ြာကို ပိတ္ဆို႔ၿပီး လူငယ္လူ႐ြယ္ေတြ ကို ဒုကၡေပးၿပီ။


ၿပီးမွ ႐ြာကို ပိတ္ဆို႔စစ္ေဆးတယ္ေျပာတယ္။ သူတု႔ိထင္တာ ႐ြာထဲမွာ လက္နက္ေတြ က်ည္ဆန္ေတြ ဝွက္ထားမယ္လို႔ ထင္ တာ။ ႐ြာသားေတြကို ႀကိဳးနဲ႔ခ်ည္ ႏွိပ္စက္ ႐ိုက္ပုတ္ၿပီး လက္နက္ဘယ္မွာ ထားသလဲေျပာစမ္း ဆိုတာမ်ိဳးေပါ့။ တေလာက က်ေနာ္တို႔ မဟာမိတ္ေတြ နယ္ေျမမွာ လက္နက္တခ်ိဳ႕ ေတြ႕သြားတယ္။ အဲ့ဒီလို ေတြ႕မလားဆိုတဲ့ ပုံစံေနမွာေပါ့။ သူတို႔ရဲ႕ တန္ျပန္ ေျပာက္က်ား နည္းဗ်ဴဟာထဲက တခုေပါ့။


ျပည္သူလူထုကို က်ေနာ္တို႔ကို မကူညီရဲေအာင္ မဆက္စပ္ရဲေအာင္ လူမ်ိဳးေရးအရ မင္းတို႔ပုန္ကန္ရင္ ဒါမ်ိဳးျဖစ္မယ္ ဆိုၿပီး လူမ်ိဳးေရးအရ အေၾကာက္တရားေတြကို ဖန္တီးတာ။ ဒါက Crime Against Humanity ပဲ။ စစ္ရာဇဝတ္မႈပဲ။ သူတို႔က မာရွယ္ေလာ ထုတ္ျပန္ထားၿပီး တိုက္ပြဲျဖစ္လိုက္ၿပီ အထိနာၿပီဆိုရင္ လမ္းမွာ ျဖတ္သြားျဖတ္လာလူေတြကို ပစ္သတ္တယ္။ ဆိုင္ကယ္နဲ႔ လူတေယာက္သြားတယ္။ စစ္ေဆးဖို႔ ရပ္တန႔္တာ မရပ္ဘဲ ေျပးသြားလို႔ပစ္လိုက္တယ္။ သူ႔ဆိုင္ကယ္မွာ ဝါယာ ႀကိဳး တေခ်ာင္းနဲ႔ ပလာယာ ပါလာတယ္ဆိုရင္ မိုင္းအတြက္ အသုံးျပဳတယ္၊ အၾကမ္းဖက္သမားဆိုၿပီး သတ္လိုက္လို႔ ေသတဲ့ လူကို အၾကမ္းဖက္သမားလို႔ ေခါင္းစဥ္တပ္တယ္။ ဒါကေတာ့ ဆိုင္ကယ္တူးေဘာက္စ္မွာ လူတိုင္းမွာ ပလာယာ ပါတယ္။ ဒါက သက္ေသခံပစၥည္းလည္း မဟုတ္ဘူး။ တဖက္သတ္ လူသတ္မႈက်ဴးလြန္တယ္။ ဒါေတြကို ေတာက္ေလွ်ာက္ လုပ္တယ္။ က်ေနာ္တို႔ဘက္ကေတာ့ လူမ်ိဳးေရးအရ က်ေနာ္တို႔ ျပည္သူေတြကို သတ္ျဖတ္ေနတယ္လို႔ လုံးဝ မွတ္ယူတယ္။ က်ေနာ္တို႔က ICJ မွာ အမႈတင္တဲ့ ကိစၥေတြကိုလည္းပဲ အမွန္တရားကို ေဖာ္ထုတ္ဖို႔ အတြက္ အခ်က္အလက္ေတြ ေပးအပ္ သြားမယ္ ဆိုတာ ဒါေတြလည္း ပါတယ္။


ၿပီးရင္ ရခိုင္ျပည္မွာ ျဖစ္ခဲ့တဲ့ ျပႆနာေတြမွာလည္း အေထာက္အထားေတြကိုင္ထားတာ က်ေနာ္တို႔မွာ ရွိသင့္ သေလာက္ ရွိတယ္။ အျပစ္ရွိတဲ့ လူကို အျပစ္ရွိေၾကာင္း အမွန္တရားကို ေဖာ္ထုတ္ဖို႔က်ေနာ္တို႔က ရပ္တည္သြားမယ္။


ၿပီးရင္ ရခိုင္ျပည္မွာ ရခိုင္လူထုက အနာပဲလားလို႔ ေမးတဲ့ ကိစၥကေတာ့ က်ေနာ္တို႔က အေမွာင္ဆုံးကာလ တခုကို ထိုးေဖာက္ ဖို႔အတြက္ အမ်ိဳးသားလြတ္ေျမာက္ေရး တိုက္ပြဲကို ဆင္ႏႊဲေနတာျဖစ္တယ္။ Freedom isn’t Free လြတ္ေျမာက္ မႈဆိုတာ အလကားေတာ့ မရဘူး။ က်ေနာ္တို႔က ေပးဆပ္မႈေတြ အမ်ားႀကီးနဲ႔ တိုက္ပြဲဝင္ရမွာပဲ။ ဒီအခက္အခဲေတြကို ေက်ာ္လႊားဖို႔ အတြက္ က်ေနာ္တို႔ ျပည္သူေတြနဲ႔ က်ေနာ္တို႔ နယ္ခ်ဲ႕ တပ္ကို တိုက္ထုတ္ရမွာပဲ။


သူတို႔ ရခိုင္ျပည္မွာ ဒီေန႔ဒီအခ်ိန္မွာ ျပည္သူလူထုရဲ႕ မလုံၿခဳံမႈေတြ အသက္အႏၲရာယ္ေတြ တိုင္းရင္းသား တခုနဲ႔တခု ၾကား မွာ ျပႆနာေတြကို ဖန္တီးေနတာက ျမန္မာ စစ္တပ္ပဲ။ သူမရွိရင္ ျပည္သူလူထုရဲ႕ လုံၿခဳံေရးကို က်ေနာ္တို႔ တာဝန္ယူလို႔ ရၿပီ။ ဒါ့ေၾကာင့္ သူတို႔ကို က်ေနာ္တို႔ တိုက္ထုတ္ရမယ္။ ကိုယ္လည္း နာမွာေပါ့ဗ်ာ။ ဒါကို က်ေနာ္တို႔ ရင္မဆိုင္လို႔ မရဘူး။


ေမး။ ။ ရခိုင္ ေတာ္လွန္ေရးမွာ Timeline သတ္မွတ္ထားတာ ရွိပါသလား။ ဒါမွမဟုတ္ လူထုက ဘယ္အခ်ိန္ ဘယ္ကာလ မွန္း မသိတာကို ဆက္ၿပီး ဒါေတြႀကဳံေနရမွာလား။


ေျဖ။ ။ အခ်ိန္ကာလဆိုတာကို ပုံေသေျပာဖို႔ ဆိုတာက အေျခအေနကို ေျပာင္းလဲဖို႔ ႀကိဳးစားတာက ပိုလက္ေတြ႕ ဆန္ တယ္။ ငါတို႔ ၆ လနဲ႔ တိုက္ၿပီး ၿပီးသြားမယ္ ဆိုတာက ၆ လျပတ္ က်ဴရွင္ တက္ေနတာ မဟုတ္ဘူးေလ။ ၁ ႏွစ္ တိုက္လို႔ မရရင္ေတာ့ ၂ ႏွစ္နဲ႔ တိုက္ရမွာေပါ့။ ၂ ႏွစ္နဲ႔ မရရင္ ၃ ႏွစ္ တိုက္ရမွာေပါ့။ က်ေနာ္ ထင္တာေတာ့ က်ေနာ္တို႔ရဲ႕ တိုက္ပြဲနဲ႔ အခုအလားအလာ အတိုင္းဆို က်ေနာ္တို႔ ႀကိဳးစားမႈက ၂၀၂၅ မတိုင္ခင္ တစုံတရာ အေျပာင္းအလဲႀကီးတခု က်ေနာ္တို႔ ဖန္တီးႏိုင္ဖို႔ အတြက္ ေသခ်ာေပါက္ ခန႔္မွန္းထားတယ္။


ေမး ။ ။ ေတာ္လွန္ေရး လုပ္ေနၾကတဲ့အထဲ ကရင္၊ ကခ်င္ ဆိုရင္ ဒီေန႔ဒီအခ်ိန္ထိ တိုက္ပြဲေတြ ျဖစ္လိုက္ ေျပလည္လိုက္ ခဏ အပစ္ရပ္လိုက္နဲ႔ ႏွစ္ကာလေတြ အမ်ားႀကီး ရွည္ၾကာလာေတာ့ ရခိုင္လည္း ဒီလိုပဲ သြားလိမ့္မယ္လို႔ သုံးသပ္ခ်က္ေတြ ရွိတယ္။


ေျဖ ။ ။ ဟုတ္တယ္။ ဘာျဖစ္လို႔ ဆိုေတာ့ ျမန္မာႏိုင္ငံမွာ ေတာ္လွန္ေရးက ႏွစ္ေပါင္း ၇၀၊ ႏွစ္ေပါင္း ၇၀ ဆိုၿပီး စကားကို လြယ္လြယ္နဲ႔ ေျပာၿပီး အခ်ိန္ကာလေတြကို ျပဌာန္းေနၾကတယ္။ တကယ္ဆိုရင္ ေတာ္လွန္ေရး လုပ္ေနပါတယ္ဆိုတဲ့ ပုဂၢိဳလ္ ေတြက တကယ္ သူတို႔ ႏွစ္ေပါင္း ၇၀ မတိုက္ပါဘူး။ သူတို႔ အလုပ္မႀကိဳးစားဘူး။ က်ေနာ္ ေသခ်ာ ေျပာရဲတယ္။ ခဏေန အပစ္ရပ္လိုက္ လူႀကီးေတြက ဝိုင္ေသာက္လိုက္နဲ႔ ဇိမ္ခံေနၾကတာ မ်ားတယ္။ ေအာက္ေျခ ရဲေဘာ္ေတြပဲ လစာ မရဘူး။ ဒုကၡေတြ ခံၿပီး သူတို႔ ဘဝအခ်ိန္ေတြကို ေလာင္ကြၽမ္းေပးဆပ္ ေနရရင္း အဘိုးႀကီးေတြ ျဖစ္သြားၾကတာ မ်ားတယ္။ တကယ္ လည္း ဒါမ်ိဳး တိုက္ေနတာ မဟုတ္ဘူးေလ။ ဟိုဘက္မွာ ၁၅ ႏွစ္ေလာက္ အပစ္ရပ္ ထားတယ္။ ၁၅ ႏွစ္ေလာက္ လူႀကီးေတြ က ခ်မ္းသာေနတယ္။ ရဲေဘာ္ေတြက အခ်ိန္ေတြ ေလာင္ကြၽမ္းၿပီး ဘဝေတြ ပ်က္စီးသြားတယ္။ တကယ္တိုက္တာမွ မဟုတ္တာ။ ၿပီးရင္ ေကာင္းေကာင္းလည္း မတည္ေဆာက္ၾကဘူး။


တကယ္တည္ေဆာက္တဲ့ အုပ္စုေတြဆိုရင္ အခုခ်ိန္မွာ ၾကည့္ပါလား။ ဝ အဖြဲ႕ဆို စစ္မျဖစ္ဘူး။ သူတည္ေဆာက္တယ္။ သူ႔မွာ တည္ေဆာက္ထားတာနဲ႔ အင္အားခိုင္မာသြားေတာ့ သူ႔ျပည္သူရဲ႕ လုံၿခဳံေရးကို သူအာမခံေပးထားႏိုင္တယ္။ မိုင္းလား အဖြဲ႕ကို ၾကည့္ပါလား။ သူစစ္မျဖစ္ဘူး။ သူႀကိဳးစားတယ္။ တည္ေဆာက္တယ္။ သူ႔ရဲ႕ ခိုင္မာမႈနဲ႔ သူ႔ရဲ႕ျပည္သူကို အာမခံ ထားႏိုင္ တယ္။ တခုခုေတာ့ အေကာင္အထည္ကို ေပၚေအာင္ ႀကိဳးစားရမယ္ေလ။ တိုက္လို႔ မႏိုင္ရင္ေတာင္ တည္ေဆာက္မႈ အင္အား ႀကီးထြားလာရမယ္။ ကိုယ္က ျပည္သူကို အကာအကြယ္ ေပးထားႏိုင္ရမယ္။ ဒါေတြ ရွိပါတယ္။ က်ေနာ္တို႔က လက္ေတြ႕ သေဘာကိုပဲ ေျပာလိုတယ္။ စကားေတြကို ေရာေယာင္ၿပီး ၿဖီးေျပာၿပီး ႏွစ္ ၇၀ တိုက္ေနသလို ေျပာတာေတာ့ လက္မခံပါဘူး။


က်ေနာ္တို႔က တိုက္ရင္းနဲ႔လည္း တည္ေဆာက္ေနပါတယ္။ က်ေနာ္တို႔ ရကၡိဳင္တပ္က တိုက္ေနေတာ့ အေသအေပ်ာက္ ေတြ ေတာ့ ရွိတယ္။ ဆုံးရႈံးမႈေတာ့ ရွိတာေပါ့။ ဒါေပမယ့္ က်ေနာ္တို႔ ေတာက္ေလွ်ာက္တည္ေဆာက္တယ္။ တည္ေဆာက္ ႏိုင္တဲ့ စြမ္းရည္ေၾကာင့္ က်ေနာ္တို႔မွာ တိုးတက္မႈေတြ ရွိတယ္။ ဒီအတိုင္း တစိုက္မတ္မတ္ တည္ေဆာက္သြားရင္ ေနာက္ ၃ ႏွစ္ ၄ ႏွစ္ဆိုရင္ က်ေနာ္တို႔ေတာ္ေတာ္ေတာ့ တည္ေဆာက္ႏိုင္မွာပဲ။


ေမး။ ။ ဗိုလ္ခ်ဳပ္ ေျပာတဲ့ ၂၀၂၅ ဆိုတာက ဝ တို႔ မိုင္းလားတို႔လို ေနရာတခုလိုမ်ိဳး ဆိုလိုတဲ့ သေဘာလား။ ရခိုင္ျပည္နယ္ တျပည္နယ္လုံးကို ေျပာေနတာလား။


ေျဖ။ ။ အဲ့ဒါကေတာ့ နယ္ေျမဆိုတာကေတာ့ က်ေနာ္တို႔ကေတာ့ ရခိုင္ နယ္နိမိတ္မွာ အကုန္လုံးကို ရခိုင္နယ္ေျမလို႔ သတ္ မွတ္ တယ္။ ဒါေပမယ့္ က်ေနာ္တို႔ရဲ႕စစ္ေရးအရ ဘယ္အတိုင္းအတာထိကို ျပန္လည္ ရယူႏိုင္မလဲ။ ထိန္းခ်ဳပ္ႏိုင္မလဲ ဆိုတာ ကေတာ့ အေျခအေနေတြေပၚမွာ အမ်ားႀကီး ထည့္သြင္း စဥ္းစားစရာေတာ့ ရွိပါတယ္။ သို႔ေသာ္လည္းပဲ ဒီထက္ေတာ့ အမ်ားႀကီး ပိုေကာင္းေအာင္ လုပ္ႏိုင္ဖို႔ က်ေနာ္တို႔ ယုံၾကည္ထားတယ္။


ေမး ။ ။ ခ်င္းျပည္နယ္ ပလက္ဝ ထဲမွာဆိုရင္ ခ်င္းေတြက AA က ဖိႏွိပ္တာ ခံရတယ္။ လူ႔အခြင့္အေရး ခ်ိဳးေဖာက္တယ္ ဆိုတာမ်ိဳး ေဝဖန္သံေတြ ထြက္လာတာ ရွိသလို ခ်င္းနဲ႔ ရခိုင္ၾကား လူမ်ိဳးေရး ပဋိပကၡလို ျဖစ္ေတာ့မယ္ဆိုၿပီး အျမင္ေစာင္းမႈ ေတြကလည္း ရွိေနၾကတယ္။ ဘာေျပာခ်င္ပါသလဲ။


ေျဖ။ ။ ရခိုင္နဲ႔ ခ်င္းက အိမ္နီးခ်င္းဆိုတာထက္ အမ်ားႀကီး နက္ရႈိင္းပါတယ္။ သူမ်ားေတြကေတာ့ အိမ္နီးခ်င္းလို႔ေျပာတယ္။ အဲ့ဒီ့ထက္ အမ်ားႀကီး နက္ရႈိင္းပါတယ္။ ခ်င္းလူမ်ိဳးက ခ်င္းျပည္နယ္မွာ ၃ သိန္းခြဲေလာက္ ေနတယ္ဆိုရင္ ရခိုင္ျပည္နယ္မွာ လည္း ၁ သိန္းခြဲေလာက္ ေနတယ္။ ရခိုင္ျပည္သား ခ်င္းလူမ်ိဳးေတြ အမ်ားႀကီး ရွိပါတယ္။ ရခိုင္ျပည္မွာေနတဲ့ ခ်င္းလူမ်ိဳး ေတြ ဆိုရင္ ဗုဒၵဘာသာ ကိုးကြယ္တာ ရွိတယ္။ ခရစ္ယာန္ဘာသာ ကိုးကြယ္တာ ရွိတယ္။ ခ်င္းေတာ့ ခ်င္းပဲ မ်ိဳးႏြယ္စုေတြ ေတာ့ မတူၾကဘူးေပါ့။ က်ေနာ္ကေတာ့ က်ေနာ္တို႔ရဲ႕ ULA (ရခိုင္ အမ်ိဳးသား အဖြဲ႕ခ်ဳပ္) မွာ ရကၡိတ လမ္းစဥ္ကို ျပဌာန္း ထားတယ္ ဆိုေပမယ့္ ဒီဟာက ရခိုင္တခုတည္း အတြက္ မဟုတ္ပါဘူး။ ရခိုင္ျပည္မွာ ေနထိုင္တဲ့ မတူညီတဲ့ ဘာသာကို ကိုးကြယ္ၾကတဲ့ လူမ်ိဳးစု အသီးသီးရဲ႕ သူ႔ရဲ႕ယုံၾကည္ပိုင္ခြင့္၊ လြတ္လပ္ခြင့္ေတြကို က်ေနာ္တို႔က လုံးဝ အသိအမွတ္ျပဳတယ္။ ခ်င္းလူမ်ိဳးေတြဆိုတာ အင္မတန္ ႐ိုးသားၿပီးမွ စိတ္ေနစိတ္ထား ေကာင္းမြန္တဲ့ လူမ်ိဳးေတြျဖစ္တယ္။ သစၥာရွိတယ္။ အၾကင္နာတရား ရွိတယ္။ က်ေနာ္တို႔ ရကၡိဳင့္တပ္မေတာ္ထဲမွာ ရခိုင္ၿပီးရင္ ခ်င္းလူမ်ိဳးက ဒုတိယ အမ်ားဆုံးလို႔ ေျပာလို႔ ရတယ္။ က်ေနာ္တို႔ တပ္ထဲမွာ ရွိတယ္။


အခုလည္းပဲ ေၾကေတာ့ မေၾကညာေသးဘူး။ ဒါေပမယ့္ ရခိုင္ျပည္မွာ ေနတဲ့ ခ်င္းလူမ်ိဳးေတြက က်ေနာ္တို႔ မွန္းထားတဲ့ အေျခအေနတခုကို ေရာက္ရင္ သူ႔ရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေတြက အစ က်ေနာ္တို႔ အမ်ားႀကီး စဥ္းစားထားတာ ရွိတယ္။


ဒီအခ်ိန္မွာ ပလက္ဝနယ္ေျမနဲ႔ ပတ္သက္ၿပီးမွ နည္းနည္းေတာ့ အျငင္းအခုန္နဲ႔ ေဝဖန္မႈေတြေတာ့ ရွိတာေပါ့ဗ်ာ။ ဒါကေတာ့ ေတာ္လွန္ေရးတခုလုပ္ၿပီ၊ လက္နက္ကိုင္ၿပီးမွ စစ္ပြဲေတြျဖစ္လာၿပီဆိုရင္ေတာ့ ေက်နပ္တဲ့ လူလည္း ရွိမယ္၊ မေက်နပ္တဲ့ လူလည္း ရွိမယ္။ ဒါေပမယ့္လို႔ က်ေနာ္တို႔ရဲ႕ ႏိုင္ငံေရး ရပ္တည္ခ်က္နဲ႔ မူဝါဒကေတာ့ ပလက္ဝ ေဒသမွာ ေနထိုင္တဲ့ လူေတြ နဲ႔ ပတ္သက္ၿပီး က်ေနာ္တို႔က လိပ္ျပာသန႔္တယ္။ သူတို႔ရဲ႕ အခြင့္အေရးေတြကို က်ေနာ္တို႔က ျဖဴစင္တဲ့စိတ္ထားနဲ႔ ရပ္တည္ ခ်က္ေတြ ရွိတယ္။ ပလက္ဝ နယ္ေျမဆိုတာ သမိုင္းေၾကာင္းအရ ရခိုင္နဲ႔ အၿမဲတမ္း ဆက္စပ္ေနတဲ့ နယ္နိမိတ္ ျဖစ္တယ္ ဆိုေတာ့ ျပႆနာေတြ႐ိုက္ခတ္မႈေတြ ရွိလာတဲ့ အခ်ိန္မွာေတာ့ ဆက္စပ္မႈ႐ိုက္ခတ္မႈေတြေတာ့ ရွိမွာေပါ့ဗ်ာ။


ပလက္ဝမွာ ေနတဲ့ ခူမီးလူမ်ိဳးေတြ ဆိုရင္ ခူမီးက ရခိုင္ျပည္ထဲမွာ ေနတဲ့ ခမီဆိုတာ ရွိတယ္။ အေပၚခမီး၊ ေအာက္ခမီးေပါ့။ ပလက္ဝနယ္ထဲက ခူမီးေတြက်ေတာ့ ခရစ္ယာန္ ကိုးကြယ္တာမ်ားေတာ့ သူတို႔ရဲ႕ အသင္းေတာ္ေတြက ဆက္စပ္မႈနဲ႔ ခ်င္းနဲ႔ ဆက္စပ္ၿပီး ခူမီးေနာက္ကမွ ကြင္းစ ကြင္းပိတ္နဲ႔ ခ်င္းဆိုၿပီးေတာ့ ထည့္ထားတာေပါ့ဗ်ာ။ ရခိုင္ျပည္ထဲမွာ ေနတဲ့ ခမီက်ေတာ့ ရခိုင္မ်ိဳးႏြယ္စုနဲ႔ နီးစပ္ရာနဲ႔ ကိုးကြယ္ယုံၾကည္မႈေတြကို ေျပာၾကတာပါ။ တကယ္ဆိုရင္ ဒါက ဆက္စပ္ေနတဲ့ ေသြးခ်င္းေတြ ပါပဲ။ အခု ခူမီး အုပ္စုကို ဦးေဆာင္ေနတဲ့ လူေတြက စစ္သားေဟာင္းေတြေပါ့ဗ်ာ။ က်ေနာ္တို႔ကို အၿမဲတမ္း တိုက္ခိုက္မႈေတြ လုပ္ေနတဲ့ ဦးစိုးထက္တို႔လို လူမ်ိဳးေတြ ရွိပါတယ္။ သူတို႔ဆိုရင္ေတာ့ က်ေနာ္တို႔ရဲ႕ ရပ္တည္ခ်က္ ဘာလဲဆိုတာ သူ သိပ္ မသိ ေလာက္ဘူး။


ဒါေပမယ့္ ျပႆနာတခု ျဖစ္လိုက္တိုင္း အဆိုးအျမင္နဲ႔ ေျပာေလ့ေျပာထ ရွိတယ္။ က်ေနာ္တို႔ကို အေကာင္းေျပာပါလို႔ေတာ့ မဆိုလိုပါဘူး။ သူ လြတ္လပ္စြာ ျမင္ပိုင္ခြင့္၊ ေဝဖန္ပိုင္ခြင့္ ရွိပါတယ္။ အဲ့ဒီလို လူေတြက စစ္သားေဟာင္းေတြပါ။ တဖက္က လည္း NLD ပါတီ ကို ဝင္ထားတယ္။ NLD ရဲ႕ ေအာင္ျမင္တဲ့ ပလက္ေဖာင္းကို သူနင္းၿပီးေတာ့မွ သူ႔ရဲ႕အတြင္းစိတ္က စစ္သား ေဟာင္း စိတ္ဓာတ္ပါ။ ဒါေတြနဲ႔ဆိုေတာ့ သူတို႔ရဲ႕လုပ္ရပ္ကေတာ့ သူတို႔ရဲ႕ ေခါင္းေဆာင္ေတြက စစ္သားေဟာင္း စိတ္ နဲ႔ က်ေနာ္တို႔ကို ဆန႔္က်င္ေနေတာ့ တခ်ိဳ႕လူေတြက အျမင္ေျပာင္းကုန္တာေပါ့။ ဒါေပမယ့္ကိစၥေတာ့ မရွိပါဘူး။ ေရရွည္ ခရီး ျဖစ္ပါတယ္။ ေရတိုမွာ အျမင္လြဲမွားမႈ ရွိရင္ေတာင္ ေရရွည္ခရီးမွာ က်ေနာ္တို႔က အလုပ္နဲ႔ပဲ သက္ေသျပသြားမွာ ျဖစ္ပါတယ္။


ေမး။ ။ ဗိုလ္ခ်ဳပ္ေျပာတဲ့ ခ်င္းလူမ်ိဳးေတြအေပၚ စိတ္သေဘာထား၊ အျမင္ေတြက ဗိုလ္ခ်ဳပ္ရဲ႕ ေအာက္ေျခက စစ္သားေတြက ေရာ လက္ခံနားလည္လား။ ဒီလို က်င့္သုံးလား။


ေျဖ။ ။ က်ေနာ္တို႔ ရခိုင္ေတြမွာလည္း အျမင္မက်ယ္တဲ့ ရခိုင္ေတြေတာ့ အမ်ားႀကီးရွိတယ္။ သို႔ေသာ္လည္း အျမင္ က်ဥ္းေျမာင္း မႈေၾကာင့္ က်ေနာ္တို႔ ဆုံးရႈံးခဲ့တဲ့ နစ္နာမႈေတြကို အၿမဲ ေထာက္ျပတယ္။ က်ေနာ္တို႔ ရခိုင္စစ္သားေတြက စည္းကမ္းမလိုက္နာတဲ့ သူေတြလည္း အနည္းအက်ဥ္းေတာ့ ရွိတာေပါ့။ ဒါေပမယ့္ မ်ားေသာအားျဖင့္က အမိန႔္ကို နာခံတဲ့ လူေတြ အမ်ားႀကီးပါ။ ပိုေကာင္းပါတယ္။ က်ေနာ္တို႔ ဒါကို ေအာင္ျမင္သြားမွာပါ။


ေမး။ ။ ခ်င္း လူဦးေရက ရကၡိဳင္စစ္တပ္ထဲမွာ အမ်ားႀကီးဆိုတာက ဘယ္ေလာက္ ရွိၿပီလဲ။ သူတို႔ကေရာ ဘယ္လို ပုံစံေတြနဲ႔ ဝင္လာၾကတာလဲ။


ေျဖ။ ။ က်ေနာ္တို႔ ရကၡိဳင္တပ္ထဲမွာက စုေဆာင္းေရး လုပ္တဲ့ပုံစံ မဟုတ္ပါဘူး။ အဓိက ကိုယ္ပိုင္ ရပ္တည္ခ်က္နဲ႔ တာဝန္ သိစိတ္ကိုပဲ အေျခခံၿပီး စည္း႐ုံးေရး လုပ္တာပါ။ က်ေနာ္တို႔ ေျပာျပပါတယ္။ ခ်င္းေတြေရာ ခူမီးလူမ်ိဳးေတြေရာ ရွိပါတယ္။ က်ေနာ္တို႔ ေျပာျပတာက ငါတို႔ အရင္က ရကၡိဳင္ႏိုင္ငံေတာ္ကို အတူတူ တည္ေထာင္ခဲ့ၾကတယ္။ ရကၡိဳင္ႏိုင္ငံေတာ္ကို ခင္ဗ်ားတို႔ က်ေနာ္တို႔က အတူတူ ပိုင္ဆိုင္ခဲ့တယ္။ ဒါ့ေၾကာင့္ ဒီႏိုင္ငံကို ပိုင္ဆိုင္ခဲ့တဲ့ အတြက္ အခြင့္အေရးေတြကို ငါတို႔ တန္းတူ ရသင့္တယ္။ ဒီအခြင့္အေရး ေတြကို တန္းတူရဖို႔ ဆိုရင္ ငါတို႔ တာဝန္ေတြကိုလည္း အတူတူယူရမယ္။ အတူတူ ကာကြယ္ၿပီး အတူတူေနထိုင္ရေအာင္ ဆိုတဲ့ သေဘာတရားကို အေျခခံၿပီး စည္း႐ုံးတယ္။ အခုခ်ိန္ဆို သူတို႔ ေတာ္ေတာ္ ပါပါတယ္။ ရာဂဏန္းအထက္ေတာ့ ရွိတယ္။ ၂၀၀ ေက်ာ္ ရွိပါၿပီ။ ေနာက္လည္း အမ်ားႀကီး ပူးေပါင္း ပါဝင္လာဖို႔ ေမွ်ာ္လင့္ ထားတယ္။


ေမး။ ။ ခ်င္းလူဦးေရ ၂၀၀ ေက်ာ္ဆိုတာက တိုက္ပြဲဝင္တဲ့ ေျမျပင္မွာ ရွိေနတာလား။ ဘယ္လို အေျခအေနေတြမွာ ရွိလဲ။ သူတို႔ကေရာ လက္ရွိ ရာထူးအျမင့္ဆုံး ဘယ္ေလာက္အထိ ရွိလဲ။


ေျဖ။ ။ က်ေနာ္တို႔ ေတာ္လွန္ေရးတပ္ ဆိုတာကေတာ့ သူပုန္တပ္ဆိုေတာ့ ရာထူးေတြကို အမ်ားႀကီး ေျမႇာက္စားတဲ့ ၾကယ္ ပြင့္ေတြနဲ႔ တဝင့္ဝင့္တကားကားေတာ့ မဟုတ္ဘူး။ သူက တပ္ခြဲကို ဦးေဆာင္ ႏိုင္တယ္ဆိုရင္ သူ႔ကို တပ္ခြဲကို ဦးေဆာင္ၿပီး တိုက္ပြဲဝင္ခိုင္းတာေပါ့။ တပ္မဟာမႉးေတြ အဆင့္ေတြမွာေတာ့ မရွိေသးဘူး။ ဒါကလည္း သူ႔ရဲ႕စစ္မႈထမ္း သက္တမ္းရယ္ သူ႔ရဲ႕လုပ္ရည္ကိုင္ရည္ ေပၚမွာပဲ မူတည္တယ္။ လူမ်ိဳးစု အလိုက္ စစ္တပ္မွာ ဘယ္လူမ်ိဳးစုကို ဘယ္ရာ ထူးေပးမယ္ဆိုတဲ့ ေၾကာင္ေတာင္ေတာင္ အေတြးအေခၚေတာ့ က်ေနာ္တို႔ မလုပ္ဘူး။ တကယ္လို႔ ခူမီးလူမ်ိဳးက အရည္အခ်င္း ရွိတယ္ဆိုရင္ သူ႔ကို တပ္မမႉးလည္း ေပးရင္ ေပးမွာပဲ။ သူတကယ္ အရည္အခ်င္းျဖစ္ရင္ သူလည္း ဦးစီးခ်ဳပ္ ျဖစ္လာမွာပဲ။ ရခိုင္ အမ်ိဳးသမီး သို႔မဟုတ္ ကမန္ အမ်ိဳးသမီးေပါ့။ သူလည္း အရည္အခ်င္း ရွိရင္ ဗိုလ္မႉးႀကီး ျဖစ္ရင္ ျဖစ္မွာပဲ။ လူတေယာက္ ခ်င္း စြမ္းေဆာင္ရည္ေပၚ မူတည္ပါတယ္။ လူမ်ိဳးစု အလိုက္ေတာ့ ရာထူးေပး လို႔မျဖစ္ပါဘူး။


ေမး။ ။ ဒါဆို ရခိုင္ျပည္နယ္ထဲက လူမ်ိဳးစုေတြလည္း ဝင္လာတယ္ဆိုေတာ့ အစၥလမ္ ဘာသာဝင္ မြတ္စလင္ အသိုင္းအဝိုင္း ေတြေရာ တပ္ထဲဝင္လာတာ ရွိလား။


ေျဖ။ ။ သူတို႔ေတာ့ ဝင္ခ်င္တယ္။ ဝင္ခ်င္လို႔ ကမ္းလွမ္းတာေတြ အမ်ားႀကီး ရွိတယ္။ ဒီအပိုင္းမွာ က်ေတာ့ က်ေနာ္တို႔က အနာဂတ္မွာေတာ့ ဒါမ်ိဳးခြဲျခားမွာ မဟုတ္ဘူး။ အခုလည္း မခြဲျခားဘူး။ ဒါေပမယ့္ သတိေတာ့ ထားပါတယ္။ အခုအခ်ိန္မွာ လက္ခံလိုက္ၿပီဆိုတာနဲ႔ က်ေနာ္တို႔ ၿပိဳင္ဘက္ ရန္သူက လက္ညႇိဳးထိုးၿပီး အၾကမ္းဖက္သမားေတြကို စုေဆာင္းေနပါတယ္ ဆိုၿပီး အျမတ္ထုတ္ျခင္းကို ခံရမွာေပါ့ဗ်ာ။ အဲ့ဒါေၾကာင့္ ဒီအပိုင္းကိုေတာ့ အရမ္းသတိထားတဲ့ အေနအထားရွိတယ္။ သို႔ေသာ္ လည္း ရခိုင္ျပည္မွာေနတဲ့ မြတ္စလင္ေတြနဲ႔ က်ေနာ္တို႔က ေျပျပစ္တဲ့ ဆက္ဆံေရးကို အၿမဲတမ္း ထိန္းသိမ္းထားဖို႔ သတိထား ၿပီး ႀကိဳးစားတယ္။


ေမး။ ။ အခု ဗိုလ္ခ်ဳပ္ေျပာပုံအရ ဆိုရင္ ရခိုင္ျပည္နယ္အတြင္းက တျခားလူမ်ိဳးေတြနဲ႔ မ်ိဳးႏြယ္စုေတြကလည္း ဒီေတာ္လွန္ေရး ေအာင္ျမင္ရင္ အက်ိဳးအျမတ္ ခံစားရမယ္ဆိုေတာ့ ဒါကရွင္းျပပါဦး။


ေျဖ။ ။ ဒါက မေပးလို႔မရဘူး။ ဒါမ်ိဳး မေပးရင္ က်ေနာ္တို႔ ဗမာလို ျဖစ္သြားမွာ။ က်ေနာ္တို႔ ရခိုင္ေတြက မ်ိဳးခ်စ္စိတ္ ျပင္းထန္ တယ္ ဆိုတာကေတာ့ ျပင္းထန္တယ္လို႔ေတာ့ ေျပာလို႔ မရပါဘူး။ လူမ်ိဳးတိုင္းမွာ ကိုယ့္လူမ်ိဳး ကိုယ္ခ်စ္တဲ့ စိတ္ ကေတာ့ ရွိတယ္။ မတရားခံေနရတဲ့ အခ်ိန္မွာက်ေတာ့ စုစည္းမႈ ခြန္အားက ပိုေကာင္းမွာေပါ့။ က်ေနာ္တို႔ ရခိုင္ေတြက ရခိုင္ကို ခ်စ္ သလို ခ်င္းေတြလည္း ခ်င္းကိုခ်စ္မွာပဲ။ က်ေနာ္တို႔ ခံစားဖူးတဲ့အခ်ိန္မွာ စာနာေပးလို႔ ရတယ္။ ရခိုင္ျပည္မွာရွိတဲ့ လူမ်ိဳးစုေတြ ကို ကိုယ့္ထက္ငယ္တယ္ဆိုၿပီး ကိုယ္အသာစီးရတဲ့ အခ်ိန္မွာ ဖိႏွိပ္မယ္ဆိုရင္ ဗမာျပည္ ျပည္တြင္းစစ္ျဖစ္သလို က်ေနာ္တို႔လည္း တခါမွ ေအးခ်မ္းမွာ မဟုတ္ဘူး။ ေနာက္တခုက ရခိုင္ေတြရဲ႕ ႏိုင္ငံေရးသမိုင္းမွာ ေကာင္းမြန္တဲ့ အစဥ္အလာ ေတြနဲ႔ အမ်ားႀကီး ရပ္တည္ႏိုင္ခဲ့တယ္။ ရခိုင္ျပည္ ဘာ့ေၾကာင့္ ခ်မ္းသာလဲ၊ တိုးတက္လဲ၊ ရခိုင္ေတြ ဘာေၾကာင့္ ကမာၻနဲ႔ တန္းတူ ေနႏိုင္ခဲ့သလဲ ဆိုတာ ဒါဟာ က်ေနာ္တို႔ ရခိုင္ဘုရင္ေတြ ရခိုင္ကို ေခါင္းေဆာင္ခဲ့တဲ့အခ်ိန္မွာ တန္းတူအခြင့္အေရး၊ လြတ္လပ္ပိုင္ခြင့္ေတြကို အသိအမွတ္ျပဳ ခဲ့တယ္။ ကာကြယ္ထိန္းသိမ္းခဲ့တယ္။ ဒါ့ေၾကာင့္ က်ေနာ္တို႔က ဒီအစဥ္အလာေတြ ကို ျပန္လည္ ေဖာ္ထုတ္ဖို႔ ႀကိဳးစားရမယ္။ ဒါကက်ေနာ္တို႔ လမ္းေၾကာင္းထဲမွာ ရွိေနတဲ့ အစဥ္အလာေတြပါပဲ။


ေမး။ ။ ၿပီးခဲ့တဲ့လက လူမႈကြန္ရက္မွာ လူတေယာက္ကို သစၥာေဖာက္ဆိုၿပီး ဝိုင္း႐ိုက္သတ္တဲ့ ဖိုင္တခု ပ်ံ႕လာတယ္။ AA စစ္သားေတြလို႔ ယူဆရတဲ့ သူေတြက လုပ္တာေပါ့။ ဒါက AA ထဲမွာ ျဖစ္သြားတာလား။ အမ်ိဳးသားေရးနဲ႔ ပတ္သက္ရင္ အတိမ္းေစာင္းမခံဘဲ ၾကမ္းၾကမ္းတမ္းတမ္း ကိုင္တြယ္ဖို႔ တပ္ထဲမွာ အခြင့္ေပးထားပါသလား။


ေျဖ။ ။ ေတာ္လွန္ေရးတိုင္းမွာေတာ့ သစၥာေစာင့္စည္းမႈနဲ႔ ပတ္သက္ရင္ တိတိက်က်ေတာ့ ရွိၾကပါတယ္။ သို႔ေသာ္လည္း ၾကမ္းၾကမ္းတမ္းတမ္း ရက္ရက္စက္စက္ ဆိုတာမ်ိဳးေတာ့ ခြင့္မျပဳပါဘူး။ အဲ့ဒီ့ ဗီဒီယိုဖိုင္နဲ႔ ပတ္သက္ၿပီး က်ေနာ္တို႔ ေသခ်ာ စုံစမ္းေတာ့ က်ေနာ္တို႔ တပ္ထဲမွာ ဒီလိုမ်ိဳး ရက္ရက္စက္စက္ လူသတ္မႈ ျဖစ္ခဲ့တယ္ဆိုတာ မွန္ပါတယ္။ အဲ့ဒါက တခုတည္း မဟုတ္ပါဘူး။ ၂ ခု၊ ၃ ခုေတာင္ ရွိခဲ့တယ္ ဆိုတာကို စစ္ေဆး ေတြ႕ရွိပါတယ္။ က်ေနာ္တို႔ တပ္မွာက ေတာ္လွန္ေရးတပ္ ဆိုေတာ့ဗ်ာ။ က်ေနာ္ ဆင္ေျခေပးတာေတာ့ မဟုတ္ပါဘူး။ လူငယ္လူ႐ြယ္ေတြမ်ားတယ္။ တခ်ိဳ႕က်ေတာ့ တိုက္ပြဲေတြ အရမ္း ျပင္းထန္ေနတဲ့ ကာလေတြမွာ ေသြးဆူတာေတြ ရွိတယ္။


ဒါ့ေၾကာင့္ လူႀကီးေတြနဲ႔ ေဝးေတာ့ ဒါမ်ိဳး ျဖစ္စဥ္ ၁ ခု ၂ခု ျဖစ္ခဲ့တယ္။ ဒါကို စစ္ေဆးေတြ႕ရွိေတာ့ ဒီမွာ ပါဝင္တဲ့လူေတြကို က်ေနာ္တို႔ အေရးယူထားတယ္။ အကုန္လုံး ရာထူးေတြ ျဖဳတ္လိုက္တယ္။ ၿပီးေတာ့မွ ေျခက်င္းေတြခတ္ၿပီး အေရးယူ ထား တာေပါ့။ တခ်ိဳ႕က်ေတာ့ က်ေနာ္တို႔ ေသဒဏ္ ေပးပစ္လိုက္တာ ရွိတယ္။ ဒါကေတာ့ မွန္ပါတယ္။ ဒါမ်ိဳး လူသတ္မႈ ျဖစ္သြား တာေပါ့ဗ်ာ။ ရက္ရက္စက္စက္ေပါ့။ ဒါမ်ိဳးေတြကို က်ေနာ္တို႔ ခြင့္မျပဳပါဘူး။ က်ေနာ္တို႔ အေရးယူပါတယ္။ ဘယ္လိုေတြ ေၾကာင့္ ျဖစ္သြားတာလဲဆိုေတာ့ တခ်ိဳ႕လက္နက္ခဲယမ္းေတြနဲ႔ ထြက္ေျပးဖို႔ ႀကိဳးစားတယ္။ ဒါကို တႀကိမ္ ဖမ္းထားလိုက္ တယ္ ေပါ့။


ေနာက္တႀကိမ္ဆိုရင္ သူက တေယာက္တည္း ထြက္ေျပးဖို႔ ႀကိဳးစားတာ မဟုတ္ဘဲ သူမ်ားကိုပါ စည္း႐ုံးတာေပါ့ေနာ္။ လိုက္ေနတဲ့ ရဲေဘာ္ေတြၾကားမွာ ဒီေကာင္ တကယ္ သစၥာေဖာက္တာပဲ ဆိုတဲ့ ခံစားခ်က္နဲ႔ သူတို႔ မထိန္းမသိမ္းႏိုင္ အဲ့ဒီလို ျဖစ္သြားတာေပါ့။


ေမး။ ။ ေသဆုံးသြားတဲ့ အသတ္ခံလိုက္ရတဲ့ သူေတြရဲ႕ မိသားစုဝင္ေတြကို ျပန္ အေၾကာင္းၾကားေပးတာေရာ ရွိလား။


ေျဖ။ ။ ဒီအခ်ိန္ က်ေနာ္တို႔ ေတာ္လွန္ေရးကာလမွာ မျဖစ္သင့္တာကို မျဖစ္ေအာင္ ထိန္းေက်ာင္းတာကေတာ့ မွန္တယ္။ သို႔ေသာ္လည္းပဲ ဒီ့ထက္ပိုၿပီးမွ အေရးႀကီးတဲ့ အခ်ိန္ကို ရင္ဆိုင္ေနတဲ့ အခ်ိန္မွာ တခ်ိဳ႕ျပႆနာကို အလြန္တရာေတာ့ ခ်ဲ႕ကားမွာေတာ့ မဟုတ္ဘူး။ အျပစ္ရွိတဲ့ လူကိုေတာ့ အျပစ္ယူမယ္။ မိသားစုအေနနဲ႔ သိပိုင္ခြင့္ ရွိတယ္ဆိုရင္ မိသားစုကို သိပိုင္ခြင့္ ေပးတယ္။ ေနာက္တခါ မျဖစ္ဖို႔ကိုလည္း က်ေနာ္တို႔ ထိန္းသိမ္းတယ္။ တကယ္လို႔ လိုအပ္ခဲ့ရင္ေတာင္ အဲ့ဒီလူကို မိသားစုေရွ႕မွာေတာင္ သတ္ပစ္လိုက္ရတာလည္း ရွိတယ္။ ဒီမွာ မင္းတို႔ မိသားစုက ဒီလိုလုပ္တယ္ဆိုၿပီး သတ္ပစ္လိုက္ တာထက္ ဒီေလာက္ႀကီးတဲ့ ျပစ္ဒဏ္ ဥပမာ မုဒိမ္းမႈတခု ျဖစ္တယ္ဆိုရင္ သူက သာမန္ ျဖစ္စဥ္ေပၚမွာ မူတည္ၿပီး ခြင့္လႊတ္ လို႔ ရေပမယ့္ ႐ြာသားေတြက ခြင့္မလႊတ္ဘူးဆိုရင္ ႐ြာသားေတြ ဘာျဖစ္ခ်င္လဲ။ ငါတို႔တာဝန္ ခံတယ္။ ငါတို႔ ရဲေဘာ္မို႔ဆိုၿပီး မျဖစ္ေစရဘူးဆိုၿပီး အေရးယူျပရပါတယ္။ ဒါကေတာ့ ရွိပါတယ္။ ေတာ္လွန္ေရး ေလာကမွာ ေရွာင္လႊဲလို႔ မရတဲ့ ျဖစ္စဥ္ေတြ ပါ။ က်ေနာ္တို႔ ဒါမ်ိဳးေတြကို အလြတ္မေပးပါဘူး။ အေရးယူပါတယ္။ လူသတ္ဝါဒေတြကို က်ေနာ္တို႔ ခြင့္မလႊတ္ပါဘူး။


ေမး။ ။ ဒီ ၂ မႈ၊ ၃ မႈ ျဖစ္သြားတယ္ဆိုတာက အကုန္လုံး ရခိုင္က ေရွ႕တန္းမွာ ျဖစ္တာလား။ စုံစမ္းစစ္ေဆးၿပီး ေနာက္မွာ ေရာ ဒါမ်ိဳးေတြ ထပ္မျဖစ္ေအာင္ စည္းမ်ဥ္းစည္းကမ္း အသစ္ေတြ ထပ္ခ်တာ ရွိလား။


ေျဖ။ ။ ဟုတ္တယ္။ ျဖစ္တာကလည္း တပ္မႉးငယ္က ျပစ္ဒဏ္ေပးတာေတြကို ဗီဒီယို ႐ိုက္တယ္ဆိုတာ အစဥ္အလာ မရွိပါ ဘူး။ ဒါေပမယ့္ သူတို႔ အုပ္စုက်ေတာ့ ဗီဒီယို႐ိုက္တယ္။ အဲ့ဒီ့ တပ္မႉးငယ္က ရန္သူလက္ထဲကို ေရာက္သြားတယ္။ တပ္မ ၂၂၊ ၂၀၅ အဖြဲ႕က ဖမ္းသြားတယ္။ အဖမ္းခံရေတာ့ သူ႔ရဲ႕ဖုန္းမွာ ပါသြားတယ္။ အဲ့ဒါကို ျမန္မာ ေထာက္လွမ္းေရးေတြက အခ်ိန္ တခု ကို ေရာက္ရင္ အဲ့ဒါကို စိတ္ဓာတ္ စစ္ဆင္ေရး လုပ္တာေပါ့ဗ်ာ။ သေဘာက သူ႔ကို က်ေနာ္တို႔က ေအာင္ပြဲခံေနတဲ့ ဗီဒီယိုေတြ ထြက္လာရင္ အဲ့ဒါေတြကို အာ႐ုံေျပာင္းဖို႔ အတြက္ အဲ့ဒီလိုမ်ိဳးေတြ ထုတ္ၿပီးမွ လုပ္တတ္ပါတယ္။ စည္းမ်ဥ္း စည္းကမ္းေတြကေတာ့ နဂိုကတည္းက ရွိပါတယ္။ ဒါမ်ိဳးေတြ ျဖစ္လာရင္ေတာ့ ထပ္ေလာင္းၿပီး မျဖစ္ဖို႔ေတာ့ ျပန္လည္ သတိေပးရတာေတာ့ ရွိပါတယ္။


ေမး။ ။ ပဋိပကၡေတြ ေတာက္ေလွ်ာက္ ျဖစ္လာတဲ့ ေနာက္မွာ လုပ္ႀကံသတ္ျဖတ္ခံရတာေတြ ေနာက္ၿပီး လႊတ္ေတာ္ အမတ္ ဦးေဝွ႔တင္းကို ဖမ္းထားတာမ်ိဳးနဲ႔ ဖမ္းမိတဲ့ စစ္သားေတြကို လူလဲမယ္ ဆိုတာေတြက အၾကမ္းဖက္သမားေတြရဲ႕ လုပ္ရပ္လို႔ ႏိုင္ငံေရး အသိုင္းအဝိုင္းမွာ ေျပာတာရွိတယ္။ တျခား တိုင္းရင္းသား တပ္ေတြမွာ ဒီလိုလုပ္ရပ္ေတြ မေတြ႕ရဘူး။ ဒီအေပၚ ေရာ ဘယ္လို တုံ႔ျပန္ခ်င္ပါသလဲ။


ေျဖ။ ။ စစ္ပြဲျဖစ္တဲ့ ေဒသဆိုေတာ့ အေျခအေနကေတာ့ ရႈပ္ေထြးမႈေတြ ရွိတယ္။ က်ေနာ္တို႔ရဲ႕ နာမည္ကို အသုံးခ်ၿပီး ဓားျပ တိုက္တာလည္း ရွိတယ္။ ေငြေၾကး လိမ္လည္ ေတာင္းဆိုၾကတဲ့ လိမ္လည္မႈေတြလည္း ရွိတယ္။ ရန္သူ ကိုယ္တိုင္ကလည္း က်ေနာ္တို႔ကို ပုံမွား႐ိုက္ၿပီးမွ လူထုထဲမွာ ေၾကာက္လန႔္ေအာင္ အယုံအၾကည္မရွိေအာင္ ႐ြံရွာသြားေအာင္ ပုံမွား႐ိုက္တာ ေတြ လည္း ရွိပါတယ္။ ၿပီးရင္ ရခိုင္ျပည္မွာ မူးယစ္ဂိုဏ္းေတြလည္း ရွိတယ္။ မူးယစ္ေဆးဂိုဏ္းေတြက တေယာက္နဲ႔ တေယာက္ ေငြေၾကးလိမ္လည္တဲ့ အခါမွာ က်ေနာ္တို႔ နာမည္ကို အသုံးခ်တာတို႔ နယ္စပ္ဘက္မွာ မြတ္စလင္ေတြ အခ်င္း ခ်င္းၾကားမွာ ျပႆနာျဖစ္ရင္ေတာင္ က်ေနာ္တို႔ပဲ လုပ္သြားသလို ႀကဳံေနရတာ ရွိပါတယ္။ ဒါေတြကိုလည္း က်ေနာ္တို႔က အရမ္းသတိထား ၿပီးမွ ကိုင္တြယ္ ေျပာဆိုရပါတယ္။ ဒါေတြက ေရွာင္လႊဲလို႔ မရဘဲရွိေနမွာပါ။ သို႔ေသာ္လည္း ေျပာတိုင္းလည္း မယုံနဲ႔ေပါ့ဗ်ာ။


ကိုယ့္ဘာသာ ျဖစ္ႏိုင္၏ မျဖစ္ႏိုင္၏ကေတာ့ ပညာရွိမ်က္စိနဲ႔ အေတြးအေခၚနဲ႔ စဥ္းစားဖို႔ လိုပါတယ္။ ေနာက္တခ်က္ ကေတာ့ ရန္သူရဲ႕ ဓားစာခံ၊ သုံ႔ပန္းဖမ္းတာတို႔က တခါတေလ သူတို႔က ဝါဒျဖန႔္တယ္။ အစိုးရဝန္ထမ္းေတြကို ဖမ္းဆီးတယ္ ဆိုၿပီး ေတာ့ ေပါ့။ က်ေနာ္တို႔ ဖမ္းတဲ့အထဲမွာ လက္နက္ကိုင္ တပ္ဖြဲ႕ေတြကိုပဲ ထိန္းသိမ္းတယ္။ သာမန္ အစိုးရ ဝန္ထမ္းဆို က်ေနာ္ တို႔ လႊတ္ေပးတယ္။ လက္နက္ကိုင္ အဖြဲ႕အစည္းနဲ႔ ဆက္စပ္ရင္ေတာ့ က်ေနာ္တို႔ မလႊတ္ေပးဘူး။ သူတို႔ဘက္ မွာလည္း သူတို႔ ဥပေဒဆိုတာ ရွိသလို က်ေနာ္တို႔မွာလည္း ေတာ္လွန္ေရး စည္းကမ္းက်င့္ဝတ္ဆိုတာ ရွိတယ္။ ရခိုင္ျပည္ကို လက္နက္ကိုင္ၿပီး ဝင္လာတဲ့ ဘယ္ဗမာစစ္သားကိုမဆို က်ေနာ္တို႔က ဖမ္းဆီးပိုင္ခြင့္ရွိတယ္။ လိုရင္ လိုသလို အေရးယူပိုင္ခြင့္ ရွိတယ္လို႔ က်ေနာ္ တို႔မွာ စည္းကမ္းရွိတယ္။ ဥပေဒရွိတယ္။


တိုက္ခိုက္ေရး ရဲပဲ ျဖစ္ျဖစ္၊ လက္နက္ကိုင္အဖြဲ႕ပဲ ျဖစ္ျဖစ္ လိုအပ္ရင္ လိုအပ္သလို က်ေနာ္တို႔ဖမ္းဆီးမွာ ျဖစ္တယ္။ သူတို႔က အစိုးရဝန္ထမ္းကို ဖမ္းဆီးတယ္ဆိုၿပီး ဖြၿပီး စကားကို ဝါဒျဖန႔္တာပါ။ က်ေနာ္တို႔မွာ ေတာ္ေတာ္မ်ားမ်ား ရွိပါတယ္။ ေနာက္ ထပ္ လည္း စာရင္းေတြ ထုတ္ျပန္သြားဖို႔ ရွိပါတယ္။ က်ေနာ္တို႔ဆီက အျပစ္မဲ့ ျပည္သူေတြကို လႊတ္ေပးမယ္ဆိုရင္ က်ေနာ္ တို႔လည္း အဲ့ဒီ့ လက္နက္ကိုင္ အဖြဲ႕ဝင္ေတြကို လႊတ္ေပးမယ္။ ဒါက အၾကမ္းဖက္ အဖြဲ႕အစည္းရဲ႕ လုပ္ထုံးလုပ္နည္း ရယ္လို႔ ေတာ့ ေျပာလို႔ မရဘူး။ ခင္ဗ်ားတို႔က က်ေနာ္တို႔လူေတြကို မတရား ဖမ္းထားတယ္။ က်ေနာ္တို႔ကလည္း ခင္ဗ်ားတို႔ လက္နက္ ကိုင္ တပ္ဖြဲ႕က လူေတြကို ထိန္းသိမ္းထားတယ္။ အလဲအလွယ္ လုပ္မယ္ဆိုရင္ ဒါႏွစ္ဦးႏွစ္ဖက္ အတြက္ ေကာင္းတဲ့ ကိစၥပဲ။ ၿပီးရင္ သူတို႔ရဲ႕လူေတြကို သူဘယ္ေလာက္ တန္ဖိုးထားသလဲေပါ့။ ႏိုင္ငံတကာမွာလည္း လဲလွယ္ ေနၾကတာပဲ။ အစၥေရးမွာ လည္း လဲတယ္။ အေမရိကန္မွာလည္း လဲတယ္။ ကမာၻ႔ အင္အားအႀကီးဆုံး ႏိုင္ငံေတြေတာင္ လုပ္ေနတာပဲ။ ထူးဆန္းတဲ့ ကိစၥေတာ့ မဟုတ္ဘူး။


ဦးေဝွ႔တင္းကိစၥကေတာ့ ခ်င္းျဖစ္လို႔ ခူမီးျဖစ္လို႔ အမ်ိဳးမ်ိဳးေတာ့ ေျပာၾကတာေပါ့။ က်ေနာ္တို႔ ရကၡိဳင္တပ္ေတာ္ အေနနဲ႔ ရန္သူ နဲ႔ ပူးေပါင္းတဲ့သူ ရွိလာရင္ က်ေနာ္တို႔က ဘယ္လူမ်ိဳးပါ။ ဒါက ဘယ္လူမ်ိဳးစုပါ ဆိုၿပီး ခြဲျခားေနမွာ မဟုတ္ဘူး။ ရန္သူနဲ႔ ပူးေပါင္းရင္ ရန္သူ႔အားေပး၊ ရန္သူ႔လူပါ ဆိုၿပီး ထိန္းသိမ္းရမွာပဲ။ ကိုေဝွ႔တင္းကို က်ေနာ္တို႔ မထိန္းသိမ္းခင္မွာ သူတို႔ အုပ္စု ေတြ ဘာလုပ္လဲဆိုတာကို က်ေနာ္တို႔ ေသခ်ာ သိတယ္။ သူ႔ရဲ႕ ေထာက္လွမ္းၿပီး မဟုတ္ကဟုတ္က တိုင္လိုက္လို႔ ရွင္လက္ဝ ႐ြာသားေတြ ၂၀ ေက်ာ္ေလာက္ အခုထက္ထိ ဖမ္းဆီးခံရၿပီး ေထာင္ထဲ ေရာက္သြားတာ အခုထက္ထိပဲ။ ဒါသာမန္ ႐ြာသား ေတြပါ။ ပလက္ဝၿမိဳ႕နယ္မွာ ရွိတဲ့ သတင္းေတြကို တပ္မကို ပို႔တာတို႔ က်ေနာ္တို႔မွာ သူ႔ရဲ႕ဖုန္းေတြ ဆိုရွယ္ မီဒီယာ အေကာင့္ ေတြထဲကေန က်ေနာ္တို႔ အကုန္လုံး Screen Shot ယူထားတာ ရွိတယ္။


အခု သူ႔ရဲ႕ facebook အေကာင့္ကို ေလာ့ခ်လိုက္ၿပီ။ ဒါေပမယ့္ က်ေနာ္တို႔က သူ႔ရဲ႕ အေကာင့္ထဲက အခ်က္အလက္ေတြ သူတို႔ရဲ႕Group Chat ေတြကို က်ေနာ္တို႔ အကုန္လုံး မွတ္တမ္း ယူထားလိုက္ၿပီးၿပီ။ အဲ့ဒီ့မွာ သူတို႔ ဘယ္ေလာက္ထိေတာင္ ေျပာလဲ ဆိုရင္ လူမ်ိဳးေရးအရ သူတို႔က ရခိုင္ေတြကို မရႈစိမ့္ဘူးဗ် သူတို႔ အုပ္စုေတြက။ က်ေနာ္တို႔ ေသခ်ာၾကည့္လိုက္ ေတာ့ ဘယ္ေလာက္ထိလဲ ဆိုရင္ လက္ရွိ ဒီမိုကေရစီ စနစ္အရ ျပည္နယ္ေတြမွာ တိုင္းရင္းသားေရးရာ ဝန္ႀကီးေတြ ရွိတယ္။ ခ်င္းျပည္နယ္မွာ ရခိုင္လူမ်ိဳး ေတာ္ေတာ္မ်ားတယ္။ ပလက္ဝမွာေရာေပါ့။ ခ်င္းလႊတ္ေတာ္မွာ ရခိုင္တိုင္းရင္းသား ေရးရာ ဝန္ႀကီး ေပၚလာမွာကိုေတာင္ သူတို႔ ႀကိဳၿပီး မလိုလားတဲ့ ေဆြးေႏြးခ်က္ေတြကိုေတာင္ ေတြ႕တယ္။ အဲ့ဒီလိုဟာေတြ ေပါ့။


ေမး။ ။ သူ႔ရဲ႕ ဆိုရွယ္မီဒီယာေတြကေန အခ်က္အလက္ေတြ ရတယ္ဆိုတာက ဖမ္းၿပီးမွ ဖုန္းကေန ရတာလား။ မဖမ္းခင္ ကတည္းက Hack လုပ္ၿပီး ရတာလား။


ေျဖ။ ။ အဲ့ဒါေတြက်ေတာ့ က်ေနာ္တို႔ ေလာေလာဆယ္ မေဖာ္ျပေသးပါဘူး။ နည္းလမ္း အမ်ိဳးမ်ိဳးေပါ့ဗ်ာ။


ေမး။ ။ ဦးေဝွ႔တင္းကိစၥနဲ႔ ပတ္သက္ၿပီး ဆက္စပ္ေမးခ်င္တာက AA အေနနဲ႔ ရခိုင္ျပည္နယ္ထဲက အစိုးရအဖြဲ႕ဝင္နဲ႔ လႊတ္ေတာ္ အမတ္ေတြကိုေရာ ေစာင့္ၾကည့္တာ ရွိလား။ ဘယ္လို ပုံစံနဲ႔ ေစာင့္ၾကည့္လဲ။


ေျဖ။ ။ ေစာင့္ၾကည့္တာေပါ့။ ေသခ်ာတာေပါ့။ ေစာင့္ၾကည့္တယ္။ (ဦးေဝွ႔တင္းလို ကိစၥမ်ိဳးရွိလာရင္ေတာ့) သူ႔ကို ဘယ္ အတိုင္းအတာ အထိ ကိုင္တြယ္သင့္လဲ ဆိုတာကို မူတည္ၿပီးမွ ေသေသခ်ာခ်ာေတာ့ ေဆာင္႐ြက္ရမွာေပါ့။ ေစာင့္ၾကည့္တယ္ ဆိုတာကေတာ့ လူတေယာက္ အသက္ကို မေသသင့္တာကိုေတာ့ မေသေစရပါဘူး။ ေနာက္ၿပီး ဒီလူ တေယာက္က က်ေနာ္တို႔ ကို ဘယ္ေလာက္အထိ အႏၲရာယ္ေပးႏိုင္လဲေပါ့။ အမ်ိဳးမ်ိဳး ေဝဖန္တာေပါ့ဗ်ာ။ ၿပီးမွ လုပ္သင့္တဲ့ အတိုင္းအတာကို လုပ္ရမွာ ပဲ။ လူတေယာက္ကို အလိုလိုေနရင္း သတ္ျဖတ္တာကေတာ့ လူသတ္ဝါဒပါ။


ေမး။ ။ AA က အခုလည္း ဘူးသီးေတာင္ NLD ဥကၠ႒ကို ထပ္ဖမ္းတယ္။ ဒီလို ႏိုင္ငံေရးသမားေတြကို ဖမ္းဆီးတာက ဒီမိုကေရစီ စံႏႈန္းေတြအရ လြတ္လပ္စြာ ေျပာဆိုခြင့္၊ မတူညီတဲ့ႏိုင္ငံေရး ယူဆခ်က္ေတြအေပၚ လုပ္ေဆာင္ၾကသူေတြကို ၿခိမ္းေျခာက္တာပါလို႔ ေဝဖန္မႈေျပာဆိုမႈေတြကို ဘယ္လို ေျပာခ်င္ပါလဲ။ ေနာက္ AA ကို လြတ္လပ္စြာ မေျပာရဲမဆိုရဲ မေဝဖန္ရဲ ျဖစ္လာရင္ ဒါက ေကာင္းတဲ့ အလားအလာ ျဖစ္ပါ့မလား။


ေျဖ။ ။ ဒီမိုကေရစီေခတ္မွာ ဒီမိုကေရစီ စံခ်ိန္စံၫြန္းအေၾကာင္းကို ေျပာရင္ေတာ့ ေျပာလို႔ လြယ္ပါတယ္။ ဒါေပမယ့္ တိုက္ပြဲ ေတြ ျဖစ္ေနတယ္။ က်ေနာ္တို႔ ရခိုင္ျပည္သူေတြေတာင္ စစ္ရာဇဝတ္မႈေပါင္း မ်ားစြာကို ႏိုင္ငံေတာ္အစိုးရဆီမွာ က်ဴးလြန္ခံ ေနရတယ္။ တကယ့္ ရခိုင္ႏိုင္ငံေရး ေခါင္းေဆာင္ေတြ ကိုယ္တိုင္က ဖိႏွိပ္မႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ နယ္ေျမမွာ သူမ်ားကို က်ဴးလြန္တုန္းကေတာ့ က်ဴးလြန္ၿပီး ကိုယ္ခံရတဲ့ အခ်ိန္မွာမွ ဒီမိုကေရစီ စံခ်ိန္စံၫႊန္း ဆိုတာေတြကို ေလွ်ာက္ေျပာ တာက ေတာ့ လက္ေတြ႕မဆန္ပါဘူး။ ဥပမာ ျမန္မာစစ္တပ္ ေခါင္းေဆာင္ေတြက ဒီမိုကေရစီေခတ္ အေၾကာင္းေတြကို တဖြဖြ ေျပာတာ ေပါ့ဗ်ာ။ တကယ္က် လႊတ္ေတာ္ထဲမွာ ဘာမဲ တျပားမွ မရဘဲ မ်က္ႏွာေျပာင္တိုက္ ဝင္ထိုင္ရဲတဲ့ လူလည္း ဒီမိုကေရစီ စံႏႈန္း ေတြ ေလွ်ာက္ေျပာတာပဲ။ ဒါက အေျပာမွာပဲ ရွိတယ္။ အလုပ္မွာ မရွိပါဘူး။


အခုက ရခိုင္ျပည္လိုမ်ိဳး ပဋိပကၡေတြ တိုက္ပြဲေတြ အမ်ားႀကီးျဖစ္တယ္။ က်ေနာ္တို႔ ရခိုင္ျပည္သူေတြ တရက္ တရက္ကို ဘယ္ေလာက္ေသလဲ။ ကေလးေတြ အဘြားႀကီးေတြ သက္ႀကီး႐ြယ္အိုေတြ။ အဲ့ဒီေလာက္ စစ္ရာဇဝတ္မႈေတြနဲ႔ လူထု တရပ္ လုံး ဒုကၡေရာက္ေနတဲ့ နယ္ေျမမွာလာၿပီး စစ္ရာဇဝတ္မႈနဲ႔ လူသားမ်ိဳးႏြယ္အေပၚ ျပစ္မႈ က်ဴးလြန္ေနတဲ့လူေတြကို ေထာက္ခံ ပြဲလုပ္တယ္ ဆိုတာ တကယ့္ မ်က္ႏွာေျပာင္ တိုက္ၿပီး တကယ့္႐ိုင္းစိုင္းတဲ့ လုပ္ရပ္ပဲ။ ဒါကို က်ေနာ္တို႔က သေဘာ မတူဘူး။ ၿပီးရင္ သူတို႔ အဲ့ဒီ့နယ္ေျမမွာ တခုခု လုပ္မယ္ဆိုရင္ က်ေနာ္တို႔ ခြင့္ျပဳခ်က္ကို ေတာင္းသင့္တယ္။ နားလည္မႈလည္း ယူသင့္ တယ္။ သူက ဘာမွ ဂ႐ုမစိုက္တဲ့ ပုံစံမ်ိဳး ျဖစ္ေနတယ္။ အဲ့ဒါေၾကာင့္ က်ေနာ္တို႔ သူ႔ကို ေမးျမန္း စရာေတြလည္း ရွိတယ္။


ဒါျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီ စံခ်ိန္စံႏႈန္းဆိုတာ အေျပာမွာပဲ နားေထာင္ေကာင္း႐ုံ ရွိတယ္။ တကယ္ဆို ျပည္သူတရပ္လုံးက တကမာၻလုံးက အေျပာင္းအလဲဆိုတာကို Transition ကို လွည့္စားခံေနရတာ။ ဒါ မလွိမ့္တပတ္ ဒီမိုကေရစီ၊ အာဏာရွင္ ေတြ ရဲ႕ ေနာက္ကြယ္က လက္မည္းႀကီးေတြနဲ႔ ႀကိဳးဆြဲခံေနရတဲ့ ဒီမိုကေရစီ၊ ဒီ ဒီမိုကေရစီကို က်ေနာ္တို႔ အယုံအၾကည္ လည္း မရွိပါဘူး။


ေမး။ ။ တပ္မေတာ္သားေတြကို ဖမ္းထားတာကလည္း လူလဲမယ္ေျပာထားေတာ့ တပ္မေတာ္ဘက္ကေတာ့ မလဲဘူးေလ။ မလဲရင္ သူတို႔က မလႊတ္ေတာ့ဘူးလား။ တဆက္တည္း ေမးခ်င္တာက ဗိုလ္ခ်ဳပ္ရဲ႕ ေဆြမ်ိဳးျဖစ္သူေတြလည္း ရန္ကုန္က ေထာင္ထဲမွာေနၿပီး တရားစြဲဆို ခံထားရတယ္။ သူတို႔ကိုေရာ လူလဲဖို႔ ကမ္းလွမ္းခ်င္တာ ရွိပါသလား။


ေျဖ။ ။ ဒီကိစၥမွာကေတာ့ က်ေနာ့္ရဲ႕ ညီအစ္ကို ေမာင္ႏွမေတြကို ဖမ္းဆီးတာနဲ႔ ပတ္သက္ၿပီး က်ေနာ္က ေတာ္လွန္ေရးကို ေခါင္းေဆာင္ေနရတဲ့ ေခါင္းေဆာင္ျဖစ္တယ္။ က်ေနာ္က ပုဂၢိဳလ္ေရးကို အသားေပးၿပီး ငါ့ညီမကို လႊတ္ေစ၊ ငါ့ ညီကို လႊတ္ေစ ဆိုၿပီး သြားေတာင္းဆိုမွာ မဟုတ္ဘူး။ သူတို႔ကိုလည္း က်ေနာ္နဲ႔ ဆက္စပ္လို႔ ဖမ္းတယ္ဆိုေပမယ့္ သူတို႔က ရခိုင္ ျပည္သူ ေတြ ျဖစ္တယ္။ တျခား႐ြာမွာ အဖမ္းခံထားရသူေတြကိုလည္း က်ေနာ့္ညီအစ္ကိုေတြ သားသမီးေတြလို တန္ဖိုးထားတယ္။ တရား မွ်တမႈကို ေတာင္းဆိုရင္ အကုန္လုံးအတြက္ ေတာင္းဆိုသြားမယ္။ ငါ့ညီ ငါ့ညီမအတြက္ ဆိုၿပီး တကူး တကေတာ့ က်ေနာ္တို႔ ေတာင္းဆိုမွာ မဟုတ္ဘူး။ ၿပီးရင္ သူတို႔ဘက္က ဖမ္းဆီးထားတဲ့ အရာရွိ စစ္သည္ေတြ ရဲေဘာ္ေတြ အကုန္လုံးကိုေတာ့ က်ေနာ္တို႔ တတ္ႏိုင္သမွ်ေတာ့ ရွိတာနဲ႔ မွ်ၿပီး ေကြၽးေမြးမွာပဲ။ ဒါကေတာ့ ေတာ္လွန္ေရးတခုရဲ႕ လုပ္သင့္ လုပ္ထိုက္တာကို လုပ္မွာပါ။ တတ္ႏိုင္သေလာက္ေတာ့ ေစာင့္ေရွာက္မွာပါ။


က်ေနာ္ထင္တာကေတာ့ သူတို႔ဘက္က လုံးဝ မလဲဘူးလို႔ ေျပာတာက သူတို႔ အရွက္ကြဲတာေပါ့ဗ်ာ။ သူတို႔ အရမ္း အထင္ ေသးထားတဲ့ ရခိုင္သူပုန္ဆီမွာ လက္အုပ္ခ်ီၿပီး အဖမ္းခံရတယ္ဆိုေတာ့ သူတို႔ အရွက္ကြဲတာေပါ့။ ဒါကေတာ့ ရွက္ၿပီးမွ ေျပာလိုက္တဲ့ စကားလို႔ ယူဆပါတယ္။ သူတို႔ဆီမွာေတာ့ သူတို႔ ရဲေဘာ္ေတြ အတြက္ ေမတၱာက႐ုဏာေတာ့ ရွိမွာပါ။ ဒီေလာက္ ေမတၱာတရား မရွိဘူးဆိုလည္း သူ႔ရဲေဘာ္ေတြရဲ႕ကံတရားေပါ့။ သူတို႔ကို က်ေနာ္တို႔ ဆက္ထိန္းသိမ္းထားမွာပါ။ သူတို႔ကို ထိန္းသိမ္းထားလို႔ က်ေနာ္တို႔ အရႈံးမရွိပါဘူး။ သေဘာက သူတို႔ကို က်ေနာ္တို႔ ထိန္းသိမ္းထားတယ္ ဆိုရင္ သူတို႔က စစ္ရာဇဝတ္မႈ က်ဴးလြန္တဲ့အထဲမွာ ပါတယ္။ သူတို႔ဆီက လူသက္ေသေတြ ရတယ္။ ဘယ္႐ြာမွာ ဘယ္သူက မီးရႈိ႕ခဲ့ တယ္။ ဘယ္သူက ဘယ္လို အမိန႔္ေပးခဲ့တယ္ဆိုတာကို ဒီလူေတြကို သက္ေသခံခိုင္းလို႔ ရတယ္။ သူတို႔ကို ထိန္းသိမ္းထားလို႔ အက်ိဳး မယုတ္ဘူး။


သူတို႔က ငါတို႔ကို ငါတို႔လူႀကီးေတြက ပစ္ပယ္လိုက္ၿပီလို႔ အမွန္တကယ္ ခံစားရတဲ့အခ်ိန္မွာ သူတို႔ကို ဘာခိုင္းခဲ့တယ္ ဆိုတာ ေျပာလာရင္ က်ေနာ္တို႔က သူတို႔ကို တရားစြဲဖို႔ သက္ေသရသြားၿပီ။ က်ေနာ္တို႔ဘက္က အရႈံးမရွိပါဘူး။


ေမး။ ။ ဖမ္းဆီး ထိန္းသိမ္းထားတဲ့ စစ္သားေတြကို လိုခ်င္တဲ့ အေၾကာင္းအရာေတြ သိရဖို႔ ေမးတဲ့အခါ ဘယ္လို ပုံစံနဲ႔ စစ္ေဆးလဲ။ တပ္ေတြထဲမွာ စစ္ေဆးသလိုပဲ လိုခ်င္တဲ့ အခ်က္အလက္ မရရေအာင္ နည္းမ်ိဳးစုံ သုံးသလား။


ေျဖ။ ။ သူတို႔ စစ္ေဆးတာနဲ႔က်ေနာ္တို႔ စစ္ေဆးတာ မတူပါဘူး။ ဗမာေထာက္လွမ္းေရးေတြက က်ေနာ္တို႔ လူေတြကို ဖမ္းမိၿပီ ဆိုရင္ အေၾကာင္းစုံ ကြင္းဆက္ေတြကို ေဖာ္ထုတ္ဖို႔ လိုေတာ့ အရမ္းလူမဆန္ေအာင္ တကယ့္ေလာကမွာ အရက္စက္ဆုံး ဂ်ပန္ ကင္ေပတိုင္ေတြလို စစ္ေဆးတာေပါ့။ က်ေနာ္တို႔ဆီမွာ ဖမ္းမိရင္ေတာ့ ေမးျမန္းတဲ့ အေၾကာင္းအရာ ေတြက ရွင္းပါတယ္။ သူဘယ္တပ္ကလဲ။ ဘယ္လို သင္တန္းေတြ တက္လဲ။ ဘယ္လို လက္နက္ခဲယမ္းေတြလဲ။ ေနာက္တန္း ဖြဲ႕စည္းပုံတို႔ သူ႔ရဲ႕ ဆရာသမားေတြေပါ့။ အေၾကာင္းအရာေတြေပါ့။ တျခားေတာ့ရွိေတာ့ ရွိတာေပါ့။ နည္းပညာ ပိုင္းေတြ ဘာေတြေပါ့။ ဒါေပမယ့္ စစ္ေဆးတဲ့ ပုံခ်င္း မတူပါဘူး။


ေမး။ ။ ထပ္ေမးခ်င္တာက AA စစ္သားေတြကို စစ္သင္တန္းေပးတဲ့ ေနရာမွာ တ႐ုတ္ႏိုင္ငံ ဒါမွမဟုတ္ အေနာက္ ႏိုင္ငံက အဖြဲ႕အစည္းေတြ တခုခုက ကူညီတာ ရွိသလား။ သူတို႔ေတြဆီက သင္တန္းေတြ၊ ေလ့က်င့္ေပးထားတာမ်ိဳးေတြ ရထားတာ ရွိလား။


ေျဖ။ ။ အဲ့ဒီလိုမ်ိဳးေတာ့ မဟုတ္ပါဘူး။ စစ္ပညာကေတာ့ က်ေနာ္တို႔ ႀကိဳးစားပါတယ္။ က်ေနာ္တို႔ တပ္ေတြကို အရည္အခ်င္း ျမႇင့္တင္ဖို႔ တိုက္ရည္ခိုက္ရည္ေကာင္းဖို႔ နည္းပညာေတြျမင့္လာဖို႔ ေတာက္ေလွ်ာက္ မနားမေန ႀကိဳးစားပါတယ္။ က်ေနာ္တို႔ တပ္ထဲမွာ ေလ့က်င့္ေရးဌာနေတြ ဆိုရင္ နားခ်ိန္ကို မရွိပါဘူး။ ႏိုင္ငံအစိုးရေတြ အေနနဲ႔ကေတာ့ မရွိပါဘူး။ ဒါေပမယ့္ သူတို႔ ဘက္က မေပးရင္လည္း ဒီနည္းပညာေတြ နည္းစနစ္ေတြကို ရဖို႔အတြက္ကေတာ့ က်ေနာ္တို႔ အလုပ္ပဲေလ။ ဒါဟာ အကုန္ အက် ႀကီးရင္ေတာင္ ဘယ္ေလာက္ပဲ ႀကီးႀကီး နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ နည္းပညာေတြ၊ နည္းလမ္းေတြ၊ နည္းစနစ္ေတြကို ေတာ့ အၿမဲတမ္း ရရွိေအာင္ ႀကိဳးစားေနပါတယ္။ ရသင့္သေလာက္လည္း ရပါတယ္။ ။


ဒုတိယပိုင္း ဆက္လက္ ေဖာ္ျပပါမည္။




Unicode


17 December 2019AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် / ဧရာဝတီ Want create site? Find Free WordPress Themes and plugins.

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေကြား Bilateral (ပဏာမ အပစ်ရပ်ရေး) စာချုပ် ချုပ်ဆိုဖို့ ဆွေးနွေး ညှိနှိုင်းမှု တွေ ရှိပေမယ့် ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာဆိုရင် တပ်မတော်နဲ့ ရက္ခိုင်စစ်တပ် (AA) တို့ကြား တိုက်ပွဲတွေ မရပ်မနားဘဲ ဆက်တိုက် ဖြစ်ပွား နေတာ တနှစ်ကျော်ပါပြီ။ အရပ်သားတွေ ထိခိုက်သေဆုံးမှုနှုန်းကလည်း ပို မြင့်တက်လာပါတယ်။

လာမယ့် ၂၀၂၀ ပြည့်နှစ်အတွင်း ရခိုင်ပြည်နယ်ထဲက ပဋိပက္ခတွေရဲ့ အလားအလာ၊ ပဋိပက္ခတွေ ကြားထဲက ချင်းလူမျိုး တွေ နဲ့ စီးပွားရေးလုပ်ငန်းတွေ စီမံကိန်းတွေအပေါ် AA ရဲ့သဘောထား၊ ၂၀၂၀ မှာ ပေါ်ပေါက်လာမယ့် ငြိမ်းချမ်းရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။ ။ ရခိုင်မှာ တိုက်ပွဲတွေက အခြေအနေ ဘယ်လိုလဲ။

ဖြေ။ ။ ဟုတ်ပါတယ်။ ဒီဇင်ဘာ ၈ ရက်က တိုက်ပွဲတော်တော်လေး ပြင်းထန်ပါတယ်။ ဒီဇင်ဘာ ၇ ရက် တိုက်ပွဲကလည်း ပြင်းထန်ပါတယ်။ ရသေ့တောင်ဘက်မှာရော မြေပုံမြို့နယ်ဘက်မှာရော တော်တော်ပြင်းထန်တယ်။ ရသေ့တောင် ဘက်မှာ က တပ်မ ၂၂ နဲ့ဖြစ်တာပေါ့။ အဓိကဖြစ်တဲ့ တပ်ရင်းက ၂၀၈၊ တော်တော်လေးအထိနာပြီးမှ သူပိတ်မိနေတာ။ သူ့ကို ရဟတ်ယာဉ် တွေနဲ့ လာပစ်ပြီးမှ မီးခိုးဗုံးတွေချပြီးမှ လာကယ်တာပေါ့ဗျာ။ ထွက်ပြေးလို့ရအောင်။ သူတို့ လူနာတွေ အလောင်း တွေကို ဆွဲထုတ်ပြီး ညပိုင်းအမှောင်ထဲမှာ အမှောင်ကို အကာအကွယ်နဲ့ ထွက်ပြေးပြီးမှ လွတ်သွားတယ်။ ဒါပေမယ့် ကျနော်တို့ သူ့ရဲ့ပစ္စည်းတွေ တော်တော်များများကိုတော့ သိမ်းဆည်း ရလိုက်တယ်။ ခဲယမ်းတွေ အပါအဝင်ပေါ့။ အဲ့ဒါတော့ ရသေ့တောင် မှာပါ။ ပြီးရင် မြေပုံနဲ့ အမ်းကြားမှာ ဒီဇင်ဘာ ၅ ရက်၊ ၆ ရက် နေ့တွေမှာ စကခ ၅ ရယ် ကျောက်ဖြူ က တပ်ရင်း တရင်း ပါတယ်။ အဲ့ဒီ့ ၂ ရင်းပေါင်း။ သူတို့ဆီကလည်း ပစ္စည်းတွေ တော်တော်များများ ကျနော်တို့ သိမ်းဆည်း ထားတယ်။ တိုက်ပွဲမှာ သူတို့လူတွေ ကွဲသွားတယ် ထင်တယ်။ ၃ဖွဲ့ ၄ ဖွဲ့လောက်၊ သူတို့က ရဟတ်ယာဉ်တွေနဲ့ လိုက်ရှာပြီး ပစ်ကူတွေ ပေးတာ။

မေး။ ။ တပ်မတော်နဲ့ AA ကြား အပစ်ရပ်ဖို့ စာချုပ်အတွက် တဖက်မှာ ညှိနှိုင်းနေတာလည်း ရှိနေပြီး ရခိုင်မှာ တိုက်ပွဲ မရပ် ဘူး။ စစ်ရှိန်မလျှော့ချနိုင်တာ အဓိက အကြောင်းရင်းက ဘာလဲ။

ဖြေ။ ။ မြန်မာ့တပ်မတော်ဘက်က သူတို့ရဲ့ မာနတွေ Attitude တွေပေါ်မှာ မူတည်မယ် ထင်တယ်။ သူကတော့ ပြောနေ တာပဲသူတို့ တိုက်ချင်ရင် ဘယ်ဟာမဆို တိုက်လို့ ရတယ်ဆိုပြီး စစ်ရေးအရ သူတို့ ဘက်က အသာစီးချည်းပဲ သမိုင်းမှာ ရှိတယ် ဆိုပြီးမှလေ။ ဒါ့ကြောင့် သူလုပ်ရင် ဖြစ်တယ်ဆိုတဲ့ အင်အား သုံးတဲ့ အခြေခံစိတ်နေစိတ်ထားနဲ့ပဲ ဆိုင်မယ် ထင် တယ်။ နောက်မဆုတ်ဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့။ ပြီးတော့ သူတို့ ထင်တာက အနောက်ဘက် စစ်မျက်နှာ ဆိုတော့ ကျနော်တို့ ရက္ခိုင်တပ် အနေနဲ့ ဘေးမှာ မဟာမိတ်တွေမရှိဘူးပေါ့။ အဲ့ဒီမှာ ချောင်ပိတ်မိပြီး အပြတ်အသတ်ချေမှုန်းမယ် ဆိုတဲ့ ရည်မှန်း ချက်တွေ ရှိမှာပေါ့။ ဒါ့ကြောင့်လည်း သူက စစ်ရေးအရှိန်ကို နည်းနည်းမှ အလျှော့ မပေးဘူးဆိုတဲ့ သဘောမျိုးတွေပါ။

မေး။ ။ AA က ကချင်၊ ကိုးကန့် စစ်မြေပြင်တွေမှာလည်း အတွေ့အကြုံရှိတော့ အခု ရခိုင်မှာ ကြုံရတဲ့ တိုက်ပွဲတွေနဲ့ အရင် ကြုံဖူးတဲ့ အခြေအနေ ဘာတွေကွာခြားလဲ။ တပ်မတော် ဘက်က တိုက်ခိုက်ရေး ဗျူဟာတွေ လက်နက်တွေ ကွာခြား လာ သလား။

ဖြေ။ ။ သူကတော့ အဓိက အဆင့်မြင့်လက်နက်တွေ ဆိုတာထက် Firepower ကို အဓိက သုံးတယ်။ အခုနောက်ပိုင်း သူကိုယ်တိုင်လည်း ထုတ်တယ် ဆိုတော့ Firepowerကို အဓိက သုံးတယ်။ သူ့ရဲ့ တိုက်ခိုက်ရေး နည်းဗျူဟာကတော့ ကျနော်တို့က ရခိုင်ပြည်မှာဆိုတော့ ကိုယ်တိုက်ချင်တဲ့ ပုံစံကို ဖော်ပြီးတော့ ပြန်တုံ့ပြန်တာပေါ့။ ရေရှည်မှာတော့ ကျနော်တို့ ဘက်က Morale ပိုင်းမှာ အသာစီးရပါတယ်။ သူတို့ဘက်မှာကျတော့ အထိအခိုက် အကျအဆုံး များလာတာတို့။ သူ စိတ်ကြိုက် တိုက်ချင်တဲ့ပုံစံမျိုး သူပုံသွင်းလို့ မရတဲ့အချိန်မှာ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူပဲ အဓိက မှီခိုရတယ်။ အဲ့ဒါတွေ မလာရင် သူ့စစ်သားက ထွက်ပြေးပြီ။ အဲ့ဒီလို ထွက်ပြေးလို့လည်း ကျနော်တို့ ပစ္စည်းတွေ အများကြီး သိမ်းလို့ မိတာပဲ။ နေ့တိုင်းပဲ။ ဒါ့ကြောင့် Morale ပိုင်းတော့ တော်တော်ရှုံးတယ်။ သူတို့က Firepower နဲ့ပဲ လိုက်ထိန်းနိုင်တယ်။ သူတို့ဆီက သိမ်းလို့ရမိတဲ့ ပစ္စည်းတွေမှာ ဂါထာတွေ အင်းအိုင်တွေပဲ အများကြီး သိမ်းဆည်း မိတယ်။

မေး။ ။ ၂၀၁၉ ခုနှစ်လည်း ကုန်ပြီဆိုတော့ ဒီတနှစ်လုံးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ တို့ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး အပေါ် အာရုံစိုက်မှု၊ ဆောင်ရွက်မှုကိုရော ဘယ်လိုများ သုံးသပ်ချက် ရှိပါသလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကတော့ သူတို့ အခု လက်ရှိလုပ်နေတဲ့ NCA လုပ်ငန်းစဉ်က တော်တော်လေး ရုပ်နဲ့ နာမ်နဲ့ တောင် ဒြပ်ကွဲနေပြီ ထင်တယ်။ ယုံကြည်မှုတွေလည်း မရှိဘူး။ ပြီးရင် ကတိကဝတ်မှာပါတဲ့ လက်မှတ် ထိုးထားတဲ့အချက် အလက်တွေကိုလည်း တာဝန်ခံပြီးမှ အကောင်အထည်ဖော်မှုတွေ မရှိလေတော့ လျှောက်တော့ လျှောက်နေတယ်။ ခရီးက မရောက်ဘူး လို့မြင်တယ်။ နောက်တချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးမင်းအောင်လှိုင် ကြားမှာ သူတို့နှစ်ယောက်က ပူးပေါင်းဆောင်ရွက်မှု မအောင်မြင်ဘူးလို့ ပြောလို့ရတယ်။ ကျနော် စဉ်းစားမိတာက ဒေါ်အောင်ဆန်းစုကြည် အစိုးရ ဦးဆောင်နေတဲ့ အချိန်မှာ ငြိမ်းချမ်းရေး အောင်မြင်သွားတယ် ဆိုတဲ့ အမှတ်ကို စစ်တပ်က မပေးချင်ဘူး ထင်တယ်။ သူ့ရဲ့ ၂၀၂၀ နိုင်ငံရေး ပြိုင်ပွဲအတွက် တယောက်ကို တယောက် ခြေလက် အကာအစီး ရသွားမှာကို မလိုလားဘူး။ ဒါ့ကြောင့် တိုးတက်ဖြစ်ပေါ်မှုတွေက ရသင့်သလောက် မရဘူးလို့ မြင်တွေ့ရတယ်။

မေး။ ။ Bilateral (ပဏာမ အပစ်ရပ်ရေး) ဆွေးနွေးမှုတွေကရော စားပွဲဝိုင်းမှာ အလုပ်တကယ် ဖြစ်လား။

ဖြေ။ ။ Bilateral ကိစ္စကတော့ ကျနော်တို့ ၄ ဖွဲ့ပေါ့။ ပြီးရင် FPNCC မဟာမိတ်တွေ ကြားမှာ ရှေ့ကို ရောက်စေချင်တယ်။ သို့သော်လည်း တဖက်နဲ့ တဖက်ကြားမှာ သံသယတွေ အလျှော့ မပေးလိုမှုတွေက များတယ်။ ဟိုဘက်ကလည်း သူတို့ တပ်မတော်မူ ၆ ချက်တို့ လာညှိတဲ့ လူကလည်း အပေါ်ကို ပြန်တင်ပြလိုက်မယ် ဆိုပြီး ပြန်သွားတာ များတယ်။ အစည်း အဝေး ရှိတယ်ဆိုရင် သွားလိုက်လေ၊ အစည်းအဝေးပြီးရင် ဘာမှ တိုးတက်လာမှာ မဟုတ်ဘူး ဆိုတဲ့ သဘောမျိုးတွေ ဖြစ်ကုန်တာပေါ့။

ကျနော်တို့ဘက်က အဆိုပြုလွှာတခု ရေးထားတယ်။ ကြိုတင် ကန့်သတ်ချက်တွေနဲ့ အတားအဆီးမဖြစ်အောင်တော့ ရှေ့ကို ရောက်နိုင်အောင် ရှင်းရှင်းလင်းလင်း ပြင်ဆင်ထားတဲ့ အချက်တွေ ရှိပါတယ်။ သူတို့ဘက်က လက်မခံနိုင်တဲ့ အချက် တွေ ပါကောင်း ပါမှာပေါ့။ သို့သော်လည်း နောက်ဆံ တင်းပြီးတော့မှ အခက်အခဲမဖြစ်အောင် ရှင်းရှင်း လင်းလင်း ပြင်ဆင်ထား တာတော့ ဟုတ်တယ်။ ခါတိုင်းလည်း ရှေ့တိုးမရတဲ့ အခြေအနေတွေပဲ ကြုံနေရတော့ အများကြီးလည်း မမျှော်လင့်ထားတော့ ဘူး။ ဘယ်လို အကြောင်းအရာတွေ ဆိုတာကတော့ လောလောဆယ် မီဒီယာမှာတော့ မပြောသေးပါ ဘူး။ တတ်နိုင်သမျှ တဖက်နဲ့တဖက် တင်းမာမှုတွေ ထိပ်တိုက်တိုးမှုတွေ မဖြစ်အောင် ရှေ့ကို သွားမယ် ဆိုရင်လည်း တဖက် နဲ့တဖက် ညှိနှိုင်းပြီး ရှေ့ကို ရောက်နိုင်အောင် ဆိုတဲ့ အနေအထားတွေကိုတော့ ကျနော်တို့ စဉ်းစားပေးထား ကြပါတယ်။

မေး။ ။ Bilateral ဆွေးနွေးမှုမှာ မပြေလည်တာက တပ်နေရာ ချထားရေးဆိုင်ရာကိစ္စပဲလား။ တခြားဘယ်လိုအချက်တွေ ရှိသေးလဲ။

ဖြေ။ ။ အဓိက ကတော့ နှစ်ဖက် တပ်ပိုင်းဆိုင်ရာ နယ်မြေကိစ္စတွေပဲပေါ့။ သူတို့ကလည်း နိုင်ငံဆိုတာ တခုတည်းသော တပ်မတော်ပဲ ရှိတယ်။ နိုင်ငံရဲ့ရေထု မြေထု ဆိုတာ ခွဲခြားမှု မရှိပါဘူး ဆိုတဲ့ ရပ်တည် ပြောဆိုမှုတွေပဲရှိထားတယ်။ နယ် နိမိတ် ပိုင်းနဲ့ ပတ်သက်ပြီး ကျေကျေလည်လည် ပြောမယ်ဆိုရင် ရှေ့မတိုးနိုင်တဲ့ အခြေအနေတွေ ဖြစ်သွားတယ်။

မေး။ ။ ရခိုင်ပြည်နယ်မှာ အရပ်သားတွေရဲ့ သွေးထွက်သံယိုမှုနှုန်းက ပိုများလာတယ်။ တိုက်ပွဲတွေနဲ့ ဒီအတိုင်းပဲ ဆက် သွား မလား။ AA ရဲ့နိုင်ငံရေး ရည်မှန်းချက်ကို အကောင်အထည် ဖော်တဲ့ လမ်းမှာ ရခိုင်လူထုက အနာဘက်ကချည်းပဲ ဖြစ်မလား။

ဖြေ။ ။ ကျနော်တို့ဘက်မှာ အရပ်သား ထိခိုက်မှုတွေက ၄ လပိုင်းလောက်မှာ ပိုမြင့်လာတယ်။ တိုက်ပွဲအစပိုင်းမှာတော့ အဲ့ဒီ လောက် မများသေးဘူး။ နောက်ပိုင်းမှာကျတော့ အရပ်သားထိခိုက်မှု များလာတာကလည်း မြန်မာစစ်တပ်ရဲ့ လက်နက် ကြီး ပစ်ခတ်မှုတွေက အစတုန်းကတော့ ရွာနားတွေကို လှမ်းပစ်တာပဲရှိတယ်။ နောက်ပိုင်းမှာ ရွာထဲကို တည့်တည့် ပစ်တာ တွေ ပိုများလာတယ်။ တိုက်ပွဲ ဖြစ်တယ်ဆိုရင် ရွာနဲ့ မီတာ ၁၀၀၀ လောက်မှာ ဖြစ်တယ် ဆိုရင်တောင် သူ့ရဲ့ အရာရှိတို့ လူကြီးပိုင်း တို့က အနာတရဖြစ်ရင် ရွာကို ပိတ်ဆို့ပြီးတော့မှ ရွာသားတွေကို ဖမ်းဆီးချည်နှောင်တာ နှိပ်စက်တာ သတ်ဖြတ်တာ တောက်လျှောက် လုပ်လာတော့ ကျနော်တို့ ပြည်သူတွေကို လူမျိုးရေးအရ တော်တော် ဦးတည်ပြီး သတ်ဖြတ်တယ်လို့ မြင်တယ်။ ဒါက အမြင်မဟုတ်တော့ဘူး။ အထောက်အထား အခိုင်အမာရှိထားတယ်။

ကျနော်တို့ ဘက်က ဘယ်တပ်မ၊ ဘယ်တပ်ရင်းက လုပ်ပါတယ် ဆိုတာတွေကိုလည်း သေချာ စာရင်းယူထားတယ်။ အဲ့ဒီ လို လုပ်တဲ့ တပ်ရင်းတွေကိုလည်း ကျနော်တို့က ဖြစ်ရင် ဖြစ်သလို ပြန်လက်တုံ့ပြန်တာ လုပ်တယ်။ သို့သော် ပြည်သူက တော့ နာတာ ပေါ့ဗျာ။ တကယ်ဆို ကျနော်တို့ တပ်တွေက ရွာမှာ မနေပါဘူး။ ကျနော်တို့ လှုပ်ရှားစစ်ကြောင်းတွေက တောတောင် တွေထဲမှာ လှုပ်ရှားတယ်။ သူတို့က တောတောင်တွေထဲက ယာယီစခန်းတွေကို လာတိုက်ပြီဆိုရင် သူတို့က အဲ့ဒီခွင်ကို ဝင်ပြီး သူတို့အထိနာရင် ဆက်မတိုက်တော့ပဲ ရွာကို တန်းသွားတယ်။ အဲ့ဒီရွာကို ပိတ်ဆို့ပြီး လူငယ်လူရွယ်တွေ ကို ဒုက္ခပေးပြီ။

ပြီးမှ ရွာကို ပိတ်ဆို့စစ်ဆေးတယ်ပြောတယ်။ သူတု့ိထင်တာ ရွာထဲမှာ လက်နက်တွေ ကျည်ဆန်တွေ ဝှက်ထားမယ်လို့ ထင် တာ။ ရွာသားတွေကို ကြိုးနဲ့ချည် နှိပ်စက် ရိုက်ပုတ်ပြီး လက်နက်ဘယ်မှာ ထားသလဲပြောစမ်း ဆိုတာမျိုးပေါ့။ တလောက ကျနော်တို့ မဟာမိတ်တွေ နယ်မြေမှာ လက်နက်တချို့ တွေ့သွားတယ်။ အဲ့ဒီလို တွေ့မလားဆိုတဲ့ ပုံစံနေမှာပေါ့။ သူတို့ရဲ့ တန်ပြန် ပြောက်ကျား နည်းဗျူဟာထဲက တခုပေါ့။

ပြည်သူလူထုကို ကျနော်တို့ကို မကူညီရဲအောင် မဆက်စပ်ရဲအောင် လူမျိုးရေးအရ မင်းတို့ပုန်ကန်ရင် ဒါမျိုးဖြစ်မယ် ဆိုပြီး လူမျိုးရေးအရ အကြောက်တရားတွေကို ဖန်တီးတာ။ ဒါက Crime Against Humanity ပဲ။ စစ်ရာဇဝတ်မှုပဲ။ သူတို့က မာရှယ်လော ထုတ်ပြန်ထားပြီး တိုက်ပွဲဖြစ်လိုက်ပြီ အထိနာပြီဆိုရင် လမ်းမှာ ဖြတ်သွားဖြတ်လာလူတွေကို ပစ်သတ်တယ်။ ဆိုင်ကယ်နဲ့ လူတယောက်သွားတယ်။ စစ်ဆေးဖို့ ရပ်တန့်တာ မရပ်ဘဲ ပြေးသွားလို့ပစ်လိုက်တယ်။ သူ့ဆိုင်ကယ်မှာ ဝါယာ ကြိုး တချောင်းနဲ့ ပလာယာ ပါလာတယ်ဆိုရင် မိုင်းအတွက် အသုံးပြုတယ်၊ အကြမ်းဖက်သမားဆိုပြီး သတ်လိုက်လို့ သေတဲ့ လူကို အကြမ်းဖက်သမားလို့ ခေါင်းစဉ်တပ်တယ်။ ဒါကတော့ ဆိုင်ကယ်တူးဘောက်စ်မှာ လူတိုင်းမှာ ပလာယာ ပါတယ်။ ဒါက သက်သေခံပစ္စည်းလည်း မဟုတ်ဘူး။ တဖက်သတ် လူသတ်မှုကျူးလွန်တယ်။ ဒါတွေကို တောက်လျှောက် လုပ်တယ်။ ကျနော်တို့ဘက်ကတော့ လူမျိုးရေးအရ ကျနော်တို့ ပြည်သူတွေကို သတ်ဖြတ်နေတယ်လို့ လုံးဝ မှတ်ယူတယ်။ ကျနော်တို့က ICJ မှာ အမှုတင်တဲ့ ကိစ္စတွေကိုလည်းပဲ အမှန်တရားကို ဖော်ထုတ်ဖို့ အတွက် အချက်အလက်တွေ ပေးအပ် သွားမယ် ဆိုတာ ဒါတွေလည်း ပါတယ်။

ပြီးရင် ရခိုင်ပြည်မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေမှာလည်း အထောက်အထားတွေကိုင်ထားတာ ကျနော်တို့မှာ ရှိသင့် သလောက် ရှိတယ်။ အပြစ်ရှိတဲ့ လူကို အပြစ်ရှိကြောင်း အမှန်တရားကို ဖော်ထုတ်ဖို့ကျနော်တို့က ရပ်တည်သွားမယ်။

ပြီးရင် ရခိုင်ပြည်မှာ ရခိုင်လူထုက အနာပဲလားလို့ မေးတဲ့ ကိစ္စကတော့ ကျနော်တို့က အမှောင်ဆုံးကာလ တခုကို ထိုးဖောက် ဖို့အတွက် အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲကို ဆင်နွှဲနေတာဖြစ်တယ်။ Freedom isn’t Free လွတ်မြောက် မှုဆိုတာ အလကားတော့ မရဘူး။ ကျနော်တို့က ပေးဆပ်မှုတွေ အများကြီးနဲ့ တိုက်ပွဲဝင်ရမှာပဲ။ ဒီအခက်အခဲတွေကို ကျော်လွှားဖို့ အတွက် ကျနော်တို့ ပြည်သူတွေနဲ့ ကျနော်တို့ နယ်ချဲ့ တပ်ကို တိုက်ထုတ်ရမှာပဲ။

သူတို့ ရခိုင်ပြည်မှာ ဒီနေ့ဒီအချိန်မှာ ပြည်သူလူထုရဲ့ မလုံခြုံမှုတွေ အသက်အန္တရာယ်တွေ တိုင်းရင်းသား တခုနဲ့တခု ကြား မှာ ပြဿနာတွေကို ဖန်တီးနေတာက မြန်မာ စစ်တပ်ပဲ။ သူမရှိရင် ပြည်သူလူထုရဲ့ လုံခြုံရေးကို ကျနော်တို့ တာဝန်ယူလို့ ရပြီ။ ဒါ့ကြောင့် သူတို့ကို ကျနော်တို့ တိုက်ထုတ်ရမယ်။ ကိုယ်လည်း နာမှာပေါ့ဗျာ။ ဒါကို ကျနော်တို့ ရင်မဆိုင်လို့ မရဘူး။

မေး။ ။ ရခိုင် တော်လှန်ရေးမှာ Timeline သတ်မှတ်ထားတာ ရှိပါသလား။ ဒါမှမဟုတ် လူထုက ဘယ်အချိန် ဘယ်ကာလ မှန်း မသိတာကို ဆက်ပြီး ဒါတွေကြုံနေရမှာလား။

ဖြေ။ ။ အချိန်ကာလဆိုတာကို ပုံသေပြောဖို့ ဆိုတာက အခြေအနေကို ပြောင်းလဲဖို့ ကြိုးစားတာက ပိုလက်တွေ့ ဆန် တယ်။ ငါတို့ ၆ လနဲ့ တိုက်ပြီး ပြီးသွားမယ် ဆိုတာက ၆ လပြတ် ကျူရှင် တက်နေတာ မဟုတ်ဘူးလေ။ ၁ နှစ် တိုက်လို့ မရရင်တော့ ၂ နှစ်နဲ့ တိုက်ရမှာပေါ့။ ၂ နှစ်နဲ့ မရရင် ၃ နှစ် တိုက်ရမှာပေါ့။ ကျနော် ထင်တာတော့ ကျနော်တို့ရဲ့ တိုက်ပွဲနဲ့ အခုအလားအလာ အတိုင်းဆို ကျနော်တို့ ကြိုးစားမှုက ၂၀၂၅ မတိုင်ခင် တစုံတရာ အပြောင်းအလဲကြီးတခု ကျနော်တို့ ဖန်တီးနိုင်ဖို့ အတွက် သေချာပေါက် ခန့်မှန်းထားတယ်။

မေး ။ ။ တော်လှန်ရေး လုပ်နေကြတဲ့အထဲ ကရင်၊ ကချင် ဆိုရင် ဒီနေ့ဒီအချိန်ထိ တိုက်ပွဲတွေ ဖြစ်လိုက် ပြေလည်လိုက် ခဏ အပစ်ရပ်လိုက်နဲ့ နှစ်ကာလတွေ အများကြီး ရှည်ကြာလာတော့ ရခိုင်လည်း ဒီလိုပဲ သွားလိမ့်မယ်လို့ သုံးသပ်ချက်တွေ ရှိတယ်။

ဖြေ ။ ။ ဟုတ်တယ်။ ဘာဖြစ်လို့ ဆိုတော့ မြန်မာနိုင်ငံမှာ တော်လှန်ရေးက နှစ်ပေါင်း ၇၀၊ နှစ်ပေါင်း ၇၀ ဆိုပြီး စကားကို လွယ်လွယ်နဲ့ ပြောပြီး အချိန်ကာလတွေကို ပြဌာန်းနေကြတယ်။ တကယ်ဆိုရင် တော်လှန်ရေး လုပ်နေပါတယ်ဆိုတဲ့ ပုဂ္ဂိုလ် တွေက တကယ် သူတို့ နှစ်ပေါင်း ၇၀ မတိုက်ပါဘူး။ သူတို့ အလုပ်မကြိုးစားဘူး။ ကျနော် သေချာ ပြောရဲတယ်။ ခဏနေ အပစ်ရပ်လိုက် လူကြီးတွေက ဝိုင်သောက်လိုက်နဲ့ ဇိမ်ခံနေကြတာ များတယ်။ အောက်ခြေ ရဲဘော်တွေပဲ လစာ မရဘူး။ ဒုက္ခတွေ ခံပြီး သူတို့ ဘဝအချိန်တွေကို လောင်ကျွမ်းပေးဆပ် နေရရင်း အဘိုးကြီးတွေ ဖြစ်သွားကြတာ များတယ်။ တကယ် လည်း ဒါမျိုး တိုက်နေတာ မဟုတ်ဘူးလေ။ ဟိုဘက်မှာ ၁၅ နှစ်လောက် အပစ်ရပ် ထားတယ်။ ၁၅ နှစ်လောက် လူကြီးတွေ က ချမ်းသာနေတယ်။ ရဲဘော်တွေက အချိန်တွေ လောင်ကျွမ်းပြီး ဘဝတွေ ပျက်စီးသွားတယ်။ တကယ်တိုက်တာမှ မဟုတ်တာ။ ပြီးရင် ကောင်းကောင်းလည်း မတည်ဆောက်ကြဘူး။

တကယ်တည်ဆောက်တဲ့ အုပ်စုတွေဆိုရင် အခုချိန်မှာ ကြည့်ပါလား။ ဝ အဖွဲ့ဆို စစ်မဖြစ်ဘူး။ သူတည်ဆောက်တယ်။ သူ့မှာ တည်ဆောက်ထားတာနဲ့ အင်အားခိုင်မာသွားတော့ သူ့ပြည်သူရဲ့ လုံခြုံရေးကို သူအာမခံပေးထားနိုင်တယ်။ မိုင်းလား အဖွဲ့ကို ကြည့်ပါလား။ သူစစ်မဖြစ်ဘူး။ သူကြိုးစားတယ်။ တည်ဆောက်တယ်။ သူ့ရဲ့ ခိုင်မာမှုနဲ့ သူ့ရဲ့ပြည်သူကို အာမခံ ထားနိုင် တယ်။ တခုခုတော့ အကောင်အထည်ကို ပေါ်အောင် ကြိုးစားရမယ်လေ။ တိုက်လို့ မနိုင်ရင်တောင် တည်ဆောက်မှု အင်အား ကြီးထွားလာရမယ်။ ကိုယ်က ပြည်သူကို အကာအကွယ် ပေးထားနိုင်ရမယ်။ ဒါတွေ ရှိပါတယ်။ ကျနော်တို့က လက်တွေ့ သဘောကိုပဲ ပြောလိုတယ်။ စကားတွေကို ရောယောင်ပြီး ဖြီးပြောပြီး နှစ် ၇၀ တိုက်နေသလို ပြောတာတော့ လက်မခံပါဘူး။

ကျနော်တို့က တိုက်ရင်းနဲ့လည်း တည်ဆောက်နေပါတယ်။ ကျနော်တို့ ရက္ခိုင်တပ်က တိုက်နေတော့ အသေအပျောက် တွေ တော့ ရှိတယ်။ ဆုံးရှုံးမှုတော့ ရှိတာပေါ့။ ဒါပေမယ့် ကျနော်တို့ တောက်လျှောက်တည်ဆောက်တယ်။ တည်ဆောက် နိုင်တဲ့ စွမ်းရည်ကြောင့် ကျနော်တို့မှာ တိုးတက်မှုတွေ ရှိတယ်။ ဒီအတိုင်း တစိုက်မတ်မတ် တည်ဆောက်သွားရင် နောက် ၃ နှစ် ၄ နှစ်ဆိုရင် ကျနော်တို့တော်တော်တော့ တည်ဆောက်နိုင်မှာပဲ။

မေး။ ။ ဗိုလ်ချုပ် ပြောတဲ့ ၂၀၂၅ ဆိုတာက ဝ တို့ မိုင်းလားတို့လို နေရာတခုလိုမျိုး ဆိုလိုတဲ့ သဘောလား။ ရခိုင်ပြည်နယ် တပြည်နယ်လုံးကို ပြောနေတာလား။

ဖြေ။ ။ အဲ့ဒါကတော့ နယ်မြေဆိုတာကတော့ ကျနော်တို့ကတော့ ရခိုင် နယ်နိမိတ်မှာ အကုန်လုံးကို ရခိုင်နယ်မြေလို့ သတ် မှတ် တယ်။ ဒါပေမယ့် ကျနော်တို့ရဲ့စစ်ရေးအရ ဘယ်အတိုင်းအတာထိကို ပြန်လည် ရယူနိုင်မလဲ။ ထိန်းချုပ်နိုင်မလဲ ဆိုတာ ကတော့ အခြေအနေတွေပေါ်မှာ အများကြီး ထည့်သွင်း စဉ်းစားစရာတော့ ရှိပါတယ်။ သို့သော်လည်းပဲ ဒီထက်တော့ အများကြီး ပိုကောင်းအောင် လုပ်နိုင်ဖို့ ကျနော်တို့ ယုံကြည်ထားတယ်။

မေး ။ ။ ချင်းပြည်နယ် ပလက်ဝ ထဲမှာဆိုရင် ချင်းတွေက AA က ဖိနှိပ်တာ ခံရတယ်။ လူ့အခွင့်အရေး ချိုးဖောက်တယ် ဆိုတာမျိုး ဝေဖန်သံတွေ ထွက်လာတာ ရှိသလို ချင်းနဲ့ ရခိုင်ကြား လူမျိုးရေး ပဋိပက္ခလို ဖြစ်တော့မယ်ဆိုပြီး အမြင်စောင်းမှု တွေကလည်း ရှိနေကြတယ်။ ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ရခိုင်နဲ့ ချင်းက အိမ်နီးချင်းဆိုတာထက် အများကြီး နက်ရှိုင်းပါတယ်။ သူများတွေကတော့ အိမ်နီးချင်းလို့ပြောတယ်။ အဲ့ဒီ့ထက် အများကြီး နက်ရှိုင်းပါတယ်။ ချင်းလူမျိုးက ချင်းပြည်နယ်မှာ ၃ သိန်းခွဲလောက် နေတယ်ဆိုရင် ရခိုင်ပြည်နယ်မှာ လည်း ၁ သိန်းခွဲလောက် နေတယ်။ ရခိုင်ပြည်သား ချင်းလူမျိုးတွေ အများကြီး ရှိပါတယ်။ ရခိုင်ပြည်မှာနေတဲ့ ချင်းလူမျိုး တွေ ဆိုရင် ဗုဒ္ဒဘာသာ ကိုးကွယ်တာ ရှိတယ်။ ခရစ်ယာန်ဘာသာ ကိုးကွယ်တာ ရှိတယ်။ ချင်းတော့ ချင်းပဲ မျိုးနွယ်စုတွေ တော့ မတူကြဘူးပေါ့။ ကျနော်ကတော့ ကျနော်တို့ရဲ့ ULA (ရခိုင် အမျိုးသား အဖွဲ့ချုပ်) မှာ ရက္ခိတ လမ်းစဉ်ကို ပြဌာန်း ထားတယ် ဆိုပေမယ့် ဒီဟာက ရခိုင်တခုတည်း အတွက် မဟုတ်ပါဘူး။ ရခိုင်ပြည်မှာ နေထိုင်တဲ့ မတူညီတဲ့ ဘာသာကို ကိုးကွယ်ကြတဲ့ လူမျိုးစု အသီးသီးရဲ့ သူ့ရဲ့ယုံကြည်ပိုင်ခွင့်၊ လွတ်လပ်ခွင့်တွေကို ကျနော်တို့က လုံးဝ အသိအမှတ်ပြုတယ်။ ချင်းလူမျိုးတွေဆိုတာ အင်မတန် ရိုးသားပြီးမှ စိတ်နေစိတ်ထား ကောင်းမွန်တဲ့ လူမျိုးတွေဖြစ်တယ်။ သစ္စာရှိတယ်။ အကြင်နာတရား ရှိတယ်။ ကျနော်တို့ ရက္ခိုင့်တပ်မတော်ထဲမှာ ရခိုင်ပြီးရင် ချင်းလူမျိုးက ဒုတိယ အများဆုံးလို့ ပြောလို့ ရတယ်။ ကျနော်တို့ တပ်ထဲမှာ ရှိတယ်။

အခုလည်းပဲ ကြေတော့ မကြေညာသေးဘူး။ ဒါပေမယ့် ရခိုင်ပြည်မှာ နေတဲ့ ချင်းလူမျိုးတွေက ကျနော်တို့ မှန်းထားတဲ့ အခြေအနေတခုကို ရောက်ရင် သူ့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေက အစ ကျနော်တို့ အများကြီး စဉ်းစားထားတာ ရှိတယ်။

ဒီအချိန်မှာ ပလက်ဝနယ်မြေနဲ့ ပတ်သက်ပြီးမှ နည်းနည်းတော့ အငြင်းအခုန်နဲ့ ဝေဖန်မှုတွေတော့ ရှိတာပေါ့ဗျာ။ ဒါကတော့ တော်လှန်ရေးတခုလုပ်ပြီ၊ လက်နက်ကိုင်ပြီးမှ စစ်ပွဲတွေဖြစ်လာပြီဆိုရင်တော့ ကျေနပ်တဲ့ လူလည်း ရှိမယ်၊ မကျေနပ်တဲ့ လူလည်း ရှိမယ်။ ဒါပေမယ့်လို့ ကျနော်တို့ရဲ့ နိုင်ငံရေး ရပ်တည်ချက်နဲ့ မူဝါဒကတော့ ပလက်ဝ ဒေသမှာ နေထိုင်တဲ့ လူတွေ နဲ့ ပတ်သက်ပြီး ကျနော်တို့က လိပ်ပြာသန့်တယ်။ သူတို့ရဲ့ အခွင့်အရေးတွေကို ကျနော်တို့က ဖြူစင်တဲ့စိတ်ထားနဲ့ ရပ်တည် ချက်တွေ ရှိတယ်။ ပလက်ဝ နယ်မြေဆိုတာ သမိုင်းကြောင်းအရ ရခိုင်နဲ့ အမြဲတမ်း ဆက်စပ်နေတဲ့ နယ်နိမိတ် ဖြစ်တယ် ဆိုတော့ ပြဿနာတွေရိုက်ခတ်မှုတွေ ရှိလာတဲ့ အချိန်မှာတော့ ဆက်စပ်မှုရိုက်ခတ်မှုတွေတော့ ရှိမှာပေါ့ဗျာ။

ပလက်ဝမှာ နေတဲ့ ခူမီးလူမျိုးတွေ ဆိုရင် ခူမီးက ရခိုင်ပြည်ထဲမှာ နေတဲ့ ခမီဆိုတာ ရှိတယ်။ အပေါ်ခမီး၊ အောက်ခမီးပေါ့။ ပလက်ဝနယ်ထဲက ခူမီးတွေကျတော့ ခရစ်ယာန် ကိုးကွယ်တာများတော့ သူတို့ရဲ့ အသင်းတော်တွေက ဆက်စပ်မှုနဲ့ ချင်းနဲ့ ဆက်စပ်ပြီး ခူမီးနောက်ကမှ ကွင်းစ ကွင်းပိတ်နဲ့ ချင်းဆိုပြီးတော့ ထည့်ထားတာပေါ့ဗျာ။ ရခိုင်ပြည်ထဲမှာ နေတဲ့ ခမီကျတော့ ရခိုင်မျိုးနွယ်စုနဲ့ နီးစပ်ရာနဲ့ ကိုးကွယ်ယုံကြည်မှုတွေကို ပြောကြတာပါ။ တကယ်ဆိုရင် ဒါက ဆက်စပ်နေတဲ့ သွေးချင်းတွေ ပါပဲ။ အခု ခူမီး အုပ်စုကို ဦးဆောင်နေတဲ့ လူတွေက စစ်သားဟောင်းတွေပေါ့ဗျာ။ ကျနော်တို့ကို အမြဲတမ်း တိုက်ခိုက်မှုတွေ လုပ်နေတဲ့ ဦးစိုးထက်တို့လို လူမျိုးတွေ ရှိပါတယ်။ သူတို့ဆိုရင်တော့ ကျနော်တို့ရဲ့ ရပ်တည်ချက် ဘာလဲဆိုတာ သူ သိပ် မသိ လောက်ဘူး။

ဒါပေမယ့် ပြဿနာတခု ဖြစ်လိုက်တိုင်း အဆိုးအမြင်နဲ့ ပြောလေ့ပြောထ ရှိတယ်။ ကျနော်တို့ကို အကောင်းပြောပါလို့တော့ မဆိုလိုပါဘူး။ သူ လွတ်လပ်စွာ မြင်ပိုင်ခွင့်၊ ဝေဖန်ပိုင်ခွင့် ရှိပါတယ်။ အဲ့ဒီလို လူတွေက စစ်သားဟောင်းတွေပါ။ တဖက်က လည်း NLD ပါတီ ကို ဝင်ထားတယ်။ NLD ရဲ့ အောင်မြင်တဲ့ ပလက်ဖောင်းကို သူနင်းပြီးတော့မှ သူ့ရဲ့အတွင်းစိတ်က စစ်သား ဟောင်း စိတ်ဓာတ်ပါ။ ဒါတွေနဲ့ဆိုတော့ သူတို့ရဲ့လုပ်ရပ်ကတော့ သူတို့ရဲ့ ခေါင်းဆောင်တွေက စစ်သားဟောင်း စိတ် နဲ့ ကျနော်တို့ကို ဆန့်ကျင်နေတော့ တချို့လူတွေက အမြင်ပြောင်းကုန်တာပေါ့။ ဒါပေမယ့်ကိစ္စတော့ မရှိပါဘူး။ ရေရှည် ခရီး ဖြစ်ပါတယ်။ ရေတိုမှာ အမြင်လွဲမှားမှု ရှိရင်တောင် ရေရှည်ခရီးမှာ ကျနော်တို့က အလုပ်နဲ့ပဲ သက်သေပြသွားမှာ ဖြစ်ပါတယ်။

မေး။ ။ ဗိုလ်ချုပ်ပြောတဲ့ ချင်းလူမျိုးတွေအပေါ် စိတ်သဘောထား၊ အမြင်တွေက ဗိုလ်ချုပ်ရဲ့ အောက်ခြေက စစ်သားတွေက ရော လက်ခံနားလည်လား။ ဒီလို ကျင့်သုံးလား။

ဖြေ။ ။ ကျနော်တို့ ရခိုင်တွေမှာလည်း အမြင်မကျယ်တဲ့ ရခိုင်တွေတော့ အများကြီးရှိတယ်။ သို့သော်လည်း အမြင် ကျဉ်းမြောင်း မှုကြောင့် ကျနော်တို့ ဆုံးရှုံးခဲ့တဲ့ နစ်နာမှုတွေကို အမြဲ ထောက်ပြတယ်။ ကျနော်တို့ ရခိုင်စစ်သားတွေက စည်းကမ်းမလိုက်နာတဲ့ သူတွေလည်း အနည်းအကျဉ်းတော့ ရှိတာပေါ့။ ဒါပေမယ့် များသောအားဖြင့်က အမိန့်ကို နာခံတဲ့ လူတွေ အများကြီးပါ။ ပိုကောင်းပါတယ်။ ကျနော်တို့ ဒါကို အောင်မြင်သွားမှာပါ။

မေး။ ။ ချင်း လူဦးရေက ရက္ခိုင်စစ်တပ်ထဲမှာ အများကြီးဆိုတာက ဘယ်လောက် ရှိပြီလဲ။ သူတို့ကရော ဘယ်လို ပုံစံတွေနဲ့ ဝင်လာကြတာလဲ။

ဖြေ။ ။ ကျနော်တို့ ရက္ခိုင်တပ်ထဲမှာက စုဆောင်းရေး လုပ်တဲ့ပုံစံ မဟုတ်ပါဘူး။ အဓိက ကိုယ်ပိုင် ရပ်တည်ချက်နဲ့ တာဝန် သိစိတ်ကိုပဲ အခြေခံပြီး စည်းရုံးရေး လုပ်တာပါ။ ကျနော်တို့ ပြောပြပါတယ်။ ချင်းတွေရော ခူမီးလူမျိုးတွေရော ရှိပါတယ်။ ကျနော်တို့ ပြောပြတာက ငါတို့ အရင်က ရက္ခိုင်နိုင်ငံတော်ကို အတူတူ တည်ထောင်ခဲ့ကြတယ်။ ရက္ခိုင်နိုင်ငံတော်ကို ခင်ဗျားတို့ ကျနော်တို့က အတူတူ ပိုင်ဆိုင်ခဲ့တယ်။ ဒါ့ကြောင့် ဒီနိုင်ငံကို ပိုင်ဆိုင်ခဲ့တဲ့ အတွက် အခွင့်အရေးတွေကို ငါတို့ တန်းတူ ရသင့်တယ်။ ဒီအခွင့်အရေး တွေကို တန်းတူရဖို့ ဆိုရင် ငါတို့ တာဝန်တွေကိုလည်း အတူတူယူရမယ်။ အတူတူ ကာကွယ်ပြီး အတူတူနေထိုင်ရအောင် ဆိုတဲ့ သဘောတရားကို အခြေခံပြီး စည်းရုံးတယ်။ အခုချိန်ဆို သူတို့ တော်တော် ပါပါတယ်။ ရာဂဏန်းအထက်တော့ ရှိတယ်။ ၂၀၀ ကျော် ရှိပါပြီ။ နောက်လည်း အများကြီး ပူးပေါင်း ပါဝင်လာဖို့ မျှော်လင့် ထားတယ်။

မေး။ ။ ချင်းလူဦးရေ ၂၀၀ ကျော်ဆိုတာက တိုက်ပွဲဝင်တဲ့ မြေပြင်မှာ ရှိနေတာလား။ ဘယ်လို အခြေအနေတွေမှာ ရှိလဲ။ သူတို့ကရော လက်ရှိ ရာထူးအမြင့်ဆုံး ဘယ်လောက်အထိ ရှိလဲ။

ဖြေ။ ။ ကျနော်တို့ တော်လှန်ရေးတပ် ဆိုတာကတော့ သူပုန်တပ်ဆိုတော့ ရာထူးတွေကို အများကြီး မြှောက်စားတဲ့ ကြယ် ပွင့်တွေနဲ့ တဝင့်ဝင့်တကားကားတော့ မဟုတ်ဘူး။ သူက တပ်ခွဲကို ဦးဆောင် နိုင်တယ်ဆိုရင် သူ့ကို တပ်ခွဲကို ဦးဆောင်ပြီး တိုက်ပွဲဝင်ခိုင်းတာပေါ့။ တပ်မဟာမှူးတွေ အဆင့်တွေမှာတော့ မရှိသေးဘူး။ ဒါကလည်း သူ့ရဲ့စစ်မှုထမ်း သက်တမ်းရယ် သူ့ရဲ့လုပ်ရည်ကိုင်ရည် ပေါ်မှာပဲ မူတည်တယ်။ လူမျိုးစု အလိုက် စစ်တပ်မှာ ဘယ်လူမျိုးစုကို ဘယ်ရာ ထူးပေးမယ်ဆိုတဲ့ ကြောင်တောင်တောင် အတွေးအခေါ်တော့ ကျနော်တို့ မလုပ်ဘူး။ တကယ်လို့ ခူမီးလူမျိုးက အရည်အချင်း ရှိတယ်ဆိုရင် သူ့ကို တပ်မမှူးလည်း ပေးရင် ပေးမှာပဲ။ သူတကယ် အရည်အချင်းဖြစ်ရင် သူလည်း ဦးစီးချုပ် ဖြစ်လာမှာပဲ။ ရခိုင် အမျိုးသမီး သို့မဟုတ် ကမန် အမျိုးသမီးပေါ့။ သူလည်း အရည်အချင်း ရှိရင် ဗိုလ်မှူးကြီး ဖြစ်ရင် ဖြစ်မှာပဲ။ လူတယောက် ချင်း စွမ်းဆောင်ရည်ပေါ် မူတည်ပါတယ်။ လူမျိုးစု အလိုက်တော့ ရာထူးပေး လို့မဖြစ်ပါဘူး။

မေး။ ။ ဒါဆို ရခိုင်ပြည်နယ်ထဲက လူမျိုးစုတွေလည်း ဝင်လာတယ်ဆိုတော့ အစ္စလမ် ဘာသာဝင် မွတ်စလင် အသိုင်းအဝိုင်း တွေရော တပ်ထဲဝင်လာတာ ရှိလား။

ဖြေ။ ။ သူတို့တော့ ဝင်ချင်တယ်။ ဝင်ချင်လို့ ကမ်းလှမ်းတာတွေ အများကြီး ရှိတယ်။ ဒီအပိုင်းမှာ ကျတော့ ကျနော်တို့က အနာဂတ်မှာတော့ ဒါမျိုးခွဲခြားမှာ မဟုတ်ဘူး။ အခုလည်း မခွဲခြားဘူး။ ဒါပေမယ့် သတိတော့ ထားပါတယ်။ အခုအချိန်မှာ လက်ခံလိုက်ပြီဆိုတာနဲ့ ကျနော်တို့ ပြိုင်ဘက် ရန်သူက လက်ညှိုးထိုးပြီး အကြမ်းဖက်သမားတွေကို စုဆောင်းနေပါတယ် ဆိုပြီး အမြတ်ထုတ်ခြင်းကို ခံရမှာပေါ့ဗျာ။ အဲ့ဒါကြောင့် ဒီအပိုင်းကိုတော့ အရမ်းသတိထားတဲ့ အနေအထားရှိတယ်။ သို့သော် လည်း ရခိုင်ပြည်မှာနေတဲ့ မွတ်စလင်တွေနဲ့ ကျနော်တို့က ပြေပြစ်တဲ့ ဆက်ဆံရေးကို အမြဲတမ်း ထိန်းသိမ်းထားဖို့ သတိထား ပြီး ကြိုးစားတယ်။

မေး။ ။ အခု ဗိုလ်ချုပ်ပြောပုံအရ ဆိုရင် ရခိုင်ပြည်နယ်အတွင်းက တခြားလူမျိုးတွေနဲ့ မျိုးနွယ်စုတွေကလည်း ဒီတော်လှန်ရေး အောင်မြင်ရင် အကျိုးအမြတ် ခံစားရမယ်ဆိုတော့ ဒါကရှင်းပြပါဦး။

ဖြေ။ ။ ဒါက မပေးလို့မရဘူး။ ဒါမျိုး မပေးရင် ကျနော်တို့ ဗမာလို ဖြစ်သွားမှာ။ ကျနော်တို့ ရခိုင်တွေက မျိုးချစ်စိတ် ပြင်းထန် တယ် ဆိုတာကတော့ ပြင်းထန်တယ်လို့တော့ ပြောလို့ မရပါဘူး။ လူမျိုးတိုင်းမှာ ကိုယ့်လူမျိုး ကိုယ်ချစ်တဲ့ စိတ် ကတော့ ရှိတယ်။ မတရားခံနေရတဲ့ အချိန်မှာကျတော့ စုစည်းမှု ခွန်အားက ပိုကောင်းမှာပေါ့။ ကျနော်တို့ ရခိုင်တွေက ရခိုင်ကို ချစ် သလို ချင်းတွေလည်း ချင်းကိုချစ်မှာပဲ။ ကျနော်တို့ ခံစားဖူးတဲ့အချိန်မှာ စာနာပေးလို့ ရတယ်။ ရခိုင်ပြည်မှာရှိတဲ့ လူမျိုးစုတွေ ကို ကိုယ့်ထက်ငယ်တယ်ဆိုပြီး ကိုယ်အသာစီးရတဲ့ အချိန်မှာ ဖိနှိပ်မယ်ဆိုရင် ဗမာပြည် ပြည်တွင်းစစ်ဖြစ်သလို ကျနော်တို့လည်း တခါမှ အေးချမ်းမှာ မဟုတ်ဘူး။ နောက်တခုက ရခိုင်တွေရဲ့ နိုင်ငံရေးသမိုင်းမှာ ကောင်းမွန်တဲ့ အစဉ်အလာ တွေနဲ့ အများကြီး ရပ်တည်နိုင်ခဲ့တယ်။ ရခိုင်ပြည် ဘာ့ကြောင့် ချမ်းသာလဲ၊ တိုးတက်လဲ၊ ရခိုင်တွေ ဘာကြောင့် ကမ္ဘာနဲ့ တန်းတူ နေနိုင်ခဲ့သလဲ ဆိုတာ ဒါဟာ ကျနော်တို့ ရခိုင်ဘုရင်တွေ ရခိုင်ကို ခေါင်းဆောင်ခဲ့တဲ့အချိန်မှာ တန်းတူအခွင့်အရေး၊ လွတ်လပ်ပိုင်ခွင့်တွေကို အသိအမှတ်ပြု ခဲ့တယ်။ ကာကွယ်ထိန်းသိမ်းခဲ့တယ်။ ဒါ့ကြောင့် ကျနော်တို့က ဒီအစဉ်အလာတွေ ကို ပြန်လည် ဖော်ထုတ်ဖို့ ကြိုးစားရမယ်။ ဒါကကျနော်တို့ လမ်းကြောင်းထဲမှာ ရှိနေတဲ့ အစဉ်အလာတွေပါပဲ။

မေး။ ။ ပြီးခဲ့တဲ့လက လူမှုကွန်ရက်မှာ လူတယောက်ကို သစ္စာဖောက်ဆိုပြီး ဝိုင်းရိုက်သတ်တဲ့ ဖိုင်တခု ပျံ့လာတယ်။ AA စစ်သားတွေလို့ ယူဆရတဲ့ သူတွေက လုပ်တာပေါ့။ ဒါက AA ထဲမှာ ဖြစ်သွားတာလား။ အမျိုးသားရေးနဲ့ ပတ်သက်ရင် အတိမ်းစောင်းမခံဘဲ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ဖို့ တပ်ထဲမှာ အခွင့်ပေးထားပါသလား။

ဖြေ။ ။ တော်လှန်ရေးတိုင်းမှာတော့ သစ္စာစောင့်စည်းမှုနဲ့ ပတ်သက်ရင် တိတိကျကျတော့ ရှိကြပါတယ်။ သို့သော်လည်း ကြမ်းကြမ်းတမ်းတမ်း ရက်ရက်စက်စက် ဆိုတာမျိုးတော့ ခွင့်မပြုပါဘူး။ အဲ့ဒီ့ ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး ကျနော်တို့ သေချာ စုံစမ်းတော့ ကျနော်တို့ တပ်ထဲမှာ ဒီလိုမျိုး ရက်ရက်စက်စက် လူသတ်မှု ဖြစ်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ အဲ့ဒါက တခုတည်း မဟုတ်ပါဘူး။ ၂ ခု၊ ၃ ခုတောင် ရှိခဲ့တယ် ဆိုတာကို စစ်ဆေး တွေ့ရှိပါတယ်။ ကျနော်တို့ တပ်မှာက တော်လှန်ရေးတပ် ဆိုတော့ဗျာ။ ကျနော် ဆင်ခြေပေးတာတော့ မဟုတ်ပါဘူး။ လူငယ်လူရွယ်တွေများတယ်။ တချို့ကျတော့ တိုက်ပွဲတွေ အရမ်း ပြင်းထန်နေတဲ့ ကာလတွေမှာ သွေးဆူတာတွေ ရှိတယ်။

ဒါ့ကြောင့် လူကြီးတွေနဲ့ ဝေးတော့ ဒါမျိုး ဖြစ်စဉ် ၁ ခု ၂ခု ဖြစ်ခဲ့တယ်။ ဒါကို စစ်ဆေးတွေ့ရှိတော့ ဒီမှာ ပါဝင်တဲ့လူတွေကို ကျနော်တို့ အရေးယူထားတယ်။ အကုန်လုံး ရာထူးတွေ ဖြုတ်လိုက်တယ်။ ပြီးတော့မှ ခြေကျင်းတွေခတ်ပြီး အရေးယူ ထား တာပေါ့။ တချို့ကျတော့ ကျနော်တို့ သေဒဏ် ပေးပစ်လိုက်တာ ရှိတယ်။ ဒါကတော့ မှန်ပါတယ်။ ဒါမျိုး လူသတ်မှု ဖြစ်သွား တာပေါ့ဗျာ။ ရက်ရက်စက်စက်ပေါ့။ ဒါမျိုးတွေကို ကျနော်တို့ ခွင့်မပြုပါဘူး။ ကျနော်တို့ အရေးယူပါတယ်။ ဘယ်လိုတွေ ကြောင့် ဖြစ်သွားတာလဲဆိုတော့ တချို့လက်နက်ခဲယမ်းတွေနဲ့ ထွက်ပြေးဖို့ ကြိုးစားတယ်။ ဒါကို တကြိမ် ဖမ်းထားလိုက် တယ် ပေါ့။

နောက်တကြိမ်ဆိုရင် သူက တယောက်တည်း ထွက်ပြေးဖို့ ကြိုးစားတာ မဟုတ်ဘဲ သူများကိုပါ စည်းရုံးတာပေါ့နော်။ လိုက်နေတဲ့ ရဲဘော်တွေကြားမှာ ဒီကောင် တကယ် သစ္စာဖောက်တာပဲ ဆိုတဲ့ ခံစားချက်နဲ့ သူတို့ မထိန်းမသိမ်းနိုင် အဲ့ဒီလို ဖြစ်သွားတာပေါ့။

မေး။ ။ သေဆုံးသွားတဲ့ အသတ်ခံလိုက်ရတဲ့ သူတွေရဲ့ မိသားစုဝင်တွေကို ပြန် အကြောင်းကြားပေးတာရော ရှိလား။

ဖြေ။ ။ ဒီအချိန် ကျနော်တို့ တော်လှန်ရေးကာလမှာ မဖြစ်သင့်တာကို မဖြစ်အောင် ထိန်းကျောင်းတာကတော့ မှန်တယ်။ သို့သော်လည်းပဲ ဒီ့ထက်ပိုပြီးမှ အရေးကြီးတဲ့ အချိန်ကို ရင်ဆိုင်နေတဲ့ အချိန်မှာ တချို့ပြဿနာကို အလွန်တရာတော့ ချဲ့ကားမှာတော့ မဟုတ်ဘူး။ အပြစ်ရှိတဲ့ လူကိုတော့ အပြစ်ယူမယ်။ မိသားစုအနေနဲ့ သိပိုင်ခွင့် ရှိတယ်ဆိုရင် မိသားစုကို သိပိုင်ခွင့် ပေးတယ်။ နောက်တခါ မဖြစ်ဖို့ကိုလည်း ကျနော်တို့ ထိန်းသိမ်းတယ်။ တကယ်လို့ လိုအပ်ခဲ့ရင်တောင် အဲ့ဒီလူကို မိသားစုရှေ့မှာတောင် သတ်ပစ်လိုက်ရတာလည်း ရှိတယ်။ ဒီမှာ မင်းတို့ မိသားစုက ဒီလိုလုပ်တယ်ဆိုပြီး သတ်ပစ်လိုက် တာထက် ဒီလောက်ကြီးတဲ့ ပြစ်ဒဏ် ဥပမာ မုဒိမ်းမှုတခု ဖြစ်တယ်ဆိုရင် သူက သာမန် ဖြစ်စဉ်ပေါ်မှာ မူတည်ပြီး ခွင့်လွှတ် လို့ ရပေမယ့် ရွာသားတွေက ခွင့်မလွှတ်ဘူးဆိုရင် ရွာသားတွေ ဘာဖြစ်ချင်လဲ။ ငါတို့တာဝန် ခံတယ်။ ငါတို့ ရဲဘော်မို့ဆိုပြီး မဖြစ်စေရဘူးဆိုပြီး အရေးယူပြရပါတယ်။ ဒါကတော့ ရှိပါတယ်။ တော်လှန်ရေး လောကမှာ ရှောင်လွှဲလို့ မရတဲ့ ဖြစ်စဉ်တွေ ပါ။ ကျနော်တို့ ဒါမျိုးတွေကို အလွတ်မပေးပါဘူး။ အရေးယူပါတယ်။ လူသတ်ဝါဒတွေကို ကျနော်တို့ ခွင့်မလွှတ်ပါဘူး။

မေး။ ။ ဒီ ၂ မှု၊ ၃ မှု ဖြစ်သွားတယ်ဆိုတာက အကုန်လုံး ရခိုင်က ရှေ့တန်းမှာ ဖြစ်တာလား။ စုံစမ်းစစ်ဆေးပြီး နောက်မှာ ရော ဒါမျိုးတွေ ထပ်မဖြစ်အောင် စည်းမျဉ်းစည်းကမ်း အသစ်တွေ ထပ်ချတာ ရှိလား။

ဖြေ။ ဟုတ်တယ်။ ဖြစ်တာကလည်း တပ်မှူးငယ်က ပြစ်ဒဏ်ပေးတာတွေကို ဗီဒီယို ရိုက်တယ်ဆိုတာ အစဉ်အလာ မရှိပါ ဘူး။ ဒါပေမယ့် သူတို့ အုပ်စုကျတော့ ဗီဒီယိုရိုက်တယ်။ အဲ့ဒီ့ တပ်မှူးငယ်က ရန်သူလက်ထဲကို ရောက်သွားတယ်။ တပ်မ ၂၂၊ ၂၀၅ အဖွဲ့က ဖမ်းသွားတယ်။ အဖမ်းခံရတော့ သူ့ရဲ့ဖုန်းမှာ ပါသွားတယ်။ အဲ့ဒါကို မြန်မာ ထောက်လှမ်းရေးတွေက အချိန် တခု ကို ရောက်ရင် အဲ့ဒါကို စိတ်ဓာတ် စစ်ဆင်ရေး လုပ်တာပေါ့ဗျာ။ သဘောက သူ့ကို ကျနော်တို့က အောင်ပွဲခံနေတဲ့ ဗီဒီယိုတွေ ထွက်လာရင် အဲ့ဒါတွေကို အာရုံပြောင်းဖို့ အတွက် အဲ့ဒီလိုမျိုးတွေ ထုတ်ပြီးမှ လုပ်တတ်ပါတယ်။ စည်းမျဉ်း စည်းကမ်းတွေကတော့ နဂိုကတည်းက ရှိပါတယ်။ ဒါမျိုးတွေ ဖြစ်လာရင်တော့ ထပ်လောင်းပြီး မဖြစ်ဖို့တော့ ပြန်လည် သတိပေးရတာတော့ ရှိပါတယ်။

မေး။ ။ ပဋိပက္ခတွေ တောက်လျှောက် ဖြစ်လာတဲ့ နောက်မှာ လုပ်ကြံသတ်ဖြတ်ခံရတာတွေ နောက်ပြီး လွှတ်တော် အမတ် ဦးဝှေ့တင်းကို ဖမ်းထားတာမျိုးနဲ့ ဖမ်းမိတဲ့ စစ်သားတွေကို လူလဲမယ် ဆိုတာတွေက အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းမှာ ပြောတာရှိတယ်။ တခြား တိုင်းရင်းသား တပ်တွေမှာ ဒီလိုလုပ်ရပ်တွေ မတွေ့ရဘူး။ ဒီအပေါ် ရော ဘယ်လို တုံ့ပြန်ချင်ပါသလဲ။

ဖြေ။ ။ စစ်ပွဲဖြစ်တဲ့ ဒေသဆိုတော့ အခြေအနေကတော့ ရှုပ်ထွေးမှုတွေ ရှိတယ်။ ကျနော်တို့ရဲ့ နာမည်ကို အသုံးချပြီး ဓားပြ တိုက်တာလည်း ရှိတယ်။ ငွေကြေး လိမ်လည် တောင်းဆိုကြတဲ့ လိမ်လည်မှုတွေလည်း ရှိတယ်။ ရန်သူ ကိုယ်တိုင်ကလည်း ကျနော်တို့ကို ပုံမှားရိုက်ပြီးမှ လူထုထဲမှာ ကြောက်လန့်အောင် အယုံအကြည်မရှိအောင် ရွံရှာသွားအောင် ပုံမှားရိုက်တာ တွေ လည်း ရှိပါတယ်။ ပြီးရင် ရခိုင်ပြည်မှာ မူးယစ်ဂိုဏ်းတွေလည်း ရှိတယ်။ မူးယစ်ဆေးဂိုဏ်းတွေက တယောက်နဲ့ တယောက် ငွေကြေးလိမ်လည်တဲ့ အခါမှာ ကျနော်တို့ နာမည်ကို အသုံးချတာတို့ နယ်စပ်ဘက်မှာ မွတ်စလင်တွေ အချင်း ချင်းကြားမှာ ပြဿနာဖြစ်ရင်တောင် ကျနော်တို့ပဲ လုပ်သွားသလို ကြုံနေရတာ ရှိပါတယ်။ ဒါတွေကိုလည်း ကျနော်တို့က အရမ်းသတိထား ပြီးမှ ကိုင်တွယ် ပြောဆိုရပါတယ်။ ဒါတွေက ရှောင်လွှဲလို့ မရဘဲရှိနေမှာပါ။ သို့သော်လည်း ပြောတိုင်းလည်း မယုံနဲ့ပေါ့ဗျာ။

ကိုယ့်ဘာသာ ဖြစ်နိုင်၏ မဖြစ်နိုင်၏ကတော့ ပညာရှိမျက်စိနဲ့ အတွေးအခေါ်နဲ့ စဉ်းစားဖို့ လိုပါတယ်။ နောက်တချက် ကတော့ ရန်သူရဲ့ ဓားစာခံ၊ သုံ့ပန်းဖမ်းတာတို့က တခါတလေ သူတို့က ဝါဒဖြန့်တယ်။ အစိုးရဝန်ထမ်းတွေကို ဖမ်းဆီးတယ် ဆိုပြီး တော့ ပေါ့။ ကျနော်တို့ ဖမ်းတဲ့အထဲမှာ လက်နက်ကိုင် တပ်ဖွဲ့တွေကိုပဲ ထိန်းသိမ်းတယ်။ သာမန် အစိုးရ ဝန်ထမ်းဆို ကျနော် တို့ လွှတ်ပေးတယ်။ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ ဆက်စပ်ရင်တော့ ကျနော်တို့ မလွှတ်ပေးဘူး။ သူတို့ဘက် မှာလည်း သူတို့ ဥပဒေဆိုတာ ရှိသလို ကျနော်တို့မှာလည်း တော်လှန်ရေး စည်းကမ်းကျင့်ဝတ်ဆိုတာ ရှိတယ်။ ရခိုင်ပြည်ကို လက်နက်ကိုင်ပြီး ဝင်လာတဲ့ ဘယ်ဗမာစစ်သားကိုမဆို ကျနော်တို့က ဖမ်းဆီးပိုင်ခွင့်ရှိတယ်။ လိုရင် လိုသလို အရေးယူပိုင်ခွင့် ရှိတယ်လို့ ကျနော် တို့မှာ စည်းကမ်းရှိတယ်။ ဥပဒေရှိတယ်။

တိုက်ခိုက်ရေး ရဲပဲ ဖြစ်ဖြစ်၊ လက်နက်ကိုင်အဖွဲ့ပဲ ဖြစ်ဖြစ် လိုအပ်ရင် လိုအပ်သလို ကျနော်တို့ဖမ်းဆီးမှာ ဖြစ်တယ်။ သူတို့က အစိုးရဝန်ထမ်းကို ဖမ်းဆီးတယ်ဆိုပြီး ဖွပြီး စကားကို ဝါဒဖြန့်တာပါ။ ကျနော်တို့မှာ တော်တော်များများ ရှိပါတယ်။ နောက် ထပ် လည်း စာရင်းတွေ ထုတ်ပြန်သွားဖို့ ရှိပါတယ်။ ကျနော်တို့ဆီက အပြစ်မဲ့ ပြည်သူတွေကို လွှတ်ပေးမယ်ဆိုရင် ကျနော် တို့လည်း အဲ့ဒီ့ လက်နက်ကိုင် အဖွဲ့ဝင်တွေကို လွှတ်ပေးမယ်။ ဒါက အကြမ်းဖက် အဖွဲ့အစည်းရဲ့ လုပ်ထုံးလုပ်နည်း ရယ်လို့ တော့ ပြောလို့ မရဘူး။ ခင်ဗျားတို့က ကျနော်တို့လူတွေကို မတရား ဖမ်းထားတယ်။ ကျနော်တို့ကလည်း ခင်ဗျားတို့ လက်နက် ကိုင် တပ်ဖွဲ့က လူတွေကို ထိန်းသိမ်းထားတယ်။ အလဲအလှယ် လုပ်မယ်ဆိုရင် ဒါနှစ်ဦးနှစ်ဖက် အတွက် ကောင်းတဲ့ ကိစ္စပဲ။ ပြီးရင် သူတို့ရဲ့လူတွေကို သူဘယ်လောက် တန်ဖိုးထားသလဲပေါ့။ နိုင်ငံတကာမှာလည်း လဲလှယ် နေကြတာပဲ။ အစ္စရေးမှာ လည်း လဲတယ်။ အမေရိကန်မှာလည်း လဲတယ်။ ကမ္ဘာ့ အင်အားအကြီးဆုံး နိုင်ငံတွေတောင် လုပ်နေတာပဲ။ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ဘူး။

ဦးဝှေ့တင်းကိစ္စကတော့ ချင်းဖြစ်လို့ ခူမီးဖြစ်လို့ အမျိုးမျိုးတော့ ပြောကြတာပေါ့။ ကျနော်တို့ ရက္ခိုင်တပ်တော် အနေနဲ့ ရန်သူ နဲ့ ပူးပေါင်းတဲ့သူ ရှိလာရင် ကျနော်တို့က ဘယ်လူမျိုးပါ။ ဒါက ဘယ်လူမျိုးစုပါ ဆိုပြီး ခွဲခြားနေမှာ မဟုတ်ဘူး။ ရန်သူနဲ့ ပူးပေါင်းရင် ရန်သူ့အားပေး၊ ရန်သူ့လူပါ ဆိုပြီး ထိန်းသိမ်းရမှာပဲ။ ကိုဝှေ့တင်းကို ကျနော်တို့ မထိန်းသိမ်းခင်မှာ သူတို့ အုပ်စု တွေ ဘာလုပ်လဲဆိုတာကို ကျနော်တို့ သေချာ သိတယ်။ သူ့ရဲ့ ထောက်လှမ်းပြီး မဟုတ်ကဟုတ်က တိုင်လိုက်လို့ ရှင်လက်ဝ ရွာသားတွေ ၂၀ ကျော်လောက် အခုထက်ထိ ဖမ်းဆီးခံရပြီး ထောင်ထဲ ရောက်သွားတာ အခုထက်ထိပဲ။ ဒါသာမန် ရွာသား တွေပါ။ ပလက်ဝမြို့နယ်မှာ ရှိတဲ့ သတင်းတွေကို တပ်မကို ပို့တာတို့ ကျနော်တို့မှာ သူ့ရဲ့ဖုန်းတွေ ဆိုရှယ် မီဒီယာ အကောင့် တွေထဲကနေ ကျနော်တို့ အကုန်လုံး Screen Shot ယူထားတာ ရှိတယ်။

အခု သူ့ရဲ့ facebook အကောင့်ကို လော့ချလိုက်ပြီ။ ဒါပေမယ့် ကျနော်တို့က သူ့ရဲ့ အကောင့်ထဲက အချက်အလက်တွေ သူတို့ရဲ့Group Chat တွေကို ကျနော်တို့ အကုန်လုံး မှတ်တမ်း ယူထားလိုက်ပြီးပြီ။ အဲ့ဒီ့မှာ သူတို့ ဘယ်လောက်ထိတောင် ပြောလဲ ဆိုရင် လူမျိုးရေးအရ သူတို့က ရခိုင်တွေကို မရှုစိမ့်ဘူးဗျ သူတို့ အုပ်စုတွေက။ ကျနော်တို့ သေချာကြည့်လိုက် တော့ ဘယ်လောက်ထိလဲ ဆိုရင် လက်ရှိ ဒီမိုကရေစီ စနစ်အရ ပြည်နယ်တွေမှာ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ ရှိတယ်။ ချင်းပြည်နယ်မှာ ရခိုင်လူမျိုး တော်တော်များတယ်။ ပလက်ဝမှာရောပေါ့။ ချင်းလွှတ်တော်မှာ ရခိုင်တိုင်းရင်းသား ရေးရာ ဝန်ကြီး ပေါ်လာမှာကိုတောင် သူတို့ ကြိုပြီး မလိုလားတဲ့ ဆွေးနွေးချက်တွေကိုတောင် တွေ့တယ်။ အဲ့ဒီလိုဟာတွေ ပေါ့။

မေး။ ။ သူ့ရဲ့ ဆိုရှယ်မီဒီယာတွေကနေ အချက်အလက်တွေ ရတယ်ဆိုတာက ဖမ်းပြီးမှ ဖုန်းကနေ ရတာလား။ မဖမ်းခင် ကတည်းက Hack လုပ်ပြီး ရတာလား။

ဖြေ။ ။ အဲ့ဒါတွေကျတော့ ကျနော်တို့ လောလောဆယ် မဖော်ပြသေးပါဘူး။ နည်းလမ်း အမျိုးမျိုးပေါ့ဗျာ။

မေး။ ။ ဦးဝှေ့တင်းကိစ္စနဲ့ ပတ်သက်ပြီး ဆက်စပ်မေးချင်တာက AA အနေနဲ့ ရခိုင်ပြည်နယ်ထဲက အစိုးရအဖွဲ့ဝင်နဲ့ လွှတ်တော် အမတ်တွေကိုရော စောင့်ကြည့်တာ ရှိလား။ ဘယ်လို ပုံစံနဲ့ စောင့်ကြည့်လဲ။

ဖြေ။ ။ စောင့်ကြည့်တာပေါ့။ သေချာတာပေါ့။ စောင့်ကြည့်တယ်။ (ဦးဝှေ့တင်းလို ကိစ္စမျိုးရှိလာရင်တော့) သူ့ကို ဘယ် အတိုင်းအတာ အထိ ကိုင်တွယ်သင့်လဲ ဆိုတာကို မူတည်ပြီးမှ သေသေချာချာတော့ ဆောင်ရွက်ရမှာပေါ့။ စောင့်ကြည့်တယ် ဆိုတာကတော့ လူတယောက် အသက်ကို မသေသင့်တာကိုတော့ မသေစေရပါဘူး။ နောက်ပြီး ဒီလူ တယောက်က ကျနော်တို့ ကို ဘယ်လောက်အထိ အန္တရာယ်ပေးနိုင်လဲပေါ့။ အမျိုးမျိုး ဝေဖန်တာပေါ့ဗျာ။ ပြီးမှ လုပ်သင့်တဲ့ အတိုင်းအတာကို လုပ်ရမှာ ပဲ။ လူတယောက်ကို အလိုလိုနေရင်း သတ်ဖြတ်တာကတော့ လူသတ်ဝါဒပါ။

မေး။ ။ AA က အခုလည်း ဘူးသီးတောင် NLD ဥက္ကဋ္ဌကို ထပ်ဖမ်းတယ်။ ဒီလို နိုင်ငံရေးသမားတွေကို ဖမ်းဆီးတာက ဒီမိုကရေစီ စံနှုန်းတွေအရ လွတ်လပ်စွာ ပြောဆိုခွင့်၊ မတူညီတဲ့နိုင်ငံရေး ယူဆချက်တွေအပေါ် လုပ်ဆောင်ကြသူတွေကို ခြိမ်းခြောက်တာပါလို့ ဝေဖန်မှုပြောဆိုမှုတွေကို ဘယ်လို ပြောချင်ပါလဲ။ နောက် AA ကို လွတ်လပ်စွာ မပြောရဲမဆိုရဲ မဝေဖန်ရဲ ဖြစ်လာရင် ဒါက ကောင်းတဲ့ အလားအလာ ဖြစ်ပါ့မလား။

ဖြေ။ ။ ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီ စံချိန်စံညွန်းအကြောင်းကို ပြောရင်တော့ ပြောလို့ လွယ်ပါတယ်။ ဒါပေမယ့် တိုက်ပွဲ တွေ ဖြစ်နေတယ်။ ကျနော်တို့ ရခိုင်ပြည်သူတွေတောင် စစ်ရာဇဝတ်မှုပေါင်း များစွာကို နိုင်ငံတော်အစိုးရဆီမှာ ကျူးလွန်ခံ နေရတယ်။ တကယ့် ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေ ကိုယ်တိုင်က ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နယ်မြေမှာ သူများကို ကျူးလွန်တုန်းကတော့ ကျူးလွန်ပြီး ကိုယ်ခံရတဲ့ အချိန်မှာမှ ဒီမိုကရေစီ စံချိန်စံညွှန်း ဆိုတာတွေကို လျှောက်ပြော တာက တော့ လက်တွေ့မဆန်ပါဘူး။ ဥပမာ မြန်မာစစ်တပ် ခေါင်းဆောင်တွေက ဒီမိုကရေစီခေတ် အကြောင်းတွေကို တဖွဖွ ပြောတာ ပေါ့ဗျာ။ တကယ်ကျ လွှတ်တော်ထဲမှာ ဘာမဲ တပြားမှ မရဘဲ မျက်နှာပြောင်တိုက် ဝင်ထိုင်ရဲတဲ့ လူလည်း ဒီမိုကရေစီ စံနှုန်း တွေ လျှောက်ပြောတာပဲ။ ဒါက အပြောမှာပဲ ရှိတယ်။ အလုပ်မှာ မရှိပါဘူး။

အခုက ရခိုင်ပြည်လိုမျိုး ပဋိပက္ခတွေ တိုက်ပွဲတွေ အများကြီးဖြစ်တယ်။ ကျနော်တို့ ရခိုင်ပြည်သူတွေ တရက် တရက်ကို ဘယ်လောက်သေလဲ။ ကလေးတွေ အဘွားကြီးတွေ သက်ကြီးရွယ်အိုတွေ။ အဲ့ဒီလောက် စစ်ရာဇဝတ်မှုတွေနဲ့ လူထု တရပ် လုံး ဒုက္ခရောက်နေတဲ့ နယ်မြေမှာလာပြီး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်နေတဲ့လူတွေကို ထောက်ခံ ပွဲလုပ်တယ် ဆိုတာ တကယ့် မျက်နှာပြောင် တိုက်ပြီး တကယ့်ရိုင်းစိုင်းတဲ့ လုပ်ရပ်ပဲ။ ဒါကို ကျနော်တို့က သဘော မတူဘူး။ ပြီးရင် သူတို့ အဲ့ဒီ့နယ်မြေမှာ တခုခု လုပ်မယ်ဆိုရင် ကျနော်တို့ ခွင့်ပြုချက်ကို တောင်းသင့်တယ်။ နားလည်မှုလည်း ယူသင့် တယ်။ သူက ဘာမှ ဂရုမစိုက်တဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အဲ့ဒါကြောင့် ကျနော်တို့ သူ့ကို မေးမြန်း စရာတွေလည်း ရှိတယ်။

ဒါမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ စံချိန်စံနှုန်းဆိုတာ အပြောမှာပဲ နားထောင်ကောင်းရုံ ရှိတယ်။ တကယ်ဆို ပြည်သူတရပ်လုံးက တကမ္ဘာလုံးက အပြောင်းအလဲဆိုတာကို Transition ကို လှည့်စားခံနေရတာ။ ဒါ မလှိမ့်တပတ် ဒီမိုကရေစီ၊ အာဏာရှင် တွေ ရဲ့ နောက်ကွယ်က လက်မည်းကြီးတွေနဲ့ ကြိုးဆွဲခံနေရတဲ့ ဒီမိုကရေစီ၊ ဒီ ဒီမိုကရေစီကို ကျနော်တို့ အယုံအကြည် လည်း မရှိပါဘူး။

မေး။ ။ တပ်မတော်သားတွေကို ဖမ်းထားတာကလည်း လူလဲမယ်ပြောထားတော့ တပ်မတော်ဘက်ကတော့ မလဲဘူးလေ။ မလဲရင် သူတို့က မလွှတ်တော့ဘူးလား။ တဆက်တည်း မေးချင်တာက ဗိုလ်ချုပ်ရဲ့ ဆွေမျိုးဖြစ်သူတွေလည်း ရန်ကုန်က ထောင်ထဲမှာနေပြီး တရားစွဲဆို ခံထားရတယ်။ သူတို့ကိုရော လူလဲဖို့ ကမ်းလှမ်းချင်တာ ရှိပါသလား။

ဖြေ။ ။ ဒီကိစ္စမှာကတော့ ကျနော့်ရဲ့ ညီအစ်ကို မောင်နှမတွေကို ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး ကျနော်က တော်လှန်ရေးကို ခေါင်းဆောင်နေရတဲ့ ခေါင်းဆောင်ဖြစ်တယ်။ ကျနော်က ပုဂ္ဂိုလ်ရေးကို အသားပေးပြီး ငါ့ညီမကို လွှတ်စေ၊ ငါ့ ညီကို လွှတ်စေ ဆိုပြီး သွားတောင်းဆိုမှာ မဟုတ်ဘူး။ သူတို့ကိုလည်း ကျနော်နဲ့ ဆက်စပ်လို့ ဖမ်းတယ်ဆိုပေမယ့် သူတို့က ရခိုင် ပြည်သူ တွေ ဖြစ်တယ်။ တခြားရွာမှာ အဖမ်းခံထားရသူတွေကိုလည်း ကျနော့်ညီအစ်ကိုတွေ သားသမီးတွေလို တန်ဖိုးထားတယ်။ တရား မျှတမှုကို တောင်းဆိုရင် အကုန်လုံးအတွက် တောင်းဆိုသွားမယ်။ ငါ့ညီ ငါ့ညီမအတွက် ဆိုပြီး တကူး တကတော့ ကျနော်တို့ တောင်းဆိုမှာ မဟုတ်ဘူး။ ပြီးရင် သူတို့ဘက်က ဖမ်းဆီးထားတဲ့ အရာရှိ စစ်သည်တွေ ရဲဘော်တွေ အကုန်လုံးကိုတော့ ကျနော်တို့ တတ်နိုင်သမျှတော့ ရှိတာနဲ့ မျှပြီး ကျွေးမွေးမှာပဲ။ ဒါကတော့ တော်လှန်ရေးတခုရဲ့ လုပ်သင့် လုပ်ထိုက်တာကို လုပ်မှာပါ။ တတ်နိုင်သလောက်တော့ စောင့်ရှောက်မှာပါ။

ကျနော်ထင်တာကတော့ သူတို့ဘက်က လုံးဝ မလဲဘူးလို့ ပြောတာက သူတို့ အရှက်ကွဲတာပေါ့ဗျာ။ သူတို့ အရမ်း အထင် သေးထားတဲ့ ရခိုင်သူပုန်ဆီမှာ လက်အုပ်ချီပြီး အဖမ်းခံရတယ်ဆိုတော့ သူတို့ အရှက်ကွဲတာပေါ့။ ဒါကတော့ ရှက်ပြီးမှ ပြောလိုက်တဲ့ စကားလို့ ယူဆပါတယ်။ သူတို့ဆီမှာတော့ သူတို့ ရဲဘော်တွေ အတွက် မေတ္တာကရုဏာတော့ ရှိမှာပါ။ ဒီလောက် မေတ္တာတရား မရှိဘူးဆိုလည်း သူ့ရဲဘော်တွေရဲ့ကံတရားပေါ့။ သူတို့ကို ကျနော်တို့ ဆက်ထိန်းသိမ်းထားမှာပါ။ သူတို့ကို ထိန်းသိမ်းထားလို့ ကျနော်တို့ အရှုံးမရှိပါဘူး။ သဘောက သူတို့ကို ကျနော်တို့ ထိန်းသိမ်းထားတယ် ဆိုရင် သူတို့က စစ်ရာဇဝတ်မှု ကျူးလွန်တဲ့အထဲမှာ ပါတယ်။ သူတို့ဆီက လူသက်သေတွေ ရတယ်။ ဘယ်ရွာမှာ ဘယ်သူက မီးရှို့ခဲ့ တယ်။ ဘယ်သူက ဘယ်လို အမိန့်ပေးခဲ့တယ်ဆိုတာကို ဒီလူတွေကို သက်သေခံခိုင်းလို့ ရတယ်။ သူတို့ကို ထိန်းသိမ်းထားလို့ အကျိုး မယုတ်ဘူး။

သူတို့က ငါတို့ကို ငါတို့လူကြီးတွေက ပစ်ပယ်လိုက်ပြီလို့ အမှန်တကယ် ခံစားရတဲ့အချိန်မှာ သူတို့ကို ဘာခိုင်းခဲ့တယ် ဆိုတာ ပြောလာရင် ကျနော်တို့က သူတို့ကို တရားစွဲဖို့ သက်သေရသွားပြီ။ ကျနော်တို့ဘက်က အရှုံးမရှိပါဘူး။

မေး။ ။ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ စစ်သားတွေကို လိုချင်တဲ့ အကြောင်းအရာတွေ သိရဖို့ မေးတဲ့အခါ ဘယ်လို ပုံစံနဲ့ စစ်ဆေးလဲ။ တပ်တွေထဲမှာ စစ်ဆေးသလိုပဲ လိုချင်တဲ့ အချက်အလက် မရရအောင် နည်းမျိုးစုံ သုံးသလား။

ဖြေ။ ။ သူတို့ စစ်ဆေးတာနဲ့ကျနော်တို့ စစ်ဆေးတာ မတူပါဘူး။ ဗမာထောက်လှမ်းရေးတွေက ကျနော်တို့ လူတွေကို ဖမ်းမိပြီ ဆိုရင် အကြောင်းစုံ ကွင်းဆက်တွေကို ဖော်ထုတ်ဖို့ လိုတော့ အရမ်းလူမဆန်အောင် တကယ့်လောကမှာ အရက်စက်ဆုံး ဂျပန် ကင်ပေတိုင်တွေလို စစ်ဆေးတာပေါ့။ ကျနော်တို့ဆီမှာ ဖမ်းမိရင်တော့ မေးမြန်းတဲ့ အကြောင်းအရာ တွေက ရှင်းပါတယ်။ သူဘယ်တပ်ကလဲ။ ဘယ်လို သင်တန်းတွေ တက်လဲ။ ဘယ်လို လက်နက်ခဲယမ်းတွေလဲ။ နောက်တန်း ဖွဲ့စည်းပုံတို့ သူ့ရဲ့ ဆရာသမားတွေပေါ့။ အကြောင်းအရာတွေပေါ့။ တခြားတော့ရှိတော့ ရှိတာပေါ့။ နည်းပညာ ပိုင်းတွေ ဘာတွေပေါ့။ ဒါပေမယ့် စစ်ဆေးတဲ့ ပုံချင်း မတူပါဘူး။

မေး။ ။ ထပ်မေးချင်တာက AA စစ်သားတွေကို စစ်သင်တန်းပေးတဲ့ နေရာမှာ တရုတ်နိုင်ငံ ဒါမှမဟုတ် အနောက် နိုင်ငံက အဖွဲ့အစည်းတွေ တခုခုက ကူညီတာ ရှိသလား။ သူတို့တွေဆီက သင်တန်းတွေ၊ လေ့ကျင့်ပေးထားတာမျိုးတွေ ရထားတာ ရှိလား။

ဖြေ။ ။ အဲ့ဒီလိုမျိုးတော့ မဟုတ်ပါဘူး။ စစ်ပညာကတော့ ကျနော်တို့ ကြိုးစားပါတယ်။ ကျနော်တို့ တပ်တွေကို အရည်အချင်း မြှင့်တင်ဖို့ တိုက်ရည်ခိုက်ရည်ကောင်းဖို့ နည်းပညာတွေမြင့်လာဖို့ တောက်လျှောက် မနားမနေ ကြိုးစားပါတယ်။ ကျနော်တို့ တပ်ထဲမှာ လေ့ကျင့်ရေးဌာနတွေ ဆိုရင် နားချိန်ကို မရှိပါဘူး။ နိုင်ငံအစိုးရတွေ အနေနဲ့ကတော့ မရှိပါဘူး။ ဒါပေမယ့် သူတို့ ဘက်က မပေးရင်လည်း ဒီနည်းပညာတွေ နည်းစနစ်တွေကို ရဖို့အတွက်ကတော့ ကျနော်တို့ အလုပ်ပဲလေ။ ဒါဟာ အကုန် အကျ ကြီးရင်တောင် ဘယ်လောက်ပဲ ကြီးကြီး နည်းလမ်းအမျိုးမျိုးနဲ့ နည်းပညာတွေ၊ နည်းလမ်းတွေ၊ နည်းစနစ်တွေကို တော့ အမြဲတမ်း ရရှိအောင် ကြိုးစားနေပါတယ်။ ရသင့်သလောက်လည်း ရပါတယ်။ ။

ဒုတိယပိုင်း ဆက်လက် ဖော်ပြပါမည်။

374 views

1 comentario


Maung Soe Aung
Maung Soe Aung
19 feb 2020

ဗိုလ္ခ်ဳပ္စကား ၾကားတိုင္း အားျဖစ္စီပါေရ ဗိုလ္ခ်ဳပ္။

Me gusta
bottom of page